Clover 9 - Healthy Meal Box
For Healthy & Smart life
19/05/2026
စားချင်တာ စား🍔🌭🌮🌯
အုံးတော့မစားကျနဲ့ 😆😆😆
စားသင့်တာ ဆိုရင်တော့ ဒီမှာပဲ ရှိမယ် 🍀🍀🍀🍀
Clover 9 - Healthy Meal Box
17/05/2026
ရာသီအကူးအပြောင်း မှာ နာမကျန်းဖြစ်လွယ်တာမို့
ကျန်းမာရေးဂရုစိုက်နော် 🥰🍀
❤️အိပ်ရေးဝအောင် အိပ်ပေးနော်
❤️အပြင်သွားရင် ထီးလေးတော့ဆောင်
❤️အဟာရရှိတာလေးတွေ စားပေးနော်
❤️ရေများများသောက်ပေးနော်
🍀🍀🍀🍀🍀
ချစ်တဲ့
Clover 9 - Healthy Meal Box
07/05/2026
Lunch & Dinner ကို မတူတာလေးပဲ စားချင်တယ်ဆို ဒါမျိုးလေးရမယ် 🤗✨🍀🍀🍀
Clover 9 - Healthy Meal Box
06/05/2026
စားသင့်တာနဲ့ စားချင်တာကို ထပ်တူကျစေဖို့ …..
🍀🍀🍀🍀✨✨✨
Clover 9 - Healthy Meal Box
28/04/2026
ဒီရာသီဥတု နဲ့ အစားရှောင် ကျန်းမာဖို့ အပူခံပြီး Kitchen ထဲဝင်စရာ မလိုဘူးနော်။
Clover 9 က Healthy Meal လေးတွေ အသင့်ပြင်ဆင်ပေးထားတယ် 🍀
26/04/2026
အင်္ဂလိပ်နှစ်လဲပြောင်းခဲ့ပြီ
မြန်မာနှစ်လဲပြောင်းခဲ့ပြီ
ပြောင်းလဲဖို့ က You တို့ပဲ ကျန်တော့တယ်နော်🍀🍀🍀
17/04/2026
မြန်မာနှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း Clover 9 - Healthy Meal Box မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🍀🍀🍀
06/04/2026
💦 Healthy Meal Box ကို အစဉ်တစိုက် အားပေးလာကြတဲ့ ချစ်ခင်ရပါသော Customer များခင်ဗျာ... 💦
မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာအတိုင်း မင်္ဂလာရှိလှတဲ့ သင်္ကြန်နှစ်သစ်ကူး အခါသမယမှာ
ကျွန်တော်တို့ Clover 9 - Healthy Meal Box
မိသားစုမှ အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျ။
• စတင်ပိတ်မည့်ရက်: ဧပြီလ (၁၁) ရက် မှ (၁၈) ရက်နေ့အထိ ခေတ္တပိတ်ထားမည်။
• ပြန်လည်ဖွင့်လှစ်မည့်ရက်: ဧပြီလ (၂၀) ရက်နေ့ တွင် ပုံမှန်အတိုင်း ပြန်လည်ပို့ဆောင်ပေးပါမည်။
အားလုံးပဲ အေးချမ်းသာယာတဲ့ သင်္ကြန်အခါသမယလေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏✨
11/03/2026
"Eat Smart, Live Well with Clover 9!" 🥗
❌ ဆီပြန်စာတွေ မဟုတ်ဘူး
❌ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမွှေးအကြိုင်တွေ မပါဘူး
✅ သန့်ရှင်းမှု ၁၀၀%
✅ အရသာနဲ့ အာဟာရ ပြည့်ဝမှု ၁၀၀%
"ကျန်းမာခြင်းဟာ တကယ့်ရတနာပါ။ ဒီရတနာကို Clover 9 နဲ့အတူ ထိန်းသိမ်းလိုက်ရအောင်။"
🛒 အခုပဲ မှာယူစားသုံးပြီး သင့်ရဲ့ Healthy Lifestyle ကို စတင်လိုက်ပါ။
10/03/2026
ဝိတ် ၁ ပေါင် တက်တိုင်း ဒူးက ၄ ပေါင်စာ ခံရတယ်ဆိုတာ သင်သိပါသလား?"😖
ကိုယ်အလေးချိန်များခြင်း (Overweight) နဲ့ ဒူးနာခြင်း (Knee Pain) ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ဒူးဆစ်က အဓိက ထမ်းထားရတာဖြစ်လို့ ကိုယ်အလေးချိန်များလာတာနဲ့အမျှ ဒူးအပေါ်သက်ရောက်မှုက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ကြီးမားပါတယ်။
၁။ ရုပ်ပိုင်းဆိုင်ရာ ဖိအား (Mechanical Stress)
ကျွန်တော်တို့ လမ်းလျှောက်တဲ့အခါဒူးဆစ်ပေါ်ကျရောက်တဲ့ ဖိအားဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၃ ဆ ကနေ ၆ ဆ အထိ ရှိနိုင်ပါတယ်။
🔹 ဖိအားများခြင်း: ဥပမာ- ကိုယ်အလေးချိန် ၁ ပေါင် တက်လာတိုင်း ခြေလှမ်းတိုင်းမှာ ဒူးဆစ်ပေါ်ကို ၄ ပေါင်စာလောက် ဖိအား ပိုသက်ရောက်စေပါတယ်။
🔹 အရိုးနု ပွန်းစားခြင်း: ဒီလို ဖိအားတွေ အမြဲတမ်း များနေတဲ့အခါ ဒူးဆစ်ကြားက အရိုးနု (Cartilage) တွေဟာ အချိန်မတိုင်ခင် ပွန်းစားလာပြီး အရိုးနုပွန်းစားခြင်း (Osteoarthritis) ကို ဖြစ်စေပါတယ်။
၂။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု (Systemic Inflammation)
ဒါက လူအတော်များများ သတိမထားမိတဲ့ အချက်ပါ။ အဆီဆဲလ် (Fat cells) တွေဟာ အဆီကို သိုလှောင်ရုံတင် မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေကို ထုတ်ပေးပါတယ်။
• ဒီဓာတ်ပစ္စည်းတွေက သွေးကြောထဲကနေတစ်ဆင့် အဆစ်အမြစ်တွေဆီ ရောက်သွားပြီး ဒူးဆစ်တွေ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းကို ပိုဆိုးစေပါတယ်။
• ဒါကြောင့်ပဲ ကိုယ်အလေးချိန်များသူတွေဟာ ဒူးတင်မကဘဲ လက်ဆစ်တွေပါ နာကျင်တာမျိုး ဖြစ်တတ်ကြတာပါ။
၃ ။ လှုပ်ရှားမှု နည်းပါးလာခြင်း (Decreased Activity)
ဒူးနာလာတဲ့အခါ လူက မလှုပ်ရှားချင်တော့ပါဘူး။ အဲဒီအခါမှာ ;
• ဒူးပတ်ပတ်လည်က ကြွက်သားတွေ အားနည်းလာပါတယ်။
• ကြွက်သားအားနည်းတော့ ဒူးဆစ်ကို ကောင်းကောင်း မထိန်းနိုင်တော့ဘဲ ဒူးနာတာ ပိုဆိုးလာပါတယ်။
• ကိုယ်လက်လှုပ်ရှားမှု နည်းသွားလို့
ကိုယ်အလေးချိန်က ထပ်တက်လာပြီး
"ဒူးနာ - လှုပ်ရှားမှုနည်း - ဝလာ - ဒူးပိုနာ" ဆိုတဲ့ သံသရာထဲ ပိတ်မိသွားတတ်ပါတယ်။
ဒါဆို ဘာတွေ စလုပ်သင့်သလဲ?
ကိုယ်အလေးချိန်ကို ၅% ကနေ ၁၀% လောက်အထိ လျှော့ချလိုက်ရုံနဲ့တင် ဒူးနာတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။
❇️ ရေကူးခြင်း ၊ စက်ဘီး စီးခြင်း
ဒူးကို ဝန်မပိစေဘဲ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။
❇️ ပေါင်ကြွက်သား လေ့ကျင့်ခန်းများလုပ်ဆောင်စေခြင်း
ဒူးစစ်ကို ထိန်းပေးမယ့် ကြွက်သားများကို သန်မာလာစေပါတယ်။
❇️ စားသောက်မှုပုံစံ ပြောင်းလဲခြင်း
ရောင်ရမ်းမှုကို လျော့ချပေးပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။
✨ကိုယ်အလေးချိန် လျှော့ချဖို့ အစားအသောက် ပြောင်းလဲမှု နဲ့ လေ့ကျင့်ခန်း ကို ပူးတွဲပြီးလုပ်ဆောင်တဲ့ အခါ ပိုပြီးထိရောက်မှု ရှိနိုင်ပါတယ်။
Clover 9 - Healthy Meal Box
Category
Website
Address
Alerts
Be the first to know and let us send you an email when Clover 9 - Healthy Meal Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
