Yoga Life - Taunggyi

Yoga Life - Taunggyi

Share

Yoga Class Taunggyi

07/09/2024

Strength

21/06/2023

9th Happy International Yoga Day

Namaste 🙏

12/02/2023

မိတ်ဆွေ တို့ကို ဖွေး ခုလေ့ကျင့် သင်ကြာပေးနေတဲ့ Pilates ဆိုတာလေးနဲ့ မိတ်ဆက်ပေးပါရစေ 😊😊

Pilates ဆိုတာဘာလဲ ?

Pilates သည် 20 ရာစုအစောပိုင်းတွင် ဂျာမန်ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးဆရာ Joseph Pilates မှတီထွင်ခဲ့သော စိတ်-ခန္ဓာကိုယ်လေ့ကျင့်ခန်းအမျိုးအစားဖြစ်သည်။ Pilates က သူ့ရဲ့နည်းလမ်းကို "Contrology" လို့ခေါ်ပါတယ်။

အကျိုးကျေးဇူးများ

🌸 ခန္ဓာကိုယ် ကြွက်သား တင်းမာမှုတွေကို သက်သာစေနိုင်ပါတယ်။

🌸 ကြွက်သားများကို ပိုမို ကျစ်လှစ် သန်မာစေပါတယ်။

🌸 Body Alignment & Adjustment မှန်ကန်စေပါတယ်။

🌸 Pilates သည် သင့်ခန္ဓာကိုယ်နှင့် ၎င်း၏လှုပ်ရှားမှုများကို သတိရှိပြီး အာရုံစူးစိုက်မှုပိုကောင်းစေပါသည်။

🌸 Mat Pilates နဲ့ Cadillac, Reformer, Chair, Berral ဆိုတဲ့စက်တွေနဲ့ဆော့လို့ရပါတယ်။

Edit: Mat Pilates online class တွေပဲရှိပါမယ်ရှင့် 😊

Photos from Yoga Life - Taunggyi's post 24/12/2022

Merry Christmas to you all &

Blessing Christmas to you all 🎅🎄❄️☃️

Photos from Yoga Life - Taunggyi's post 09/10/2022

🌟 သီတင်းကျွတ်ရာသီမှာ 🪷
✨ ကျန်းမာခြင်း 🪷
✨ ချမ်းသာကြွယ်ဝခြင်း 🪷
✨ ပျော်ရွှင်ခြင်း 🪷
✨ ချစ်သူခင်သူပေါများခြင်း 🪷
✨ စိတ်နှလုံးချမ်းမြေ့ခြင်း 🪷
✨ ကြံစဉ်သမျှအောင်မြင်ခြင်း 🪷
✨ အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း 🪷
✨ လာဘ်လာဘကြွယ်ဝခြင်း 🪷
✨ ဝါကျွတ်အချိန်အခါမှာ ပြည့်စုံပါစေကြောင်း
✨ Yoga Life မှဆုမွန်ကောင်းခြွေပါတယ် 🪷

🪷🪷🪷ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ🙏🙏🙏

Photos from Yoga Life - Taunggyi's post 29/06/2022

မာတာကွတ်(Monther Quart)
🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯
ဒီသကြားသီးဆိုတာက ဈေးကွက်ထဲမှာရောင်းချနေတဲ့ သကြားသီးမဟုတ်ပါဘူး။ အလေ့ကျပေါက်ပင်လိုမျိုးတွေ မိမိပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ အသီးနီနီလေးတွေသီးတဲ့ သကြားပင်ရဲ့ အသီးနီနီလေးတွေကို ဆိုလိုချင်တာပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါ အနီရောင် လေးတွေဖြစ်လာပါတယ်။ အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။ အခုတစ်ခေါက် ဒီအသီးလေးတွေက ဘယ်လိုဆေးဖက်ဝင်လဲ ဆိုတာကိုပြောပြပေးပါရစေ။ ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။

သကြားသီးနီနီလေးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

✳✳✳✳✳✳✳✳✳✳✳✳✳✳✳

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်။

သကြားသီးက ခန္ဓာကိုယ်ထဲကို ပြင်ပကဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ သကြားသီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ် တဲ့ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေတယ်
❇❇❇❇❇❇❇❇❇❇❇

သကြားသီးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ သဘာဝအရောင်ကျဆေးတစ်မျိုးလို့လည်းဆိုလို့ရပါတယ်။ သကြားသီးက အရောင်ကျဆေးတွေနီးပါး ထိရောက်မှုရှိ ပါတယ်။ အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။

ဂေါက်ရောဂါကို သက်သာစေနိုင်ပါတယ်
❇❇❇❇❇❇❇❇❇❇❇❇❇❇

ဂေါက်ရောဂါဆိုတာက အဆစ်တွေရောင်ရမ်းပြီး နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ အဆစ်ထဲကနေ တဆစ်ဆစ်နာပြီး နီရဲရောင်ရမ်းနေတတ်ပါတယ်။

ဂေါက်ရောဂါက အမျိုးသားတွေမှာ အဖြစ်များပြီး အဆစ်တွေ၊အရွတ်တွေနဲ့ အခြားတစ်ရှုးတွေကို ထိခိုက်စေနိုင်ပါ တယ်။ သကြားသီးကို ဂေါက်ရောဂါသက်သာစေဖို့အတွက် စားသုံးပေးလို့ရပါတယ်။ တစ်နေ့ကို သကြားသီး ၉ လုံးကနေ ၁၂ လုံးအထိစားသုံးပေးမယ်ဆိုရင် အရိုးအဆစ်တွေထိခိုက်နာကျင်တာကို သက်သာစေနိုင်မှာပါ။

ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုကောင်းစေနိုင်တယ်
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

ဖလေဗာနွိုက်ကြွယ်ဝတဲ့အစားအစာတွေက ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်မှုတွေကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ သကြားသီးမှာ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်ကို ကောင်းမွန်စေပြီး လူကြီးတွေမှာဖြစ်တတ်တဲ့ အသက်အရွယ်ရလာလို့မေ့တတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳

သကြားသီးမှာပါတဲ့ Cytoxic Flavnoids က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ တော်တေ်ာလေးအသုံးဝင်ပါ တယ်။ အသီးတင်မကဘဲ သကြာသီးပင်ရဲ့ အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိ်နေတာပါ။ ရင်သားကင်ဆာကလွဲလို့ အခြားကင်ဆာတွေကိုတိုက်ဖျက်ရာမှာ သကြားသီးက အထောက်အကူပြုပေးပါတယ်။

ယူရစ်အက်ဆစ်ကို လျှော့ချပေးတယ်
✳✳✳✳✳✳✳✳✳✳✳✳✳

သကြားသီးမှာ ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေပိုလျှံနေတာမျိုးမဖြစ်အောင် ကာကွယ်ရာမှာ အထောက်အကူပြုပေးတဲ့ Anthrosyanin လို့သိကြတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပါတယ်။ သကြားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကိုကျဆင်းစေနိုင် ပါတယ်။

ကင်ဆာကျိတ်ကို လျော့ပါးစေတယ်
✳✳✳✳✳✳✳✳✳✳✳✳

သကြားသီးမှာပါတဲ့ ဖလေဗာနွိုက်က ခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ သကြားသီးရဲ့ အရွက်နဲ့ပင်စည်တွေမှာပါ ကင်ဆာကျိတ်ကို တားဆီးနိုင်တဲ့ အာနိသင်ရှိ်တာပါ။

အစာအိမ်ဝေဒနာကို သက်သာစေနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳✳✳✳

သကြားသီးမှာပါတဲ့ ဒြပ်ပေါင်းက အစာအိမ်ထဲမှာ လေထတာကိုသက်သာစေနိုင်ပါတယ်။ သကြားသီးက လေသက်စေနိုင်သလို၊ ဓာတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီး ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေ နိုင်ပါတယ်။

