Dae Wi

Dae Wi

Share

Wellness.Health.Beauty

06/08/2026

🥰🍀 အသားအရေ လှပဖို့ ဘာတွေလိုအပ်မလဲ 🍀🥰

04/07/2026

🏋️‍♀️🏋️‍♀️Gym ဆော့ရုံနဲ့ အဆီကျမယ်ထင်နေလား?🏋️‍♀️🏋️‍♀️

30/06/2026

✨ Diet လုပ်ဖို့ အပြင်စာတွေကို ဝယ်စားနေရင် အကုန်အကျလည်းများသလို သန့်ရှင်းသပ်ရပ်မှု အားနည်းရင် ဘေးထွက်ကျန်းမာရေး ဆိုးကျိုးတွေကို ရနိုင်ပါတယ်ရှင်...✨ ဝီကတော့ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ Greek yogurt လေးကို ကိုယ်တိုင်ပဲ သဘာဝ နွားနို့ စစ်စစ်ကို စနစ်တကျ ဝယ်ယူပြီး အိမ်မှာ သန့်ရှင်းသပ်ရပ်စွာ လုပ်စားပါတယ်ရှင်...✨ Diet လုပ်နေချိန် snack time နဲ့ breakfast time အတွက် ပူစရာသိပ်မလိုတော့ဘူးပေါ့ရှင်🥰🥰🥰

28/06/2026

🤔​"အစ်မ... ထမင်းလုံးဝမစားပဲ ဒီလိုပဲစားနေတာ နေနိုင်ရဲ့လား?အာသာရောပြေရဲ့လား??" လို့ အသိမိတ်ဆွေတွေက မေးကြပါတယ်🤔
​
🥰ဒီမေးခွန်းကို မကြာခဏဆိုသလို မေးကြလွန်းလို့ အခု သေသေချာချာ ဖြေပေးလိုက်ပါပြီနော်! ❤️
​(ပုံလေးကို အရင်ကြည့်ပေးပါ 👆)
​
🥗ဝီ့ရဲ့ နေ့စဥ်စားသောက်မှုပုံစံက "ထမင်းမပါ၊ အသားနဲ့ အသီးအရွက်အဓိက" စားတာပါ... အခု ပုံထဲကလို အရောင်အသွေးစုံလင်ပြီး အာဟာရပြည့်ဝတဲ့ စားစရာလေးတွေကို စားပါတယ်🥗

​🍠 ခရမ်းရောင် sweet potato ကစွမ်းအင်ပေးတဲ့ Carbohydrate အဖြစ် စားတာပါ...(ထမင်းထက် အမျှင်ဓာတ်ပိုများပြီး ပိုကျန်းမာစေပါတယ်!)

🍗 ကင်ထားတဲ့ ကြက်သားရင်ပုံကတော့ protein ဓာတ်ပြည့်ဝဖို့ စားပါတယ်...

🥑 Avocado နဲ့ ပြောင်းဖူး ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Good fats နဲ့ Fibers တွေအတွက် စားပါတယ်

🍅 ခရမ်းချဥ်သီးသုပ်နဲ့ သခွားသီးကတော့ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ ရေဓာတ်ပြည့်ဝဖို့အတွက်ပါ

✨​ ကဲ ဒါဆိုရင် အဖြေကတော့ ... နေနိုင်ရုံတင်မကပါဘူး... ပိုပြီးတော့တောင် လန်းဆန်းပေါ့ပါးနေပါတယ်! 💪✨

​✅ ပိုပြီးတက်ကြွလာတယ်... ထမင်းစားပြီးရင် အိပ်ငိုက်တာမျိုး မရှိတော့ဘူး...လေးလံထိုင်းမှိုင်းမနေဘူး...
✅ ကျန်းမာရေးပိုကောင်းလာတယ်...ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရစုံကို တိုက်ရိုက်ရလို့ပါ...
✅ သွေးချိုထိန်းရလွယ်တယ်...Carbohydrate များတဲ့ ထမင်းထက်စာရင် sweet potato က သွေးချိုကို ဖြည်းဖြည်းချင်းပဲ တက်စေပါတယ်...

