Alice in Her Realm

Alice in Her Realm

Share

🌻 Living with intention. 💛 Sharing with heart. - Welcome to my realm. 🦋

24/04/2026

▫️ သောကြာလိုနေ့မျိုးဆို တော်တော်များများက TGIF ဆိုပြီး bar သွားထိုင်ကြတာ၊ hangout လုပ်ကြတာ၊ night out ထွက်ကြတာဟာ အခုခေတ်အခါမှာတော့ အစဉ်လာတစ်ခုလိုတောင် ဖြစ်နေပါပြီ။ TGIF ဆိုတာကလည်း အပေါင်းသင်းကောင်းမှသာ ပျော်ဖို့ကောင်းတာရယ်။ အစားတစ်လိုင်း အဖွဲ့တွေက ကိုယ်လိုပဲ foodie တွေနဲ့ စားနေရရင် ကျေနပ်နေသလို၊ အသောက်တစ်လိုင်း အကဲတစ်လိုင်းတွေ သည်လည်း ဒီလိုပဲ vibe တူရာ စုမိမှသာ အချိတ်ဆက်မိကြတာမလား။

▫️ TGIF မှ မဟုတ်ပဲ တစ်ခြားအချိန်တွေမှာ လုပ်ငန်းခွင်က ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အစားသောက် အတူတူစားခြင်း ကလည်း တစ်ယောက်နဲ့တစ်ယောက် ကြားမှာ ရင်းနှီးမှုပိုရကာ ကောင်းမွန်တဲ့ Workplace Relationships တွေ တည်ဆောက်ဖို့ အထောက်ကူ ပြုပါတယ်။ လုပ်ငန်းခွင် တစ်ခုမှာ နေ့လည်စာအတူတူစားတဲ့သူတွေ၊ tea break / coffee break မှာ အတူတူ အဖွဲ့ကျလေ့ရှိသူတွေ၊ ယောက်ကျားလေးတွေဆိုလည်း ဆေးလိပ် အတူတူ ဆင်းသောက်တတ်တဲ့သူတွေ (ဆေးလိပ် သောက်တာကိုတော့ အားမပေးပါ မြင်သာအောင် ဥပမာ ပေးခြင်းသာ ဖြစ်ပါတယ်)၊ ရုံးဆင်းပြီးတဲ့နောက် နှစ်သက်ရာ အစားစာတစ်ခုကို အပြင်မှာ အတူတူစားလေ့ရှိတတ်တဲ့သူတွေ (ဒါကတော့ မိန်းကလေးတွေမှာ အတွေ့များပါတယ်)၊ ဒီအလေ့ထတွေဟာ လုပ်ငန်းခွင် ဆက်ဆံရေးတွေ ကောင်းမွန်စေဖို့ အထောက်ကူပြုတာတော့ အမှန်ပဲရယ်။

▫️ ကိုယ်က new comer ဆိုရင် ကိုယ့်ဌာနတွင်းက (သို့မဟုတ်) တခြားဌာနက colleague တွေနဲ့ ဖြစ်ပါစေ နေ့လည်စာအတူတူဝိုင်းထိုင်စားတာ၊ Tea talk / Coffee talk တွေကို ဝင် join တာမျိုးလေးတွေ try ကြည့်သင့်ပါတယ်။ အနည်းဆုံးတော့ ဒီလို စကားဝိုင်းတွေဟာ ကိုယ့်လုပ်ငန်းခွင်မှာ ကိုယ် မသိသေးတဲ့ update news တွေ၊ Senior တွေရဲ့အတွေးခေါ် အယူအဆတွေကို learn လုပ်လို့ရတဲ့ alternate way လို့ဆိုရင်လည်း မမှားပါဘူး။ ကိုယ်က ဝန်ထမ်းအသစ် ဖြစ်နေတဲ့အခါ စစခြင်းမှာတော့ နည်းနည်း awkward ဖြစ်နိုင်ပေမယ့် ဘယ်သူမှတော့ ကိုယ့်ကိုယ် နင်မလာနဲ့ မကြိုက်ဘူး ဆိုပြီး မောင်းထုတ်မှာ မဟုတ်ပါဘူး။ အကုန်လုံးက အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်နေကြသူတွေမို့ တစ်ယောက်ကိုတစ်ယောက် မသိမသာပဲ အကဲခတ်ကြတာပါ။ ကိုယ်ကလည်း လူရိပ်လူကဲ ဖမ်းတတ်ရင်တော့ ပိုအဆင်ပြေတာပေါ့။

▫️ ဒီတော့ New conversation တွေ၊ New social circle တွေကို မကြောက်ပါနဲ့။ အမှားလုပ်မိမှာ စိုးရင် ကိုယ်ကပြောတာထက် သူများပြောတာကို ပိုနားထောင်ပါ။ Serious topic တွေမှာ ကိုယ်က တစ်ခုခုပြောချင်တယ် discuss ဝင်လုပ်ချင်တယ်ဆိုရင် ကိုယ်ပြောတဲ့စကားက ဘာကိုဆိုလိုတယ် ဆိုတာ သေချာ clearly present လုပ်နိုင်ဖို့ လိုပါတယ်။ ကိုယ်ပြောချင်တာထက် သူများဘာပြောချင်တယ်ကိုပါ နားထောင်ပေးတတ်ဖို့၊ နားလည်ဖို့လည်း အရေးကြီးပါတယ်။

▫️ နောက်ထပ်အချက်တစ်ခုက Humble way နဲ့ communicate လုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ Humble ဖြစ်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် မတအားနှိမ့်ချခိုင်းနေတာလည်း မဟုတ်ပါဘူး။ Respect တစ်ခုထားပြီး ကောင်းကောင်းမွန်မွန်နဲ့ အပိုအလိုမရှိ ပြောဆိုတတ်ဖို့ပါပဲ။

▫️ အခုနောက်ပိုင်း တွေ့လာရတဲ့ အလေ့ထ နောက် တစ်ခုကတော့ ရုံးပိတ်ရက် (သို့မဟုတ်) ရုံးချိန်ပြင်ပမှာ အသင်းဖွဲ့လိုက် အားကစား တစ်ခု အတူတူ လုပ်ကြခြင်းပဲ ဖြစ်ပါတယ်။ ဒီတစ်ခုကတော့ Corporate တွေမှာတောင် တစ်ချို့သော Corporate တွေမှာပဲ တွေ့ရပါသေးတယ်။ ဒါကလည်း employee တွေကြားက အသက်ရွယ်နဲ့ အားလပ်ချိန် တူမတူ၊ အချိန်ပေးနိုင် မပေးနိုင်အပေါ် မူတည်နေပါသေးတယ်။

▫️ နိဂုံးချုပ်ပြောရရင် လုပ်ငန်းခွင်တစ်ခုမှာ ကိုယ်လုပ်စရာရှိတာပဲ လုပ်ရင်း ဘယ်သူနဲ့မှ ဆေးဖော်ကြောဖက် သေချာမလုပ်ပဲ နေတာသည် ရေရှည်အတွက် မကောင်းပါဘူး။ နဂို အနေအေးတဲ့သူတွေကတော့ ခြွင်းချက်ပေါ့။
သို့ပေသိ ကိုယ်ကအနေအေးတတ်တယ် ဆိုရင်တောင် ပတ်ဝန်းကျင်ကို မျက်စိဖွင့် နားစွင့်နေဖို့ လိုပါတယ်။
လူဆိုတာ တစ်ယောက်တည်း ရှင်သန်နိုင်ဖို့ မလွယ်ကူပါဘူး။ တစ်ယောက်တည်း ရှင်သန်နိုင်တောင် ကိုယ်နဲ့အဆင်ပြေနေတဲ့ environment လေးတစ်ခု ရှိနေရင် လုပ်ရကိုင်ရတာလည်း ပိုပြီး smooth ဖြစ်စေပါတယ်။

▫️ ဒီလောက်ဆိုရင်တော့ ကောင်းမွန်တဲ့ Workplace Relationship တွေရဲ့ အရေးပါမှုနဲ့ tips လေးတွေကို အကြမ်းဖျဉ်း မြင်နိုင်လောက်မယ် ထင်ပါတယ်။

နောက်ထပ် post အသစ်တွေမှာ ပြန်ဆုံကြပါစို့လားနော် …

With Love,
Alice 💫

18/04/2026

▪️ သင်္ကြန် လည်းပြီးပြီဆိုတော့ Alice တို့လို ဝန်ထမ်း တော်တော်များများ လုပ်ငန်းခွင် ပြန်ဝင်ကြရတော့မယ် ထင်ပါတယ်။ Alice ကတော့ Monday to Friday ပုံမှန် routine တွေနဲ့ လည်ပတ်ရင်း ပိတ်ရက်တွေ ပြန်မျှော်ရတော့မှာရယ်။ ဒါကလည်း Corporate life ရဲ့ pattern လို့ပဲ ဆိုရမလားပါပဲ။

▪️ ဒီ post လေးမှာတော့ Corporate life နဲ့ Operation life မှာ ဘာကို ရွေးချယ်ရမလဲ စဉ်းစားနေတဲ့ လူငယ်တွေအတွက် Alice သိထားတဲ့ အချက်လေးတွေကို sharing လုပ်ပေးပါမယ်။

▪️ တကယ်တော့ Corporate life နဲ့ Operation life ဆိုတာ လည်ပတ်ပုံ ယန္တရားချင်း လုံးဝမတူတဲ့ ကမ္ဘာ နှစ်ခုလိုပါပဲ။

Operation life ဆိုတာကို နားလည်အလွယ်ဆုံး ပြောရရင် Hotel and Tourism လို လုပ်ငန်းမျိုးတွေ၊ Medical field လို လုပ်ငန်းခွင်တွေ၊ Offshore Area တွေမှာ duty ချိန် အလှည့်ကျနဲ့ လုပ်ရတဲ့ လုပ်ငန်းခွင်တွေ၊ စသဖြင့် Fixed working hours နဲ့ မဟုတ်ပဲ assigned duty တွေနဲ့ run ရတဲ့ working environment တွေပေါ့။

✅ Operation Life ရဲ့ အားသာချက်
- Duty ချိန်အတွင်းမှာတော့ ပြာနေအောင် အလုပ်များကောင်း များနိုင်မယ်။ ဒါပေမယ့် ကိုယ့် duty ချိန် ပြီးသွားရင်တော့ ဘာကိုမှ ခေါင်းထဲမထည့်တော့ပဲ အေးအေးဆေးဆေး အလုပ်ဆင်း Chill နိုင်တယ် (များသောအားဖြင့်ပေါ့)။
- Off duty ချိန်တွေသည် ကိုယ့်အပိုင်ပဲ။ တစ်ချို့ လုပ်ငန်းခွင်တွေရဲ့ လိုအပ်ချက်အရ training တက်ရတာ လောက်ကလွဲရင် Overtime ဘာညာ မရှိသလောက်ပါ။
- Duty routine နဲ့ ဖြစ်တဲ့အတွက် personal ကိစ္စတွေကို Saturday/ Sunday ပဲ ရွေး plan စရာမလိုပဲ ကိုယ့် အလုပ်ချိန်ပြင်ပမှာ အဆင်ပြေသလို စီစဉ်လို့ရတယ်။
- Hotel Industry လို လုပ်ငန်းခွင်တွေမှာဆို duty shift နဲ့မို့ 9 - 5 ရုံးသမားတွေလိုမျိုး နေ့တိုင်း မနက်စောစောထပြီး ရုံးချိန် မှီအောင်ပြေးစရာမလိုဘူး။
- Documentation ပိုင်းတွေထက် In-person dealing လုပ်ရတာတွေ ပိုများမယ်။
- ကွန်ပျူတာရှေ့မှာ တစ်နေကုန်အကြာကြီးထိုင်ပြီး ဇာတ်ကြောတက် အညောင်းမိအောင် လုပ်ရတာမဟုတ်ပဲ လှုပ်လှုပ်ရှားရှား active ဖြစ်နေရတာများတယ်။ Sedentary lifestyle ဖြစ်နိုင်ချေနည်းတယ်။

⚠️ ဆိုတော့ အားနည်းချက်တွေကရော?
- Fixed on duty / off duty မဟုတ်တဲ့အတွက် သူများ တွေ အိပ်နေချိန် နားနေချိန် ကိုယ်အလုပ်လုပ်နေရတတ်တယ်။ Public Holidays တွေမှာဆိုလည်း အလုပ်ဆင်းနေရတာ၊ ပြီးမှသာ အလှည့်ကျ နားရက်ပြန်ယူရတာမျိုးတွေ အမြဲရှိပါတယ်။
- Public transportation သုံးတဲ့သူဆို ကိုယ့် duty ချိန် စောတာ နောက်ကျတာအပေါ် မူတည်ပြီး တစ်ခါတစ်လေမှာ transportation ပိုင်း အခက်ခဲ ရှိတတ်တယ်။
- ရုတ်တရက် နေမကောင်းဖြစ်လို့ ဖြစ်ပါစေ၊ Urgent ကိစ္စတစ်ခုပေါ်လာလို့ဖြစ်ပါစေ last minute ခွင့်ယူဖို့ ခက်ခဲတယ်။ တစ်ချို့ Operation တွေမှာ duty shift တစ်ခုကို တစ်ယောက်လောက်ပဲထားတတ်တာမျိုး ရှိလို့ ကိုယ် duty မဝင်နိုင်ရင် သူများက ကိုယ့်ကိုယ်စား ချက်ချင်း cover ဝင်ပေးနိုင်ဖို့ ခက်ခဲတတ်ပါတယ်။
- အလုပ်တစ်ဖက်နဲ့ အပြင်သင်တန်းတက်ချင်ခဲ့သည် ရှိသော် အချိန်အတိကျပေးဖို့ခက်တာမျိုးတွေလည်း ရှိတယ်။
- တစ်ချို့လုပ်ငန်းတွေမှာ Operational requirements အရ in door မှာ လုပ်နေရချိန်ထက် out door မှာ သွားလာလှုပ်ရှားနေရတာ ပိုများတာမျိုးလည်း ရှိတတ်ပါတယ်။
ဒီအနေထားကို ကိုယ့်ကျန်းမာရေးက လိုက်နိုင် မလိုက်နိုင် ဆိုတာကလည်း ထည့်စဉ်းစားသင့်တဲ့ အချက်တစ်ချက်ပါပဲ။

