Royal Crowns and Tiaras

Royal Crowns and Tiaras

Share

We care your beauty

Photos from Royal Crowns and Tiaras's post 29/09/2026

ဗြိတိသျှတော်ဝင်မိသားစုသမိုင်းဝင် ရတနာစုဆောင်းမှုများအနက် Girls of Great Britain and Ireland သရဖူဟာအနုပညာလက်ရာ အရည်အသွေးအရ လည်းကောင်း၊ အဓိပ္ပာယ် လေးနက်မှုအရ လည်းကောင်း၊ တော်ဝင်အမျိုးသမီးများမျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်လွှဲပြောင်းပေးခဲ့သည့် သမိုင်းကြောင်းအရလည်းကောင်း၊အထင်ကရဆုံးနှင့်အကျော်ကြားဆုံး သရဖူတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဘုရင်မကြီး Elizabeth IIရဲ.နှစ် ၇၀ မျှသော နန်းစံသက်အတွင်း အနှစ်သက်ဆုံးနှင့် အကြိမ်အများဆုံး ဝတ်ဆင်ခဲ့သည့် သရဖူအဖြစ် ကမ္ဘာတစ်ဝန်း လူသိများပါတယ်။၁၈၉၃ ခုနှစ်တွင် Price George,Prince of York (King George Vဖြစ်လာမည့်သူ)နှင့် Priceess Mary of Teck တို့ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။မင်္ဂလာလက်ဖွဲ.အဖြစ် ဗြိတိန်နှင့် အိုင်ယာလန်နိုင်ငံတို့မှ အမျိုးသမီးများ စည်းလုံးညီညွတ်စွာဖြင့် လက်ဆောင်ပေးရန် စီစဉ်ခဲ့ကြရာ Lady Eva Greville ကဦးဆောင်သည့် အမျိုးသမီးကော်မတီတစ်ရပ်သည် တစ်နိုင်ငံလုံးရှိ အမျိုးသမီးများထံမှအလှူငွေများ ကောက်ခံ၍ Garrard & Co. ထံတွင် ဒီသရဖူကို အထူးမှာယူ ဖန်တီးစေခဲ့တာပါ။ အလှူငွေ ကောက်ခံရာတွင် မူလခန့်မှန်းထားသည်ထက် ပိုမိုရရှိခဲ့သဖြင့် ပိုလျှံသောငွေကြေးများကို မြင်းဇောင်း မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် စစ်သည်တော်များမိသားစုများ ထောက်ပံ့ရေး ရန်ပုံငွေ (Victoria Barracks Relief Fund)သို့ လှူဒါန်းခဲ့ပါတယ်။ ဒီသရဖူကိုတော့ ပလက်တီနမ်နှင့်ရွှေများဖြင့်အခြေခံပြလုပ်ထားပြီး အနုစိတ် စီခြယ်ထားသော စိန်ပွင့်ပေါင်း ၁,၀၀၀ မှ ၁,၃၀၀ အထိ ပါဝင်ပြီး စုစုပေါင်း စိန်အလေးချိန် ၁၀၀ မှ ၁၅၀ ကာရက်ခန့် ရှိပါတယ်။ သရဖူတစ်ခုလုံးကို တော်ဝင် နှင်းဆီပန်း (Fleur-de-lis)များကိုတစ်ခုနှင့်တစ်ခုဆက်သွယ်ထားပြီးပန်းပွင့်ရဲ.ထိပ်မှာတော့ ပုလဲတစ်လုံးစီတပ်ဆင်ထားပါတယ်။သို့သော်၁၉၁၄ ခုနှစ်တွင် မိဖုရားMary ကထိုပုလဲများကို ဖြုတ်ယူ၍ Lover’s Knotသရဖူသို့ ပြောင်းရွှေ့ တပ်ဆင်ခဲ့ပြီး၊ ဒီသရဖူ၏ ထိပ်တွင် Surrey Fringe သရဖူမှ အရောင်လက်ဆုံးသွေး စိန်ပွင့် ၁၃ ပွင့်ကို အစားထိုး တပ်ဆင်ခဲ့ပါတယ်။ သရဖူ၏ အောက်ခံဘောင် (Bandeau Base) ကို သီးခြား ဖြုတ်ယူ၍ ခေါင်းစည်းဘောင်အဖြစ် ဝတ်ဆင်နိုင်သကဲ့သို့၊ အောက်ခံဘောင်မပါဘဲ သရဖူအသေးအဖြစ်လည်းကောင်း၊လည်ဆွဲ (Necklace) အဖြစ်လည်းကောင်း ပြောင်းလဲ ဝတ်ဆင်နိုင်အောင် ဖန်တီးထားပါတယ်။ ၁၉၄၇ ခုနှစ်တွင် Princess Elizabeth နှင့် Prince Philipတို့မင်္ဂလာပွဲဆင်နွှဲသောအခါ ဘွားတော် မိဖုရားကြီး Queen Mary ကဒီသရဖူကို မြေးတော်မင်းသမီးထံ မင်္ဂလာလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။ Princess Elizabethက Queen Mary ကိုချစ်စနိုးဖြင့် "Granny" ဟု ခေါ်ဆိုလေ့ရှိသဖြင့် ဒီသရဖူကိုတော်ဝင်မိသားစုအတွင်း
"Granny's Tiara" ဟုအသိများပါတယ်။ ဘုရင်မကြီး Elizabeth II ၁၉၅၂ ခုနှစ်တွင် နန်းတက်ပြီး သီတင်းပတ် အနည်းငယ်အကြာ၌ ဓာတ်ပုံဆရာမ Dorothy Wilding နှင့် ပထမဆုံး တရားဝင် ပုံတူဓာတ်ပုံများ ရိုက်ကူးရာတွင် ဒီသရဖူကိုရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။ ထိုဓာတ်ပုံများသည် ဗြိတိန်နှင့်လက်အောက်နိုင်ငံများအတွင်း အကြွေစေ့များ၊ ငွေစက္ကူများနှင့် တံဆိပ်ခေါင်းများပေါ်တွင် ဆယ်စုနှစ်များစွာ သုံးစွဲခဲ့သည့် ဘုရင်မကြီးပုံရိပ်အဖြစ် သမိုင်းဝင်သုံးစွဲခဲ့ပါတယ်။ ထို့အပြင် ဘုရင်မကြီးအနေဖြင့် ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ ကနေဒါ၊ ပြင်သစ်၊ အမေရိကန်၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်နှင့် နယ်သာလန် အစရှိသော နိုင်ငံပေါင်းများစွာသို့ သွားရောက်သည့် နိုင်ငံတော် ခရီးစဉ်များ၊ ဗြိတိသျှ လွှတ်တော်ဖွင့်ပွဲများ (State Opening of Parliament) နှင့် နန်းတွင်း ဧည့်ခံပွဲ အခမ်းအနားများတွင် ဒီသရဖူကိုအဓိကထားရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တွင် ဘုရင်မကြီးElizabethကွယ်လွန်ပြီးနောက် ဒီသရဖူဟာ Queen Camilla ထံသို့ရောက်ရှိခဲ့ပါတယ်။ မိဖုရား Camilla သည် ၂၀၂၃ ခုနှစ်တွင် လန်ဒန်မြို့ Mansion House ၌ ကျင်းပသော နန်းတက်ပွဲ အထိမ်းအမှတ် ညစာစားပွဲနှင့် Buckingham Palace သံတမန်များ ဧည့်ခံပွဲ (Diplomatic Reception) တို့တွင် ဒီသရဖူကိုပြန်လည်ဝတ်ဆင်ခဲ့ပါတယ်။

29/09/2026

17/09/2026

Cartierထိပ်တန်း ဒီဇိုင်နာကြီး Charles Jacqueau က ၁၉၁၁ ခုနှစ်တွင် ဒီဇိုင်းထုတ်ခဲ့သည့်ဒီသရဖူဟာ ရုရှားတော်ဝင် အမျိုးသမီးတို့ရဲ.ရိုးရာခေါင်းဆောင်း"Kokoshnik"ပုံစံကိုကို ခေတ်သစ်အနုပညာ ရေစီးကြောင်းဖြင့် ပေါင်းစပ်ပုံဖော်ထားပါတယ်။ သရဖူအောက်ခြေဘောင်ကို အရည်အသွေးမြင့် သလင်းကျောက် (Carved Rock Crystal)ဖြင့် ထုဆစ်ထားပြီး ပလက်တီနမ်ဘောင်ပေါ်တွင် စိန်များကို ဒေါင်လိုက်လိုင်းစင်းများနှင့်ရေခဲစက် (Icicles)များပုံသဏ္ဌာန်စီခြယ်ထားပါတယ်။ နှင်းကနေသော နေ့တစ်နေ့တွင်တွေ.ရလေ့ရှိသည့်တောက်ပြောင်နေသော ရေခဲစက်များနှင့် ရေခဲပွင့်လေးများစီခြယ်ထားသည့်သဖွယ်ရှိနေပြီး ထိပ်မှာတော့ ၃.၆၆ ကာရက်ရှိသော အပြစ်အနာအဆာကင်းစင်သည့်စိန်ပွင့်ကြီးတစ်ပွင့်နဲ.အနားသပ်ထားပါတယ်။ ၁၉၁၄ ခုနှစ် အစောပိုင်းတွင် ရုရှားနိုင်ငံအချမ်းသာဆုံးမိသားစုမှPrince Felix Yusupovဟာ ဇာဘုရင်Nicholas IIရဲ. တူမတော်Princess Irina Alexandrovnaနှင့် လက်ထပ်ရန်စေ့စပ်စဉ် ဒီသရဖူကို မင်္ဂလာလက်ဆောင်အဖြစ် ဝယ်ယူပေးခဲ့ပါတယ်။ ၁၉၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ Anichkov နန်းတော်၌ ကျင်းပသောမင်္ဂလာပွဲတွင် Princess Irinaဟာ Marie Antoinetteပိုင်ဆိုင်ခဲ့ဖူးသော မင်္ဂလာ ဇာပဝါ(Veil) ကို Cartier Rock Crystal Tiaraနှင့်အတူဝတ်ဆင်ခဲ့ပါတယ်။မင်္ဂလာဦး ဟန်းနီးမွန်း ခရီးစဉ်အဖြစ် ပါရီသို့ သွားရောက်စဉ် Yusupov နှင့် Romanov မိသားစု၏ အမွေအနှစ် ရတနာများကို Cartier နှင့် Chaumet တို့တွင် ဒီဇိုင်းသစ် ပြန်လည်ပြင်ဆင်ခဲ့ကြပါတယ်။ ၁၉၁၇ ခုနှစ် ရုရှား တော်လှန်ရေး ဖြစ်ပွားသောအခါPrince Felixသည် Yusupov မိသားစုရတနာများအပြင် ယောက္ခမဖြစ်သူ Grand Duchess Xenia Alexandrovnaရတနာများကို မော်စကိုမြို့ရှိ Yusupov Palaceလှေကားအောက်တွင် မြှုပ်နှံ ဝှက်သိမ်းခဲ့ပါတယ်။ဇနီးမောင်နှံနှစ်ဦး ရုရှားမှ ထွက်ပြေး လွတ်မြောက်စဉ် စိန်ကျောက်မျက်အချို့ပါသွားခဲ့သော်လည်း သရဖူများပါရှိမသွားခဲ့ပေ။ထိုရတနာများသည် ၁၉၂၅ ခုနှစ်အထိ လှေကားအောက်တွင် ဝှက်ထားလျက်ရှိခဲ့ပြီး နန်းတော် ပြန်လည်ပြင်ဆင်ရေး အလုပ်သမားများက ရှာဖွေတွေ့ရှိခဲ့ပြီး သရဖူ ၁၃ ခု၊ ဆွဲကြိုး ၂၅ကုံးနှင့် ရင်ထိုး ၂၅၀ ခု ပါဝင်ခဲ့ပါတယ်။ဘော်ရှီဗစ်များမှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံများထဲတွင် Cartier Rock Crystal Tiara လည်း ပါဝင်ခဲ့ပြီး၊ သရဖူတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသဖြင့် သမိုင်းထဲတွင် ထာဝရပျောက်ကွယ်ခြင်းလော သို့မဟုတ် ကရင်မလင်နန်းတော်အတွင်းကျန်ရှိနေသေးလော မသိရှိရတော့ပါဘူး။

Photos from Royal Crowns and Tiaras's post 17/09/2026

10/09/2026

ကမ္ဘာ့သမိုင်းတွင် ရတနာစိန်ကျောက်များ စီခြယ်မှု၌ အခမ်းနားဆုံး၊ အထက်မြက်ဆုံးနှင့် စရိတ်အကုန်ကျဆုံးသော မင်းမြှောက်ရာ ရာဇပလ္လင်ကို ပြပါဆိုလျှင် ၁၇ ရာစု မဂိုအင်ပါယာမှPeacock Throneဒေါင်းရာဇပလ္လင် သို့မဟုတ် Takht-i Tāvūs ဖြစ်ပါတယ်။ ဒီပလ္လင်တော်ဟာ မဂိုလူမျိုးတို့ရဲ.အနုပညာမြောက်မှုနှင့် ရွှေခေတ်တစ်ခေတ်ရဲ.ပြည့်စုံကြွယ်ဝမှုကို တစ်ကမ္ဘာလုံးသို့ ထုတ်ဖော်ပြသခဲ့သော အထိမ်းအမှတ် သင်္ကေတတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ၁၆၂၈ ခုနှစ်တွင် မဂိုဧကရာဇ်Shah Jahan နန်းတက်သည့် ဘိသိက်မြှောက်ပွဲနေ့အထိမ်းအမှတ်အဖြစ်ထူးခြားဆန်းပြားသည့် ရာဇပလ္လင်သစ်ကို ပြုလုပ်ရန် စတင်မိန့်မှာခဲ့ပါတယ်။ Shah Jahanဟာ မဂိုအင်ပါယာအလယ်ဗဟိုဖြစ်သောဒေလီ (Delhi) မြို့ရှိ အနီရောင်ခံတပ်Red Fort အတွင်းမှ Diwan-i-Khasသီးသန့် ညီလာခံခန်းမအတွင်းအသုံးပြုရန်အတွက်ဖြစ်ပါတယ်။ တည်ဆောက်ရခြင်းအဓိက ရည်ရွယ်ချက်မှာ သမ္မာကျမ်းစာနှင့် ကူရမ်ကျမ်းစာလာ ဆော်လမွန်ဘုရင်ရာဇပလ္လင်Throne of Solomonကိုအတုယူဖန်တီးထားခြင်းဖြစ်ပြီးမြေပြင်ထက်တွင် လွင့်မျှောလျက် တရားမျှတသော ဘုရင်တစ်ပါးဘုန်းကျက်သရေကို ပေါ်လွင်စေရန် ဖြစ်ပါတယ်။ နန်းတွင်း ပန်းထိမ်ဆရာကြီး Said Gilani Bibadal Khanရဲ.ကြီးကြပ်မှုအောက်တွင် ကျွမ်းကျင်ပညာရှင်များက ၇ နှစ်တိုင်တိုင် မနားတမ်း ဖန်တီးခဲ့ကြရပြီး ၁၆၃၅ ခုနှစ်မှ စတင်အသုံးပြုနိုင်ခဲ့ပါတယ်။ဒေါင်းရာဇပလ္လင်အခြေခံပုံသဏ္ဌာန်မှာ ကုလားထိုင်ပုံစံမဟုတ်ဘဲ ၆ ပေ x ၄ ပေ ရှိသော အထက်သို့ မြှင့်တင်ထားသည့် စတုဂံပုံစံအမိုးအကာပါပြီး ရွှေစင်ဖြင့် ကွပ်ထားသော ခြေထောက် ၄ တိုင် (အချို့မှတ်တမ်း၌ ၆ တိုင်) ပေါ်တွင် ပလ္လင်စင်ကို ၂၅ လက်မခန့် မြှင့်တင်ထားပြီး ပလ္လင်တော်ပေါ်သို့ တက်ရောက်ရန် ငွေစင်ဖြင့် ပြုလုပ်ထားသော လှေကားထစ် ၃ ထစ် ပါရှိပါတယ်။ ပလ္လင်တော်အထက်တွင် ရွှေတိုင် ၁၂ တိုင်က မားမားမတ်မတ် ထိန်းမထားသော ရွှေစင်မျက်နှာကြက်ပါရှိပြီး အတွင်းပိုင်းတွင် စိန်၊ နီလာနှင့် ပုလဲများကို ကြယ်တာရာများအလား စီခြယ်ထားပါတယ်။ အမိုးမျက်နှာကြက်အထက်ဘက်တွင်ဒေါင်းရုပ်နှစ်ရုပ်တပ်ဆင်ထားပြီးထိုဒေါင်းရုပ်များအမြီးတန်းအရောင်အသွေးအတိုင်း ထွက်ပေါ်စေရန် မြ၊ နီလာ၊ ပတ္တမြားနှင့် ပုလဲများကို အနုစိတ်စီခြယ်ထားပြီး ဒေါင်းမျက်လုံးများနေရာတွင် ဒဏ္ဍာရီလာ Koh-i-Noor နှင့် Akbar Shah စိန်ကြီးများကို ထည့်သွင်းထားသည်ဟု ဆိုကြပါတယ်။ ဒေါင်းနှစ်ရုပ်အလယ်တွင် ရတနာစိန်ပင်တစ်ပင်နှင့် ကြက်တူရွေးရုပ်တစ်ရုပ် ပါရှိတယ်လို့လဲသိရပါတယ်။ပလ္လင်တော်တစ်ခုလုံးအတွက် ရွှေစင် ပေါင် ၂,၅၀၀ ကျော်နှင့် အဖိုးတန် ကျောက်မျက်ရတနာ ပေါင် ၅၀၀ ကျော် သုံးစွဲခဲ့ရာတွင် မြ ၁၁၆ လုံး၊ ပတ္တမြား ၁၀၈ လုံးနှင့် ပုလဲပေါင်းများစွာ ပါဝင်ပါတယ်။ပြင်သစ် ကျောက်မျက်ကုန်သည် Tavernier က ပလ္လင်တော်ရှိ ပုလဲများကို အဖိုးအတန်ဆုံးအဖြစ်ချီးမွမ်းခဲ့ပါတယ်။ကုန်ကျစရိတ်မှာ Taj Mahalတည်ဆောက်စရိတ်ထက်နှစ်ဆမျှ ပိုမိုကုန်ကျခဲ့တာပါတဲ့။ မဂိုအင်ပါယာ အင်အားဆုတ်ယုတ်လာသည့်အခါ ၁၇၃၉ ခုနှစ်၌ ပါရှားဘုရင်Nader Shahက ဒေလီမြို့ကို ကျူးကျော်ဝင်ရောက်ကာ Battle of Karnal စစ်ပွဲတွင် မဂိုဧကရာဇ် Muhammad Shahကို အနိုင်ရရှိခဲ့ပါတယ်။ ပါရှားတပ်များသည် ဒေလီမြို့ကို တိုက်ခိုက်လုယက်ခဲ့ကြပြီး စစ်အောင်နိုင်မှု အထိမ်းအမှတ်အဖြစ် ဒေါင်းရာဇပလ္လင်တစ်ခုလုံးအပြင် Koh-i-Noor၊ Darya-i-Noor နှင့် Timur Ruby တို့အပါအဝင် ဘဏ္ဍာများကို ပါရှားနိုင်ငံ (ယခု အီရန်) သို့ သယ်ဆောင်သွားခဲ့ကြပါတယ်။ ရာဇပလ္လင်တော်နိဂုံးသည် ၁၇၄၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရောက်ရှိလာခဲ့ပါတယ်။ပါရှားဧကရာဇ် Nader Shahကို လက်အောက်စစ်အရာရှိများ၏ ရုတ်တရက် လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဘုရင်သေဆုံးသွားပြီးနောက် ပါရှားတပ်တွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ကာ ထီးနန်းနှင့်ဘဏ္ဍာတော်လုပွဲများပေါ်ပေါက်ခဲ့ပါတယ်။ ထိုရုတ်ရုတ်သဲသဲ အခြေအနေအတွင်း စစ်တပ်မှခေါင်းဆောင်များနှင့် ပုန်ကန်သူများသည် အဖိုးတန် ရွှေစင်များနှင့် ကျောက်သံပတ္တမြားများကို အလွယ်တကူ ခွဲဝေယူငင်နိုင်ရန်အတွက် ပလ္လင်တော်ကြီးကို ရိုက်ခွဲ၊ ဖျက်ဆီး၍ အစိတ်အပိုင်းများအဖြစ် အပိုင်းပိုင်းခွဲယူသွားခဲ့ကြပါတယ်။ရလဒ်အနေဖြင့် ကမ္ဘာ့သမိုင်းတွင်အနုပညာမြောက်ဆုံးနှင့်အချမ်းသာဆုံး မင်းမြှောက်ရာ ပလ္လင်တော်ကြီးမှာ အပိုင်းပိုင်းအစစ ဖျက်ဆီးခံလိုက်ရပြီး အမြဲတမ်း ပျောက်ကွယ်သွားခဲ့ရပါတယ်။ မူလပလ္လင်တော်မှ ကျောက်မြတ်အချို့သာယနေ့ထက်တိုင် ကျန်ရှိတော့ပြီး၊ ဒေါင်းရာဇပလ္လင်ကြီးမှာမဂိုတို့၏ ရွှေခေတ်ခမ်းနားမှုနှင့်အတူ သမိုင်းဝင် ဒဏ္ဍာရီတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့ရပါတော့တယ်။

Photos from Royal Crowns and Tiaras's post 10/09/2026

06/09/2026

The crown of Saint Wenceslas(Svatováclavská korunaသို့မဟုတ် Wenzelskrone)သရဖူကို ၁၃၄၆ ခုနှစ်တွင်Bohemiaဘုရင်နှင့် Holy Roman Emperorဘုရင် Charles IV နန်းတက်ပွဲအတွက် ပြုလုပ်စေခဲ့ပြီး ဘိုဟီးမီးယား မင်းမြောက်တန်ဆာများအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည့်သရဖူတစ်ခုဖြစ်ပါတယ်။ထိုနောက်ဒီသရဖူကိုနိုင်ငံနာယကSt. Wenceslas အား ရည်မှန်းလှူဒါန်းခဲ့ကာ အနာဂတ်Bohemiaဘုရင်များဘိသိက်ခံပွဲများအတွက်မရှိမဖြစ်လိုအပ်သောနိုင်ငံတော်ဦးသျှောင်သရဖူအဖြစ်အမွေထားရစ်ခဲ့ပါတယ်။ Charles IV အမိန့်ဖြင့် ဒီသရဖူသစ်ကို St. Vitus Cathedralတွင်သိမ်းဆည်းခဲ့ပြီး နောက်ပိုင်းတွင် Karlštejn ရဲတိုက်သို့ ပြောင်းရွှေ့ခဲ့သလို၁၈၃၆ ခုနှစ်တွင် Ferdinand V ဘိသိက်ခံပွဲတွင်နောက်ဆုံးအကြိမ် အသုံးပြုခဲ့ပါတယ်။ သရဖူတစ်ခုလုံးကိုရွှေစင်ရွှေသားဖြင့်ပြုလုပ်ထားပြီး နီလာ ၁၉ လုံး၊ spinels ၄၄လုံး၊မြ ၃၀ လုံးနှင့် ပတ္တမြားဟု မကြာခဏမှားယွင်းစွာခေါ်ဆိုလေ့ရှိသောအနီရောင်elbaite ကျောက်မျက်ရတနာစုစုပေါင်း ၉၁ လုံးနှင့် ပုလဲ အလုံး ၂၀ ဖြင့် တန်ဆာဆင်ထားပါတယ်။ သရဖူတွင်ထိစပ်နေသောအခုံးနှစ်ခုအထက်တွင် ထောင်မတ်နေသောကြက်ခြေခတ်တစ်ခုပါရှိပြီး ကြက်ခြေခတ်ပေါ်မှကျောက်အပေါ်တွင်ခရစ်တော်ပုံပါရှိပြီးအလေးချိန် အားဖြင့် ၂.၅ ကီလိုရှိပါတယ်။ ဒီသရဖူရဲ.ထူးခြားချက်မှာ ပါဝင်သောကျောက်မျက်ရတနာများအားသွေးထားခြင်းမရှိဘဲ သဘာဝကျောက်လုံးများအတိုင်း ထည့်သွင်းထားပါတယ်။ အခြားဥရောပမင်းမြောက်တန်ဆာများနှင့်မတူဘဲ Saint Wenceslasသရဖူကို အများပြည်သူသို့ ပုံမှန်ပြသလေ့မရှိဘဲတုပပြုလုပ်ထားသောသရဖူကိုသာပြသထားထားပြီး အစစ်ကိုတော့အခြား ဘိုဟီးမီးယား မင်းမြောက်တန်ဆာများနှင့်အတူ St. Vitus Cathedral အတွင်းရှိ St. Wenceslas Chapel မှ တံခါးတစ်ချပ်ဖြင့် ဝင်ရောက်နိုင်သော အခန်းတစ်ခုထဲတွင် သိမ်းဆည်းထားပါတယ်။ပြည်သူများအနေဖြင့် အခန်းနေရာကိုတိကျစွာမသိရှိရဘဲ မင်းမြောက်တန်ဆာများ ရှိရာ အဝင်တံခါးကို သော့ ၇ ချပ်ဖြင့် ပိတ်ထားပြီး ထိုသော့များကို Czech Republic သမ္မတ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ Prague မြို့တော်ဝန်၊ Prague ဂိုဏ်းချုပ်ဘုန်းတော်ကြီးနှင့် Prague မြို့ St. Vitus Cathedralသာသနာပိုင် အကြီးအကဲတို့ကအသီးသီးထိန်းသိမ်းထားကြပါတယ်။ မင်းမြောက်တန်ဆာများကို အရေးပါသော အခါသမယများတွင် ၅ နှစ်လျှင် တစ်ကြိမ်ခန့်သာ အခန်းထဲမှထုတ်ယူ၍ရက်ပိုင်းမျှပြသလေ့ရှိပြီး ၂၀၁၆ ခုနှစ် မေလတွင် Charles IV မွေးဖွားခြင်း ၇၀၀ ပြည့် အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ် မေလတွင် Czech သမ္မတသစ်၏ ရာထူးတက်ပွဲ အထိမ်းအမှတ်အဖြစ်လည်းကောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။ ရှေးဟောင်းချက်ပုံပြင်တစ်ပုဒ်အဆိုအရ သရဖူသည် St. Wenceslas၏ကိုယ်ပိုင်ပစ္စည်းဖြစ်ပြီး ဘိသိက်ခံယူသောတရားဝင်ဘိုဟီးမီးယားဘုရင်သာဝတ်ဆင်ခွင့်ရှိသဖြင့် အခြားလူဒီသရဖူကို ခေါင်းပေါ်ဆောင်းပါက တစ်နှစ်အတွင်းလူမဆန်စွာသေဆုံးရလိမ့်မည်ဟုဆိုပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း Bohemia နှင့် Moraviaနာ_ဇီဒုတိယကာကွယ်ရေးမှူးဖြစ်သူ Reinhard Heydrich သည် St. Vitus Cathedralကိုစစ်ဆေးစဉ်သရဖူကိုတိတ်တဆိတ်ဆောင်းခဲ့သည်ဟုဆိုကြပြီး၊ တစ်နှစ်မပြည့်မီအချိန်၌ပင် Czech တော်လှန်ရေးတပ်ဖွဲ့၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ပါတယ်။ Heydrich သည် ထိုသို့ ပြုလုပ်ခဲ့ကြောင်း သက်သေမရှိသော်လည်း ဒီပုံပြင်ကို လူအများကယုံကြည်ကြပါတယ်။

Telephone

Website

Address

Yangon

Alerts

Be the first to know and let us send you an email when Royal Crowns and Tiaras posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.