CÉLÉ
Led by Grace, Respected by All
01/10/2026
🍂 𝐎𝐜𝐭𝐨𝐛𝐞𝐫 …
"𝑜𝑐𝑡𝑜𝑏𝑒𝑟 𝑖𝑠 𝑎 𝑔𝑒𝑛𝑡𝑙𝑒 𝑟𝑒𝑚𝑖𝑛𝑑𝑒𝑟
𝑡ℎ𝑎𝑡 𝑡ℎ𝑒𝑟𝑒 𝑖𝑠 𝑏𝑒𝑎𝑢𝑡𝑦
𝑖𝑛 𝑏𝑒𝑐𝑜𝑚𝑖𝑛𝑔 𝑠𝑜𝑚𝑒𝑜𝑛𝑒 𝑛𝑒𝑤." 🤎
—— ✧ ——
𝐎𝐜𝐭𝐨𝐛𝐞𝐫 လဆိုတာ...
ရာသီတွေ တဖြည်းဖြည်းပြောင်းလဲလာပြီး
အရာရာကို ပိုနူးညံ့စွာ
ခံစားမိလာတဲ့ လတစ်လပါ။ 🍂
အရွက်တွေလည်း
အရောင်ပြောင်းလဲပြီး ကြွေကျသွားသလို...
ကျွန်မတို့လည်း
ကိုယ်နဲ့ မလိုက်ဖက်တော့တဲ့အရာတွေကို
အတိတ်မှာ ချန်ခဲ့ပြီး
ကိုယ့်ရဲ့ ပိုလှပတဲ့ version ဆီ
တဖြည်းဖြည်း ပြောင်းလဲလာနိုင်ပါတယ်။
အလှတရားဆိုတာ
အမြဲတမ်း အသစ်အဆန်းတွေထဲမှာပဲ
ရှိတာမဟုတ်ပါဘူး …
ပြောင်းလဲလာတဲ့ ကိုယ့်ကိုယ်ကို
လက်ခံတတ်ခြင်းထဲမှာလည်း ရှိပါတယ်။
ဒီ October မှာတော့
ပိုပြီးနူးညံ့ပါ။
ပိုပြီးယုံကြည်ပါ။
ပြီးတော့ ကိုယ့်ရဲ့လမ်းကို
လှလှပပ ဆက်လျှောက်လှမ်းပါ။
𝐖𝐢𝐭𝐡 𝐥𝐨𝐯𝐞,
𝐂𝐄𝐋𝐄 🤍
#𝐎𝐜𝐭𝐨𝐛𝐞𝐫𝐕𝐢𝐛𝐞𝐬 #𝐇𝐞𝐥𝐥𝐨𝐎𝐜𝐭𝐨𝐛𝐞𝐫 #𝐀𝐮𝐭𝐮𝐦𝐧𝐕𝐢𝐛𝐞𝐬 #𝐒𝐥𝐨𝐰𝐋𝐢𝐯𝐢𝐧𝐠 #𝐆𝐞𝐧𝐭𝐥𝐞𝐑𝐞𝐦𝐢𝐧𝐝𝐞𝐫 #𝐂𝐨𝐳𝐲𝐕𝐢𝐛𝐞𝐬
#𝐂𝐄́𝐋𝐄́ #𝐎𝐜𝐭𝐨𝐛𝐞𝐫𝐕𝐢𝐛𝐞𝐬 #𝐐𝐮𝐢𝐞𝐭𝐋𝐮𝐱𝐮𝐫𝐲 #𝐄𝐟𝐟𝐨𝐫𝐭𝐥𝐞𝐬𝐬𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 #𝐌𝐢𝐧𝐢𝐦𝐚𝐥𝐢𝐬𝐭𝐒𝐭𝐲𝐥𝐞 #𝐋𝐢𝐧𝐞𝐧𝐂𝐨𝐭𝐭𝐨𝐧 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐚𝐬𝐡𝐢𝐨𝐧 #𝐥𝐨𝐜𝐚𝐥𝐛𝐫𝐚𝐧𝐝
27/09/2026
ဒီနေ့တော့ ရင်ဖွင့်ပါရစေ…
(ဒီနေ့ကတော့ စျေးမရောင်းဘူး ရင်ဖွင့်မှာပါ။)
လောကမှာ ကိုယ့်သွေးသားမဟုတ်ပေမယ့်
ကိုယ့်အပေါ် သွေးသားရင်းချာတွေအတိုင်း နွေးနွေးထွေးထွေး ကောင်းပေးကြတဲ့သူတွေ ရှိတယ်။
အစကတော့ သူစိမ်းတွေပဲလေ။
ဒါပေမယ့် ဘာရေစက်နဲ့မှန်းမသိဘူး…
တွေ့ပြီးတဲ့နောက်မှာတော့ သူစိမ်းတွေလို မခံစားရတော့ဘူး။