▪️ Alice အနေနဲ့ Corporate life ကို ရွေးဖြစ်ခဲ့တဲ့ အကြောင်းရင်းကတော့ ကျန်းမာရေးကြောင့်ရယ် fixed working hours ကို ပို prefer ဖြစ်တာကြောင့်လည်းပါပါတယ်။ Alice ကျောင်းပြီးလို့ ဘွဲ့ရခါစက Hotel Industry မှာ တစ်နှစ်လောက် ကျင်လည် လိုက်ဖူးတော့ Operation life ကိုလည်း ကိုယ်နဲ့အဆင်ပြေမပြေ တီးခေါက်မိခဲ့တယ်ပေါ့လေ။

လုပ်ငန်းတိုင်းမှာကတော့ သူ့ Pros and Cons ရှိတာမို့ ကိုယ်လုပ်နိုင် မလုပ်နိုင်၊ ကိုယ်နဲ့ သင့်တော် မသင့်တော်ဆိုတာမျိုးကလည်း မြည်းစမ်းကြည့်မှ သိတာရယ်။ ကိုယ်တွေခေတ်တုန်းကတော့ အခုလောက် social media မှာ ကျယ်ကျယ်ပြန့်ပြန့် sharing လုပ်တာတွေ သိပ်မရှိသေးတော့ ကိုယ့်ဘာသာ လုပ်ရင်းကိုင်ရင်းနဲ့ပဲ သိလာရတာများပါတယ်။

▪️ ငယ်တုန်းရွယ်တုန်းမှာတော့ ဘယ်လောက်ပဲ ပင်ပန်းပါစေ လုပ်လိုက်မယ်ဆိုတဲ့ စိတ်အပြင် လုပ်နိုင်တဲ့ ခွန်အားလည်း ရှိကြစမြဲပါ။ အရေးကြီးတာက ပင်ပန်းတယ်ဆိုပြီး ချက်ချင်းလက်မလျော့ဖို့ရယ် ကိုယ်နဲ့ ဒီလုပ်ငန်းခွင်သည် ရေရှည်မှာ fit ဖြစ်နိုင် မဖြစ်နိုင်ရယ်ကို သိမြင်နိုင်ဖို့ပါပဲ။

ဒါတွေဟာကျွန်မရဲ့ ကိုယ်ပိုင်အတွေ့ကြုံတွေကနေ သိလာရတဲ့ အကြောင်းအရာတွေမို့ ဒီ post လေးက လူငယ်တွေအတွက် အလုပ်ရှာတဲ့အခါမှာ ကိုယ်နဲ့အသင့်တော်ဆုံးသော လုပ်ငန်းခွင်ကို ရွေးချယ်နိုင်ဖို့ ထည့်စဉ်းစားစရာ အချက်တွေဖြစ်ပါလိမ့်မယ်။

So, that’s all for now. See y’all in next post!

With Love,
Alice 💫

01/04/2026

🍃 ဒီနေ့ဟာ Alice ရဲ့ Corporate Journey ၉ နှစ် ပြည့်တဲ့နေ့လေး ဖြစ်ပါတယ်။ လက်ရှိအလုပ်မှာ ၉ နှစ်ရှိသွားပြီ ဆိုပါတော့။ ၉ နှစ်ဆိုတာ day 1 ကနေ စကြည့်ရင်တော့ တကယ့်ကို ခရီးရှည်ကြီးလို့ ထင်ရပေမယ့် အခု အချိန်တွေကို နောက်ပြန်လှည့်ကြည့်လိုက်တော့လည်း ခဏလေးလိုပါပဲ။

🍃 ဆယ်ကျော်သက်အရွယ်တုန်းကတော့ အလုပ်လုပ်တယ် ဆိုတာ ပိုက်ဆံရှာဖို့အတွက်ပဲလို့ ထင်ခဲ့ဖူးတယ်။
တဖြည်းဖြည်းနဲ့ career တစ်ခုကို တည်ဆောက်ရင်း နားလည် လာရတာက အလုပ်လုပ်တယ်ဆိုတာ စားဝတ်နေရေး တစ်ခုတည်းအတွက် ဆိုတာထက် အများကြီးပိုပါတယ်။ လူတစ်ယောက်ရဲ့ status လို့ ဆိုရင်လည်း မှားမယ် မထင်ဘူးရယ်။ လုပ်ငန်းခွင်ဝင်နေတဲ့သူတိုင်းကို ကြည့်လိုက်ရင် ကိုယ့်အိမ်မှာ မိသားစုနဲ့ နေတဲ့ အချိန်ထက် လုပ်ငန်းခွင်မှာ နေရတဲ့အချိန်က ပိုများတဲ့သူတွေကြည့်ပါပဲ။
ဒါကြောင့်လည်း ကိုယ်ရောက်နေတဲ့ working environment သည် ဘယ်လို environment လည်းဆိုတာသိဖို့ အရေးကြီးပါတယ်။ ကိုယ့် working environment က ကောင်းရင် ကောင်းသလို၊ ဆိုးရင်ဆိုးသလို ကိုယ့်အပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။

🍃 Leader နဲ့ Boss မတူသလိုပေါ့။
Leader တစ်ယောက်ရဲ့ lead လုပ်တဲ့ ပုံစံ နဲ့ Boss တစ်ယောက်ရဲ့ lead လုပ်တဲ့ပုံစံအောက်မှာ လုပ်ရတဲ့အနေထားတွေသည် ကိုယ့်ရဲ့ personal life မှာ မတူညီတဲ့ impact တွေ ဖြစ်စေပါတယ်။

🍃 Alice ကိုယ်တိုင်လည်း Corporate life ကိုစ မဝင်ခင် အရှေ့ပိုင်းတွေမှာ Non-corporate အလုပ်တွေ လုပ်ခဲ့ဖူးတယ်။ မြေစမ်းခရမ်းပျိုး ခက်ခဲတဲ့ကာလတွေမို့ သင်ယူစရာတွေကတော့ အများပြားရှိခဲ့တာပါပဲ။ အခုထိလည်း လူကြီးတွေ၊ ဆရာသမားတွေဆီက သင်ယူနေစဲ၊ သင်ယူစရာတွေလည်း အများကြီးရှိတုန်းပါ။

🍃 ၉ နှစ်ကြာပြီးတဲ့နောက် နားလည်လာတဲ့ တစ်ချို့ အရာတွေက - လုပ်ငန်းခွင်မှာ နေရာတစ်ခုရလာဖို့ဆိုတာ အလုပ် ကြိုးစားနေရုံနဲ့ မလုံလောက်သလို၊ ကိုယ့် perspective နဲ့ကိုယ် တိတ်တိတ်နေလို့လည်း မရပါဘူး။ ရေခံမြေခံနဲ့လည်း ဆိုင်သလို skill ရှိဖို့ကလည်း အရေးကြီးပြန်ပါတယ်။

✨ ဒါကြောင့်မို့ Alice ရဲ့ Corporate Life မှာ ကြုံဲခဲ့ဖူးသမျှ experience တွေကို လူငယ်တွေအတွက် sharing လုပ်ပြီး ရေးပေးသွားပါမယ်။

✨ On paper theory တွေမဟုတ်ပဲ ကိုယ်တိုင် လက်တွေ့ သင်ယူခဲ့ရတဲ့ life lessons တွေမို့ corporate life ဝင်ဖို့ စဉ်းစားထားတဲ့ လူငယ်တွေ navigate လုပ်ချင်ရင် page ကို follow လုပ်ပြီး upcoming post တွေမှာ လေ့လာနိုင်ပါတယ်။

🍀 ဒီ Alice in Her Realm ကို စဖွင့်ဖြစ်တုန်းကတော့ Appraisal တစ်ခုအတွက် camp ဝင်ရင်း စာတွေရေးဖြစ်တော့ Alice ရဲ့ personal life က experience တွေကိုလည်း sharing လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ စလုပ်ဖြစ်ခဲ့တာပါ။ မအားလပ်ခြင်း များစွာနဲ့ပဲ အခုတော့ page ကို ပြန် run မှာမို့ Alice ရဲ့ Corporate Life experience တွေနဲ့ Practical advice လေးတွေကို sharing လုပ်ပေးသွားပါမယ်။

So, stay tuned.

With Love,
Alice 💫

25/01/2026

💗 We all need someone like Joo HoJin in our lives.

🧡 အခုနာမည်ကြီးနေတဲ့ Korean drama- Can this love be translated ထဲက ဂျူဟိုဂျင်းလိုလူမျိုးတွေ ဒီလောကကြီးထဲမှာ ရှိနေနိုင်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ရဲ့ nightmare, dark side တွေကို judge မလုပ်ပဲ နားလည်ပေးပြီး ရင်ဆိုင်နိုင်ဖို့ ကူညီပေး support လုပ်ပေးတဲ့သူပေါ့။
ဒီလိုလူဟာ best friend ဖြစ်ချင်ဖြစ်မယ်၊ Mentor တစ်ယောက်ယောက် လည်း ဖြစ်နိုင်တယ်။ ကိုယ့် partner သာဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

💛 ဒီဇာတ်လမ်းထဲမှာဆိုလည်း ချာမူဟီးဟာ ဒိုရာမီနဲ့အတူ ပေါ်ပေါ်လာတဲ့ သူမရဲ့ dark side တွေကို တစ်ခြားအချိန် တွေမှာ ကြက် ေ-သ ေ-သ သွားပြီး overcome မလုပ်နိုင်ပေမယ့် အကြောင်းစုံကို သိထားတဲ့ ဂျူဟိုဂျင်းနဲ့ဆို ဒိုရာမီကိုလည်း ရင်ဆိုင်နိုင် သွားတယ်။ နိုင်ငံခြားဘာသာစကားအားနည်းပေမယ့် ဘာသာစကားကျွမ်းကျင်တဲ့ ဂျုဟိုဂျင်းနဲ့ဆို နိုင်ငံအစုံမှာ communicate လုပ်ဖို့ worries လည်းနည်းသွားတဲ့ပုံစံ တွေ့ရတယ်။ ဒါဟာ drama series တစ်ခုဆိုပေမယ့် Alice တို့ရဲ့ လက်တွေ့ဘဝမှာလည်း ဒီလို ကကြီးကနေ “အ”အထိ ယုံကြည်အားကိုးလို့ရတဲ့ မိတ်ဆွေ / သူငယ်ချင်း / ဘဝလက်တွဲဖော်မျိုး လိုအပ်ပါတယ်။

🤎 တစ်ခါတစ်လေကြ တစ်ချို့ trauma တွေက technically heal လုပ်တာထက် လူလူချင်း အပြန်လှန် support လုပ်တာကလည်း Healing ဖြစ်စေပါတယ်။
ရှိတော့ ရှိတယ် ရှားတယ် ဆိုရမှာပါပဲ။

🍀 You’re lucky if you’ve found one already.
And I hope that kind of luck find its way to all of us.

With love,
Alice
Alice in Her Realm 💫

01/01/2026

🎉 Happy 2026 New Year to You All! 🎊

💝နှစ်သစ်မှာ အကုန်လုံးပဲ စိတ်၏ချမ်းသာခြင်း
💝ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

🩷 ဒီနေ့ဟာ နှစ်သစ်ရဲ့ ပထမဆုံးနေ့ရက်ဖြစ်သလို 365 pages ရဲ့ the very first page လည်းဖြစ်ပါတယ်။

ဆိုတော့ ဒီပထမဆုံးစာမျက်နှာမှာ ဘာတွေရေးကြမလဲ? အကောင်းတွေ ခံစားရတဲ့အခါ ကောင်းမွန်တဲ့ စိတ်နဲ့ လက်ခံယူပြီး အဆင်မပြေတာလေးများ ကြုံခဲ့ရလျှင်လည်း တစ်နှစ်လုံးစာအတွက် ကြိုပြီး ယတြာချေလိုက်တယ်လို့ပဲ သဘောထားဖို့ Alice ကတော့ အကြံပေးချင်ပါတယ်။

Coz your mindset is your biggest weapon! Don’t let anyone or anything take up space as a grudge in your heart.

🩷 2025 ဟာ လူတော်တော်များများအတွက် tough year ဖြစ်ခဲ့တဲ့အတွက် 2026 ကို ပိုပြီး ယုံကြည်မှုရှိရှိနဲ့ အကောင်းဆုံး survive ဖြစ်နိုင် ဖြတ်သန်းနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

💙 ဒီနှစ်မှာ Alice ကတော့ ကိုယ့်ရဲ့ physical health ရော mental health ရောကို ပို focus ထားနိုင်ဖို့လည်း လုပ်နေပါတယ်။

🖤 Alice မှာက ဒီ Alice in Her Realm page အပြင် energy reading ဖတ်ပေးတဲ့ နောက် page တစ်ခုရယ် personal life မှာ 9-6 ရုံးအလုပ်လည်း ရှိပါသေးတယ်။ ဆိုတော့ လုပ်စရာတွေ အများကြီးရှိတဲ့အထဲကို စာရေးရတာ ဝါသနာပါလို့ Page မှာပါ စာတွေပိုရေးနိုင်ဖို့ ကြိုးစားနေတယ်ပေါ့နော်။ လောလောဆယ်တော့ page တွေကို Universe တစ်ခုစီ ခွဲထားတာမို့ နောင်ကြုံကြိုက်မှပဲ sharing လုပ်ပေးပါ့မယ်။

That’s all for now.

💛 Hope you all have stepped into the New Year with Good Energy and Blessings!

With Love,
Alice
Alice in Her Realm 💫

30/12/2025

🔔 Hello~~ Hello~~

🍇 အခုထိ စပျစ်သီးမနည်းလိုက်ဝယ်နေရတဲ့သူတွေ ရှိသေးလားလို့ …

🍇 Alice တော့ ဒီနေ့ social media တစ်ခွင် စပျစ်သီးအစိမ်းရောင် ဝယ်မရတဲ့အကြောင်း အတော်လေး တွေ့မိနေတယ်ရယ်။

🍇 ဆိုတော့ စပျစ်သီးပြဿနာနဲ့ ပက်သကက်ပြီး တော်တော်များများ confuse ဖြစ်နေတဲ့အချက်လေးတွေ clear ဖြစ်သွားအောင် Alice ရှာဖွေတွေ့ရှိထားတဲ့ Facts တွေ sharing လုပ်ပေးလိုက်ပါတယ်။

✅ ရှုပ်နေတာလေးတွေရှင်းသွားရင်
ပြင်ဆင်ရ ပိုလွယ်သွားတာပေါ့

🍇 စပျစ်သီးအရောင်
ဘယ်အရောင်မဆို စားလို့ရ။
အရင်တုန်းက Spain မှာ စပျစ်သီး အစိမ်းရောင်အမျိုးစားက ပေါများတဲ့အပြင် ပိုလည်းချိုတာမို့ ပို hit ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာဆိုရင် အဖြူရောင်ကဲ့သို့ အရောင်ဖျော့တော့တော့ ရှိတဲ့ Aledo grapes အမျိုးစားက အခွံပါးပြီး တစ်မိနစ်အတွင်း စားလို့ပိုလွယ်တာမို့ Authentic Variety အဖြစ် သတ်မှတ်ပြီး ပိုစားဖြစ်ကြတယ်လို့ တွေ့ရပါတယ်။

🕰 အချိန်
11:59 pm စ စားရမလား 12:00 am midnight မှာ စ စားရမလား ၂ ဖွဲ့ကွဲနေသူတွေအတွက် ဘယ်အချိန်မှာပဲ စ စားပါစေ တစ်မိနစ်အတွင်း ကုန်အောင် စားရမှာ ဖြစ်သလို 12:01 am မတိုင်ခင် အပြီးစားရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက
11:59 pm ➡️ 12:00 am (သို့မဟုတ်)
12:00 am ➡️ 12:01 am စားရမှာပါ။
‼️ Must finish before 12:01 am ပါနော်

🙏🏻 Wishes
စပျစ်သီး ၁၂ လုံးသည် လတစ်လစီကို ကိုယ်စားပြုလို့ ဆုတောင်း ၁၂ ခု သတ်မှတ်ဆုတောင်းလို့ ရတယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့် တစ်မိနစ်အတွင်း အပြီးစားရမှာနဲ့ ဆုတောင်းရမှာနဲ့ဆို အရမ်းလောနေရမှာမို့ ကိုယ်တကယ် manifest လုပ်ချင်တဲ့အရာတွေကိုသာ ချရေးထားပြီး manifest လုပ်သင့်ပါတယ်။

📍 နေရာ
အချစ်ရေးအတွက်ကိုမှ သီးသန့် manifest ချင်ရင် စားပွဲအောက်ဝင်စားတာကို ပို suggest လုပ်တာတွေ့ရပါတယ်။ ကိုယ့်အတွက် အချစ်စစ်ကို ရှာဖွေတွေ့ရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ But that’s not mandatory.
အခြားသော ဆန္ဒတွေအတွက်ကိုတော့ စားပွဲအောက်မှာ စားမှမဟုတ်ပဲ စားပွဲအောက် ဝင်ဖို့ အဆင်မပြေရင်လည်း ကိုယ်အဆင်ပြေသလို စားလို့ရပါတယ်။ အရေးကြီးတာ ကိုယ့်စိတ်ပါပဲ။

🌈 Underwear color (Optional)
ဒါသည်လည်း must have မဟုတ်ပါဘူး။
ခေတ်ရေစီးကြောင်းရဲ့ fun facts သာဖြစ်ပါတယ်။
အရောင်တွေများနေလို့ မှတ်ရခက်နေရင်
🔴 Red for Love
🟡 Yellow for Wealth လို့သာ မှတ်ထားလိုက်ပါ။
ဒီ ၂ မျိုးက အဓိကပဲလေနော်။

🚨 Safety Tips
တစ်မိနစ်အတွင်း စပျစ်သီး ၁၂ လုံးကို သေချာ ကုန်အောင် ဝါးစားရမှာမို့ အစေ့မပါတဲ့ seedless အမျိုးအစား / အခွံခွါပြီးသား ဒါမှမဟုတ် အခွံပါးပြီး အလုံး အရွယ်စားသေးတဲ့ စပျစ်သီးကိုသာ ပြင်ဆင်ထားသင့်ပါတယ်။

☑️ ဒီ Tradition ရဲ့ origin ကတော့ Spain က ဆင်းသက်လာတာဖြစ်ပြီး Spain လို “las doce uvas de la suerte“ လို့ခေါ်ကာ The 12 Grapes of Luck လို့ အဓိပ္ပာယ်ရပါတယ်။

💫 ဒီတော့ ပျော်ချင်လို့သက်သက် စပျစ်သီး စားမယ့်သူ ဖြစ်ပါစေ၊ seriously manifestation လုပ်ချင်လို့ စားမယ့်သူ ဖြစ်ပါစေ အားလုံးပဲ ဒီ ritual ကို ချောချောမွေ့မွေ့ ပြီးမြောက်ပြီးတော့ နှစ်သစ်မှာ ဆန္ဒတွေအကုန် ပြည့်ဝကြပါစေလို့ Alice က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

✨ Let’s step into the new year with good fortunes and new beginnings.

With Love,
Alice
Alice in Her Realm 💫

25/12/2025

▪️ ဘာလိုလိုနဲ့ Christmas တောင် တစ်ပတ်ပြန်လည် လာပြီး တစ်နှစ်တာ ကုန်ဆုံးဖို့ ရက်ပိုင်းလေးပဲ လိုတော့ပြန်ပါတယ်။ တစ်ရက်ပြီးတစ်ရက် အချိန်တွေကုန် အသက်တွေလည်း ကြီးလာကြတဲ့အခါ လုပ်ချင်တာထက် လုပ်သင့်တာတွေနဲ့ပဲ နှစ်ကာလတွေဟာ ကုန်ဆုံးတတ်လာပါတယ်။
ဒါဟာ လူကြီးဖြစ်လာတဲ့ လက္ခဏာတွေထဲက တစ်ခုပဲ ဆိုရမလား Alice ကတော့ မြင်မိတယ်။ ဒီခေတ်ဒီအခါမှာ ဆန္ဒနဲ့ဘဝ ထပ်တူကျပြီး Grown up ဖြစ်လာခွင့်ရတဲ့သူတွေကတော့ ကံကောင်းသူလေးတွေပဲ ဆိုရမှာပဲ။

▪️ ဒီလိုပြောလို့ ဆန္ဒနဲ့ဘဝ ထပ်တူမကျသေးတဲ့ သူတွေကရော ကံမကောင်းတာလား မေးရင် Alice ရဲ့ အဖြေကတော့ “Not Exactly” လို့ပဲ ဖြေချင်တယ်ရယ်။
တစ်ခါတစ်လေမှာ လုပ်ချင်တာထက် လုပ်သင့်တာတွေလုပ်ရင်း ပိုကောင်းတဲ့အခြေနေကို lead လုပ်သွားတဲ့ အချိုးအကွေ့တွေလည်း ရှိတတ်ပါတယ်။ လုပ်သင့်တဲ့ဘက်ကို ချိန်ခွင်အလေးပေးလိုက်ရကာစမှာ ကိုယ်လုပ်ချင်တာကို မလုပ်ရလို့ ဆိုတဲ့ စိတ်က negative vibe တွေ အကြာကြီးအောင်းမနေဖို့တော့ လိုတာပေါ့။ ဘဝရဲ့ နေ့ရက်တွေတိုင်းဟာ အမြဲတစ်သတ်မတ်တည်း ကောင်းနေ ဆိုးနေမယ်လို့လည်း ပုံသေတွက်မရဘူးရယ်။ ခက်ခဲပင်ပန်းရတဲ့ နေ့ရက် တွေမှာတောင်မှ သေချာစဉ်းစားကြည့်ရင် ကောင်းတဲ့ အရာလေးတွေ တစ်ခုစ နှစ်ခုစတော့ ရှိတတ်ပါတယ်။

💫 Law of attraction ရဲ့ နိယာမနဲ့ပြောရရင် Alice တို့ ဦးနှောက်က တွေးမိတဲ့အရာတွေဟာ ကိုယ်တိုင်တောင် မသိလိုက်ပဲ ဆွဲငင်မိသလို ဖြစ်တတ်တာမို့ ခက်ခဲ ပင်ပန်းတဲ့ နေ့ရက် မှာတောင် ဒီတစ်နေ့တာမှာ ကြုံတွေ့ခဲ့တဲ့ ကောင်းနိုးရာရာလေးတွေကို စဉ်းစားပေးမိဖို့ လိုအပ်ပါတယ်။

✨ ဒီနောက်ပိုင်းမှာဆို Alice ကတော့ Count your Blessings daily, one by one ဆိုတဲ့ သဘောကို နှလုံးသွင်းနိုင်ဖို့ ကြိုးစားကြည့်နေမိတယ်။

(🎶 Count your Blessings daily, one by one ဆိုတဲ့ စကားလေးက တကယ်တော့ prayer hymns တစ်ပုဒ်ထဲက သီချင်းစာသားလေးပါ စာရေးသူကျွန်မ Alice က Christian တစ်ယောက်ပါ)

အလုပ်ပင်ပန်း stress ပိနေတဲ့ နေ့ရက်တွေမှာဆို
ညနေရုံးဆင်းအိမ်ပြန်ရောက် ရေမိုးချိုးပြီးတဲ့အခါ
ကိုယ်ဒီနေ့ ကြုံတွေ့ခဲ့ရတဲ့ small blessings လေးတွေကို စဉ်းစားမိတယ်။ မနက်ရုံးသွားချိန်ကနေ စပြီး တစ်နေ့တာကို ပြန် reflect လုပ်ကြည့်မယ်ဆိုရင် ရုံးအသွား on the way မှာ Traffic မမိပဲ မြန်မြန်ဆန်ဆန် ရုံးရောက်သွားတာသည် လည်း ကံကောင်းခြင်း တစ်ခုပဲ။ တစ်စုံတစ်ယောက်က ကိုယ်ကြိုက်တဲ့ အစားသောက်လေးတွေ ဝယ်ကျွေးတာ၊ တစ်ရက်တာ လုပ်ငန်းခွင်ထဲမှာ smooth ဖြစ်ဖြစ် အလုပ်တွေ ပြီးမြောက်တာ၊ Challenging ဖြစ်တဲ့ အလုပ်တွေ လုပ်ရသည့်တိုင် warm and sincere ဖြစ်တဲ့ colleague တွေ သူငယ်ချင်းတွေရှိတာ၊ နောက်ဆုံး ကုန်ကုန်ပြောရရင် တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အခါမှာ ကိုယ်ဟာ ဒီတစ်ရက်တာကို အကောင်းဆုံး ကြိုးစားပြီး survive ဖြစ်အောင် လုပ်နိုင်ခဲ့တယ်ဆိုရင် ဒါတွေသည်လည်း ကိုယ် gratitude ထားသင့်တဲ့ blessings တွေပါပဲ။

📝 Alice ကတော့ ဒီနောက်ပိုင်း တစ်နေ့ကို blessings 3 ခုလောက်တော့ ရအောင်စဉ်းစားပြီး note down လုပ်ထားမယ် ဆုံးဖြတ်ထားပါတယ်။

⏳အသက်ရွယ်တစ်ခုရောက်လာတဲ့အခါ ဘဝမှာ သေချာ survive ဖြစ်နိုင်ဖို့ဆိုတာ ဘဝနေထိုင်နည်းတွေက်ို သဘောပေါက်ဖို့ကလည်း အရေးကြီးပါတယ်။ ဘဝနေထိုင်နည်းက ဘာလဲဆိုရင်တော့ စိတ်ထားတတ်ဖို့လို့ လိုရင်းတိုရှင်း ဖြေရမှာပဲ။ စိတ်လျှော့သင့်တဲ့ အချိန်မှာလျှော့၊ ပေါက်ကွဲသင့်တဲ့ အချိန်မှာ ပေါက်ကွဲ၊ ခေါင်းထဲက ထုတ်ပစ်ရမယ့် အချိန်တွေမှာ ထုတ်ပစ်နိုင်ဖို့ လိုပါတယ်။
ဘယ်လိုအခြေနေမှာမဆို နေတတ်ဖို့လိုတဲ့ သဘောမျိုးပေါ့။

▫️ Thoughts become reality ဖြစ်တဲ့အတွက် ဘဝမှာ အဆင်မပြေတာတွေကိုပဲ တွေးပူနေမယ့်အစား ကိုယ်လက်ရှိပစ္စုပ္ပန်မှာ ရရှိထားတဲ့ ကောင်းတဲ့အရာလေးတွေကိုပဲ focus ထားကြည့်လိုက်ပါ။ အချိန်တစ်ခုကြာတဲ့အခါ ပြောင်းလဲမှုကို ကိုယ်တိုင်ခံစားမိလာပါလိမ့်မယ်။

🎀 So, from this Christmas onward, let’s try to count our blessings day by day, even when things aren’t right …

🎀 Merry Christmas to you all. 🎉🎊

With love,
Alice

27/07/2025

🍃 တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေ ထွက်တော့မယ် ဆိုတော့ ကိုယ်တွေခေတ်တုန်းက ဆယ်တန်းအောင်စာရင်းထွက်တဲ့အချိန်ကိုတောင် သတိရသွားတယ်။ အခုခေတ်ကလေးတွေကတော့ ဆယ့်နှစ်တန်းအထိ တက်ရတာလားမသိ ခေတ်တွေလည်း မတူတော့ဘူး ဆိုတော့လေ။

💭 ဘာလိုလိုနဲ့ Alice ဆယ်တန်းအောင်ပြီးခဲ့တာ
ဆယ်စုနှစ် တစ်ခုကို အတော်ကျော်ရောပေါ့။
အောင်စာရင်း ထွက်မယ့်ညက အမေက Alice ကို
အောင်စာရင်း သွားကြည့်ဖို့ပြောတော့ Alice ကလည်း သတ္တိခဲလေ။ အမေပဲသွား မလိုက်ဘူးလို့။ ကိုယ့်ဘာသာလည်း မကြည့်ရဲတာတကယ် … Chemistry နေ့က မဖြေနိုင် ထားတာမို့လေ။ အဲ့ဒါနဲ့ အမေက Alice ညမ အငယ်ဆုံးလေးကို အဖော်ခေါ်ပြီး သွားကြည့်တာပေါ့။ အောင်တယ် ဆိုတဲ့အကြောင်း အဖေ့ကို ဖုန်းလှမ်းဆက်ချိန် အဖေ့ ဖုန်းကလည်း မဖွင့်ထားဘူး။ အဲ့ခေတ်တုန်းက အခုလို mobile phone တွေက ပေါသော မနေဘူးရယ်။ အမေ့ဆီက ဘာမှစာမလာ သတင်းမကြားနဲ့ ဆိုတော့ ရင်တွေက ပိုတုန် ငါများ Chemistry နဲ့ ခြေချော်လက်ချော် ဖြစ်ပြီလား ပေါ့။
အမေအိမ်ပြန်ရောက်လို့ အောင်မှန်းသိရမှ အပျော်လွန်ပြီး ညပါအိပ်မပျော်တော့တာ။ နောက်နေ့ မနက်ကျမှ ရဲရဲကြီး အောင်စာရင်းကို သွားကြည့်ရဲတာနော်။ အဲ့လိုသတ္တိခဲပါဆို။ အောင်စာရင်း ထွက်ပြီးတဲ့နေ့က ဘယ်သူမေးမေး “အောင်တယ်” လို့ ဖြေရတဲ့ခံစားချက်က ပြောမပြတတ်အောင်ပဲ။ ဘဝမှာ မေ့မရတဲ့ အမှတ်တရတွေထဲကလည်း တစ်ခုပေါ့။

🍃 ပြန်စဉ်းစားကြည့်ရင် ဘဝမှာ သေချာနားခဲ့ရတဲ့ အချိန်က ဆယ်တန်းအောင်စာရင်းထွက်ပြီး တက္ကသိုလ် မတက်ခင်ဆက်ကြား ကာလလေးပဲ။ အောင်စာရင်းက ၆ လပိုင်းလောက်လားမသိ ထွက်တာ နှစ်တွေကြာပြီ ဆိုတော့ နည်းနည်းမေ့တေ့တေ့။ တက္ကသိုလ်က ၁၂ လပိုင်းမှာ တက်ရတာဆိုတော့ အဲ့ကြားထဲ ၆ လလောက်ပဲ ဘဝမှာ long term period နားခဲ့ဖူးတယ်။ အဲ့နောက်ပိုင်း ဘဝရဲ့ chapter မျိုးစုံမှာ ရုန်းကန် လှုပ်ရှားခဲ့တာ အခုအသက် ၃၀ ကျော်လာတဲ့ အထိပဲ။

🎓 ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်ထဲမှာလည်း
နှစ်တွေကြာလာတဲ့အခါ နားလည်မိလာတာက
တက္ကသိုလ်ဝင်တန်း စာမေးပွဲကပဲ ဘဝအတွက်
တစ်ခုတည်းသော အဆုံးအဖြတ် တစ်ခုတော့လည်း မဟုတ်ဘူးရယ်။ မြန်မာနိုင်ငံမှာတော့ ခြွင်းချက်အနေနဲ့ အရေးကြီးတဲ့ turning point တစ်ခုပေါ့။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ဝင်ခွင့်ရဖို့ဆိုတာ ဒီစာမေးပွဲ result အပေါ် အများကြီး မူတည်တာကိုး။

▪️ တကယ်တော့ Alice တို့တွေရဲ့ ဘဝမှာ ဆယ်တန်းစာမေးပွဲ (အခုခေတ် ဆယ့်နှစ်တန်း) လိုပဲ အရေးကြီးတဲ့ test တွေ မျိုးစုံ ကြုံတွေ့ ဖြေဆိုရတတ်ပါတယ်။ တစ်ချို့ test တွေမှာ တစ်ကြိမ်တည်းနဲ့ အောင်ပေမယ့် တစ်ချို့ test တွေကို တစ်ကြိမ်မက ဖြေဆိုပြီးမှ အောင်တတ်ပါတယ်။
အောင်တယ် မအောင်ဘူးထက် ပိုအရေးကြီးတာက ကိုယ့်ဘက်က လက်မလျော့လိုက်ဖို့ပါ။ တစ်ခါတစ်လေမှာ ကိုယ်ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကံမလိုက်တဲ့အခါ ဘယ်လိုမှ အဆင်မပြေတတ်ပါဘူး။ ကိုယ်က 100% effort ထည့်ထားချိန် ကံတရားကလည်း ကိုယ့်ဘက်မှာရှိတဲ့အခါ result ကတော့ အတိုင်းထက်အလွန်ပါ။ ဒါကြောင့်လည်း ရှေးလူကြီးတွေက ကံ၊ ဥာဏ်၊ ဝီရိယ ၃ ခုလုံးပေါင်းမှ အောင်မြင်တာလို့ ပြောခဲ့ကြတာ ထင်ပါရဲ့။

