Ta Pwint Pann
နှလုံးသား ဝန်ခံချက်အတိုအစလေးများ�
05/01/2024
လိုလိုလားလားမရှိတဲ့
ရပ်ဝန်းတွေနဲ့...
ဝဋ်ကျေတန်းကျေ ဆက်ဆံတတ်တဲ့
ပါတ်ဝန်းကျင်တစ်ချို့ကို
နှစ်ဟောင်းမှာ ထားပစ်နိုင်ခဲ့တယ်
ဒါဟာ...လွတ်မြောက်ခြင်းတစ်မျိုးပေါ့လေ
#တစ်ပွင့်ပန်း🌻
17/11/2023
လူတွေကလေ
အပြစ်လုပ်ထားပီးရင်
အချိ်န်ကြာသွားတာနဲ့အမျှ
အဲ့အပြစ်က ပျောက်ပျက်သွားတယ်လို့
ထင်နေကြတာလားမသိဘူးနော်
အသားကို လာရိုက်ရင်
ဒဏ်ရာမြင်ရတယ်...
စိတ်ကိုလာရိုက်ရင်တော့
ဒဏ်ရာမမြင်ရဘူး...
ဒါမယ့် နှစ်ခုလုံးကနာတတ်တယ်နော်
ငါလိုလူမျိုးက ပိုနာတတ်တယ်...
ခွင့်လွှတ်ခဲ့ရင်လဲ အဆုံးမဲ့သည်းခံတတ်တယ်
နားလည်ပေးခဲ့ရင်လဲ သူများတောင်အားနာရလောက်တဲ့အထိ နားလည်ပေးတတ်တယ်
အေး ခွင့်လွှတ်ခြင်းထက် စွန့်လွှတ်ခြင်းကို
ရွေးခဲ့ရင်လည်း အဲ့လူဟာ
ငါ့အတွက်ေတာ ့သေလူဘဲမို့
မျက်ရည်ခံလဲ လာမထိုးနဲ့
ကြေကဲွဲပြနေလဲ အပိုဘဲ...
ငါစိတ်နာပီဆိုရင် ပြတ်သားတတ်တဲ့စိတ်ကို
ငါ့ကိုယ်ငါ တောင်ကြောက်တယ်...
ဲအာ့ကြောင့် ငါလိုလူမျိုးကို..
သွေးတိုးလာမစမ်းမိစေနဲ့...
#တစ်ပွင့်ပန်း🌻
15/11/2023
တစ်ဉီးအပေါ် တစ်ဉီး လေးစားခြင်းမရှိတဲ့
ဆက်ဆံရေးတွေမှာ...
တစ်ဉီးအပေါ် တစ်ဉီးငဲ့ညှာခြင်းမရှိတဲ့
ဆက်ဆံရေးတွေမှာ...
တစ်ဉီးအပေါ် တစ်ဉီး ကို်ယ်ချင်းမစာနာတတ်တဲ့
ဆက်ဆံရေးတွေမှာ...
တစ်ဉီးအပေါ် တစ်ဉီး နားလည်မှုမရှိတဲ့
ဆက်ဆံရေးတွေမှာ...
ဗိုလ်ကျားသနတ်
ငါကြိုက်တာ ငါလုပ်...
ဟုတ်တယ်
ငါကြိုက်တာ ငါလုပ်ခွင့်ရှိတယ်...
ဘာလို့ဆို တစ်ဖက်တည်းကဘဲ
အရာအားလုံးသည်းခံနေစရာမှမလိုတာနော်...
#တစ်ပွင့်ပန်း🌻
14/11/2023
ေလးလေးစားစားနဲ့
တန်ဖိုးထားခဲ့တာမို့
အချစ်ကို ပေါ့ပျက်ပျက်နဲ့
ဆက်ဆံလာရင်တော့
တိခနဲ့ရေစက်ဖြတ်ပီး
ချစ်ခဲ့မိသမျှ အပိုင်းအစလေးကအစ
မကျန်အောင် အကုန်သိမ်းပီး
လာရာလမ်းအတိုင်း လှည့်ပြန်ခဲ့လိုက်မယ်...
အဲ့တာ အချစ်အပေါ်ထားတဲ့
ငါ့ရဲ့သစ္စာတရားဘဲ..
#တစ်ပွင့်ပန်း🌻
08/11/2023
ကျောထားနောက်ခံမပြည့်စုံတဲ့
လူတွေအတွက်...
စားဝတ်နေရေးအတွက်အလုပ်လုပ်ရတာ
ပင်ပန်းလိုက်တာနော်
စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရရော
ကြုံရင်ကြုံသလို ထိုးနှက်ချင်တဲ့သူတွေကလဲ
အများကြီး...
ညတစ်ညကို အိပ်ရေးဝဝအိပ်နိုင်ဖို့
ကြိုးစားရသလို...
အစားတစ်လုတ်ကို စိတ်ချလက်ချနဲ့
စားနိုင်ဖို့လဲ
ကြိုးစားရတယ်...
အရာအားလုံးဟာ ကြိုးစားခြင်းတွေနဲ့
#တစ်ပွင့်ပန်း🌻
05/11/2023
တစ်နှစ်ပြီးတစ်နှစ်
ပျင်းရိဖွယ်ကောင်းလောက်အောင်
ကြားလာရတဲ့စကားတွေက
အပျိုကြီး...ဘယ်တော့စားရမလဲ
ဝါကျွတ်ပြန်ပီနော်...
မယူသေးဘူးလား...
အပျိုကြီးဘဲ လုပ်မနေနဲ့လေ...
ဟုတ်ကဲ့...
ကျွန်မရည်ရွယ်ချက်တွေ မပြည့်သေးသရွေ့
ကျွန်မရဲ့မိဘတွေကို ပြည့်စုံအောင်မထားနိုင်သေးသရွေ့
ကျွန်မမှီခိုအားကိုးလို့ရတဲ့ ရင်ခွင်တစ်ခု
မတွေ့နိုင်သေးသရွေ့
ကျွန်မနဲ့အတူတူ ခံစားချက်တွေကို
မျှဝေချင်တဲ့သူ မတွေ့နိုင်သေးသရွေ့ပေါ့
ကျွန်မအတွက်တော့ ဝါကျွတ်ပြီးဆိုတဲ့
နေ့ရက်ကလေးတွေဟာ...
တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲခြင်းရှိနို်င်မှာ
မဟုတ်ပါဘူးနော်...
ခုလက်ရှိ ကျွန်မရဲ့ဘဝကိုကျွန်မကျေနပ်တယ်
#တစ်ပွင့်ပန်း🌻
25/10/2023
ပိုက်ဆံချမ်းသာပြီး
ေဖာက်ပြန်ခြင်းတွေများစွာနဲ့
နောက်ကျောမလုံနိုင်
စိတ်ဖြောင့်ဖြောင့်နဲ့ မအိပ်စက်နိုင်ဘဲ
စိတ်ဆင်းရဲနေရတဲ့ ဘဝတွေထက်
တစ်ယောက်အပေါ်မှာ တစ်ယောက်
သစ္စာရှိရှိနဲ့ ဘဝကိုတူတူရင်ဆိုင်နေကြတဲ့
အတွဲလေးတွေကို ပိုပီးအားကျမိတယ်
ပိုက်ဆံချမ်းသာတာထက်
ကိုယ်ချင်းစာတရားပြည့်ဝတဲ့
လူတွေကို ပိုမက်မောလို့...
#တစ်ပွင့်ပန်း🌻
22/10/2023
တန်ဖိုးထားပြီး အချစ်ခံရတဲ့
မိန်းကလေးတွေကို တွေ့ရတို်င်း
အရမ်းကို အားကျမိတယ်
ကိုယ်မရနိုင်တဲ့ ဘဝတွေမို့လေ...
#တစ်ပွင့်ပန်း🌻
20/10/2023
ရင်ဘတ်ချင်းထပ်တူကျတဲ့
ချစ်ခြင်းတွေက ပျော်စရာကောင်းသလောက်
အတွေးမတူညီတဲ့
ချစ်ခြင်းမျိုးကတော့..
ညှိနှိုင်းမရတဲ့ စိတ်ပျက်ခြင်းတွေနဲ့...
#တစ်ပွင့်ပန်း🌻
18/10/2023
တကယ်လို့ ကျွန်မ
ထပ်ချစ်ဖြစ်ခဲ့ရင်လေ...
ရှေ့ဆက်ရမယ့်မနက်ဖြန်တွေမှာတောင်
မင်းတစ်ယောက်တည်းနဲ့ဘဲ
လုံလောက်ပါပီဆိုတဲ့ သူမျိုးနဲ့သာ
ဘဝရဲ့နေဝင်ချိန်ထိ
အတူရှိခွင့်ရချင်ပါတော့တယ်။
#တစ်ပွင့်ပန်း🌻
Category
Contact the business
Website
Address
Alerts
Be the first to know and let us send you an email when Ta Pwint Pann posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
