Bad Review In All/News
Service Quality For All
06/10/2024
ဖြေရှင်းသင့်တဲ့ စုပ်ခွက်ငါး ပြဿနာ။
(မြန်မာ့နိုင်ငံကို ရောက်လာတဲ့ ကျူးကျော်မျိုးစိတ်တွေပါ။)
စုပ်ခွက်ငါး - Suckermouth catfish or Pleco ( Hypostomus plecostomus)
စုပ်ခွက်ငါးမျိုးစိတ်ကတော့ မြန်မာ နိုင်ငံရဲ့ မြစ်၊ချောင်း၊ အင်းအိုင်နှင့် ကန်တွေအတွင်း အသောင်းကြမ်းဆုံးကောင်တွေလို့ ပြောရမယ်။
ဒီငါးတွေဟာ တောင်အမေရိက ကနေမြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ ကျူးကျော်မျိုးစိတ်တွေ ဖြစ်ပါတယ်။
ဒီငါးတွေရဲ့ စတင် တင်သွင်းခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ဒီငါးတွေဟာ အလှမွေးငါးကန်တွေမှာ ဖြစ်ပေါ်တတ်တဲ့ ရေညှိနဲ့အညစ်အကြေးတွေကို စားသုံးပေးတာကြောင့်
ငါးမွေးသူတွေအနေနဲ့ ငါးကန်ကို တကူးတက သန့်ရှင်းရေးလုပ်စရာမလိုသောကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ ဗဟုသုတနည်းပါးတဲ့သူတွေဟာ မမွေးနိုင်တော့တဲ့အချိန်မှာ မြစ်ချောင်း၊ အင်းအိုင်တွေထဲ ဘေးမဲ့ လွှတ်ပေးရာကနေ မြန်မာနိုင်ငံရဲ့ ဂေဟစနစ်နဲ့ အစာကွင်းဆက်ကို စတင်ကျူးကျော်ပါတော့တယ်။
ဒီငါးတွေဟာ အကောင်ကြီးပြီး သား ပေါက်မြန်တာအပြင် ပြည်ပကရောက်ရှိလာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အစာကွင်းဆက်အရ သူ့ကို စားသုံးမယ့် သားကောင်မရှိတာကတစ်ကြောင်း၊
သူ့ရဲ့ အကြေးခွံဟာဆိုလျှင် အလွန်မာကြောတာကြောင့် ဒေသမျိုးရင်းငါးများ ကိုက်ဖြတ်စားသုံးရန် ခက်ခဲခြင်းတို့ကြောင့် မြန်မာ့ ရေချိုပိုင်နက်ထဲ ဗိုလ်ကျစိုးမိုးနေနိုင်တဲ့ ကျူးကျော်မျိုးစိတ် ဖြစ်ပါတယ်။
ဒါတင်မကသေး၊ စုပ်ခွက်ငါးများဟာမြန်မာနိုင်ငံ ရေချိုပိုင်နက်အတွင်းရှိ ဒေသမျိုးရင်း ငါးများ ၊ အင်းဆက်များ နှင့် အပင်များကိုပါ စားသောက်ကြတဲ့အတွက် မျိုးရင်းငါးများဆုံးရှုံးရခြင်း၊
မျိုးရင်းငါးများအတွက် စားကျက်များ ရှားပါးလာခြင်း၊ ငါးမွေးမြူရေးနှင့် ငါးသယံဇာတအရင်းအမြစ်များ နည်းပါးလာမှုကြောင့် ရေချိုငါးလုပ်ငန်းရှင်များ နစ်နာဆုံးရှုံးရခြင်းတို့အပြင် နောက်ဆက်တွဲပြသနာများတို့ကိုလည်း ခံစားလာကြရသည်။
မြန်မာနိုင်ငံကျူးကျော်မျိုးစိတ်စာရင်း နှင့် IUCN အရ ကမ္ဘာအဆိုးဆုံးကျူးကျော် မျိုးစိတ် ၁ဝဝ စာရင်းထဲ မပါပေမယ့် မြန်မာနိုင်ငံရဲ့ ဒေသခံတွေကိုတော့ အတော် စိတ်အနှောက်ယှက်ဖြစ်စေတဲ့ ကျူးကျော်မျိုးစိတ်တစ်မျိုးပါပဲ။
ဒီစုပ်ခွက်ငါးအန္တရာယ်ကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အပေါ်တော့ အစိုးရကထွေထွေထူးထူးလုပ်ပေးတာမျိုး မရှိပေမယ့် (လုပ်နိုင်တဲ့ Capacity လည်း မရှိတဲ့အတွက်) မီဒီယာတွေကတော့ အတတ်နိုင်ဆုံး အသိပညာပေး မျှဝေတာတွေရှိပါတယ်။
စုပ်ခွက်ငါးဟာ ယခုဆိုလျှင် မြန်မာ နိုင်ငံနေရာအနှံ့ ရေချိုပိုင်နက်တွေရဲ့ ဂေဟစနစ်ကို ဆိုးဆိုးရွားရွားထိခိုက်ဖျက်ဆီးနေပါပြီး။
ဒါကြောင့် ဒီငါးတွေကို တွေ့ရှိတဲ့နေရာမှာတင်ဖြစ်စေ၊ ဖမ်းမိတဲ့အခါတိုင်း ဖြစ်စေ၊ ပြန်လည်မလွှတ်စေပဲ သုတ်သင်ရှင်းလင်းခြင်းဖြစ်စေ၊ မီးကင်စားသုံးခြင်းဖြစ်စေ ပြုလုပ်ခြင်းဖြင့် မြန်မာ့ဂေဟစနစ်ကိုကာကွယ်ရမှာဖြစ်ပါတယ်။ Credit-
#စုပ်ခွက်ငါး
Category
Website
Address
Alerts
Be the first to know and let us send you an email when Bad Review In All/News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