ဆီးချိုသက်သာစေတယ်
✳✳✳✳✳✳✳✳✳

သကြားသီးက ချိုတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေအနေ နဲ့ သကြားသီးကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်မှာဖြစ်ပါတယ်။

ရာသီလာစဉ်ကိုက်ခဲတာကို သက်သာစေနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳✳✳✳✳✳

သကြားသီးရော သကြားသီးပင်ရဲ့ အပွင့်ကပါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်။

အမျှင်ဓာတ်ရရှိစေနိုင်တယ်
✳✳✳✳✳✳✳✳✳

သကြားသီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ သကြားသီးက သွေးတွင်းအဆီနဲ့ကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး ဝမ်းလည်းမှန်စေပါတယ်။

အစာအိမ်အနာကို သက်သာစေနိုင်တယ်
✳✳✳✳✳✳✳✳✳✳✳✳✳✳

အစာအိမ်အနာရှိသူတွေအနေနဲ့ သကြားသီးစားသုံးပေးသင့်ပါတယ်။ သကြားသီးက အစာအိမ်အနာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်ခုပါ။ သကြားသီးပင်က ရောင်ရမ်းနာကျင်မှုကိုလျော့ပါးသက်သာစေနိုင် တာကြောင့် အစာအိမ်ထဲက အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်
✳✳✳✳✳✳✳✳✳✳✳

သကြားသီးမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးအားနည်းသူတွေလည်းစားသုံးပေးသင့်ပါတယ်။

သကြားသီးမှာ ဗီတာမင် C ပါဝင်တာကြောင့် အအေးမိ၊ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေလိုမျိုး ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်
✳✳✳✳✳✳✳✳✳

သကြားသီးပင်အရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံး ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက
နှလုံးကျန်းမာစေနိုင်တယ်။

သကြားသီးပင်အရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံး ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက နှလုံးဆိုင်ရာ ဝေဒနာတွေဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းကိုက်သက်သာစေတယ်
✳✳✳✳✳✳✳✳✳✳✳

သကြားသီးရောအရွက်ကပါ အအေးမိတုပ်ကွေးဝေဒနာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင် ပါတယ်။ ခေါင်းကိုက်တဲ့အခါ သကြားသီးကိုစားပေးတာဖြစ်ဖြစ် အရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲ ခတ်သောက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်ခင်ဗျား....
Crd

Photos from Yoga Life - Taunggyi's post 21/06/2022

အုန်းစိမ်းရည်
သောက်သုံးခြင်းအကျိုးနှင့်

ဘယ်လိုလူတွေသောက်ရင် အန္တရာယ်ဖြစ်
စေတယ်ဆိုတာ ဗဟုသုတအဖြစ်မျှဝေသည်။

အုန်းစိမ်းရည်
သောက်ရင် ရမယ့် အကျိုးကျေးဇူး ၅ ခု
-----------------------------------------------------

လူတွေအတွက် နေ့စဉ် နေ့တိုင်း
တစ်နေ့ တာလုံးမှာ ရေဓါတ် ပြည့်ဝနေဖို့

အရေးကြီးပါတယ်။
ရေဟာ ခန္တာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှား
ပေးပါတယ်။ ရေဓါတ် ဖြည့်တင်းပေးနိုင်တဲ့ အရာက အုန်းရည် ဖြစ်ပါတယ်။

