Recap Videos
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Recap Videos, Health/Beauty, yangon, Yangon.
15/09/2026
#အစ်မရဲ့ဆေးကုသစရိတ်အတွက်မြေအောက်တိုက်ပွဲဝင်မယ့်သိုင်းသမား
ဆီလတ် (Silat) သိုင်းချန်ပီယံဟောင်း ဟတ်တာသည် ပြိုင်ပွဲတစ်ခုတွင် ပြိုင်ဘက်ကို မတော်တဆ သတ်မိသွားသဖြင့် နောက်ထပ် ပြိုင်ပွဲမဝင်တော့ရန် သစ္စာဆိုခဲ့သည်။ သိုသော် အစ်မဖြစ်သူ အပြင်းအထန် နေမကောင်းဖြစ်ကာ ဆေးကုသစရိတ် အမြောက်အမြား လိုအပ်လာချိန်တွင် မြေအောက် လူမိုက်ခေါင်းဆောင်၏ ကမ်းလှမ်းမှုဖြင့် သစ္စာစကားကို ဖောက်ဖျက်ကာ မြေအောက် သွေးသံရဲရဲ တိုက်ပွဲများထဲသို ပြန်လည် ဝင်ရောက်ခဲ့ရသည်။ တိုက်ပွဲများအလယ်တွင် နောက်ဆုံး ရင်ဆိုင်ရမည့် ပြိုင်ဘက်မှာ ၎င်း၏ မိတ်ဆွေဟောင်း ဖြစ်နေသည်ကို သိရှိသွားသောအခါ ဟတ်တာတစ်ယောက် အတိတ်၏ အရိပ်မည်းများကို ကျော်ဖြတ်၍ အစ်မဖြစ်သူကို ကယ်တင်နိုင်မည်လားဆိုသည်ကို သိုင်းကွက်ကြမ်းကြမ်းများဖြင့် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမည် ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
14/09/2026
#အာဏာသိမ်းချင်တဲ့စစ်ဗိုလ်ချုပ်နဲ့နိုင်ငံတော်ကိုကာကွယ်မယ့်စစ်တပ်မှူးတိုရဲ့ အသက်လုပြိုင်ပွဲ
သမ္မတ Park Chung-hee လုပ်ကြံခံရအပြီး နိုင်ငံတော် မတည်မငြိမ်ဖြစ်နေချိန်တွင် လုံခြုံရေးတပ်ဖွဲမှူး Chun Doo-gwang (Hwang Jung-min) သည် စစ်တပ်အတွင်း အာဏာသိမ်းရန် လျှိဝှက်ကြံစည်လာသည်။ ၎င်းအား တားဆီးရန် သစ္စာရှိ မြိုစောင့်တပ်မှူး Lee Tae-shin (Jung Woo-sung) က အစွမ်းကုန် ပြန်လည်ရင်ဆိုင်ခဲ့သည်။ အိမ်ပြာတော်၏ ကျိန်စာဟု တင်စားရလောက်အောင် ရှုပ်ထွေးလှသည့် တောင်ကိုရီးယား နိုင်ငံရေး သမိုင်းကြောင်းနှင့်အတူ စစ်တပ်အတွင်း အာဏာလွန်ဆွဲပွဲများကို သံချပ်ကာ တိုက်ယာဉ်များ၊ လက်နက်အပြည့်အစုံဖြင့် သည်းထိတ်ရင်ဖို ရိုက်ကူးထားသည့် ရုပ်ရှင်ကားကြီး ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
13/09/2026
#တံတားဆောက်ဖို့အလုပ်သမားတွေကိုယဇ်ပူဇော်နေတဲ့ကြောက်စရာအင်ဒိုနီးရှားဖြစ်ရပ်မှန်
တံတားကြီး စီမံကိန်းတစ်ခုတွင် ဖခင်ဖြစ်သူ မသင်္ကာဖွယ် သေဆုံးသွားခဲ့၍ Yuda ဆိုသည့် လူငယ်လေးက အမှန်တရား လိုက်လံစုံစမ်းခဲ့သည်။ ထိုမှတစ်ဆင့် စီမံကိန်း ပြီးမြောက်ရန်အတွက် အလုပ်သမားများကို အောက်လမ်းပညာဖြင့် လူကုန်ကူးကာ ယဇ်ပူဇော် (Tumbal) နေသည့် ကြောက်မက်ဖွယ် လျှိဝှက်ချက်ကြီးကို သိရှိသွားခဲ့သည်။ မိသားစုတစ်စုလုံး နာမ်လောက၏ ခြိမ်းခြောက်မှုများနှင့် အန္တရာယ်များကြား အသက်လု ထွက်ပြေး ရင်ဆိုင်ရမည်ဖြစ်ပြီး အင်ဒိုနီးရှား၏ အဆောက်အအုံ ယဇ်ပူဇော်သည့် ဓလေ့ကို သွေးထွက်သံယို ခြောက်ခြားဖွယ် ပုံဖော်ထားသည့် ရုပ်ရှင်ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
12/09/2026
#ကြည့်ပြီးရင်ရက်ပေါင်းများစွာစိတ်ထဲကျန်ရစ်နေမယ့်Horrorကား
ရွာငယ်လေးတစ်ရွာတွင် စတင်ခဲ့သည့် ဆန်းကြယ်သော လူသတ်မှုများမှတစ်ဆင့် ဘယ်သူက လူကောင်း၊ ဘယ်သူက နတ်ဆိုးဆိုသည်ကို ခွဲခြားရခက်အောင် စိတ်ခြောက်ခြားဖွယ် ရိုက်ကူးထားသည်။ ဖခင်တစ်ယောက်အနေဖြင့် မိသားစုကို ကာကွယ်ရန် ကြိုးစားရင်း ကြုံတွေ့ရသည့် အကြောက်တရား၊ စိတ်ရှုပ်ထွေးမှုနှင့် ယုံကြည်မှု ပျက်စီးသွားပုံများကို အလင်းအမှောင် ဖန်တီးမှု ကောင်းမွန်စွာဖြင့် ပုံဖော်ထားသည်။ ဇာတ်လမ်းပြီးသွားသည်အထိ သဲလွန်စများနှင့် အဖြေကို ပြန်လည်တွေးတောနေရမည်ဖြစ်ပြီး ရက်ပေါင်းများစွာ စိတ်ထဲ စွဲကျန်နေမည့် ရုပ်ရှင်ကောင်းတစ်ခု ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
12/09/2026
#ဇနီးနဲ့သမီးကိုသတ်သွားလို့ကလဲ့စားပြန်ချေမယ့်ဒုစရိုက်ဂိုဏ်းစတားရဲ့ သား
မြေအောက်လောက ဂိုဏ်းစတားကြီး Lingaa ၏ သားဖြစ်သူ Kiruba သည် ဖခင်၏ ရာဇဝတ်လုပ်ငန်းများကို စိတ်ကုန်သဖြင့် ကျောခိုင်းကာ သာမန် ဆေးဝါးသမားအဖြစ် အေးချမ်းစွာ နေထိုင်ခဲ့သည်။ သိုသော် မမျှော်လင့်ဘဲ ရာဇဝတ်ဂိုဏ်းများ၏ သစ္စာဖောက်မှု၊ အာဏာလုပွဲများကြား ကြားညှပ်ပြီး ဇနီးနှင့် သမီးဖြစ်သူတို ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရသည်။ ထိုကြောင့် အေးအေးဆေးဆေး နေချင်ခဲ့သော ကီရူဘာသည် နာကြည်းချက်များဖြင့် တချိန်က ကျောခိုင်းခဲ့သည့် ဒုစရိုက်လောကဆိုးကြီးထဲသို လက်စားချေရန် ပြန်လည် ဝင်ရောက်လာရသည့် ဇာတ်လမ်းဆန်း ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
12/09/2026
#ကလေးအတွက်အရိုးခြင်ဆီလှူဖို့ရောက်လာရာမှနှလုံးသားပါပေးအပ်လိုက်ရတဲ့ဆေးကျောင်းသူ
အသက် ၄၀ ကျော် စီးပွားရေးလုပ်ငန်းရှင် ဆန်ဂျေးသည် ငယ်စဉ်က စိတ်ဒဏ်ရာကြောင့် အိမ်ထောင်မပြုဘဲ အမေဖြစ်သူအတွက် ကိုယ်ဝန်ဆောင်ပေးမည့် အမျိုးသမီးထံမှ ရင်သွေးယူခဲ့သည်။ သိုသော် ကလေးလေး မွေးဖွားပြီးနောက် အသည်းအသန် ဖျားနာလာသဖြင့် ကယ်တင်ရန် မိခင်ဖြစ်သူ၏ အရိုးခြင်ဆီ လိုအပ်လာခဲ့သည်။ ထိုကြောင့် ဆန်ဂျေးသည် မွေးပေးခဲ့သည့် အသက် ၂၀ အရွယ် ဆေးကျောင်းသူလေး မက်ဒီကို အမေရိကအထိ လိုက်ရှာပြီး ကလေးကို ကုသရန် အိန္ဒိယသို ခေါ်ဆောင်ခဲ့ရာမှ မိသားစု သံယောဇဉ်နှင့် မမျှော်လင့်ထားသော အချစ်ဇာတ်လမ်းတစ်ပုဒ် စတင်လာခဲ့သည့် ရုံတင်ဝင်ငွေ ကုဋေ ၂၆၀ ရရှိထားသော ဇာတ်ကားကောင်း ဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
09/09/2026
#ကိုယ်ပါအနားရောက်နေသလိုရိုက်ပြထားတဲ့သွေးအလိမ်းလိမ်းနဲ့နတ်ဆိုးနှင် ရုပ်ရှင်ကားကြီး
ခရစ်ယာန် နတ်ဆိုးနှင် ဘုန်းတော်ကြီး Joong-Soo သည် နတ်ဆိုးနှင်သည့် အလုပ်တွင် မအောင်မြင်ခဲ့ဘဲ ဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခုကြောင့် စိတ်ဒဏ်ရာ ရရှိသွားခဲ့သည်။ ထိုနောက် ထိုကြောက်စရာကောင်းသည့် နတ်ဆိုးဆိုးကြီးသည် ဘုန်းကြီး၏ အစ်ကိုဖြစ်သူ မိသားစုနေထိုင်ရာ အိမ်သို ရောက်ရှိလာခဲ့သည်။ အထူးဆန်းဆုံးမှာ ထိုနတ်ဆိုးသည် အိမ်သားများ၏ ရုပ်သွင်ကို ပုံစံတု ပြောင်းလဲကာ မိသားစုဝင်များအကြား သံသယနှင့် ထိတ်လန့်မှုများ ဖြစ်ပေါ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ မိသားစုဝင် အချင်းချင်း မည်သူက အမှန်၊ မည်သူက နတ်ဆိုး ပူးကပ်ခံထားရသည်ဆိုသည်ကို မသိနိုင်တော့ဘဲ သွေးပျက်ဖွယ် ရင်တမမဖြင့် ကြည့်ရှုရမည့် သွေးထွက်သံယို အက်ရှင် ရုပ်ရှင်ကားဖြစ်သည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
09/09/2026
#၁၄သန်းတန်ဘတ်ဂျက်ကနေယွမ်၂ဘီလီယံအထိစံချိန်တင်ခဲ့တဲ့ ၂၀၂၆ K Drama Series
အကြွေးနွံ ထဲ ပိတ်မိနေသည့် လူငယ် ရှောင်ဝေသည် ထိုင်းနိုင်ငံတွင် ချမ်းသာနေသည်ဟု သတင်းကြားထားသော အဘိုးဆီမှ ငွေသွားတောင်းရန် ဆုံးဖြတ်ခဲ့သည်။ သိုသော် ထိုင်းနိုင်ငံသို ရောက်ရှိသွားချိန်တွင် အဘိုးဖြစ်သူမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ကွယ်လွန်သွားခဲ့ပြီးဖြစ်ကြောင်း မမျှော်လင့်ဘဲ သိလိုက်ရသည်။ အံ့ဩစရာကောင်းသည်မှာ အဘိုးသေဆုံးပြီးနောက်တွင်လည်း အဘွားထံသို အဘိုးနာမည်ဖြင့် စာများ၊ ငွေလွှများနှင့် လက်ဆောင်များ ပုံမှန်ရောက်ရှိနေခြင်းပင်ဖြစ်သည်။ ရှောင်ဝေသည် ထိုအနှစ် ၄၀ ကြာ မရောက်ခဲ့သော စာများနှင့် နားလည်မှုလွဲမှားမှုများ၏ နောက်ကွယ်က လျှိဝှက်ဆန်းကြယ်သည့် အမှန်တရားနှင့် မေတ္တာတေဇောများကို ဖော်ထုတ်သွားရမည့် ထိရှဝမ်းနည်းဖွယ် ဇာတ်လမ်းဖြစ်ပါသည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
09/09/2026
#အကြွေးဆပ်ဖို့အရှေ့အလယ်ပိုင်းသွားရာမှစစ်ပွဲကြီးကြားပိတ်မိသွားတဲ့ စားဖိုမှူး
အကြွေးများ ဆပ်ရန်နှင့် မိသားစုကို ထောက်ပံ့ရန်အတွက် အရှေ့အလယ်ပိုင်းနိုင်ငံသို အလုပ်လုပ်ရန် ရောက်ရှိလာသည့် တရုတ်စားဖိုမှူး ရွှဖူသည် ဆိုင်မန်နေဂျာ မာကျွင့်ရှန်းနှင့်အတူ "လုံ (နဂါး) စားသောက်ဆိုင်" ကို တည်ထောင်ခဲ့သည်။ ရွှဖူ၏ လက်ရာကောင်းမွန်မှုကြောင့် ဆိုင်မှာ အချိန်တိုအတွင်း နာမည်ကြီး လာခဲ့သော်လည်း ရုတ်တရက် စစ်ပွဲကြီး စတင်ဖြစ်ပွားလာသောအခါ အခြေအနေများ အရှိန်အဟုန်ဖြင့် ဆိုးရွားသွားခဲ့ရသည်။ စစ်မီးလျှံများနှင့် ပစ်ခတ်သံများကြားတွင် သူတို နှစ်ဦးသည် မိမိတို၏ စားသောက်ဆိုင်လေးကို ကာကွယ်ရင်း အသက်ရှင် လွတ်မြောက်ရေးအတွက် အသက်လု ရုန်းကန်ကြရမည် ဖြစ်သည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
07/09/2026
#ညသန်းခေါင်မှာကလေး၁၇ယောက်အကြောင်းမဲ့ထပြေးပျောက်ဆုံးသွားတဲ့ ဇာတ်ကား
ညသန်းခေါင်ယံအချိန်တွင် မူလတန်းကျောင်းသူ/သား ၁၇ ယောက်သည် အကြောင်းအရင်း မရှိဘဲ တစ်ပြိုင်နက်တည်း အိမ်ပြင်သို ပြေးထွက်သွားကြပြီး ပျောက်ဆုံးသွားခဲ့သည်။ စာသင်ခန်းတစ်ခန်းလုံးတွင် ဆရာမ Justine နှင့် ကျောင်းသားလေး Alex တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သဖြင့် ကြောက်ရွံဒေါသထွက်နေသည့် ကျောင်းသားမိဘများနှင့် မြိုခံများက ဆရာမဖြစ်သူကို စုန်းမ၊ မကောင်းဆိုးဝါးဟု အစွပ်စွဲပြုကာ ဝိုင်းဝန်း အပြစ်တင်ကြသည်။ဆရာမ Justine သည် မိမိတွင် အပြစ်မရှိကြောင်း သက်သေပြရန်နှင့် အမှန်တရားကို ဖော်ထုတ်ရန်အတွက် မသင်္ကာဖွယ်ကောင်းသည့် ကျန်ရစ်သူ ကျောင်းသားလေး Alex နောက်သို လိုက်လံစုံစမ်းရာမှ ကလေးများ ပျောက်ဆုံးမှု၏ နောက်ကွယ်တွင် ရှိနေသော ထိတ်လန့်ဖွယ်ရာ စုန်းမကြီးနှင့် မကောင်းဆိုးဝါး ကျိန်စာများကို စတင်တွေ့ရှိရတော့သည်။
ဇာတ်ကားလင့် ကောမန့်မှာကြည့်ပါ။
◆ ━━━━━━━ ▣✦▣ ━━━━━━━━ ◆
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Recap Videos posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
