Beauty Creator wig shop
Beauty Creator is a new hair wig brand and you can get various kinds of wigs from us.
ဆံသားအစစ် တန်းပြားဆက် grade 11 quality လေးတွေကို ကိုယ်လိုချင်တဲ့အရှည်..ကိုယ်လိုချင်တဲ့အရောင် ပြောပြီး စိတ်ကြိုက် customize order (preorder) မှာယူနိုင်ပါတယ်ရှင်..
16" ကနေ 32" အထိ မှာလို့ရပြီး စျေးလေးကတော့ 4pcs 1 set ကို ၅သိန်းဝန်းကျင် ကနေ 18 သိန်းဝန်းကျင် ကြားပါ..
Video ထဲက 24" လေးဆိုရင် ၉သိန်း၆သောင်းဝန်းကျင် ပါရှင်..
သူက 4pcs သုံးမှ တစ်ခေါင်းလုံးစာလုံလောက်တဲ့ 4pcs extension လေးတွေပေမယ့်..အခုနောက်ပိုင်း တချို့ customer လေးတွေက ဆံပင်ထူရုံ ၂ပြား ၃ပြားပဲ ဆက်ချင်လို့ခွဲဝယ်ချင်သူလေးတွေရှိတာမို့ ဇင် ခွဲရောင်းပေးပါမယ်..
* ခွဲဝယ်တာက 4pcs ဆက်လိုက်ဝယ်တာထက်တော့ ၁ပြားချင်းစီမှာ ၁သောင်းဝန်းကျင်ကနေ ၂သောင်းခွဲ ၃သောင်းဝန်းကျင် အထိ အရှည်အလိုက် ဈေးပိုများတာလေးတော့ ကြိုအသိပေးထားပါရစေရှင်.. set လိုက်ဝယ်တာတော့ အတန်ဆုံးပါနော် 😘
* တစ်ခေါင်းလုံးစာအတွက် လုံလောက်တဲ့အထူနဲ့ သဘာဝဆန်ဖို့ဆို 4pcs အနည်းဆုံးသုံးကိုသုံးပေးရပါမယ်.. ကိုယ်က နဂိုအုံထူတဲ့ဆံပင်တို့..ဆံပင်ကိုအုံထူထူလေးလိုချင်တာတို့ဆိုရင် အချပ်ရေ ထပ်တိုးတပ်လို့လည်းရပါတယ်ရှင် 😘
Preorder ~ Full prepaid
Waiting ~ 2 to 3 weeks ဖြစ်တဲ့အတွက် ငွေအပြည့်ကြို ချေပြီး ၂ပတ်ကနေ ၃ပတ်ကြားစောင့်နိုင်သူ လေးတွေပဲ ကျေးဇူးပြုပြီးမှာပေးဖို့တော့ မေတ္တာရပ်ခံပါရစေရှင်..
04/08/2026
ကိုယ့်ရဲ့ Hair loss area လေးက ပုံမှာပြထားသလို နဖူးစပ်တစ်လျှောက်ကစပြီး ပါးတာဆိုရင် ပုံမှန် Topper တွေထက် ဒီလို နဖူးစပ်မှာပါ ဇာနဲ့ထိုးထားတဲ့ ဆံသားအစစ် M size Frontal lace topper မျိုးက အဆင်အပြေဆုံးပါရှင်..
သူက နဖူးစပ်နေရာတွေမှာ ကလစ်မသုံးပဲ သားရေကြိုးလေးနဲ့ ဇာကိုနဖူးစပ်မှာကပ်တင်းနေအောင်ဆွဲပေးတာမို့ ရှေ့ဆံပင်အရမ်းပါးနေတဲ့သူမျိုးလေးတွေအတွက်ဆို ပိုသဘာဝဆန်စေပါတယ်ရှင့်..