အုန်း စိမ်းရည် သောက် ချင်း အား ဖြင့်
____________

၁။ အသားအရေ လှပခြင်း

အသားအရေ မွဲခြောက် နေသူများ၊ ၀က်ခြံထွက်သူများ အတွက် အုန်းရည်က

အကျိုးရှိပါတယ်။ အုန်းစိမ်းရည်သောက်ရင် အသားအရေ စိုပြည်စေပါတယ်။

အုန်းစိမ်းရည်က အဆီပြန်ခြင်း ကိုလည်း တားဆီးပေးပါတယ်။ အဲဒါကြောင့်

ဒီနေ့ခေတ် အလှကုန်များစွာမှာ အုန်းစိမ်း ရည် ပါ ရှိတာ ဖြစ်ပါတယ်။



၂။ ရေဓါတ် ဖြည့်တင်းပေးခြင်း

အုန်းစိမ်းရည်မှာ Electrolytes ပါတဲ့အတွက် ရေဓါတ် ပြည့်၀ပါတယ်။ ဒါ့အပြင်

အုန်းစိမ်းရည်ဟာ ရေလိုမဟုတ်ဘဲ ပိုးမွှားကင်းစင်ပါတယ်။ အုန်းစိမ်းရည်မှာ

ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓါတ် ၅ မျိုး ပါရှိပါတယ်။

အဲဒါတွေက မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖရတ် နဲ့

ပိုတက်စီယမ်တို့ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်တဲ့ လူများအတွက်

ရေဓါတ် ပြန်လည် ပြည့်ဝစေပါတယ်။



၃။ အစာခြေဖျက်ပေးခြင်း

အုန်းစိမ်းရည်က အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။

အမျှင်ဓါတ်ပါတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အက်ဆစ်ဓါတ်ကို

လျှော့ချပေးပါတယ်။ အစာမကြေတတ်သူများအတွက် လျှင်မြန်စွာ

သက်သာစေပါတယ်။


၄။ သွေးတိုး ကျစေခြင်း

သွေးတိုးရောဂါကြောင့် ကမ္ဘာအ၀န်းမှာ လူ သန်းနဲ့ချီ ဝေဒနာ

ခံစားနေရပါတယ်။ အုန်းစိမ်းရည်ဟာ သွေးတိုး ကျစေတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။

အုန်းစိမ်ူရည်မှာ ပါတဲ့ Electrolytes က သွေးဖိအားကို ထိန်းညှိပေးပါတယ်။


၅။ အိုမင်းခြင်းကို ကာကွယ်ခြင်း

အုန်းစိမ်းရည်မှာ ပါတဲ့ Cytokinins က အိုမင်းခြင်းကို ကာကွယ်ပေးပါတယ်။

ဆဲလ်များ အားနည်းခြင်း ကို ကာကွယ်ပေး တဲ့ အတွက် ကင်ဆာ

ရောဂါများကိုတောင် ကာကွယ်ပေးပါတယ်။

အုန်းစိမ်းရည်ဟာ ကျန်းမာရေးအတွက် အလွန် သင့်တော်ပါတယ်။

အုန်းစိမ်းရည် ရတဲ့ နေရာတိုင်းမှာ မဖြစ်မနေ သောက်သုံးသင့်ပါတယ်။

ပုံမှန် သောက် သုံးရင် တော့
အကောင်းဆုံး ဖြစ် ကြောင်း သိရှိရပါတယ်
________________

အုန်းသီးထဲမှ အုန်းစိမ်းရည်ဟာ လူ့အသက်ကို ကယ်တင်
ပေးနိုင်စွမ်း ရှိပုံနဲ့ ပတ်သက်ပြီး အကောင်းဆုံး
သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် . . .

ဒုတိယကမ္ဘာစစ်အတွင်းက
ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ

အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့
စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည် ပုလင်းတွေကို
အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ

ဆရာ၀န်တွေဟာ အုန်းသီးစိမ်း နုနုထဲက သန့်စင်တဲ့ အုန်းစိမ်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့
ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်..

အုန်းစိမ်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့
ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့
သင့်တော်တယ်လို့ သိရပါတယ်..

ကျန်းမာရေး
ကိုယ်ဝန်ဆောင် မိခင်နှင့် အုန်းစိမ်းရည် . .
____________________
ဲ့ အုန်းစိမ်းရည်မှာ အစွအံ့ဩဖွယ်မ်းသတ္တိတွေရှိနေပါတယ်
မိခင်များအတွက် အုန်းရည်ရဲ့ အကျိုးကျေးဇူးလေးတွေ ကြည့်လိုက်ရအောင်။

အုန်းရည်မှာ

Calories – 46%
Sodium – 252 g
Potassium – 600 g
Carbohydrates – 8.9 mg
Dietary Fiber – 2.6 mg
Sugar – 6.26 mg
Calcium – 6% ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေ အုန်းစိမ်းရည်သောက်ရင် ရရှိမယ့် အကျိုးကျေးဇူးတွေက

ကျောက်ကပ်အား ကောင်းစေပြီး ကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်။

ခန္ဓာကိုယ်ရဲ့ ရေဓာတ်နဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
နာမကျန်းဖြစ်ခြင်းနဲ့ အော့အန်ခြင်းကိုလည်း သက်သာစေပါတယ်။

ရင်ပူခြင်း အစာမကြေခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ကို တားဆီးပေးပါတယ်။
ကိုယ်ခံအားတိုးမြင့်စေပြီး ရောဂါဝင်ရောက်မှုကို လျှော့ချပေးနိုင်ပါတယ်။

အဝမလွန်စေဖို့ အုန်းစိမ်းရည်က ကူညီပေးပါတယ်။

ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းနှင့် ယောဂကျင့်စဉ်များအပြီးတွင် အားဖြည့်အချိုရည်အဖြစ် သောက်သုံးပေးနိုင်ပါတယ်။
သကြားပါဝင်မှုနည်းလို့ ဆီးချိုလည်း ကျစေပါတယ်။

သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ (အုန်းစိမ်းရည်သောက်ခြင်းဟာ သန္ဓေခိုင်စေတယ်လို့လည်း ရှေးလူကြီးတွေ ဆိုပါတယ်)

အုန်းစိမ်းရည်သောက်ခြင်းကြောင့် ရေမြွှာအိတ်ထဲက ရေမြွှာရည်ပမာဏ တိုးစေပါတယ်။

မိခင်က အုန်းရည်သောက်လျှင် ကလေးငယ်ရဲ့ ဆံပင်သားကို ကောင်းမွန်စေပါတယ။်

ကလေးရဲ့ အသားအရေနဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

မွေးဖွားပြီးချိန်တွင် အုန်းစိမ်းရည်သောက်သုံးပါက မိခင်နို့ထွက်အားကောင်းစေပါတယ်။
သွေးလှည့်ပတ်မှုကို ထိန်းညှိပေးပြီး ညဘက်ကိုလည်း ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက် အုန်းစိမ်းရည်သောက်ခြင်းကြောင့် ရရှိမယ့် ဘေးထွက်ဆိုးကျိုးတွေကတော့ တိကျတဲ့ သက်သေပြချက်တွေမရှိသေးပါဘူး။

အဲ့ဒါကြောင့် အုန်းစိမ်းရည်ကို မိခင်လောင်းများ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။

တစ်နေ့လျှင် အုန်းစိမ်းရည် တစ်ဖန်ခွက် သောက်သုံးနိုင်ပြီး လတ်ဆတ်သန့်ရှင်းသော အုန်းရည်ကို သောက်လျှင် ပို၍ ကောင်းပါတယ်။

အခြားသော လိုအပ်တဲ့ အစာအာဟာရများ ဆေးဝါးများအပြင် သဘာဝဓာတ်စာဖြစ်တဲ့ အုန်းစိမ်းရည်ကို သောက်သုံးပေးခြင်းဖြင့် မိခင်ရော ကလေးပါ ကျန်းမာစေပါလိမ့်မယ်

အလှအပဆိုင်ရာ
---------------------
မျက်နှာအဆီပြန်သူ တို့အတွက် အုန်းစိမ်းရည်။
--------------------------------------------

မျက်နှာပြင်မှ အဆီပြန်၊ ချွေးထွက်လို့ စိတ်ပျက်နေသူတို့
အတွက်ပါ။ ဒါတွေကြောင့်မို့လို့ ဝင်းလက်တောက်ပတဲ့
မျက်နှာပြင် အလှတွေပျက်နေတယ်လို့
သင်ထင်ပါသလား။

မျက်နှာပြင်အဆီပြန်တာကို ဇျေးကြီးတဲ့
အလှပြင် ပစ္စည်း တွေကို တကူတက ရှာဖေ
ွ ဝယ်ယူနေစရာမလိုပဲ လတ်ဆတ်တဲ့
အုန်းရည်ကို အသုံးပြု ဖြေရှင်းနိုင်ပါတယ်။

အသားအရေ ထိန်းသိမ်းဆောင့်ရှောက်ခြင်း အတွက်
အုန်းစိမ်းရည်ကို အသုံးပြုလျှင် မျက်နှာပြင်သန့်စင်ပေးခြင်းနှင့်
တိုနာအဖြစ် လည်းကောင်း အကျိုးသက်ရောက်မှု
နှစ်မျိုးကို တချိန်တည်းမှာ ရရှိနိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်ပေါ်ရှိ အဆီများကို ဖယ်ရှားကာ
သဘာဝအတိုင်း အသားအရေကို
လင်းလက်တောက်ပစေမှာ ဖြစ်ပါတယ်။

ဝက်ခြံနှင့် မျက်နှာပေါ်ရှိ အစွန်းအထင်း တို့ကိုပါ
သန့်စင်ပေးသည်။ အရွယ်မရောက်ခင် အိုမင်းရင့်ရော်ခြင်းကိုလဲ တားမြစ်ပေးနိုင်သည်။

ဂွမ်းစကို လတ်ဆတ်တဲ့ အုန်းရည်မှာ နှစ်ပြီး
မျက်နှာပြင်ပေါ်မှာ သုတ်လိမ်းပေးပါ။

အေးမြတဲ့ အရသာကို လိုချင်ရင် ဂွမ်းစကို အုန်းစိမ်းရည်ထဲ
နှစ်အပြီးမှာ ရေခဲတုံးကလေးများပေါ်တွင်
ခေတ္တ တို့သုတ်ပြီးမှ မျက်နှာကို သုတ်လိမ်းပါ။

ပြီးရင် မျက်နှာကို လေသလပ်၍ အခြောက်ခံပါ။
ငွေကုန်ကြေးကျ မများပဲ အလွယ်တကူ မျက်နှာကို အလှဆင်နိုင်ကြပါစေ။

Credit. . .

အုန်းစိမ်းရည်ကို ဓာတ်ခွဲစမ်းသပ်ကြည့်ပါက အုန်းစိမ်းရည်တစ်အောင်စမှာ ကယ်လိုရီ ၅.၄၅ ကယ်လိုရီ ၊ သကြားဓာတ် ၁.၃ ဂရမ်၊ ပိုတက်စီယမ် ၆၁.ဝ မီလီဂရမ်၊ ဆိုဒီယမ် ၅.၄၅ မီလီဂရမ် တို့အဓိကပါဝင်နေပါတယ်.. အုန်းစိမ်းရည်ဟာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်.. အနေတော်အုန်းသီးစိမ်းတစ်လုံးမှာပါတဲ့ ပိုတက်စီယမ်ပမာဏဟာ ငှက်ပျောသီး (၄) လုံးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ပမာဏနဲ့ ညီမျှပါတယ်.. ဒါ့ကြောင့် အုန်းစိမ်းရည်ကို သောက်သုံးပေးရင် ရေငတ်ပြေရုံမက ကုန်ဆုံးသွားတဲ့ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်များပါ ဖြည့်ပေးတာကြောင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါတယ်.. နာမည်ကျော်အားကစားသမားတွေဟာ ကစားစဉ်အတွင်းမှာ အုန်းစိမ်းရည်ကို မကြာခဏသောက်ပေးခြင်းဖြင့် မောပန်းနွမ်းနယ်မှုလျော့နည်းစေတာကို တွေ့ရပါတယ်.. ဝမ်းပျက်ဝမ်းလျှောတဲ့သူတွေလည်း ဓာတ်ဆားရည် အလွယ်တကူ ဝယ်မရတဲ့ဒေသများမှာ အုန်းစိမ်းရည်သောက်ပေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ ပိုတက်စီယမ်ဓာတ်နဲ့ ရေဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ်..

ဒုတိယကမ္ဘာစစ်ကာလက ရှေ့တန်းစစ်မြေပြင်မှာ သွေးကြောသွင်းဆေးရည်များ ပြတ်လပ်တဲ့အခါ သွေးပေါင်ချိန်ကျဆင်းပြီး ရှော့ခ်ရနေတဲ့လူနာတွေကို အုန်းစိမ်းရည်နဲ့ သွေးကြောထဲတိုက်ရိုက်ထိုးသွင်းပြီး
ကုသခဲ့တဲ့ သမိုင်းအထောက်အထားများလည်း ရှိခဲ့ပါတယ်..

( ဒါပေမဲ့ ကျောက်ကပ်မကောင်းတာကြောင့်
ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ်များပြီး ပြင်ပကိုမစွန့်
ထုတ်နိုင်လို့ ပိုတက်စီယမ်များနေသူတွေ ဒါမှမဟုတ် အခြားအကြောင်းကြောင့် သွေးထဲမှာပိုတက်စီယမ်များနေသူတွေအုန်းစိမ်းရည်ကို မသောက်သင့်ပါဘူး.. ပိုတက်စီယမ် အလွန်အကျွံများလာရင် နှလုံးကိုထိခိုက်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်.. ဒါ့ကြောင့် သာမန်ကျန်းမာနေသူတွေလည်း အုန်းရည်ကို ရေသောက်သလို အများကြီးမသောက်သင့်ပါဘူး.. တစ်နေ့ကို အနေတော် အုန်းသီးစိမ်းနှစ်လုံးကရရှိတဲ့ ပမာဏထက် ပိုမသောက်သင့်ပါ.. ပုံမှန်တစ်နေ့တစ်လုံး သောက်ရင်တော့ ပြဿနာမရှိပါဘူး..)

သွေးတိုးရောဂါရှိသူတွေ အုန်းစိမ်းရည်ကို
ပုံမှန်သောက်ရင် သွေးပေါင်ကျစေရန် အထောက်
အကူပြုပါတယ်.. အုန်းစိမ်းရည်မှာ ပိုတက်စီယမ်နဲ့
ဆိုဒီယမ်အချိုးအစားဟာ သွေးတိုးသမားများအတွက်အထူးကောင်းမွန်လှပါတယ်.. သွေးတိုးသမားအများစုမှာ ဆိုဒီယမ်များနေလေ့ရှိပြီး ပိုတက်စီယမ်ချို့တဲ့နေလေ့ရှိပါတယ်.. ဒါ့ကြောင့် အုန်းစိမ်းရည်အပြင် တခြားသစ်သီးများစားခြင်းအားဖြင့် သွေးတိုးကျစေရန် အထောက်အကူပြုပါတယ်.. အရေးအကြီးဆုံးအချက်ကတော့ အုန်းစိမ်းရည်ကို ခွဲပြီးချက်ချင်းသောက်ရမှာဖြစ်ပါတယ်.. အုန်းစိမ်းရည်ကို ချက်ချင်းသောက်မယ်ဆိုရင် ရောဂါပိုးမွှားတွေမဝင်ဘဲ အလွန်သန့်ရှင်းစင်ကြယ်နေမှာဖြစ်ပြီး ခွဲပြီးနောက် အပြင်မှာတာရှည်ထားမယ်ဆိုရင် လေထဲကရောဂါပိုးတွေဝင်ရောက်ပေါက်ဖွားပြီး လူကိုအန္တရာယ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်..

#မာံသုခ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon