Protect Your Future
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Protect Your Future, Yangon.
14/09/2025
ကိုယ် ချစ်ရတဲ့ သားသားမီးမီးတွေရဲ့ ရှေ့ရေးအတွက် ❤️👨👩👧👦
သားသမီးတွေကို အပြောနဲ့ချစ်ပြတာမဟုတ်ပဲ လက်တွေ့ချစ်ပြပြီး မိသားစုအတွက် လုံခြုံတဲ့ အနာဂတ်ကို ဖန်တီပေးတဲ့ သားသားမီးမီးလေးရဲ့ Hero ဖေဖေ နဲ့ မေမေ ပါ 😍
သားသမီး ၂ ယောက်ရှိလို့ ဖေဖေ ရော မေမေ ရော
၂ ယောက်လုံး Policy တစ်ယောက်တစောင်ဝယ်ပြီး အကာအကွယ်ရယူသွားတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးတင်ပါတယ်နော် 🙏😍😘
ခေတ်ကာလနဲ့ လိုက်လျောညီထွေတဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေ ကို မှန်မှန်ကန်ကန် ပြုလုပ်ပြီး အေးချမ်းပျော်ရွှင်စွာ အပူအပင်ကင်းကင်းနဲ့နေချင်တယ်ဆို AIA ရဲ့ Universal Life က အကာအကွယ်တွေအပြည့်နဲ့ ချစ်ရတဲ့သူတွေနဲ့ အတူ အမြဲရှိနေမှာပါ။
AIA ရဲ့ Universal Life အပြင် တခြား စိတ်ဝင်စားစရာ product အကြောင်းလေးတွေ ပိုမိုသိရှိလိုပါက ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
13/07/2025
☆ အာမခံဆိုတာဘာလဲ?
- မမျှော်မှန်းနိုင်တဲ့ အန္တရာယ်တွေ
- မတော်တဆမှုတွေ
- သဘာဝေဘးတွေကြောင့် ပျက်စီးဆံးရှုံးမှုများ ဖြစ်ပေါ်လာပါက ငွေကြေးဖြင့်ပြန်လည်အကာအကွယ်ရယူတာမျိုးပဲဖြစ်ပါတယ် (Financial Protection)
☆ အာမခံဘာကြောင့်ထားသင့်တာလဲ?
- မနက်ဖြန် သန်ဘက်ခါ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ သေချာမသိနိုင်ခြင်းများအတွက် ကိုယ် နဲ့ ကိုယ့်မိသားစုပေါ် ကျရောက်လာနိုင်သော မမြင်နိုင်တဲ့ ငွေကြေးနဲ့တိုင်းတာ၍ရသော ဆုံးရှုံးမှုများဖြစ်ပေါ်လာမဲ့အချိန်မှာ အာမခံကြေးလေးအနည်းငယ်သွင်းထားရုံနဲ့ အကာအကွယ်အပြည့်အဝရရှိနိုင်ခြင်း တစ်နည်းအားဖြင့် ဆုံးရှုံးမှုဖြစ်ပြီးချိန်နောက်ပိုင်းမှာတောင် မူလအခြေအနေမပြတ် နေထိုင်နိုင်အောင် အကာ အကွယ် ရယူထားခြင်းမျိုးဖြစ်တဲ့အတွက် အာမခံဆိုတာရှိကိုရှိထားသင့်ပါတယ်
☆ အာမခံကို ဘယ်လိုလူမျိုးတွေပိုဝယ်သင့်လဲ?
- အိမ်ထောင်ဦ်းစီးတွေ
- မိသားစုရဲ့ ဒေါက်တိုင်တွေ တစ်နည်းအားဖြင့် ကိုယ့်အပေါ်မှီခိုနေတဲ့ မိသားစုရှိသူတွေအနေနဲ့ ကိုယ်မရှိတော့ချိန် ကျန်ရစ်ခဲ့သောမိသားစုဝင်များ ငွေကြေးအခက်အခဲ နဲ့ ကြုံရမှာကိုကြောက်သူတွေ
- တစ်ဦးထဲရပ်တည်သူတွေအနေနဲ့ ကိုယ်တိုင် ဝင်ငွေရတဲ့အလုပ်မလုပ်နိုင်တော့မဲ့အချိန် Retirement Plan အတွက်တွေးကြောက်သူတွေ
- လေဖြတ်တာလိုမျိုး ရောဂါကြောင့် အိပ်ယာထဲလဲပြီး ဝင်ငွေမရှိချိန် ဆေးကုဖို့တွေးပူတဲ့သူတွေ
- Life ကို Plan နဲ့ဖြတ်သန်းနေတဲ့သူ ဘယ်သူမဆို ဝယ်သင့်ပါတယ်
☆ ဘယ်လိုလူတွေ အာမခံထားဖို့ မလိုဘူးလဲ?
- ဘာကြောင့်မှ အသက်မဆုံးရှုံးနိုင်ဘူး ထာဝစဉ် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေမယ်လို့ ထင်တဲ့သူတွေ
- ဘယ်အရာကြောင့်မှ ဘာပစ္စည်းမှ မဆုံးရှုံးနိုင်ဘူးလို့ တွေးထားသူတွေ
- ကိုယ်မှမရှိတော့တာ ကျန်ခဲ့တဲ့မိသားစုဘာဖြစ်ဖြစ် ဘယ်လိုနေနေလို့ တွေးထားသူတွေ အာမခံဝယ်ရန် မလိုပါ
☆ အာမခံအမျိုးအစား ဘယ်နှစ်မျိုးရှိလဲ?
- အထွေထွေအာမခံ နဲ့ အသက်အာမခံ ဆိုပြီးရှိပါတယ်
☆ အထွေထွေအာမခံဆိုတာဘာလဲ?
- မီးအာမခံ ကားအာမခံ တို့လိုမျိုး Property တွေကိုထားတဲ့ အာမခံအမျိုးအစားပါ
☆ အသက်အာမခံဆိုတာဘာလဲ?
- ကိုယ်ချစ်ရတဲ့ မိသားစုနောင်ရေးအတွက် ငွေပြန်ရအောင်စီစဉ်ထားတဲ့ အာမခံအမျိုးအစားတွေ
- ကျန်းမာရေးအတွက် အာမခံအမျိုးအစားများ
- သားသမီးများ ပညာရေးအတွက် အာမခံအမျိုးအစား စသည်ဖြင့် များစွာရှိတဲ့ အာမခံအမျိုးအစားပဲဖြစ်ပါတယ်
☆ ဘယ်အရာက မဖြစ်သင့်လဲဆိုတာထက် ဖြစ်သွားရင် ဘယ်သူထိခိုက်မလဲဆိုတာစဉ်းစားပါ
☆ အနာဂတ်အတွက်စိုးရိမ်သူ မိသားစုအပေါ်တာဝန်ရှိသူ တန်ဖိုးထားသူများက အာမခံဝယ်ယူထားသင့်ပါတယ်နော်
☆☆Just For Knowledge Sharing☆☆
အာမခံ နှင့် ပက်သက်၍ သိရှိလိုသည်များ အသေးစိတ် မေးမြန်းနိုင်ပါတယ်
Website
Address
Alerts
Be the first to know and let us send you an email when Protect Your Future posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
