USA Supplements by Myanmar Ah Hla

USA Supplements by Myanmar Ah Hla

Share

Health & Beauty
USA တိုက်ရိုက်ဖြည့်စွက်စာများ လက်လီလက္ကား မှာယူနိုင်ပါတယ်
Official Vb ☎️ 09942644224
Order ☎️09254282887

12/10/2026

#အသက်၆၅ကျော်လူကြီးများအတွက်အကောင်းဆုံးအားဆေးကိုညွှန်းပေးပါဆိုရင်

USA Brand Bayer's မှ ထုပ်လုပ်ထားသော One A Day ProActive 65+ Multivitamin လေးရှိပါမယ်

အသက် ၆၅ကျော် အမျိုးသား နှင့် အမျိုးသမီး တို့ အထူးလိုအပ်သော အာဟာရဓာတ်များ နှင့် ဗီတာမင်သတ္တုဓာတ်များပါဝင်ပါတယ်။

Vitamin K မပါဝင်‌တာကြောင့် လူကြီးတွေ Warfarin တို့လိုသွေးကျဲဆေးသောက်နေရရင်လဲ စိတ်ပူစရာမလိုပဲ ‌One A Day ProActive 65+ ကိုစိတ်ချစွာသောက်နိုင်ပါတယ်နော်။

Specifically formulated to support
👉 Health
နှလုံးကျန်းမာရေး ကောင်းမွန်ဖို့ Folic Acid, Vitamin B6 နှင့် B12 တို့ပါတယ်။

👉 Health
ဆဲလ်ကျန်းမာရေး ကိုမြှင့်တင်ရန်အတွက် Vitamin A, C, Copper, Selenium နှင့် Zinc ပါတယ်။

👉 Health
အရိုးအဆစ်များ ကို သန်မာသန်စွမ်းဖို့ Calcium နှင့် Vitamin D ‌တို့လဲထည့်ထားပါတယ်။

👉Healthy Blood Pressure
ကျန်းမာသော သွေးပေါင်ချိန်ကို Magnesium နှင့် Vitamin D တို့က ထောက်ပံ့ပေးပါတယ်။

👉Energy & Metabolism
ကျန်းမာတဲ့ စွမ်းအင် ဇီဝဖြစ်ပျက်မှုရရှိဖို့ B-Vitamins များ က အစားအစာတွေကို ခန္ဓာကိုယ်စွမ်းအင် အဖြစ် ပြောင်းလဲဖို့ ကူညီပေးတယ်။

❌No Artificial Sweeteners, High Fructose Corn Syrup, Wheat, Dairy, Egg, Soy & Shellfish

ဒါ့အပြင် One A Day Multivitamin ကို တင်းကျပ်စွာအရည်အသွေး စစ်ဆေးခြင်းများ ကို
အခေါက် 100+ ကျော် ပြုလုပ်ထားတာကြောင့် စိတ်ချစွာမှီဝဲ နိုင်ပါတယ်။

💊ဖြည့်စွက်စာ အညွန်း
တစ်နေ့ ၂ လုံး ကို အစာနဲ့တွဲသောက်ပါ။

One A Day Proactive 65+ Multivitamin 150လုံး
အလုံး ၁၅၀ (တစ်နေ့ ၂ လုံး) ၇၅ ရက်စာ

💯 Authentic | 🇺🇸 Direct From USA
------------------------------------------------ +


#အားဆေး

12/10/2026

Oil

ပင်လယ်ငါးဘုရင် (King of Fish) လို့ခေါ်ပြီး လိမ္မော်ရောင်လေး သန်းနေတဲ့ 🐠Salmon ဆော်လမွန်ငါးမှ ထုတ်ထားသော

#ဆော်လမွန်ငါးကြီးဆီ

🇺🇸 USA Brand Pure Alaska Omega ရဲ့ Wild Alaskan Salmon Oil က

မွေးမြူရေး ဆော်လမွန်ငါးများ မဟုတ်ပဲ မြောက်ပစိဖိတ်သမုဒ္ဒရာ မှာ ရှိသော ပင်လယ်ဆော်လမွန်ငါးစစ်စစ်များမှ ပြုလုပ်ထားပြီး

တစ်ခါသောက်လျှင် 1000 mg Salmon Oil ငါးကြီးဆီ ပါဝင်တယ်ရှင့်။

ဆီကို ထုတ်လုပ်ရာတွင် Cold Press Extraction Method နည်းဖြင့် ဆီကို အပူဒဏ်မှကာကွယ်ပေးတာကြောင့်

နောက်ထပ်သန့်စင်ဖို့ နဲ့ ဓာတုကုသမှုများကို ပြုလုပ်ဖို့ လုံးဝမလိုအပ်တာမို့လို့ သဘာဝဆီစစ်စစ် Natural & Unprocessed ဖြစ်ပါတယ်ရှင့်။

သဘာဝဆီဖြစ်တဲ့အတွက်
Wild Alaskan Salmon Oil မှာ Vitamin A ၊ Vitamin D3 (200 IU) ၊ Vitamin E ၊ နှင့် Antioxidant တစ်မျိုးဖြစ်တဲ့ Astaxanthin တို့နှင့်အတူ Omega 3 ဖက်တီးအက်ဆစ်များအားလုံး သဘာဝတိုင်းပါဝင်ပါတယ်ရှင့်။

ဆော်လမွန်ငါးရဲ့
Omega 3 EPA နှင့် DHA က ဦးနှောက်ဆဲလ်များကို ပြုပြင်ထိန်းသိမ်းပေးလို့

🧠ဦးနှောက်ကျန်းမာရေးကောင်းစေပြီး အသက်အရွယ်ကြောင့် မှတ်ဥာဏ်ကျဆင်းတာ နှင့် အယ်လ်ဇိုင်းမား (Alzheimer’s) တို့လို အာရုံကြောဆိုင်ရာရောဂါများ ဖြစ်လာနိုင်ခြေ ကို လျှော့ချပေးတယ်။

သွေးတွင်းအဆီဓာတ်များ ကို နည်းလာစေပြီး ကောင်းတဲ့ကိုလက်စထရော (Good Cholesterol HDL) ကိုတိုးစေတာကြောင့်

သွေးကြောများအတွင်း မကောင်းတဲ့ ကိုလက်စထရော (Bad Cholesterol LDL) ကို ရှင်းလင်းဖို့ ကူညီပေးပါတယ်။

👀မျက်လုံးကျန်းမာရေးပါကောင်းစေပြီး ရေတိမ်နှင့် အသက်အရွယ်ကြောင့် ဖြစ်လာတတ်တဲ့ မျက်စိပြဿနာများ ဖြစ်နိုင်ချေကို လျှော့ချပေးတယ်။

သွေးစီးဆင်းမှု နှင့် အောက်ဆီဂျင်လည်ပတ်မှုကို ပိုမိုကောင်းမွန်စေတယ်။

ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ လတ်လတ်ဆတ်ဆတ် ဆော်လမွန်ငါး ကို နေ့တိုင်းမစား နိုင်ပင်မဲ့

Pure Alaskan Salmon Oil နဲ့ ဆိုရင် နေ့တိုင်းဆော်လမွန်အဆီ ကို သောက်လို့ရပြီး ဆော်လမွန်ငါးရဲ့အကျိုးကျေးဇူးများကိုခံစားခွင့်ရမှာပါနော်❗️။

💊ဖြည့်စွက်စာ အညွန်း
တစ်နေ့ ၂ လုံးကို အစာနဲ့တွဲသောက်ပါ။

Pure Alaskan Wild Alaskan Salmon Oil 1000mg

အလုံး 210 (တစ်ခါသောက် ၂ လုံး)

💯 Authentic | 🇺🇸 Direct From USA

Instock

မှာယူလိုပါက
Cb or ☎️ 09942644224 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်

------------------------------------------------

12/10/2026

#အယူအဆအလွဲများ
_____________

အလွဲ >>> သွေးဆုံးပြီးတဲ့အခါ အရိုးပွရောဂါ (Osteoporosis) ကာကွယ်ဖို့အတွက် ကယ်လ်စီယမ် Calcium ဆေးသောက်တာကို ရပ်လိုက်လို့ရပြီ။

အမှန် >>> သွေးဆုံးပြီး အမျိုးသမီးတွေဟာ ကယ်လ်စီယမ်နဲ့ ဗီတာမင် D ကို အရင်ကထက် ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။

သွေးဆုံးချိန်မှာ အီစထရိုဂျင် (Estrogen) ဟော်မုန်း ဟာ သိသိသာသာ ကျဆင်းသွားတတ်ပါတယ်။
ဒီဟော်မုန်းဟာ အရိုးသိပ်သည်းဆကို ထိန်းသိမ်းရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်တဲ့အတွက် ဟော်မုန်းကျဆင်းတာနဲ့အတူ အရိုးပွနှုန်းကလည်း ပိုမိုမြန်ဆန်လာပါတယ်။

ဒါကြောင့် သွေးဆုံးပြီးနောက်ပိုင်းဟာ အမျိုးသမီးတွေအတွက်တော့ အရိုးပွရောဂါ (Osteoporosis) ဖြစ်နိုင်ခြေအများဆုံးအချိန်ပဲ ဖြစ်ပါတယ်။

အသက်ကြီးလာလေ အရိုးကျန်းမာရေးက ပိုအရေးကြီးလာလေ ဖြစ်တာကြောင့်

ကယ်လ်စီယမ်အားဆေး သောက်သုံးမှုကို ရပ်မပစ်သင့်ပါဘူး။

အရိုးကို သန်မာစေဖို့နဲ့ အရိုးကျိုးနိုင်ခြေကို လျှော့ချဖို့အတွက်ဆိုရင် နေ့စဉ်လိုအပ်တဲ့ ကယ်လ်စီယမ် ပမာဏကို
အစားအသောက် ဒါမှမဟုတ် ဗီတာမင် D ပါဝင်တဲ့ အားဆေး (Supplement) တွေကနေတစ်ဆင့် လုံလောက်စွာ ရရှိဖို့လိုအပ်ပါတယ်။


(မှတ်ချက်။ လူတစ်ယောက်ချင်းစီအတွက် သင့်လျော်တဲ့ ပမာဏကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။)

Photos from USA Supplements by Myanmar Ah Hla's post 12/10/2026

#တကိုယ်လုံးကြည်လင်နုပျိုပြီးအရိုးအဆစ်ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့
Collagen

✅Collagen ဓာတ်ဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာမှထုတ်လုပ်မှုအရမ်းကျဆင်းလာပါတယ်

အဲ့ဒီတော့ အသားအရေတွေခြောက်လာတယ် မဲလာတယ် ညိုလာတယ်...

Collagen တွေသောက်သုံးခြင်းဖြင့် အဲ့ဒါတွေအကုန်လုံးအဝေးကို လွင့်သွားစေမှာပါ

အသားအရေကိုစိုပြည်ဝင်းပပြီးကြည်
လင်လာစေပါတယ်

✅ခြေသည်းလက်သည်းပျော့နေသူတွေ ခဏခဏကြိုးသူတွေအတွက် ခြေသည်းလက်သည်း ခွံတွေ မာစေပါတယ်

✅ဆံပင်ကျွတ်သူတွေ ဆံပင်နည်းသူတွေ ဆံပင်သန်စေတယ် ဆံပင်ဆံသား အားဖြည့်ပေးတယ်

✅အရိုးအဆစ်သန်မာစေတယ် အရိုးပွရောဂါကို ကာကွယ်ပေးတယ်အသားအရေ ခြောက်သွေ့သူတွေ အတွက်လဲ စိုပြည်စေပါတယ်

✅မျက်နှာပေါ်ကအရေကြောင်းတွေ ကို သက်သာ ပျောက်ကင်းစေတယ်

ငယ်ရွယ်တင် နုပျိုလှပစေတယ်ရင်သား
တွဲတာတွေ တင်သားလျော့တွဲတာတွေ အတွက်လဲ အကျိုးပြုစေတဲ့ ဖြည့်စွက်စာ supplements လေးပါ

✅အရေပြား elasticity ကို တိုးလာစေပါတယ်...

✅ tissues များ၊ အရိုး၊ အရွတ်များ ကျန်းမာသန်စွမ်းစေပါတယ်...

✅ အရေပြား၊ မျက်လုံး နှင့် ဆံပင်ဖြူတွေအတွက် ကောင်းမွန်ပါတယ်.

✅Collagen ဆိုတာက ကိုယ်ခန္ဓာအနှံ့မှာ အမြောက် အများရှိတဲ့ ပရိုတိန်းပါ။

အရိုး၊ အရေပြား ၊ ကြွက်သား၊
သွေးကြောနဲ့ အစာခြေအဖွဲ့အစည်းတွေမှာ တွေ့နိုင်ပါတယ်။

အသက်ကြီးသွားတဲ့အခါ collagen ထုတ်လုပ်မူကျဆင်း တတ်လို့

အရေပြားတွန့်လာတာ၊ အဆစ်အမြစ်နာကျင်တာ၊ ကြွက်သားနာကျင်တာတွေဖြစ်လာနိုင်လို့ Collagen supplement လေးတွေ သောက်သုံးခြင်းအားဖြင့် ကာကွယ်ပြီးဖြစ်သလို / ဖြစ်နေသူများကို သက်သာပျောက်ကင်းစေပါတယ်

✅Collagen -အညွှန်း -
Neocell Collagen ၁ရက် 6 လုံး
Youtheory Collagen ၁ရက် ၃လုံး
ဗိုက်ထဲ အစာမရှိတဲ့ အချိန် သောက်ပေးပါရှင်
အဲ့ဒါမှ အူကစုပ်ယူမှု အားကောင်းပီး ပိုသိသာတာပါ

💯Made in USA

Neocell Collagen
Youthory Collagen

10/10/2026

D ဓါတ်ပြည့် ဝနေလျှင်

Photos from USA Supplements by Myanmar Ah Hla's post 10/10/2026

ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း
ခနခန ပြောတဲ့

#အူလမ်းကြောင်းတွေ ကျန်းမာပြီး ကောင်းမွန်နေရင် ကျန်တာ ဘာမှ စိတ်ပူစရာ မလိုဘူး တဲ့

" #ဆေးကုန်ပြီ အစ်မရေ "

ဒါသောက်ပြီး
အရင်လို ဝမ်းမချုပ်တော့ဘူး
ဝမ်းပုံမှန်သွားတယ်
ဝမ်းကျန်တယ်လဲ မခံစားရတော့
စိတ်ခံစားမူ့တွေလဲကောင်းလာတယ်
ညလဲအိပ်ပျော် တယ်
ကျန်းမာရေး အရမ်းကောင်းလာတယ်
ဆက်သောက်ချင်နေတာ မသောက်နဲ့ပြောမှာကြောက်နေတာ ကျေးဇူးပါ အမ‌ ရေ"

တဲ့ 🤗🤗🤗

က
ဝမ်းပျော့စေတယ်
စိတ်ဖိစီးမူ့လျော့ချပေးတယ်
ကြွက်သားတွေနာကျင်တာတွေ
တောင့်တင်းတာတွေ လျော့စေတယ် သက်သာစေတယ်


က
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ မကောင်းတဲ့ပိုးတွေသေစေပြီး ကောင်းမွန်တဲ့ ပိုးတွေ ကို ပြန်လာမွေးမြူစေ လို့
အူလမ်းကြောင်းကို ကျန်းမာလာစေတယ်

Magnesium Citrate
Probiotics
အတွဲလေး

Photos from USA Supplements by Myanmar Ah Hla's post 09/10/2026

#ပန်းသီးရှာလကာရည်
( Apple c***r vinegar)ACV အကြောင်းဗဟုသုတ-

မီးဖိုချောင်မှာ သုံး ပန်းသီးရှာလကာရည်ကို အိမ်သုံးဆေးဝါးအနေနှင့်လည်း သုံးလို့ရပါတယ်။

ပန်းသီးရှာလကာရည်မှာ ပိုးသတ်နိုင်စွမ်းရည် ( antimicrobial) နှင့် ဓာတ်တိုးဆန့်ကျင်စွမ်းရည် (antioxidant) ရှိပါတယ်။

ပန်းသီးရှာလကာရည်ရဲ့ အဓိက ပါဝင်ပစ္စည်းက acetic acid ဖြစ်ပါတယ်။

မစစ်ယူရသေးတဲ့ အော်ဂဲနစ် ပန်းသီးရှာလကာရည်မှာ mother လို့ခေါ်တဲ့ ပစ္စည်းတစ်ခု ပါဝင်ပါတယ်။

ပန်းသီးရှာလကာရည်ရဲ့ mother မှာ ပရိုတိန်း၊အင်ဇိုင်း၊ နှင့် အကျိုးပြု ဘက်တီရီးယားအချို့ပါဝင်ပြီး နောက်ကျိတဲ့ အရည်ဖြစ်လာစေပါတယ်။

ပန်းသီးရှာလကာရည်ရဲ့ mother က ကျန်းမာရေးကောင်းကျိုးပြုတယ်လို့ ယုံကြည်ကြပါတယ်။

ပန်းသီးရှာလကာရည်မှာ ဗိုက်တာမင်၊ သတ္တုဓာတ် နှင့် ပိုတက်ဆီယမ် အနည်းငယ် ပါဝင်ပါတယ်။

အရည်အသွေးကောင်းတဲ့ ACV တွေမှာတော့ အမိုင်နိုအက်ဆစ်အချို့ နှင့် antioxidants တွေပါဝင်ပါတယ်။

ရှာလကာရည်ကို လက်သည်းပိုးဝင်ခြင်း ကုသဖို့ အသုံးပြုပါတယ်။

ဆေးပညာဖခင်ကြီး Hippocrates က ရှာလကာရည်ကိုအနာဆေးကြောဖို့ သုံးတယ်ဆိုပါတယ်။

E. coli ကဲ့သို့သော အစားအစာကို ဖျက်စီးတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အစားအစာတွေကို အထားခံအောင် ပန်းသီးရှာလကာရည် အသုံးပြုနိုင်ပါတယ်။

အသုံးပြုသူတော်တော်များများက ပန်းသီး ရှာလကာရည်က ဝက်ခြံကုသမှုအတွက် ကောင်းတယ်ပြောပါတယ်။

သုသေတနတွေအရ ပန်းသီး ရှာလကာရည်က insulin sensitivity ကို 19-34% မြင့်တက်ကောင်းမွန်လာစေပါတယ်။

သွေးချိုပမာဏကို 31.4% ချပေးနိုင်ပါတယ်။

ဒါကြောင့် ဆီးချိုအမှတ် 2 ရောဂါအတွက် အကျိုးပြုတယ်လို့ရေးပါတယ်။

ခိုင်မာတဲ့ သုသေတနတွေလိုပါအုန်းမည်။

ပန်းသီးရှာလကာရည်ကို ဇီဝလုပ်ငန်းမြှင့်တင်ဖို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက သုံးခဲ့ပါတယ်။

အဆီကို လောင်ကျွမ်းစေပြီး အပူထုတ်ပေးတာကြောင့် ပန်းသီးရှာလကာရည်ကို "thermogenic” ထုတ်ကုန်တစ်ခုအနေနှင့် လူသိများပါတယ်။

ဗီဇဆဲလ်တွေကို အဆီမစုမိအောင်၊အဆီမသိုလှောင်နိုင်အောင် ပြောင်းပေးတယ်လို့ ရေးကြပါတယ်။

အစာမစားခင်သောက်ပေးခြင်းဖြင့် ဗိုက်ပြည့်နေတယ်လို့ခံစားရလို့ ပိုစားမိဖို့အခွင့်အရေးနည်းပါတယ်။

သုသေတနတွေအရ ပန်းသီးရှာလကာရည်မှာပါတဲ့ acetic acid က complex carbohydrates ကို အကုန် မချေဖျက်အောင် တားပေးနိုင်ပါတယ်။

အစာအိမ်အက်ဆစ်ကို များလာစေပြီး အစာလမ်းကြောင်းတစ်လျှောက်အစာချေခြင်း နှင့် အစာလှုပ်ရှားမှုကို ကူညီပါတယ်။

ခန္ဓာကိုယ်က သတ္တုဓာတ်စုပ်ယူမှုကို ကူညီပေးတယ်။

ပန်းသီးရှာလကာရည်သောက်ပေးခြင်းက ဗိုက်အဆီတွေကျစေတယ်ဆိုတဲ့ လေ့လာမှုရှိတယ်။

ပန်းသီးရှာလကာရည်ကို အရေပြားခြောက်သွေ့ခြင်း နှင့် နှင်းခူအတွက် သုံးနိုင်တယ်ရေးပါတယ်။

အရေပြားရဲ့ pH ကိုလည်း မျှတစေတယ်။ အရေပြားပေါ်ကပိုးကို သတ်ပေးနိုင်ပြီး အစက်အပြောက်ထွက်ခြင်းက ကာကွယ်ပါတယ်။

ရေမရောထားတဲ့ ရှာလကာရည်ကိုတော့ အရေပြားပေါ်မလိမ်းသင့်ပါ။

-ဒေါက်တာ ဖြိုးမောင်မောင်

Photos from USA Supplements by Myanmar Ah Hla's post 09/10/2026

ောက်သုံးရခြင်းရဲ့အကျိုးကျေးဇူးများ...

Vitamin D-3 ကို အများသောက်လို့ ‌လိုက်သောက်တယ်ဆိုတာမျိုး မဖြစ်ရလေအောင်

Vitamin D-3 သောက်သုံးရခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို မျှဝေပေးလိုက်ရပါတယ်နော်.

Vitamin D-3 ဟာ အဓိကအားဖြင့်...

📌 အရိုးပွ၊ အရိုးပျော့ရောဂါတွေကို ကာကွယ်ပေးပါတယ်။

📌 ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်‌အားကောင်းစေပါတယ်။

📌 မွေးရာပါရင်ကြပ်ရောဂါကို သက်သာစေပါတယ်။

📌 ကျောက်ကပ်ရောဂါကိုကာကွယ်ပေးပါတယ်

📌 နာတာရှည်ရောဂါတွေဖြစ်ပွားမှုကိုကာကွယ်ပေးသလို

📌 ရင်သား၊ အူမကြီးအစရှိတဲ့ ကင်ဆာရောဂါအမျိုးမျိုးကိုလည်းကာကွယ်ပေးပါသေးတယ်ရှင့်

👉Nature's Bounty D3 5000iu
👉Healthy Origins D3 5000iu
👉Healthy Origins D3 1000iu

#ယုံကြည်စိတ်ချစွာအစဉ်အမြဲအားပေးလျှက်ရှိသောဝယ်ယူသူတစ်ဉီးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်

09/10/2026

D3Plus ကို ဘယ် အချိန် သောက်သင့် လဲ❓
Crd Dr Zarni Zin 🙏

09/10/2026

📌 Zinc

မလုံလောက်မှုက ကိုယ်ခံအားကျဆင်းစေပါတယ်

နည်းပါးတဲ့သူတွေဟာ ရောဂါပိုးအမျိုးမျိုးကို ပိုမို ကူးစက်ခံရနိုင်စေပါတယ်။

မလုံလောက်ခြင်းဟာပြင်းထန်တဲ့ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ကြီးထွားနှုန်းတန့်ခြင်းနဲ့ကလေးတွေမှာ
ရုတ်တရက် ဝမ်းလျှောခြင်းနဲ့ အနာမကျက်ခြင်းတွေ ဖြစ်တတ်ပါတယ်။

အရေပြားရဲ့ တည်တံ့မှုနဲ့ တည်ဆောက်ပုံဟာ Zinc စားသုံးခြင်းပေါ်မှာ မူတည်ပါတယ်။

နာတာရှည် အနာတွေဟာ Zinc နည်းပါးခြင်းကြောင့် ဖြစ်တတ်ပါတယ်။

Diaper အနီကွက်တွေနဲ့ အခြားအရေပြားယားယံခြင်းတွေမှာ လိမ်းတဲ့လိမ်းဆေးမှာ Zinc ပါဝင်တာဟာ ဒီအကြောင်းရင်းကြောင့် ဖြစ်ပါတယ်။

Archives of Ophthalmology ရဲ့ လေ့လာမှုတစ်ခုက Zinc ဟာ အသက်ကြီးတာကြောင့်ဖြစ်တဲ့ Macular ပျက်စီးခြင်းကို နှေးကွေးစေတယ်လို့ ဆိုပါတယ်။

Zinc မလုံလောက်ခြင်းဟာ သုက်ပိုးအရည်အသွေး နိမ့်ခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။

လေ့လာမှုတစ်ခုမှာ Zinc sulfate နဲ့ Folic acid ဖြည့်စွက်စာတွေ သောက်သုံးတဲ့ အမျိုးသားတွေမှာ သုက်ပိုးအရေအတွက် ပိုမို များပြားလာတာ တွေ့ရပါတယ်။

သုတေသီတွေက Zinc မလုံလောက်မှုနဲ့ သုက်ပိုးအရည်အသွေးညံ့ဖျင်းပြီး မြုံခြင်းနဲ့ကို ဆက်စပ်မှုရှိတယ်လို့ ကောက်ချက်ချပါတယ်။

ဝက်ခြံရှိသူတွေဟာ သူတို့သွေးထဲနဲ့ အရေပြားပေါ်မှာ Zinc ပမာဏ နည်းပါးပါတယ်။

Zinc သာက်သုံးခြင်းဟာ ဝက်ခြံပျောက်စေပါတယ်။

ဒါ့အပြင် ဇင့်ကို လိမ်းခြင်းဟာတော့ ပိုးသတ်ဆေးလိမ်းတာမပါရင် အကျိုးမရှိဘူးလို့ဆိုပါတယ်။

ပြင်းထန်တဲ့ စိတ်ကျရောဂါနဲ့ စိတ်ကျရောဂါဆေးတွေနဲ့ မသက်သာသူတွေဟာ Zinc ကို သူတို့သောက်နေတဲ့ ဆေးတွေနဲ့ ပေါင်းစပ်သောက်သုံးခြင်းဟာ အကျိုးရှိပါတယ်။

💁🏻‍♀️ လုံလောက်တဲ့ Zinc ပမာဏရှိခြင်းဟာ အောက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ကလေးတွေမှာ ဝမ်းလျှောတာကို ကုသကာကွယ်ပေးပါတယ်။

ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။

မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်း တိုးတက်စေခြင်း

လေ့လာမှုတွေက Zinc ဟာ neurons တွေ အချင်းချင်း ဆက်သွယ်မှုကို တိုးတက်စေတယ်လို့ဆိုပါတယ်။

မှတ်ဉာဏ် ဖြစ်ပေါ်တဲ့ ဖြစ်စဉ်နဲ့ လူတွေသင်ယူတဲ့ ဖြစ်စဉ်ကိုပါ အကျိုးသက်ရောက်မှု ရှိတယ်လို့လဲ ယူဆကြပါတယ်။

အအေးမိခြင်းကို တိုက်ဖျက်ပေးပါတယ်။

ဒဏ်ရာကျက်တာကို အားပေးပါတယ်။

စိတ်ကျရောဂါကို သက်သာစေပါတယ်။

အသက်အရွယ်ကြီးလာရင်ဖြစ်တတ်တဲ့ Macular ပျက်စီးခြင်းကို ကာကွယ်ခြင်း

သုက်ပိုးအရည်အသွေးကို တိုးတက်စေပါတယ်။

ဝက်ခြံကို သက်သာစေပါတယ်။

Dr. Phyu Mon Latt

သိရှိလိုသည့် ဖြည့်စွက်ဆေးများ နှင့် ဗီတာမင်ဆေးများကို မေးမြန်းစုံစမ်းနိုင်ပါတယ်

☎️ 09942644224

Category

Telephone

Website

Address


YGN
Maymyo
95

Alerts

Be the first to know and let us send you an email when USA Supplements by Myanmar Ah Hla posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Maymyo.