ကိုယ်မသိတဲ့အချိန်မှာ လက်တွဲခေါ်ပေးကြတယ်။
ကိုယ်မသေချာတဲ့အချိန်မှာ ယုံကြည်ပေးကြတယ်။
ကိုယ်လဲကျမယ့်အချိန်မှာ အားပေးပေးကြတယ်။
ကိုယ့်အပေါ် မျှော်လင့်ချက်မထားဘဲ မေတ္တာပေးကြတယ်။
အထူးသဖြင့် ကိုယ့် Customer လေးတွေထဲမှာ
ဒီလို ရင်ဘတ်ချင်းနီးတဲ့လူတွေ ဆုံခွင့်ရတာ
ကိုယ့်အတွက် တကယ်ကို အဖိုးတန်တယ်။
ဘာ Background မှမရှိဘဲ
ကိုယ်တိုင် တစ်ဆင့်ချင်း ရပ်တည်လာရတဲ့ ဒီခရီးမှာ
ဒီနေ့ထိ မရပ်တန့်ဘဲ ရှေ့ဆက်လာနိုင်တာ
ကိုယ်တစ်ယောက်တည်းရဲ့ အားနဲ့တော့ ဘယ်ဟုတ်မလဲ။
လမ်းမှာ လက်တွဲခေါ်ပေးခဲ့တဲ့လူတွေ၊
ယုံကြည်ပေးခဲ့တဲ့လူတွေ၊
မေတ္တာနဲ့ အားပေးပေးခဲ့တဲ့လူတွေ၊
ကိုယ့်အတွက် ကောင်းတဲ့စကားလေးတစ်ခွန်း ပြောပေးခဲ့တဲ့လူတွေ…
တစ်ယောက်ချင်းစီရဲ့ ကျေးဇူးတွေ ပါပါတယ်။
Customer နဲ့ Brand ဆိုတဲ့ ဆက်ဆံရေးထက်
လူနဲ့လူချင်း ဆုံတွေ့ကြတဲ့ ရေစက်လေးတွေက ပိုလှတယ်လို့ ခံစားမိတယ်။
ကိုယ့်ဘဝထဲ ဝင်လာပေးကြတဲ့အတွက်၊
ကိုယ့်ကို ယုံကြည်ပေးကြတဲ့အတွက်၊
လက်တွဲခေါ်ပေးကြတဲ့အတွက်…
တကယ်ကို ကျေးဇူးတင်တယ်။
ဘယ်နေ့ဘယ်အချိန် ဘယ်နေရာမှာ
ဘယ်လိုရေစက်နဲ့ ဆုံခဲ့ကြမှန်း မသိပေမယ့်
ကောင်းသောရေစက်လေးတွေနဲ့ ဆုံခွင့်ရခဲ့တာကိုတော့ အမြဲတမ်း တန်ဖိုးထားနေမှာပါ။
ကိုယ့်ခရီးလမ်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေးကြတဲ့သူတိုင်းကို
ရင်ထဲကနေ တကယ်ကိုကျေးဇူးပါ။
#ချည် #လီနင်ချည်
23/09/2026
ʏᴏᴜ ᴀꜱᴋᴇᴅ. ᴡᴇ ʟɪꜱᴛᴇɴᴇᴅ.🎧
ချစ်ရတဲ့အစ်မတွေ တောင်းဆိုထားတဲ့ အချက်လေးတွေကို သေချာနားထောင်ပြီး ဒီတစ်ခါ ᴄᴏʟʟᴇᴄᴛɪᴏɴ လေးထဲမှာ ထည့်သွင်းပေးထားပါတယ်။
ᴀ ɴᴇᴡ ᴄᴏʟʟᴇᴄᴛɪᴏɴ ɪꜱ ᴄᴏᴍɪɴɢ.
ꜱᴛᴀʏ ᴛᴜɴᴇᴅ.👀
#𝐂𝐄́𝐋𝐄́ #𝐄𝐟𝐟𝐨𝐫𝐭𝐥𝐞𝐬𝐬𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 #𝐐𝐮𝐢𝐞𝐭𝐋𝐮𝐱𝐮𝐫𝐲 #𝐌𝐢𝐧𝐢𝐦𝐚𝐥𝐢𝐬𝐭𝐒𝐭𝐲𝐥𝐞 #𝐃𝐚𝐢𝐥𝐲𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 #𝐋𝐢𝐧𝐞𝐧𝐂𝐨𝐭𝐭𝐨𝐧 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐚𝐬𝐡𝐢𝐨𝐧 #𝐥𝐨𝐜𝐚𝐥𝐛𝐫𝐚𝐧𝐝
14/09/2026
𝙼𝚢 𝚁𝚊𝚗𝚍𝚘𝚖 𝙻𝚒𝚝𝚝𝚕𝚎 𝚃𝚑𝚒𝚗𝚐𝚜 🍋🟩
𝙰𝚙𝚙𝚊𝚛𝚎𝚗𝚝𝚕𝚢, 𝙸’𝚟𝚎 𝚋𝚎𝚎𝚗 𝚌𝚑𝚘𝚘𝚜𝚒𝚗𝚐 𝚐𝚛𝚎𝚎𝚗 𝚠𝚒𝚝𝚑𝚘𝚞𝚝 𝚎𝚟𝚎𝚗 𝚗𝚘𝚝𝚒𝚌𝚒𝚗𝚐.
ဒီနေ့ 𝚜𝚑𝚘𝚙𝚙𝚒𝚗𝚐 ကပြန်ရောက်မှ ကိုယ်ဝယ်လာတာတွေကို တစ်ခုပြီးတစ်ခု ထုတ်ကြည့်ရင်း သတိထားမိတာတစ်ခုရှိတယ်။
ဖိနပ်က အစိမ်းနု၊ အဝတ်က အစိမ်းနု၊ 𝚌𝚘𝚜𝚖𝚎𝚝𝚒𝚌𝚜 တွေကလည်း အစိမ်းဘက်၊ မုန့်ထုပ်လေးတောင် အစိမ်း၊ 𝚌𝚘𝚏𝚏𝚎𝚎 𝚌𝚞𝚙 လေးကပါ အစိမ်း။
ငါ ဘာတွေဖြစ်နေတာလဲပေါ့။
တစ်ခုချင်းဝယ်တုန်းကတော့ အစိမ်းတွေချည်း ရွေးနေမိတယ်ဆိုတာ လုံးဝမသိခဲ့ဘူး။ အားလုံးကို တစ်နေရာတည်း စုမြင်လိုက်မှ ကိုယ့်ကိုယ်ကိုတောင် ရယ်မိတယ်။
အရောင်တစ်ရောင်ကို ဒီလောက်တောင် မသိစိတ်နဲ့ ရွေးနေမိနိုင်တာလားလို့ တွေးမိတယ်။
ဒီအစိမ်းနုလေးကလည်း ထူးထူးခြားခြားကြီး 𝚊𝚝𝚝𝚎𝚗𝚝𝚒𝚘𝚗 ယူချင်တဲ့အရောင်မျိုးမဟုတ်ဘူး။ ကြည့်လိုက်ရင် မျက်စိအေးတယ်၊ 𝚏𝚛𝚎𝚜𝚑 ဖြစ်တယ်၊ ပြီးတော့ ဘာနဲ့ပဲတွဲတွဲ သိပ်မကြိုးစားထားသလိုလေး။
အခုမှ စဉ်းစားကြည့်တော့ ကိုယ်ဘာကြိုက်နေမှန်း ကိုယ်တိုင်တောင် အမြဲသိနေတာမဟုတ်ဘူးထင်တယ်။
တစ်ခါတလေ ကိုယ့်စိတ်က အရင်ရွေးပြီး ကိုယ်က နောက်မှသိတာမျိုးလည်း ရှိတယ်။
အခုတော့ ဒီအရောင်လေးကိုတွေ့ရင် မရွေးဘဲနေနိုင်မယ် မထင်တော့ဘူး။
(ဒီပုံလေးကတော့ ကိုယ်တကယ်ဝယ်ထားတဲ့ 𝚙𝚎𝚛𝚜𝚘𝚗𝚊𝚕 𝚒𝚝𝚎𝚖𝚜 တွေမဟုတ်ဘဲ ဒီ 𝚏𝚎𝚎𝚕𝚒𝚗𝚐 လေးကို ကိုယ်စားပြုဖို့ ပြထားတာပါနော်။)
ကိုယ့်အစ်မတွေမှာရော အဲ့လိုမျိုး မသိစိတ်နဲ့ အရောင်တစ်ရောင်တည်းတွေချည်း ရွေးမိတဲ့အချိန် ရှိကြလားရှင့်? ရှိရင် ဘာအရောင်လေးတွေဖြစ်မလဲ?
#𝐂𝐄́𝐋𝐄́ #𝐄𝐟𝐟𝐨𝐫𝐭𝐥𝐞𝐬𝐬𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 #𝐐𝐮𝐢𝐞𝐭𝐋𝐮𝐱𝐮𝐫𝐲 #𝐌𝐢𝐧𝐢𝐦𝐚𝐥𝐢𝐬𝐭𝐒𝐭𝐲𝐥𝐞 #𝐃𝐚𝐢𝐥𝐲𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 #𝐋𝐢𝐧𝐞𝐧𝐂𝐨𝐭𝐭𝐨𝐧 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐚𝐬𝐡𝐢𝐨𝐧 #𝐥𝐨𝐜𝐚𝐥𝐛𝐫𝐚𝐧𝐝
01/09/2026
🌸 𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 …
"𝑠𝑒𝑝𝑡𝑒𝑚𝑏𝑒𝑟 𝑟𝑒𝑚𝑖𝑛𝑑𝑠 𝑢𝑠
𝑡ℎ𝑎𝑡 𝑙𝑒𝑡𝑡𝑖𝑛𝑔 𝑔𝑜 𝑖𝑠 𝑎𝑙𝑠𝑜
𝑎 𝑓𝑜𝑟𝑚 𝑜𝑓 𝑔𝑟𝑜𝑤𝑡ℎ." 🍂
—— ✧ ——
𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 လဆိုတာ...
ရာသီတွေ ပြောင်းလဲသလို
ကိုယ့်ဘဝထဲမှာလည်း
မလိုအပ်တော့တာတွေကို
ညင်သာစွာ လွှတ်ချရမယ့်အချိန်ပါ။
အရာရာကို ဆက်ကိုင်ထားမှ
ရှေ့ဆက်နိုင်တာ မဟုတ်ပါဘူး...
တချို့အရာတွေကို လွှတ်ချလိုက်တဲ့အခါမှ
အသစ်တွေအတွက် နေရာလွတ်တွေ
ရလာတတ်ပါတယ်။
𝐒𝐞𝐩𝐭𝐞𝐦𝐛𝐞𝐫 က သင့်ကို
တိုးတိုးလေး ပြောနေပါတယ် …
"Let go of what no longer serves you,
and make room for what comes next." 🍂
𝐋𝐞𝐭 𝐠𝐨.
𝐌𝐚𝐤𝐞 𝐫𝐨𝐨𝐦.
𝐁𝐞𝐠𝐢𝐧 𝐚𝐠𝐚𝐢𝐧.
“ 𝐂 𝐄́ 𝐋 𝐄́ - 𝐋 𝐞 𝐝 𝐛 𝐲 𝐆 𝐫 𝐚 𝐜 𝐞 . 𝐑 𝐞 𝐬 𝐩 𝐞 𝐜 𝐭 𝐞 𝐝 𝐛 𝐲 𝐀 𝐥 𝐥 . ” ⚜️
31/08/2026
𝐖𝐡𝐚𝐭 𝐲𝐨𝐮 𝐬𝐞𝐞 𝐢𝐬 𝐰𝐡𝐚𝐭 𝐲𝐨𝐮 𝐠𝐞𝐭. ⚜️
“သဘောကျတယ်၊ ပုံလေးထဲကအတိုင်းပဲ အပြင်မှာ…”
𝐎𝐧𝐥𝐢𝐧𝐞 ကနေ ရွေးချယ်ရတဲ့အခါ ပုံနဲ့တကယ်ရောက်လာတဲ့ 𝐩𝐫𝐨𝐝𝐮𝐜𝐭 တူဖို့က အရေးကြီးပါတယ်။
အခုလို 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 ကိုယ်တိုင် ပြန်ပြောပေးတဲ့ စကားလေးတွေက 𝐂𝐄́𝐋𝐄́ အတွက် အရမ်းတန်ဖိုးရှိပါတယ်။
“ 𝐂 𝐄́ 𝐋 𝐄́ - 𝐋 𝐞 𝐝 𝐛 𝐲 𝐆 𝐫 𝐚 𝐜 𝐞 . 𝐑 𝐞 𝐬 𝐩 𝐞 𝐜 𝐭 𝐞 𝐝 𝐛 𝐲 𝐀 𝐥 𝐥 . ” ⚜️
#𝐂𝐄́𝐋𝐄́ #𝐄𝐟𝐟𝐨𝐫𝐭𝐥𝐞𝐬𝐬𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 #𝐐𝐮𝐢𝐞𝐭𝐋𝐮𝐱𝐮𝐫𝐲 #𝐌𝐢𝐧𝐢𝐦𝐚𝐥𝐢𝐬𝐭𝐒𝐭𝐲𝐥𝐞 #𝐃𝐚𝐢𝐥𝐲𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 #𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐑𝐞𝐯𝐢𝐞𝐰 #𝐋𝐢𝐧𝐞𝐧𝐂𝐨𝐭𝐭𝐨𝐧 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐚𝐬𝐡𝐢𝐨𝐧 #𝐥𝐨𝐜𝐚𝐥𝐛𝐫𝐚𝐧𝐝
30/08/2026
𝐖𝐡𝐚𝐭 𝐎𝐮𝐫 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 𝐒𝐚𝐲 🤍
ကိုယ်ဖန်တီးထားတာလေးတွေ တကယ်ဝတ်တဲ့သူအတွက် အဆင်ပြေသွားတဲ့အခါ
အဲ့ဒီအချိန်လေးက 𝐂𝐄́𝐋𝐄́ အတွက် အဓိပ္ပာယ်အရှိဆုံးပါပဲရှင်။
“ 𝐂 𝐄́ 𝐋 𝐄́ - 𝐋 𝐞 𝐝 𝐛 𝐲 𝐆 𝐫 𝐚 𝐜 𝐞 . 𝐑 𝐞 𝐬 𝐩 𝐞 𝐜 𝐭 𝐞 𝐝 𝐛 𝐲 𝐀 𝐥 𝐥 . ” ⚜️
#𝐂𝐄́𝐋𝐄́ #𝐄𝐟𝐟𝐨𝐫𝐭𝐥𝐞𝐬𝐬𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 #𝐐𝐮𝐢𝐞𝐭𝐋𝐮𝐱𝐮𝐫𝐲 #𝐌𝐢𝐧𝐢𝐦𝐚𝐥𝐢𝐬𝐭𝐒𝐭𝐲𝐥𝐞 #𝐃𝐚𝐢𝐥𝐲𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 #𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐑𝐞𝐯𝐢𝐞𝐰 #𝐋𝐢𝐧𝐞𝐧𝐂𝐨𝐭𝐭𝐨𝐧 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐚𝐬𝐡𝐢𝐨𝐧 #𝐥𝐨𝐜𝐚𝐥𝐛𝐫𝐚𝐧𝐝
27/08/2026
“𝐒𝐢𝐳𝐞 လေးအဆင်ပြေတယ်၊ ဝတ်ရတာလည်း 𝐂𝐨𝐦𝐟𝐨𝐫𝐭𝐚𝐛𝐥𝐞 ဖြစ်တယ်”
𝐒𝐭𝐲𝐥𝐞 ကျရုံတင်မကဘဲ ဝတ်ရတာ သက်တောင့်သက်သာရှိဖို့လည်း အရေးကြီးပါတယ်။
လှပမှုနဲ့ 𝐂𝐨𝐦𝐟𝐨𝐫𝐭 ကို တစ်ပြိုင်တည်းရစေဖို့ အသေးစိတ်တိုင်းကို ဂရုစိုက်ဖန်တီးထားပါတယ်။
“ 𝐂 𝐄́ 𝐋 𝐄́ - 𝐋 𝐞 𝐝 𝐛 𝐲 𝐆 𝐫 𝐚 𝐜 𝐞 . 𝐑 𝐞 𝐬 𝐩 𝐞 𝐜 𝐭 𝐞 𝐝 𝐛 𝐲 𝐀 𝐥 𝐥 . ” ⚜️
22/08/2026
𝐘𝐨𝐮𝐫 𝐎𝐮𝐭𝐟𝐢𝐭 𝐀𝐥𝐫𝐞𝐚𝐝𝐲 𝐇𝐚𝐬 𝐈𝐭𝐬 𝐉𝐞𝐰𝐞𝐥𝐥𝐞𝐫𝐲
𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 အများကြီးမလိုဘဲ…
ပုလဲလေးတွေက 𝐨𝐮𝐭𝐟𝐢𝐭 ကိုယ်တိုင်ရဲ့ 𝐟𝐢𝐧𝐢𝐬𝐡𝐢𝐧𝐠 𝐭𝐨𝐮𝐜𝐡 ဖြစ်နေလို့ ဝတ်ပြီးတာနဲ့ 𝐥𝐨𝐨𝐤 တစ်ခုလုံးက 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞 ဖြစ်သွားတယ်။
တစ်စုံတည်းနဲ့ “ဘာမှထပ်မလိုတော့ဘူး” ဆိုတဲ့ 𝐟𝐞𝐞𝐥𝐢𝐧𝐠.
𝐂𝐄́𝐋𝐄́ 𝐏𝐞𝐚𝐫𝐥 𝐋𝐢𝐧𝐞𝐧 𝐂𝐨𝐭𝐭𝐨𝐧 𝐒𝐞𝐭
🔖 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐃𝐞𝐭𝐚𝐢𝐥𝐬
• 𝐏𝐫𝐢𝐜𝐞 – 135,000 MMK
• 𝐒𝐢𝐳𝐞 – M, L, XL
• 𝐂𝐨𝐥𝐨𝐮𝐫 – Grey, Cream, Beige
“ 𝐂 𝐄́ 𝐋 𝐄́ - 𝐋 𝐞 𝐝 𝐛 𝐲 𝐆 𝐫 𝐚 𝐜 𝐞 . 𝐑 𝐞 𝐬 𝐩 𝐞 𝐜 𝐭 𝐞 𝐝 𝐛 𝐲 𝐀 𝐥 𝐥 . ” ⚜️
#𝐂𝐄́𝐋𝐄́ #𝐄𝐟𝐟𝐨𝐫𝐭𝐥𝐞𝐬𝐬𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 #𝐐𝐮𝐢𝐞𝐭𝐋𝐮𝐱𝐮𝐫𝐲 #𝐌𝐢𝐧𝐢𝐦𝐚𝐥𝐢𝐬𝐭𝐒𝐭𝐲𝐥𝐞 #𝐃𝐚𝐢𝐥𝐲𝐄𝐥𝐞𝐠𝐚𝐧𝐜𝐞 #𝐎𝐟𝐟𝐢𝐜𝐞𝐓𝐨𝐂𝐨𝐟𝐟𝐞𝐞 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐚𝐬𝐡𝐢𝐨𝐧 #𝐥𝐨𝐜𝐚𝐥𝐛𝐫𝐚𝐧𝐝
Category
Website
Address
Alerts
Be the first to know and let us send you an email when CÉLÉ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
