Girl's California Beauty Globe Grocer
Wholesale & Retail
08/08/2026
05/08/2026
RayShot 100 Buy 1 Get 1 Free Water Tumbler Promotion ✨
အသားအရေ မညီညာတာနဲ့ ချွေးပေါက်ကျယ်တာတွေကို အထိရောက်ဆုံး သက်သာစေမယ့် It's Be RAY SHOT 100 အပြင် တန်လွန်းတဲ့ လက်ဆောင်ပါ ရမယ့် အထူး Promotion လေး ရောက်ရှိလို့ လာပါပြီ! 💙✨
✨ ဘာကြောင့် သုံးသင့်တာလဲ?
Micro Needle Therapy: အသားအရေ အတွင်းပိုင်းအထိ စိမ့်ဝင်ပြီး ချွေးပေါက်ကျဉ်းစေကာ ဆဲလ်အသစ်တွေကို ပြန်လည်မွေးဖွားပေးပါတယ်။
Skin Boosting Effect: အသားအရေကို ကြည်လင်းပြီး အပြစ်အဆာကင်းအောင် ပြုပြင်ပေးပါတယ်။
🎁 Special Gift Promotion:
RAY SHOT (၁) ဘူး ဝယ်ယူတာနဲ့ ချစ်စရာကောင်းတဲ့ Water Tumbler (၁) ဘူး Free လက်ဆောင် ချက်ချင်း ရရှိမှာပါနော်! (လက်ဆောင်ပစ္စည်းများမှာ အကန့်အသတ်ရှိလို့ အမြန်လေး ဝယ်ယူဖို့ လိုမယ်နော်) 🥤✨
💰 Price: 32,000 Ks
🛒 Girl’s California မှာ အမြန်ဆုံး လာရောက်စျေးဝယ်လိုက်ပါတော့ရှင်!
ကိုယ်နဲ့နီးစပ်ရာ Outlets (၃) ခုလုံးမှာ ဝယ်ယူရရှိနိုင်ပါတယ်နော်။ 👇
📍 Outlet 1: အမှတ် (၁၄၀)၊ ဇေယျာသီရိလမ်း၊ ဇေယျာသီရိရပ်ကွက်၊ ဒေါပုံမြို့နယ်။
📍 Outlet 2: i003၊ i004၊ i005 (မြေညီထပ်)၊ ဂမုန်းပွင့် Wholesale Mall၊ မြန်မာ့ဂုဏ်ရည်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
📍 Outlet 3: ၁၆၅ လမ်း၊ တာမွေကြီးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။
💬 အိမ်ကနေပဲ မှာယူချင်တယ်ဆိုရင်လည်း မင်မင်တို့ Chat Box မှာ အခုပဲ Message ပို့ပြီး အော်ဒါတင်နိုင်ပါတယ်နော်။
Girl’s California မှာ စျေးဝယ်ပါ။
မင်းတို့ကလည်း တခါလေးတွေ့ခွင့်ရတာ ကို မသိရင် သဗ္ဗေညုတဉာဏ် ရတာကျနေတာပဲ။
02/08/2026
Skincare ပြုလုပ်ရာမှာ မိမိရဲ့ Skin Type (အဆီ/အစိုဓာတ် အမျိုးအစား) ကို မှန်ကန်စွာ သိရှိထားဖို့ အလွန်အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် အခြေခံ Skin Type ၅ မျိုး ရှိပါတယ်။
၁။ Normal Skin (ပုံမှန် အသားအရေ)
၂။ Oily Skin (အဆီပြန် အသားအရေ)
၃။ Dry Skin (အသားအရေ ခြောက်သွေ့ခြင်း)
၄။ Combination Skin (ပေါင်းစပ် အသားအရေ)
၅။ Sensitive Skin (ထိခိုက်လွယ် အသားအရေ)
:
မိမိ Skin Type ကို သိရှိရန် နံနက်ခင်း မျက်နှာသစ်ပြီးနောက် (၁) နာရီခန့် ဘာမှမလိမ်းဘဲ ထားကြည့်ပါ။ နဖူး/နှာခေါင်း အဆီပြန်လာပါက Combination၊ တစ်မျက်နှာလုံး အဆီပြန်ပါက Oily၊ တင်းကြပ်နေပါက Dry Skin ဖြစ်နိုင်ပါတယ်။
30/07/2026
Girl’s California မှာ စျေးဝယ်ပါ
အက်ဆစ်ပါသော Skincare သုံးစွဲချိန်တွင် နံနက်ပိုင်းတိုင်း Sunscreen ပုံမှန် လိမ်းပေးဖို့ အလွန်ရေးကြီးပါတယ်။
ပယင်းထဲက ဘာကောင်ဖြစ်မလဲ။ဝယ်ထားတာတော့ ကြာပြီ။ ကျောက်ဝိုင်းထဲလဲ မရောက်ဖြစ်တာ ၂နှစ်ကျော် သုံးနှစ် ကြာတော့ စျေးဘယ်လောက် ရောင်းရင် ကောင်းမလဲ။ ၅သိန်းလောက် ရောင်းရင် ပေးဝယ်မယ့်သူ ရှိမလား
29/07/2026
သင်္ဘောတင်ပေးမည်ဟုဆိုကာ သင်္ဘောသားလူသစ် ၄၀ ကျော်ထံမှ သိန်း ၅,၀၀၀ ခန့် လိမ်လည်ပြီး ထွက်ပြေးတိမ်းရှောင်
ရန်ကုန်၊ ဇူလိုင် ၂၉
ရန်ကုန်မြို့တွင် သင်္ဘောသားအလုပ်အကိုင် ရှာဖွေပေးနေသူအဖြစ် လူသိများသည့် "ဦးစော" ဆိုသူက သင်္ဘောသားလူသစ် ၄၀ ကျော်ထံမှ ငွေကြေးနှင့် သင်္ဘောသားစာအုပ်များကို ကြိုတင်ရယူထားပြီးနောက် ယခုရက်ပိုင်းအတွင်း ကျပ်သိန်း ၅,၀၀၀ ခန့် လိမ်လည် ထွက်ပြေး တိမ်းရှောင်နေကြောင်း နစ်နာသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဦးစောသည် သင်္ဘောသားအလုပ်အကိုင် လုပ်ငန်းတွင် နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယခင်က လုပ်ငန်းဆောင်ရွက်မှုများကြောင့် ယုံကြည်မှုရရှိထားသူဖြစ်သလို ၎င်းမှတစ်ဆင့် သင်္ဘောပေါ်ရောက်ခဲ့သူများလည်း အများအပြားရှိခဲ့ကြောင်း သိရသည်။
ဦးစောဆိုသူမှာ ယခင်က Ultra Major သင်္ဘောသားကုမ္ပဏီတွင် လုပ်ကိုင်ခဲ့ဖူးပြီး နောက်ပိုင်း သီးခြားခွဲထွက်ကာ ဒေါပုံမြို့နယ် DMA ရုံးအနီး၊ White & Green ဆေးခန်းဘေးရှိ ယခင် Ultra Major ရုံးခန်းဟောင်းတွင် လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစောက သင်္ဘောတက်လိုသော သင်္ဘောသားများထံမှ ရိုက်ကြေး၊ စာရွက်စာတမ်းကြေးများကို ကြိုတင်ကောက်ခံထားပြီး သင်္ဘောသားစာအုပ်များကိုလည်း သိမ်းဆည်းထားကာ သင်္ဘောတက်ရမည့်ရက်များကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ကြောင်း၊ အချို့သူများမှာ တစ်နှစ်နီးပါး စောင့်ဆိုင်းခဲ့ရသော်လည်း အလုပ်အကိုင် မရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် Ultra Major ကုမ္ပဏီ၏ အမည်ဖြင့် Letter အတုများ ပြုလုပ်အသုံးပြုခဲ့ကြောင်း၊စင်ကာပူ Bunker သင်္ဘောမှ ပြန်လာသည့် သင်္ဘောသားတစ်ဦးမှာ လေဆိပ်တွင် စစ်ဆေးခံရစဉ် ထွက်စာမှာ အတုဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး သင်္ဘောသားစာအုပ်ကိုပါ သိမ်းဆည်းခံခဲ့ရကြောင်း၊ အဆိုပါ ထွက်စာမှာ အလည်အပတ်ဗီဇာအတွက် အသုံးပြုသည့် သုံးလသက်တမ်းရှိ စာရွက်စာတမ်းကို ပြောင်းလဲအသုံးပြုထားခြင်းဖြစ်ကြောင်း နစ်နာသူများက ဆိုသည်။
ထို့အပြင် သင်္ဘောတက်ရမည့်ရက် သတ်မှတ်ပေးထားပြီး လေယာဉ်လက်မှတ်များ ထုတ် ပေးခဲ့သော်လည်း နောက်ပိုင်း စစ်ဆေးရာတွင် လေယာဉ်လက်မှတ်များမှာလည်း အတုများဖြစ်နေကြောင်း ထပ်မံတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဇူလိုင်လ ၂၈ ရက်နေ့ ဦးစောနှင့် ၎င်း၏ ဝန်ထမ်းအဖွဲ့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးနောက် နစ်နာသူများက ရုံးခန်းနှင့် နေအိမ်သို့ သွားရောက်ခဲ့ကြကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နေအိမ်ကို ဖွင့်ဖောက်စစ်ဆေးခဲ့ရာ သင်္ဘောသားစာအုပ်များနှင့် စာရွက်စာတမ်းအများအပြားကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဦးစောနေအိမ်ထံမှ ရရှိသော သင်္ဘောသားစာအုပ်များကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်နေပြီး လာရောက်မထုတ်ယူရသေးသည့် စာအုပ်များကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အိတ်များဖြင့် ထည့်သွင်းသိမ်းဆည်းထားကာ မှတ်ပုံတင်အထောက်အထားဖြင့် ပြန်လည်ထုတ်ယူနိုင်ကြောင်း နစ်နာသူများက ပြောသည်။
ဦးစောနှင့်အဖွဲ့၏ လိမ်လည်မှုကြောင့် သင်္ဘောသားလူသစ် ၄၀ ကျော် ထိခိုက်နစ်နာခဲ့ပြီး ဆုံးရှုံးသည့် ငွေကြေးစုစုပေါင်းမှာ ကျပ်သိန်း ၅,၀၀၀ ခန့်ရှိကြောင်း သိရသည်။
"သူက သင်္ဘောသားလောကမှာ နှစ်ပေါင်း ၃၀ ကျော် လုပ်လာတဲ့သူဖြစ်ပြီး ယုံကြည်မှုအရမ်းရထားတဲ့သူပါ။ အဲဒီယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး သင်္ဘောသားလူသစ်တွေဆီက စာအုပ်တွေ၊ ရိုက်ကြေးတွေ ကြိုယူထားပြီး ထွက်ပြေးသွားတာပါ။ လက်ရှိမှာ ဘဝပျက်သွားတဲ့ သင်္ဘောသားလူသစ် ၄၀ ကျော်ရှိနေပြီး ဆုံးရှုံးငွေက သိန်း ၅,၀၀၀ လောက်အထိ ရှိနေပါတယ်" ဟု နစ်နာသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိတွင် Ultra Major သင်္ဘောသားကုမ္ပဏီကလည်း ဦးစောနှင့်အဖွဲ့ကို အမှုဖွင့်ထားကြောင်း နစ်နာသူများက ပြောဆိုကြသည်။
29/07/2026
ပြီးပြည့်စုံတဲ့ Breakfast + Lunch
28/07/2026
အသားအရေကို ပြည့်တင်းစိုဝင်းပြီး Glow စေမယ့် Ongredients Bakuglow Capsule Lotion ✨
အသားအရေ ကျစ်လျစ်တင်းရင်းပြီး သဘာဝအတိုင်း ပြည့်တင်းစိုဝင်း (Bouncy & Glow) စေဖို့အတွက် Ongredients Bakuglow Capsule Lotion အသစ်စက်စက်လေး ရောက်ရှိလို့ လာပါပြီ! 💜✨
✨ ဘာကြောင့် ရွေးချယ်သင့်တာလဲ?
Bakuchiol + Niacinamide + Panthenol တို့ ပေါင်းစပ်ပါဝင်လို့ အရေးအကြောင်းတွေကို သက်သာစေပြီး အသားအရေကို ကြည်လင်းတင်းရင်းစေပါတယ်။
Firming Care: အသားအရေ လျော့တွဲတာကို ကာကွယ်ပေးပြီး တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။
Moisture Glow & Soothing Care: အစိုဓာတ်အပြည့်အဝ ပေးစွမ်းနိုင်ပြီး အသားအရေ နီရဲယားယံတာတွေကို ငြိမ်သက်သက်သာစေပါတယ်။
💰 Price: 95,000 Ks (150ml / 5.07 fl. oz.)
🛒 Girl’s California မှာ အမြန်ဆုံး လာရောက်စျေးဝယ်လိုက်ပါတော့ရှင်!
ကိုယ်နဲ့နီးစပ်ရာ Outlets (၃) ခုလုံးမှာ ဝယ်ယူရရှိနိုင်ပါတယ်နော်။ 👇
📍 Outlet 1: အမှတ် (၁၄၀)၊ ဇေယျာသီရိလမ်း၊ ဇေယျာသီရိရပ်ကွက်၊ ဒေါပုံမြို့နယ်။
📍 Outlet 2: i003၊ i004၊ i005 (မြေညီထပ်)၊ ဂမုန်းပွင့် Wholesale Mall၊ မြန်မာ့ဂုဏ်ရည်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
📍 Outlet 3: ၁၆၅ လမ်း၊ တာမွေကြီးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။
💬 အိမ်ကနေပဲ မှာယူချင်တယ်ဆိုရင်လည်း မင်မင်တို့ Chat Box မှာ အခုပဲ Message ပို့ပြီး အော်ဒါတင်နိုင်ပါတယ်နော်
Girl’s California မှာ စျေးဝယ်ပါ
။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11221