🥰🥗​ဒါကြောင့် ဝီ့အတွက်တော့ ထမင်းမစားပဲ နေနိုင်တယ် ...ဒီလို ကျန်းမာတဲ့ အသားနဲ့ အသီးအရွက်တွေကို မစားပဲ မနေနိုင်လောက်အောင် result ကောင်းတွေလည်း ရခဲ့ပြီးပါပြီ... ဝီ့အတွက်ကတော့ ဒါဟာ ကျန်းမာတဲ့ ရွေးချယ်မှုတစ်ခုပါပဲ🥗🥰

26/06/2026

✨🥰လှပမှုနဲ့ နုပျိုမှုဆိုတာ ကံကောင်းခြင်းတစ်ခုမဟုတ်ဘူး… ကိုယ်တိုင်တည်ဆောက်ယူရတဲ့ရွေးချယ်မှုတစ်ခုပါ...🥰✨
💯လူတိုင်းက လွယ်လွယ်ကူကူလှချင်ကြတယ်...
💯လူတိုင်းက ပင်ပင်ပန်းပန်းမလုပ်ဘဲ fit ဖြစ်ချင်ကြတယ်…ဒါပေမယ့် အမှန်တရားကတော့ ... လွယ်လွယ်နဲ့ ရတဲ့အရာဟာ ရေရှည်မခံသလို တန်ဖိုးထားမခံရတတ်ပါဘူး...
😓Gym မှာတစ်ခါတစ်လေ ပင်ပန်းမယ်
😓Diet လုပ်ရတာ စိတ်ရှုပ်မယ်
😓Discipline တွေ လိုက်နာရတာ ခက်မယ်
🥰💪ဒါပေမယ့် အဲ့ဒီနေ့တိုင်းရဲ့ effort တွေကပဲ နောက်နှစ်ပေါင်းများစွာအတွက်မှာ ဝီတို့ကိုပိုလှစေတယ်၊ ပိုယုံကြည်မှုရှိစေတယ်၊ ပိုနုပျိုစေပါတယ် 💪🥰

✨နုပျိုလှပချင်ရင်
စိတ်ကူးသက်သက် မဟုတ်ဘဲ action နဲ့သက်သေပြရမယ်...✨

💪Let's become the best version of
ourselves—together.💪💪💪

25/06/2026

🤔Diet လုပ်တယ်ဆိုတာ ဝိတ်ချဖို့အတွက်ပဲလို့ လူအများစုက ထင်ကြတယ်...ပိန်ချင်လို့ အစားတွေ လျှော့စားတယ်လို့ပဲ ထင်မြင်နေကြတုန်းပဲလား🤔

✨တကယ်တော့ Diet ရဲ့ ရည်ရွယ်ချက်က ခန္ဓာကိုယ်ပိန်ပြီး body weight ကျဖို့ထက် Well-aging လို့ခေါ်တဲ့ ကျန်းမာနုပျိုစွာ အသက်ကြီးသွားဖို့ပဲဖြစ်ပါတယ်....✨

🔥ဒီနေ့စားတဲ့ အစားအစာတိုင်းက နောင် ၁၀ နှစ်၊ အနှစ် ၂၀ အကြာမှာ ကိုယ့်ခန္ဓာကိုယ် ဘယ်လိုဖြစ်မလဲဆိုတာကို အများကြီး သက်ရောက်မှုရှိပါတယ်... 🔥

