Rango Fitness

Rango Fitness

Share

Health And Beauty

Photos from Rango Fitness's post 29/12/2023

သွေးတွင်းအဆီချ သဘာဝနည်းလမ်း ၇ ခု

ကျွန်တော်တို့ သွေးတွင်းအဆီဓာတ်လို့ပြောရင် အရင်ဆုံးဘယ်ဟာ သွားမြင်လဲဆိုရင် Cholesterol ကိုလက်စထရောဓာတ်လို့ခေါ်တဲ့
နှလုံသွေးကြောပိတ်တာတွေ သွေးကြောထဲမှာ သွေးကြာကျဉ်းပြီး ပိတ်သွားတာတွေရယ် ပြီးတော့ဦးနှောက်မှာရှိတဲ့ သွေးကြောတွေကို သွားပြီးပိတ်မယ်ဆိုရင် လေဖြတ်တာတို့ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့သိထားရမှာက အဲဒီ Cholesterolဟာ စကားလုံးတစ်ခု သို့မဟုတ် ပစ္စည်းတစ်ခုတည်းလို့ပြောလိုက်မယ်ဆိုရင် လုံးဝဒီကိုလက်စထရောက မကောင်းဘူးလို့ပြောမရပါဘူး။ဘာကြောင့်လဲဆိုတော့ ဒီ Cholesterol ဆိုတဲ့အရာဟာ ခန္ဓာကိုယ်ရဲ့ အခြခံဆဲလ်တွေကအစ Cholesterol ဓာတ်ကို လိုအပ်တာပါ သူက ခန္ဓာကိုယ် ဆဲလ်နံရံတွေရဲ့ ဘေးပတ်ပတ်လည်မှာဖွဲ့စည်းထားတဲ့နေရာမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ် ပြီးတော့ခန္ဓာကိုယ်ကနေ Hormones ဟော်မုန်း အမျိုးမျိုးထုတ်တာတွေ တစ်ခြားသောလုပ်ငန်းဆောင်တာတွေမှာ
ကိုလက်စထရောကမပါမဖြစ်ပါ။ဒါပေမဲ့ Cholesterol တွေက သွေးကြောတွေကို ကျဉ်းစေ ပိတ်စေပြီး ခန္ဓာကိုယ်အတွက် ဘာကြောင့် ဒုက္ခပေးစေလဲဆိုတော့ cholesterol က အဆီဓါတ်မို့ပါ။အဆီဆိုတဲ့သဘောတရားကခန္ဓာကိုယ်ထဲ သွားလာလည်ပတ်ဖို့ဆို သူက ရေထဲပျော်ဝင်ဖို့လိုအပ်ပါတယ် တစ်နည်းအားဖြင့် သွေးထဲမှာ ပျော်ဝင်ဖို့ လိုအပ်ပါတယ် ဥပမာအားဖြင့် ဘာနဲ့တူလဲဆိုတော့ ပင်လယ်ရေပြင်ထဲကိုသွားဖို့အတွက်ဆိုရင် လှေစီးပြီး သို့မဟုတ် သဘ်ောစီးပြီးသွားရသလို့ ဒီ cholesterol ဆိုတဲ့ပစ္စည်းဟာလည်း ခန္ဓာကိုယ်ရဲ့ သွေးကြောထဲမှာ လည်ပတ်စီးဆင်းဖို့အတွက်ဆိုရင် proteins ဆိုတဲ့ လှေကလေးတွေ သဘ်ောလေးတွေလိုအပ်ပါတယ်။အဲလို cholesterol နဲ့ Proteins ပေါင်းပြီးဖြစ်လာတဲ့ ပစ္စည်းလေးတွေကို Lipoproteins လို့ခေါ်ပါတယ်။ Lipo ဆိုတာက အဆီပါ Proteins ဆိုတာက proteins ဓာတ်ပါ။ အဲလိုအဆီဓာတ်နဲ့ ပရိုတင်းပေါင်းပြီးတော့ရလာတဲ့ Lipoproteins ကိုမှ ၂မျိုးပြန်ပြီး ခွဲးခြားပါတယ်။ ကောင်းတဲ့ Cholesterol (HDL) နဲ့ မကောင်းတဲ့ Cholesterol (LDL) ဆိုပြီး ခွဲးခြားလေ့ရှိပါတယ်။ Low Density Lipoprotein(LDL) ကတော့ ခန္ဓာကိုယ်အတွက်ဆိုးကျိုးဖြစ်စေပြီး မကောင်းတဲ့ Cholesterol ပါ သွေးကြောပိတ်တာတို့ ကျဉ်းတာတို့ စတာတွေ ဖြစ်စေတာ Low Density Lipoprotein (LDL) ကြောင်ဖြစ်ပါတယ်။ဒါပေမဲ့ အခြားတစ်ဖက်မှာဖြစ်တဲ့ High Density Lipoprotein (HDL) ကတော့ တစ်နည်းအားဖြင့် သိပ်သည်းဆများတဲ့ Lipoprotein ဖြစ်ပါတယ်။သိပ်သည်းဆများတဲ့ Lipoprotein ကျတော့ LDL နဲ့ပြောင်းပြန် နှလုံးရဲ့သွေးကြောထဲမှာရှိတဲ့ အဆီပိတ်တာ သွေးကြောကျဉ်းတာတို့မဖြစ်အောင် သူက တစ်နည်းအားဖြင့်ကာကွယ်ပေးပါတယ်။ အဲတာကြောင့်မို့ ကိုလက်စထရောလို့ (Cholesterol ) ပြောလိုက်တာနဲ့ ခန္ဓာကိုယ်အတွက် အကျိုးမရှိစေတဲ့ LDL တွေရှိသလို အကျိုးပြုစေတဲ့ HDL ခေါ်တဲ့ ကောင်းတဲ့ကိုလက်စထရောတွေလည်းရှိပါတယ်လို့ သိစေချင်ပါတယ်။

သွေးတွင်းအဆီဓာတ်ကိုကျစေတဲ့ သဘာဝနည်းလမ်း ၇ ချက်ကတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့ (LDL) Bad Cholesterol ကို လျှော့ချပေးနိုင်တဲ့ နည်းလမ်း ၇ ချက်ဖြစ်ပါတယ်

ဆောင်ရန် ရှောင်ရန် (၇)ချက်

(၁) စားသုံးဆီကို သတိထားပါ ✅

(၂) အမျှင်ဓာတ် များများစားပေးပါ✅

(၃) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ✅

(၄) ခန္ဓာကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင်ထားပါ✅

(၅) ဆေးလိပ်ရှောင်ပါ 🚫

(၆) လူလုပ်မကောင်းတဲ့အဆီ ( Artificial Trans Fats) ရှောင်ပါ 🚫

(၇) အရက်အလွန်ကျူး မသောက်ပါနဲ့ 🚫

# Gym, Motivation,Health, Weight Loss,Weight Gain ,Freelance Personal Trainer ,Rango Fitness

Part 1

Category

Website

Address

Kyimyindaing
Yangon
11101

Alerts

Be the first to know and let us send you an email when Rango Fitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.