Instock မဟုတ်ပါဘူး..Preorder ပါရှင်
Preorder ~ Full prepaid
Waiting ~ 2 to 3 weeks မို့ ငွေအပြည့်ကြိုချေရမှာဖြစ်ပြီး ၂ပတ်ကနေ ၃ပတ်ကြား စောင့်ပေးနိုင်သူလေးတွေပဲ ကျေးဇူးပြုပြီး မှာပေးဖို့ မေတ္တာ ရပ်ခံပါရစေရှင် 🥺
Hair length အနေနဲ့က 18" နဲ့ 22" ရွေးချယ်စရာ ၂မျိုးရှိပြီး စျေးလေးတွေကတော့ ၇သိန်းဝန်းကျင် ပါရှင် 😘
https://www.facebook.com/reel/788822223502076?mibextid=adiEgM&fs=e&s=m
ဝတ်နည်းလေးသိချင်ရင် ဒီ link လေးထဲမှာ ဇင်ကိုယ်တိုင် ဝတ်ပြထား တာမို့ ဝင်ကြည့်လို့ရပါတယ်ရှင့်
02/08/2026
ဦးရေနဲ့တစ်ထပ်ထဲနီးပါးတူတဲ့ Silk base အမျိုးအစား ဆံသားအစစ် ထိပ်အုပ်ထဲက M size လေး instock ရပါမယ်ရှင် 😘
Base size ~ 5" × 5" မို့ အောက်ကပုံလေးတွေထဲကလို ဆံပင်ပေါက်သားကျဲနေသူလေးတွေ.. ခွဲကြောင်းပတ်လည် 4" ဝန်းကျင် လောက်အထိ ဆံပင်ပါးသူလေးတွေနဲ့ ဆံပင်ဖြူ အုပ်လိုသူလေးတွေ ရွေးချယ်သင့်တဲ့ size ဖြစ်ပြီး ဦးရေကြောင်းထင်းထင်းနဲ့ ဦးရေတုပါတာကြိုက်သူလေးတွေ ရွေးရမယ့် M size topper လေးပါရှင် 😘
Hair Length လေးက 16" လေး instock ရမှာ ဖြစ်ပြီး
စျေးလေးက ၅သိန်းခွဲ ဝန်းကျင် ပါရှင်..
ဆိုင်မှာလာရောက်ဝယ်ယူလိုသူလေးတွေအတွက်လည်း ဆိုင်လိပ်စာလေးကို ပုံလေးတွေရဲ့နောက်ဆုံးမှာ တင်ထားပေးပါတယ်ရှင့် 😘
02/08/2026
ဆံသားအစစ် ထိပ်အုပ်ကို Base size အရမ်းမကြီးပဲ normal size လောက်ထဲကမှ ရှည်တာလေး ရချင်တဲ့ မမတွေဆိုရင် ဒီ Normal size လေးတွေယူပါရှင် 🥰
*သူ့ base size က S size နည်းနည်းလေးပိုကြီးပြီး 4" ဝန်းကျင်ရှိတာမို့ ဆံပင်ဖြူအုပ်ချင်သူလေးတွေကစလို့ ခွဲကြောင်းတစ်လျှောက် ခွဲကြောင်းဝန်းကျင်နဲ့ ဗွေနေရာနားအထိကို သေချာလေး cover ပေးနိုင်တဲ့ အနေအထားလေးပါ..
*ဆံသားအစစ်ကိုမှ Grade 10A မို့ ချွတ်ဆေးသုံးပြီးဆေးဆိုးတာ / ဖြောင့်ဆေး ကောက်ဆေးသုံးတာတွေနဲ့ နေ့စဥ်အပူပေးပြီး ပုံသွင်းတာတွေပါ လုပ်လို့အဆင်ပြေတဲ့ high quality ပါရှင် ..
*အရောင်တွေအနေနဲ့လည်း ဇင်အောက်မှာပြထားသလို ရွေးချယ်စရာ အများကြီးရှိပြီး
*ဆံပင်အရှည်ကိုတော့ 12" ကနေ 22" အထိ စိတ်ကြိုက်မှာယူနိုင်ပါတယ်ရှင် ..
*စျေးလေးတွေကတော့ ၄သိန်းခွဲ ဝန်းကျင်ကနေ ၆သိန်းခွဲ ဝန်းကျင်ကြားပါ...
* Preorder ~ Full prepaid
Waiting ~ 2 to 3 weeks မို့ ငွေအပြည့်ကြိုချေပြီး ၂ပတ်ကနေ၃ပတ်ကြား စောင့်နိုင်သူလေးတွေပဲ ကျေးဇူးပြုပြီးမှာယူပေးဖို့ မေတ္တာ ရပ်ခံပါရစေရှင် 🥰
Preorder မစောင့်နိုင်ရင်တော့ ဆိုင်မှာ instock ရှိတဲ့ တခြား အမျိုးအစားလေးတွေထဲကရွေးချယ်ဝယ်ယူနိုင်သလို ဆိုင်မှာလည်း ကိုယ်တိုင်လာရောက်ရွေးချယ် ဝယ်ယူနိုင်ပါတယ်ရှင့်..
