HTAY

HTAY

Share

စိတ်ကလေး ခဏတာလေးဖြစ်ဖြစ်
အေးချမ်းသွားပါစေ

09/09/2026

တစ်ခါတစ်လေ ဘာမှမပြောချင်လောက်အောင် တိတ်ဆိတ်သွားချင်တဲ့ အချိန်တွေရှိတယ် 🍀🍀🍀


HTAY
9.9.26

07/09/2026

ဒီရက်ပိုင်းတွေ အိမ်ကို သိပ်လွမ်းတာပဲ
ကိုယ့်လိုပဲ အဝေးရောက်နေတဲ့ သားသမီးတိုင်း အိမ်ကို လွမ်းနေကြမယ်နဲ့တူပါတယ်

ခေတ်မကောင်းတဲ့ ဒီကာလကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် အိမ်နဲ့ ဝေးနေကြရတယ်
အလုပ်တွေလုပ်ဖို့ ကျောင်းတက်ဖို့ ကိုယ့်မွေးရပ်ဌာနေမှာ မအေးချမ်းလို့ အကြောင်းအမျိုးမျိုးနဲ့ ဝေးကွာနေကြရတယ်

မိဘရင်ခွင်မှာ အေးချမ်းစွာခိုလှုံခွင့်ရခဲ့တဲ့ အချိန်တွေ ညနေပိုင်း မိသားစုထမင်းဝိုင်းလေးတွေ အမေ့ရဲ့ ဆုံးမသံတွေ အဖေ့ရဲ့ အပြုံးတွေ အကုန်လွမ်းနေမိသား ...

တစ်နေ့တော့ မိဘနားလေးမှာ နေပြီး အနီးကပ် ပြုစုပေးချင်သလို မိဘနှစ်ပါးရဲ့ ရင်ခွင်မှာ အရင်လို
ကပ်ချွဲချင်ပါသေးတယ် အဖေနဲ့အမေ🥰

HTAY
7.9.2026

05/09/2026

လူတိုင်းမှာ ခံစားချက်တွေ ကိုယ်စီရှိကြတယ် ဝမ်းနည်းရတာတွေ စိတ်ပူရတာတွေ မပျော်တော့တာတွေ အမျိုးမျိုးပေါ့

တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို ဖော်ထုတ်ပုံလေးတွေ မတူကြဘူး
တချို့က ပေါက်ကွဲကြတယ်
တချို့က Social Media မှာ ရင်ဖွင့်ကြတယ်
တချို့က ချစ်ရတဲ့သူတွေကို ရင်ဖွင့်ကြတယ်
တချို့က ငိုကြွေးကြတယ်
တချို့က တိတ်ဆိတ်သွားကြတယ်
တချို့က ငေးမှိုင်သွားကြတယ်

ပျော်ရခြင်းတွေ မမြဲသလို ပူပန်ရခြင်းတွေ ဝမ်းနည်းရခြင်းတွေလည်း မမြဲကြပါဘူး
လူ့ဘဝ ဖြတ်သန်းနေသရွေ့ ကြုံတွေနေကြရမှာပါပဲ

HTAY
5.9.2026

01/09/2026

အတိတ်ဆိုတာ
တစ်ခါတုန်းက “အခု” ဖြစ်ခဲ့ဖူးတဲ့
အချိန်တစ်ခုပါ။

ပျော်ရွှင်နေစဉ်မှာ
ထာဝရလိုထင်ခဲ့တဲ့ နေ့ရက်တွေဟာ
အခုတော့
ပြန်မရနိုင်တော့တဲ့ အမှတ်တရတွေ ဖြစ်လာတယ်။

လူတွေက ပြောင်းလဲကြတယ်။
နေရာတွေက ပြောင်းလဲကြတယ်။
ခံစားချက်တွေကလည်း ပြောင်းလဲကြတယ်။

ပစ္စုပ္ပန်ဆိုတာလည်း
ကိုယ်ပိုင်တယ်လို့ ထင်ရပေမဲ့
ကိုင်ထားလို့မရတဲ့ အချိန်တစ်စင်းပါပဲ။

“ယခု” လို့ ခေါ်လိုက်တဲ့အခိုက်မှာပင်
အဲဒီယခုဟာ
အတိတ်ထဲကို တိတ်တိတ်လေး ဝင်သွားပါပြီ။

မနက်ဖြန်ကတော့
ရှိမယ်လို့ မသေချာသေးတဲ့
အိပ်မက်တစ်ခု။

ဒါဆို
လူဟာ ဘာကိုပဲ ပိုင်ဆိုင်နိုင်သလဲ…

အချိန်ကို မပိုင်ဆိုင်
လူတွေကို မပိုင်ဆိုင်
အရာဝတ္ထုတွေကိုလည်း
အဆုံးတိုင် မပိုင်ဆိုင်ပါ။

နောက်ဆုံးမှာ
ပိုင်ဆိုင်နိုင်တာဆိုလို့
ကိုယ်ဖြတ်သန်းခဲ့တဲ့ ခဏတာလေးတွေထဲမှာ
ကိုယ် ဘယ်လိုလူ ဖြစ်ခဲ့သလဲဆိုတာပါပဲ။

ဒါကြောင့်
အတိတ်ကို နောင်တနဲ့ မချည်နှောင်ပါနဲ့။
အနာဂတ်ကို ကြောက်ရွံ့ပြီး မစောင့်ပါနဲ့။
ပစ္စုပ္ပန်ကိုလည်း ပေါ့ပေါ့ဆဆ မဖြတ်သန်းပါနဲ့။

ဘဝဆိုတာ
အမြဲတမ်းတည်ရှိမဲ့ အရာတစ်ခုကို ရှာဖွေခြင်းမဟုတ်ပဲ
မမြဲသည့် အရာတွေကြားထဲက
အဓိပ္ပါယ်ရှိစွာ နေထိုင်တတ်ခြင်းပါပဲ။

လှပခဲ့တဲ့ အတိတ်က
ပြန်လာဖို့ မလိုတော့ဘူး။

မရေရာတဲ့ ပစ္စုပ္ပန်ကလည်း
သေချာလာဖို့ မလိုဘူး။

ကိုယ့်မှာရှိနေတဲ့
ဒီခဏလေးကိုသာ
တန်ဖိုးရှိအောင် နေထိုင်နိုင်ခဲ့ရင်—

တစ်နေ့
ဒီနေ့ဟာလည်း
“လှပသော အတိတ်” ဖြစ်လာပါလိမ့်မယ်။

#ကြယ်ငါးကောက်သူများ

Crd

29/08/2026

ကိုကိုရေ မီးတော့ chocolate ဖြစ်နေပြီ😁😂

#ကာလဝမ်းရောဂါ


HTAY
29.8.2026

25/08/2026

တိမ်တွေ ကင်းစင်နေတာ ထာဝရ မဟုတ်သလို

တိမ်‌တွေ အုံ့မှိုင်းနေတာလည်း အမြဲတမ်း မဟုတ်ရပါဘူး ☁️☁️☁️

အရာရာက ဖြစ်လိုက်ပျက်လိုက် တဒင်္ဂပါပဲ 🍀

HTAY
25.6.2026

24/08/2026

မေတ္တာဆိုတာ ရေလိုပဲ အေးမြပါတယ် 🍀

#သဘာဝအလှ
#ပန်းလောင်
#မောင်းကွေး

15/08/2026

လေပြေတိုင်း ယိမ်းနွဲ့လို့
မိုးရေစက်နဲ့ ရွှင်ပျော်၊
ပန်းမဖြစ်လည်း မညှိုးဘူး
မြက်လေးက သူ့အလှနဲ့သူ။

နင်းလျှောက်ခံရလည်း
ပြန်လည်စိမ်းလန်းလာတယ်၊
တိတ်တိတ်လေးနဲ့ သင်ပေးနေတယ်—
ဘဝဆိုတာ ပြန်လည်ထနိုင်ခြင်းပါပဲ။ 🌿



HTAY
15.8.2026

08/08/2026

အမေ

သူပဲရိုက်ပြီး
သူက ဦးအောင် ငိုချတယ်

အသားနာတာ ကျနော်ဆိုပေမယ့်
အသည်းနာတာ အမေဖြစ်နေမလား

လောကဓံရေ
တင်ပါးပေါ်ကျတဲ့ တုတ်ထက်
အမေ့ပါးက မျက်ရည်ဟာ ပိုနာစေခဲ့တယ်။

#ဆန်းကျော်စွာဝင်း

HTAY
8.8.2026

28/07/2026

ပျော်ရွှင်မှုသေးသေးလေးတွေ ချပြတာက ကိုယ့်ကိုချစ်တဲ့သူတွေကို ကိုယ်နဲ့အတူပျော်စေချင်လို့ပါ..

နာကျင်မှုသေးသေးလေးကအစ နာကျင်မှုတွေမှန်သမျှ ချမပြဖြစ်တာက ကိုယ့်ကိုချစ်တဲ့သူတွေ ကိုယ့်အတွက်နဲ့ ဝမ်းမနည်းစေချင်လို့ပါ....

ကိုယ့်ကို ချစ်တဲ့သူတွေကိုအမြဲပျော်စေချင်တာ
ကိုယ့်ရင်ထဲက ဆန္ဒတစ်ခုပါ 🥰

HTAY
28.7.2026

Category

Website

Address

Yangon

Alerts

Be the first to know and let us send you an email when HTAY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.