♦️❌Diet ဆိုတာ ဗိုက်ဆာခံပြီး အစားလျှော့စားတာ မဟုတ်ဘူး...❌♦️

💪🥗🌮🥙ကိုယ်ခန္ဓာလိုအပ်တဲ့ အာဟာရဓာတ်တွေကို စနစ်တကျ ရွေးချယ်ကျွေးမွေးတာပါ...
Protein က ကြွက်သားထိန်းပေးတယ်...အရောင်စုံ ဟင်းသီးဟင်းရွက်တွေက ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants တွေ ဖြည့်ပေးတယ်...အာဟာရပြည့်ဝတဲ့ အစားအစာတွေက ရောင်ရမ်းမှုကို လျှော့ချပေးပြီး နာတာရှည်ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ်...🥙🌮🥗💪

🍀ဝိတ်ကျအောင် လုပ်နိုင်တဲ့သူ အများကြီးရှိတယ်....ဒါပေမယ့် အသက်ကြီးလာတဲ့အထိ ကျန်းမာသန်စွမ်းပြီးအရည်အသွေး ပြည့်မှီတဲ့ life style ကောင်းကောင်းနဲ့ နေနိုင်ဖို့ စီမံနိုင်တဲ့သူက အလွန်ပဲ နည်းပါတယ်....🍀

💪🥗🥰ဒါကြောင့် Diet ကို ဝိတ်ချဖို့အတွက်ပဲ ထင်​ပြီး အမှုမဲ့ အမှတ်မဲ့ မနေလိုက်ပါနဲ့...နုပျိုကျန်းမာစွာ အသက်ရှည်နေနိုင်သွားမယ် Well Aging အတွက်ဆိုတာကို သေချာသိပြီ စနစ်တကျ ကြိုးစား လုပ်ကြည့်ပါ🥰🥗💪

🥰အနာဂတ်က ကိုယ့်ကိုယ်ကို ဒီနေ့ရဲ့ ရွေးချယ်မှုတွေအတွက် ကျေးဇူးတင်နေပါလိမ့်မယ်🥰

🥰 ဝီတို့ တူတူလှပဖို့ Diet လုပ်ကြစို့ 🥰

22/06/2026

🏋️‍♀️🏃‍♀️"Gym မှာ work out မျိုးစုံလုပ်နေရုံနဲ့ weight မကျပါဘူး...🥗🥗အစားလျှော့စားမှ ဝိတ်ကျမယ်" ဆိုတာ မှန်ပါတယ်။

🙅ဒါပေမယ့် "ဘာမှမစားဘဲ နေမှ ဝိတ်ကျမယ်" ဆိုတာတော့ မမှန်ပါဘူး🙅

🚨🚨Gym မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်တယ်၊ အစားအသောက်ကို ထိန်းတယ်၊ Calories ကို စီမံတယ်။ ဒါပေမယ့် ဒူးရင်းသီးစားတာမြင်လိုက်တာနဲ့...
"အဲ့လိုစားပြီး ဝိတ်ကျမှာလား?" "Diet လုပ်နေတာ မဟုတ်ဘူးလား?"
လို့ မေးတတ်ကြတယ်။🚨🚨

♦️ဒူးရင်းသီးမှတင်မဟုတ်ပါဘူး...အသား အခေါက် ဆန် ဂျုံ ပြောင်း အားလုံးတူတူပါပဲ...
♦️Diet ဆိုတာ အစားအစာတစ်မျိုးလုံးကို ဘဝကနေ ဖျက်ပစ်တာ မဟုတ်ဘူး... ♦️Calories ကို ထိန်းချုပ်ပြီး ကိုယ်ကြိုက်တာကို သင့်တင့်တဲ့ ပမာဏနဲ့ စားတတ်တာပါ...

🚨လူတော်တော်များများ ဝိတ်ချဖို့ မအောင်မြင်တာက Work out တွေကစားပြီး diet မစားလို့ မဟုတ်ဘူး... Consistency မရှိလို့ပါ🚨

တစ်ပတ်လောက် အငတ်ခံပြီး Diet လုပ်မယ်... ပြီးရင် Cheat Day ဆိုပြီး အကုန်ပြန်စားမယ်... Gym ကို တစ်ရက်သွား၊ သုံးရက်နားမယ်...

🚨အဲ့ဒါက ပြဿနာပါ🚨

💯Fat loss ဖြစ်ဖို့အတွက် အရေး​ကြီးဆုံးက calorie Balance နဲ့ Consistency ပါပဲ...💯

💪💪ကျန်းမာနုပျိုစွာ ဝိတ်ကျချင်ရင် စိတ်ရှည်ရပါမယ် ... ဝီလည်း ခုထိ ဝီလိုချင်တဲ့ target ကိုမရောက်သေးပေမယ့် ... Consistency ရှိပြီး ပန်းတိုင်ရောက်အောင် ကြိုးစားပြီး လျှောက်လှမ်းနေပါတယ် ...💪💪

🔥💪တစ်ခုတော့ရှိတာပေါ့ Knowledge မရှိဘဲ Restriction လုပ်တာထက်, Knowledge ရှိပြီး Consistency နဲ့ သွားတာက လိုချင်တဲ့ target ရောက်​ဖို့ ပိုဝေးဝေးရောက်နိုင်ပါတယ် 💪🔥

🥰ဒါကြောင့် ဝီက ဝီကိုယ်တိုင် လေ့လာပြီး စနစ်တကျ လိုက်နာကျင့်သုံးလို့ ရတဲ့ Good result တွေကို sharing လုပ်ပေးနေတာပါ🥰

🥰💪🥰💪 အားလုံးပဲ ဝီနဲ့တူတူ ကျန်းမာ နုပျိုလှပတဲ့ body တစ်ခုကို ပိုင်ဆိုင်နိုင်အောင် တူတူကြိုးစားကြမယ်နော် 🥰💪🥰💪

11/06/2026

🥰လှချင်ရင် အိပ်ရေးဝအောင်အိပ်ပါ🥰

07/06/2026

😴😴😴အိပ်ရေးပျက်တာက အသားအရေကို ပင်ပန်းနွမ်းနယ်စေပြီး အရွယ်မတိုင်ခင် Sagging Skin (အသားအရေတွဲကျခြင်း) နဲ့ Turkey Neck (လည်ပင်းအသားတွဲကျခြင်း) ဖြစ်ဖို့ လွယ်စေပါတယ်

🚨ဘာလို့လဲဆိုတော့…ညဘက်အိပ်တဲ့အချိန်မှာ ခန္ဓာကိုယ်က Collagen နဲ့ Elastin ကို ပြန်လည်တည်ဆောက်ပေးတာပါ.... ဒီ ၂မျိုးက အသားအရေကို တင်းရင်းစေတဲ့ အဓိကအရာတွေပါ။🚨

🚨ဒါပေမယ့် အိပ်ရေးမဝရင်
▪️ Collagen ထုတ်လုပ်မှု လျော့ကျလာမယ်
▪️ Stress Hormone (Cortisol) တက်လာမယ်
▪️ အသားအရေ Repair လုပ်နိုင်စွမ်းကျလာမယ်
▪️ Skin Elasticity လျော့ပြီး အသားအရေနဲ့ အရေပြား တဖြည်းဖြည်းတွဲကျလာမယ်

🚨အထူးသဖြင့် လည်ပင်းနေရာက Skin က ပါးလွှာလို့ Turkey Neck ပိုဖြစ်လွယ်ပါတယ်...🚨

ဒါကြောင့် နုပျိုကျန်းမာချင်ရင်
Skincare တစ်ခုတည်းကို ထိန်းသိမ်းရတာမဟုတ်ပါဘူး
✔️ အိပ်ရေးဝဝအိပ်မယ်
✔️ ရေများများသောက်မယ်
✔️ Protein နဲ့ Healthy Fats တွေကိုစနစ်တကျ စားမယ်
✔️ Sunscreen လိမ်းမယ်
ဒါတွေဟာလည်း Anti-aging အတွက် အရမ်းကို အရေးကြီးပါတယ် ✨

“Good skin starts with good sleep.” 😴🤍

🥰😴 Good night 😴🥰

Category

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Dae Wi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.