Beauty Creator wig shop
Ph ~ 09684811875
Viber ~ 00966223554
အမှတ် 148/4 , မီးဒုံး ၁ လမ်း , သုဝဏ္ဏ, သဃ်န်းကျွန်းမြို့နယ် , ရန်ကုန်မြို့ ။
Blended human hair wig လေးတွေလည်း instock ရပါမယ်ရှင် 😘
ဆံသားအစစ်ကိုမှ စျေးချိုတာလိုချင်တဲ့ မမတွေ ညီမလေးတွေအတွက် ဆံသားအစစ်ကို high quality ဆံသားအတုနဲ့ ရောထား blend ထားတဲ့ blended hair လေးတွေရပါမယ်ရှင် 😘
ဆိုင်မှာ ဆံပင်သွားဆက်ရင်တောင် အနိမ့်ဆုံး ၁၀ သိန်း ၁၅ သိန်းပေးနေရတဲ့အချိန်မှာတစ်ခေါင်းလုံးဆံပင်အစစ်နဲ့ချုပ်ထားတဲ့ ဆံပင်အတုကို ၅သိန်း၆သိန်းလောက်နဲ့တော့ 100% human hair ရဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဒီလို Blended hair လေးတွေတော့ ရပါမယ်ရှင် 😘
တချို့ customer လေးတွေလေ ဒီလို Blended hair တွေဝယ်လာပြီး သူတို့ဝယ်ထားတာ 100% human hairလို့ထင်နေကြတာကို စိတ်မကောင်းစွာနဲ့တွေ့နေရတယ်နော်.. ဇင့်ဆိုင်မှာ treatment လာလုပ်မှ အတုရောထားတဲ့ Blended human hair မှန်း သူတို့သိကြတယ်ရယ် 🥺
ဒီ Blended hair လေးတွေက Human hair နဲ့ထိန်းသိမ်းပုံလည်းမတူဘူးမို့ ကိုယ်ရောင်းပေးလိုက်တဲ့ပစ္စည်းကို customer လက်ထဲမှာ ကြာကြာခံဖို့ ထိန်းသိမ်းနည်းအမှန်နဲ့ ကိုယ့်ဆံသား quality ကိုအမှန်အတိုင်းပြောရောင်းစေချင်တယ်ကွယ်.. ဝယ်တဲ့ customer လေးတွေလည်း စျေးတန်တာကိုပဲ ကြည့်ပြီး အဝယ်မမှားစေချင်ဘူးရယ် 🥺 ဘာလို့ဆို ထိန်းသိမ်းနည်းမမှန်ထား.. ဝယ်တဲ့တိုင်တွေမှာကလည်း treatment service မပေးတော့ အချိန်တန်လို့ ဇင့်ဆီရောက်လာရင် ဇင်လည်းပိုအလုပ်ရှုပ်..အစအဆုံးရှင်းပြရ နဲ့မော 😅
ဆိုတော့..လိုရင်းက ဒီလို စျေးတန်တဲ့ Human hair..( blended human hair) လိုချင်ရင် ဇင့်ဆီမှာလည်း ရပါမယ်လို့ 😘
27/07/2026
ဆံသားအစစ်နဲ့ချုပ်ထားပြီး ဦးရေတုလေးလည်းပါတဲ့ ဆံမြိတ်ထိပ်အုပ်လေးတွေ ပြန်ရောက်ပါပြီရှင် 😍
Price ~ 2သိန်း7သောင်းဝန်းကျင် 😍
ဆံသားအစစ်မို့ ဖြောင့် ကောက် ဆေးဆိုးလို့ရပါတယ်နော် 😘
Beauty Creator wig shop
အမှတ် ၁၄၈/၄
ကောက်လျင် လမ်းသွယ် (မီးဒုံး ၁ လမ်း)
သု၀ဏ္ဏ , သင်္ဃန်းကျွန်း
သု၀ဏ္ဏစျေး မှတ်တိုင် အနီး
ကောက်လျင်လမ်းမှ၀င်ရင် ပထမဆုံးတွေ့တွေ့ချင်းလမ်းမှာ ညာချိုး ပြီးလျှင် ပထမဆုံးလမ်းမှာဘယ်ထပ်ချိုးပါ
မီးဒုံးလမ်းမှ၀င်လာမယ်ဆိုရင် ပထမဆုံးမီးဒုံး ၁လမ်းမှာ ဘယ်ဘက်ကွေ့ .. ဖြတ်လမ်းလေး ၂လမ်းမြောက်မှ ညဘက် ကွေ့လာရုံပါပဲ �
သု၀ဏ္ဏ ၊ သင်္ဃန်းကျွန်းမြို့နယ်
09 684811875
ဆိုင်ဖွင့်ချိန် - 9:30am to 6:00pm
ဆံသားအစစ် ထိပ်အုပ်တွေထဲမှာ ခွဲကြောင်းနဲ့ထိုးသားအလှဆုံး..Base material လည်းအကောင်းဆုံးလို့ ယူဆကြတဲ့ Mono lace topper လေးတွေ ဇင်တို့ဆီမှာ preorder မှာလို့ရပါပြီ မမတို့ရေ 😘
သူက ဇာအသားရောင်ပေါ်မှာထိုးထားတာဖြစ်ပြီး ရိုးရိုးဇာမဟုတ်ပဲ Mono lace လို့ခေါ်တဲ့ upgrade lace ဖြစ်လို့ ထိုးတဲ့အခါမှာလည်း လက်ဝင်သလို ထိုးချက်တွေပိုလှတယ်.. ပုံမှန်ဇာ topper တွေထက် ဦးရေပိုပေါ်ပြီး ဦးရေကြောင်းပိုလှလို့ အကောင်းကြိုက်တဲ့သူတိုင်း ဝယ်ကြတဲ့ topper အမျိုးအစား ၁မျိုးပါပဲရှင် 😘 အရင်ထဲက ရောင်းပေးဖူးပေမယ့် post သိပ်မတင်ဖြစ်လို့ ဝယ်ဖူးသူတွေကလဲဲပြီး သိပ်မသိကြတဲ့ ပစ္စည်းကောင်းလေးပေါ့ရှင် 😁
သူ့ရဲ့ base size က Normal size မို့ S size နဲ့ M size ကြားက size ဖြစ်ပေမယ့် M size သုံးရသူတွေအထိ သူ့ကိုသုံးလို့အဆင်ပြေကြတာတွေ့ရပါတယ် 😘 (အသေးစိတ်သေချာတိုင်ပင်ချင်ရင်တော့ ဇင်နဲ့ cb မှာ ဆွေးနွေးမှာယူနိုင်ပါတယ်ရှင်)
Quality ကောင်းသလို ရွေးချယ်စရာအရောင်နဲ့ အရှည်လေးတွေလည်း အစုံရှိပါတယ် 😍
12" ~ 4သိန်း ဝန်းကျင်
14" ~ 4သိန်းခွဲ ဝန်းကျင်
16" ~ 5သိန်းဝန်းကျင်
18" ~ 5သိန်းခွဲဝန်းကျင်
20" ~ 6သိန်းဝန်းကျင်
22" ~ 6သိန်းခွဲ ဝန်းကျင်
Preorder ~ Full prepaid
Waiting 2 to 3 weeks မို့ ငွေအပြည့်ကြိုချေပြီး ၂ပတ်ကနေ ၃ပတ် စောင့်နိုင်သူလေးတွေပဲ မှာပေးပါနော် 😘
#ထိပ်အုပ်
ဆံသားအစစ် M size ဇာ topper လေးကို ဘယ်လိုသူတွေ သုံးသင့်လဲ..?
Video လေးထဲမှာ အသေးစိတ်ရှင်းပြပေးထားပါတယ်ရှင် 🥰
Price ~ 5သိန်းခွဲ ဝန်းကျင်
Instock ရမယ့် Man Topper လေးတွေပါရှင် 😘
Price ~ 3သိန်းခွဲ ဝန်းကျင်
Hair grade ~ 10A မို့ ရေရှည် hair gel တွေ spray တွေသုံးလို့ရ.. အပူချောင်းနဲ့ဖြောင့်စက်တွေလည်းသုံးလို့ရတဲ့အပြင်..ချွတ်ဆေးလည်းသုံးလို့ရပါမယ်ရှင်..
ဆိုင်မှာ ကိုယ်တိုင်လာရောက်ရွေးချယ် ဝယ်ယူလိုသူ customer လေးတွေအတွက် video နောက်ဆုံးမှာ ဇင်တို့ဆိုင်လိပ်စာလေး တင်ပေးထားပါတယ် ရှင့်..
#ထိပ်အုပ် #ဆံပင်တု
14/07/2026
ဆံသားအစစ် Topper ကိုဆံမြိတ်လေးနဲ့ထဲကလိုချင်တဲ့သူလေးတွေအတွက် Silicon ဦးရေတုလေးနဲ့ topper လေးပြန်ရောက်ပါပြီရှင်..
ဆံမြိတ်လေးကအရမ်းမထူဘူးမို့ ဘေးဝဲဝဲလေးခွဲထားထား..အလယ်လေးပဲ ဝဲဝဲလေးခွဲထားထား အဆင်ပြေပါတယ်ရှင်..
အရောင်အနေနဲ့က သဘာဝအမဲလေးရယ် / အညိုလေးရယ် ၂ရောင်ရပါမယ်..
ဆံပင်အရှည်လေးကတော့ 12" ကိုမှ အဖျားပါးပါးလေးမို့ ကိုယ့်ဆံပင်ဘယ်လောက်ရှည်ပါစေ ဆံပင်လေးနဲ့ရောချထားလို့ သဘာဝဆန်တဲ့အနေလေးပါရှင် 😘
Instock မို့ စောင့်စရာမလိုပါနော်..
Price ~ 2သိန်း7သောင်းဝန်းကျင်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