▪️ အဲ့ဒါကြောင့်မို့ အခုချိန်မှာ ကိုယ်က ကိုယ်ဖြစ်ချင်တဲ့အောင်မြင်မှု အတိုင်းတာတစ်ခုကို achieve မဖြစ်သေးရင်တောင် ဆက်ကြိုးစားပါ။ Failure တိုင်းဟာ အချည်းနှီးတော့လည်း မဟုတ်ပါဘူး။ ဒီ Failure တစ်ခုကနေ lesson learn လုပ်ပြီး ကိုယ်အားနည်းနေတဲ့ အစိတ်ပိုင်းတွေမှာ ပြုပြင်မွမ်းမံမှုလေးတွေ လုပ်နိုင်တာကလည်း small achievement တစ်ခုလို့ Alice ကတော့ မြင်ပါတယ်။ အရေးကြီးတာက ရပ်မနေဖို့ပါပဲ။ Alice တို့တွေဟာ ဘယ်သူ့ဘယ်သူအတွက်မှ မဟုတ်တောင် ကိုယ့်အတွက်ကိုယ်တော့ အကောင်းဆုံး ကြိုးစားရှင်သန်နေဖို့ တာဝန်ရှိတယ်မလား …

Keep moving! I 🐝 🍃 you can do it, dear! 💪🏻

With much love,
Alice

26/07/2025

💌 ဒါကတော့ အဖေချစ်လေး Alice ရဲ့
ကိုယ့်အဖေ ကိုယ်ပြန်ကြူးတဲ့ post လေးပေါ့။

💕 ဒီခေတ်ရဲ့ သားသမီးဝတ်တ္တရားထဲမှာ လူကြီး မိဘတွေ ချက်ကျွေးသမျှ စားရမယ်ဆိုတာလည်း တစ်ခုအပါဝင်ပဲရယ်။

🚨 Diet ဝင်မယ်လို့များ အသံမထွက်လိုက်နဲ့
နောက်နေ့တွေမှာ စုံစိနေအောင် ချက်ထားပြီပဲ
(In fact, I know that’s a blessing 😊)
ညစာမစားတာ၊ အစားလျော့တာဆိုတာ မိဘတွေ အတွက်က allergy ပဲနော်။ ဒီတော့ အိမ်က ချက်ကျွေးသမျှ အကုန်စား၊ လေ့ကျင့်ခန်းတွေလည်းလုပ်နဲ့ Alice တော့ ကျန်းမာတဲ့ဝက်ကလေး ဖြစ်တော့မှာ တကယ် 😂

✨ အဖေတို့တွေခေတ်တုန်းက Facebook လို social media apps တွေ မပေါ်သေးလို့သာရယ်
မဟုတ်လို့ကတော့ ကိုယ့်အဖေလည်း သမီးတွေကို ထမင်းဘူးထည့်ပေးတဲ့ vlog တွေ ရိုက်ပြီး နာမည် ကြီးနေလောက်ပြီ။

🍃 ဒီနေ့အဖို့တော့ Alice တစ်ယောက် အဖေချက်ကျွေးတဲ့ healthy meal လေးနဲ့ ညစာအဆုံးသတ်ပြီး weekend တစ်နေ့တာ ကုန်ဆုံးသွားပါပြီ။

☘️ Alice လို အိမ်ကလူကြီးတွေချက်ကျွေးသမျှ
အကုန် အားပေးရတဲ့ သူတွေရှိရင်လည်း same feeling ဖြစ်မယ်ထင်ပါတယ်။

🙌🏻 Welcome to Team Fitgy ပါနော် ချစ်တို့ရေ
▪️Fitgy means Fit + Piggy
(ကျန်းမာတဲ့ဝက်ကလေးတွေပေါ့) 😉

💖 ပုံကတော့ အဖေ့လက်ရာ ဂျူးဖူးနဲ့ ပဲသီးကြော်ရယ် အမဲသားနှပ်ရယ်ကို brown rice လေးနဲ့။
Nutritionist ကိုပြဖို့ ပုံလေးရိုက်ပြီးသားမို့။

So, that’s all for now!
And see you all in the next post.

With much love,
Alice

17/07/2025

🔍 ဘာရယ်မဟုတ် ကိုယ်လိုလူ​တွေ ရှိလားလို့ပါ

Alice ကတော့ Gym သွားတဲ့နေ့တွေ Treadmill ပေါ်ရောက်ရင် motivation ရအောင်လို့ သီချင်းလိုက်ရှာရတာကလည်း အလုပ်တစ်ခု …

ဘာလို့ဆို Treadmill ပေါ်မှာ ၁၅ မိနစ် / မိနစ် ၂၀ လောက်အထိက ညောင်းတောင့်ပြီး ပြန်ပြေးဆင်းချင်းစိတ်က တစ်ဖွားဖွားမို့လေ … Gym ကလည်း ရုံးဆင်းမှ သွားတော့ စိတ်ကမပါ့ပါချင်ကိုး။

သို့ပေသိ အသက်က early mid age ထဲ ဝင်လာပြီမို့
ကျန်းမာရေးလိုအပ်ချက်အရ လေ့ကျင့်ခန်းကို
ရသလောက်လေး လုပ်နိုင်အောင်ကြိုးစားချင်လို့
မနည်းဟဲနေရတာရယ်။

ဒီတော့ ကိုယ့်လက်ရှိ vibe ကိုမြူးစေမယ့်
သီချင်းကလည်း မရှိမဖြစ် လိုပြန်ရော။

လူ့စိတ်ဆိုတာလည်း ဒီနေ့ဒီသီချင်းနဲ့ အရမ်းကို
မြူးကြွထကချင်ပေမယ့် နောက်နေ့ကျ
တခြားသီချင်းတစ်ပုဒ်နဲ့မှ chemistry မိတာမျိုး။

Alice ကတော့ 90’s baby ပီပီ လောလောဆယ် Ri Ri (Rihanna) ရဲ့ သီချင်းအဟောင်းတွေ ပြန်ဓာတ်ကျနေတာ။ နောက်ပြီး Funk Music ခေါ်မလား YouTube မှာ နောက်ပိုင်းတွေ့မိတာ နားထောင်လို့တော့ မိုက်တယ် ကြိုက်ရင်ပေါ့။

✨ ဆိုတော့ ဒီ post လေးကတော့ lazy bone Alice ရဲ့ ဟောဟဲ hours ကို (လေ့ကျင့်ခန်းလုပ်ရတာမောလို့) ကျော်ဖြတ်ပုံလေးပါပဲ။

ဒီတော့ workout လုပ်ဖို့ စိတ်မပါတဲ့အခါတိုင်း
❌“သင်ပျင်းနေတာ မဟုတ်ပါဘူး”
✅ “သင်နဲ့ chemistry မိတဲ့ music ရှာမတွေ့သေးလို့ပါ” လို့ Alice က moti ပေးချင်ပါတယ်။

🏃🏻‍♀️ So, stay active and see you all in the next post!

With much love,
Alice 💫

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon