Skin Oasis Aesthetic Clinic

Skin Oasis Aesthetic Clinic

Share

✨Bring back your confidence with Skin Oasis✨

30/07/2026

ဂါဝန်လှလှလေးတွေ၊ လက်ပြတ်၊ ပခုံးပျောက်အင်္ကျီလေးတွေဝတ်ချင်ပေမဲ့ အမွှေးအမျှင်တွေကြောင့် ယုံကြည်မှုနည်းနေတာလား❓😓

မလိုချင်တဲ့အမွှေးအမျှင်တွေကို ရိတ်ပစ်တာ၊ နှုတ်တာ၊ 𝐖𝐀𝐗 လုပ်တာတွေက ယာယီပဲသက်သာစေပြီး 😢

အသားအရေညိုမည်းတာ၊ အသီးအပိန့်ထတာ၊ ကြက်အရေပြားလို ဖြစ်ကျန်ခဲ့တာမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ် 💁🏻‍♀️

ဒီလိုတွေလုံးဝမဖြစ်စေဘဲ ချစ်စရာကောင်းပြီး မိန်းကလေးဆန်ဆန်ဝတ်ချင်တဲ့ စိတ်ကူးလေးတွေကို အကောင်အထည်ဖော်ဖို့အတွက် 🥰💭

𝐒𝐤𝐢𝐧 𝐎𝐚𝐬𝐢𝐬 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐥𝐢𝐧𝐢𝐜 ရဲ့ 𝑫𝒊𝒐𝒅𝒆 𝑳𝒂𝒔𝒆𝒓 𝑯𝒂𝒊𝒓 𝑹𝒆𝒎𝒐𝒗𝒂𝒍 𝑻𝒓𝒆𝒂𝒕𝒎𝒆𝒏𝒕 လေးရှိပါတယ်နော် 🤎

𝑯𝒊𝒈𝒉 𝑸𝒖𝒂𝒍𝒊𝒕𝒚 𝑫𝒊𝒐𝒅𝒆 𝑳𝒂𝒔𝒆𝒓 𝑻𝒆𝒄𝒉𝒏𝒐𝒍𝒐𝒈𝒚 နဲ့ဆိုရင်တော့

✨ အမွှေးအမျှင်တွေကို အမြစ်ကနေ ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တယ်။
✨ နာကျင်မှုလုံးဝမရှိဘဲ 𝑻𝒓𝒆𝒂𝒕𝒎𝒆𝒏𝒕 ခံယူနိုင်တယ်။
✨ အသားအရေကို မမည်းသွားစေဘဲ ချောမွေ့ဖြူဝင်းလာစေတယ်။
✨ ကြက်အရေပြားဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်။
✨ အချိန်တိုအတွင်း သိသာတဲ့ရလဒ်ကိုရစေတယ်။

မိန်းကလေးတစ်ဦးနဲ့တစ်ဦး 𝑳𝒂𝒔𝒆𝒓 ပစ်ရတဲ့ အကြိမ်အရေအတွက်မတူပေမဲ့ အနည်းဆုံး ၆ - ၈ ကြိမ်လောက်ဆိုရင် အမွှေးအမျှင်တွေအားလုံးရှင်းသွားမှာပါ 😍

👩🏻‍⚕️ 𝗨𝗻𝗹𝗶𝗺𝗶𝘁𝗲𝗱 𝗣𝗮𝗰𝗸𝗮𝗴𝗲 - 400,000 𝗠𝗠𝗞

(တစ်နှစ်အတွင်းအကြိမ်အရေအတွက် အကန့်အသတ်မရှိပစ်နိုင်ပါတယ်။) 🌟

ဒါကြောင့် အမွှေးအမျှင်ကိစ္စအတွက် စိတ်ညစ်နေစရာမလိုတော့ဘဲ မိန်းကလေးဆန်ဆန်ဝတ်စုံလေးတွေကို ယုံကြည်မှုအပြည့်နဲ့ဝတ်ဆင်နိုင်ဖို့💃

𝐒𝐤𝐢𝐧 𝐎𝐚𝐬𝐢𝐬 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐥𝐢𝐧𝐢𝐜 ကိုအခုပဲ ဆက်သွယ်လိုက်ပါရှင် 🙆🏻‍♀️

✨ 𝐒𝐤𝐢𝐧 𝐎𝐚𝐬𝐢𝐬 ✨

လိပ်စာ - အခန်း (၀၀၁)၊ တိုက် (၇)၊ မြေညီထပ်၊ သုဝဏ္ဏအဆင့်မြင့်အိမ်ယာ (သုဝဏ္ဏပန်းခြံအနီး)။

📞 09 7968 46243

Skin Oasis Aesthetic Clinic ✨Bring back your confidence with Skin Oasis✨

24/07/2026

"ဝက်ခြံတွေ တစ်ခုပြီးတစ်ခုထွက်လာတာ အပြင်တောင်မထွက်ရဲတော့ဘူး... 😓

ဒီကမ္ဘာပေါ်ကနေ ဝက်ခြံဆိုတာတွေပျောက်သွားရင်ကောင်းမှာပဲ" 😢

မှန်ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ဒီလိုအတွေးမျိုး တွေးဖူးကြမှာပါ 💭

ဝက်ခြံတွေကို ဒီကမ္ဘာပေါ်ကနေ အပြီးတိုင်ပျောက်သွားအောင်မလုပ်နိုင်ပေမဲ့ 🙅🏻‍♀️

ပျိုမေတို့ရဲ့မျက်နှာပေါ်ကနေ လုံးဝပျောက်သွားအောင်တော့ Skin Oasis ကလုပ်ပေးနိုင်ပါတယ် 🙆🏻‍♀️

💁🏻‍♀️ ဝက်ခြံတစ်ခုထွက်လာတိုင်း
💁🏻‍♀️ အမာရွတ်တစ်ခုကျန်ခဲ့တိုင်း

မိန်းကလေးတစ်ယောက်ရဲ့ယုံကြည်မှုတွေ စတေးလိုက်ကြရတာပဲမဟုတ်လား❓

ဒါပေမဲ့ အခုတော့ မစိုးရိမ်ပါနဲ့တော့... 🤗

ပျိုမေတို့အနားမှာ Skin Oasis Clinic ရှိနေပြီလေ 🩺

မျက်နှာပေါ်ကဝက်ခြံတွေကို အမြစ်ပြတ်ရှင်းထုတ်ပြီး နဂိုမူလအတိုင်းလှပတဲ့ အသားအရေနဲ့ ယုံကြည်မှုတွေကို ပြန်လည်ယူဆောင်ပေးဖို့ Skin Oasis Clinic က အဆင်သင့်ပါပဲရှင် ✨

Skin Oasis Clinic ရဲ့ Acne Treatments လေးတွေနဲ့ ဈေးနှုန်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော် 🥰

🤎 IPL (Intense Pulsed Light) Treatment

ဝက်ခြံကြောင့်နီမြန်းခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး ဝက်ခြံဘက်တီးရီးယားတွေကို သတ်ပေးပါတယ်။

Price - 70,000 MMK (1 ကြိမ်)
Price - 180,000 MMK (3 ကြိမ် Package)

🤎 Acne Clear Peel

ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ဆားဝက်ခြံ၊ အဆီဖုနဲ့ ဝက်ခြံပုန်းတွေကို ထိရောက်စွာရှင်းထုတ်ပေးပါတယ်။

Price - 75,000 MMK (1 ကြိမ်)
Price - 180,000 MMK (3 ကြိမ် Package)

🤎 Acne Clear Mesotherapy

အသားအရေအတွင်းပိုင်းအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို တိုက်ရိုက်ဖြည့်တင်းပေးပြီး ဝက်ခြံတွေကိုသက်သာစေတဲ့အပြင် အမာရွတ်ကျန်မှာကို ကာကွယ်ပေးပါတယ်။

Price - 150,000 MMK (1 ကြိမ်)

🤎 Treatment Combo Price

Mesotherapy + IPL - 200,000 MMK
Mesotherapy + Peeling - 200,000 MMK

Skin Oasis Clinic မှာ Professional Aesthetic Doctors တွေနဲ့ စနစ်တကျတိုင်ပင်ဆွေးနွေးပြီး 👩🏻‍⚕️

ဝက်ခြံကင်းတဲ့ အလှပဆုံးအသားအရေကို အတူတူ ပြန်လည်ရယူလိုက်ကြရအောင် 😍

✨ Skin Oasis ✨

လိပ်စာ - အခန်း (၀၀၁)၊ တိုက် (၇)၊ မြေညီထပ်၊ သုဝဏ္ဏအဆင့်မြင့်အိမ်ယာ (သုဝဏ္ဏပန်းခြံအနီး)။

📞 09 7968 46243

Skin Oasis Aesthetic Clinic ✨Bring back your confidence with Skin Oasis✨

17/07/2026

သဘာဝအတိုင်းလေး မပင်မပန်း အသားအရေထိန်းသိမ်းနိုင်တဲ့နည်းလမ်းလေးတွေကို သိချင်ကြလား❓😍

တကယ်တော့ ကြည်လင်တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပြင်ပန်းထိန်းသိမ်းမှုတွေထက် 💁🏻‍♀️

နေ့စဉ်နေထိုင်မှုပုံစံကို သဘာဝအတိုင်း အရင်ဆုံး ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်နော် ✅

အသားအရေလှချင်လို့ Skin Care တွေအများကြီးသုံးနေပေမဲ့ သိသိသာသာ ပြောင်းလဲမလာဘူးဆိုရင် ဒီသဘာဝနည်းလမ်း (၅) ခုကို အရင်လုပ်ကြည့်ပါ 🤎

💧 ရေများများသောက်မယ်။

တစ်နေ့ကို ရေ (၂) လီတာဝန်းကျင် သောက်ပေးတာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အသားအရေကို အတွင်းပိုင်းကနေ အစိုဓာတ်ပြည့်ဝစိုပြေနေစေပါတယ်။

😴 အိပ်ရေးဝဝ အိပ်မယ်။

ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အချိန်ဟာ အသားအရေက ဆဲလ်အသစ်တွေကို ပြန်လည်ပြုပြင် တည်ဆောက်တဲ့အချိန်ပါ။ အိပ်ရေးပျက်ရင် မျက်ကွင်းညိုတာတင်မက အသားအရေပါ ညှိုးနွမ်းစေလို့ တစ်နေ့ကို (၇) နာရီကနေ (၈) နာရီအထိ ပြည့်ပြည့်ဝဝအိပ်စက်ပေးပါ။

🍏 ကျန်းမာရေးနဲ့ညီညွတ်တာတွေ စားမယ်။

Vitamin နဲ့ Antioxidants ကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။ ဒါက အသားအရေကို သဘာဝအတိုင်းဝင်းပလာစေပြီး အရေးအကြောင်းဖြစ်တာကို နှောင့်နှေးစေပါတယ်။

🧼 မျက်နှာကို စနစ်တကျ သန့်စင်မယ်။

အပြင်က ပြန်လာရင်ဖြစ်ဖြစ်၊ မိတ်ကပ်လိမ်းထားရင်ဖြစ်ဖြစ် မျက်နှာကို ဂရုတစိုက်သန့်စင်ဖို့ မမေ့ပါနဲ့။ ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံမထွက်အောင် ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ မျက်နှာသစ်ဆေးသုံးပြီး တစ်နေ့ (၂) ကြိမ် သန့်စင်ပေးသင့်ပါတယ်။

☀️ နေပူထဲထွက်ရင် အမြဲကာကွယ်ထားမယ်။

ခရမ်းလွန်ရောင်ခြည်က အသားအရေကို အိုမင်းရင့်ရော်စေတဲ့ တရားခံပါ။ ဒါကြောင့် အပြင်မထွက်ခင် Sunscreen လိမ်းဖို့ ဘယ်တော့မှမမေ့ပါနဲ့။

အသားအရေကို သဘာဝအတိုင်းထိန်းသိမ်းတာက ရေရှည်အတွက်ကောင်းမွန်ပေမဲ့ 💁🏻‍♀️

တချို့သော အရေပြားပြဿနာတွေ (ဥပမာ - တင်းတိပ်၊ မှဲ့ခြောက်၊ ဝက်ခြံအမာရွတ်နဲ့ အရေးအကြောင်းတွေ) ကတော့ သဘာဝနည်းလမ်းတစ်ခုတည်းနဲ့ကုသဖို့ မလုံလောက်ပါဘူး 🙅🏻‍♀️

ပျိုမေတို့ရဲ့အသားအရေပြဿနာတွေအတွက် စိတ်ချရပြီး ထိရောက်တဲ့ Aesthetic ကုသမှုတွေ လိုအပ်လာပြီဆိုရင်တော့ Skin Oasis ကို အချိန်မရွေးဆက်သွယ်ပြီး ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင် 👩🏻‍⚕️🥰

✨ Skin Oasis ✨

လိပ်စာ - အခန်း (၀၀၁)၊ တိုက် (၇)၊ မြေညီထပ်၊ သုဝဏ္ဏအဆင့်မြင့်အိမ်ယာ (သုဝဏ္ဏပန်းခြံအနီး)။

📞 09 7968 46243

12/07/2026

✨ **အသိပေးကြေညာချက် ✨

ချစ်ခင်လေးစားရပါသော Customer များရှင့် 💕

ကျွန်ုပ်တို့ Skin Oasis မှ ဝန်ထမ်းများအတွက် စိတ်
အပန်းပြေစေရန်Refresh ဖြစ်စေရန်၊ Team bonding ပိုမိုကောင်းမွန်စေရန်အတွက် သုံးရက်တာ ငွေဆောင်ခရီးစဉ် Annual Trip အစီအစဉ် ပြုလုပ်သွားမည်ဖြစ်ပါသည်။ 🌿✨

ထို့ကြောင့် 13.7.2026 မှ 15.7.2026 အထိ ဆေးခန်းအား ခေတ္တပိတ်ထားမည်ဖြစ်ပီး 16 ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်

ခရီးစဉ်အပြီးမှာ အားအင်အသစ်များ၊ စိတ်အားထက်သန်မှုအသစ်များဖြင့် ပြန်လည်ရောက်ရှိလာပြီး ချစ်ရတဲ့ Customer များအတွက် ယခင်ထက်ပိုမိုကောင်းမွန်သော Service များ၊ ပိုမိုကောင်းမွန်တဲ့ Beauty Care Experience များကို ဖန်တီးပေးပါမယ် ✨✨✨✨

Photos from Skin Oasis Aesthetic Clinic's post 10/07/2026

အသက်ပြန်မငယ်သွားနိုင်ပေမဲ့ အသားအရေကိုတော့ ငယ်ငယ်တုန်းကအတိုင်း နုပျိုလှပနေအောင် ထိန်းသိမ်းထားလို့ရပြီနော် 😍

Skin Oasis မှာ 2026 Latest Technology ဖြစ်တဲ့ Collagen Based Treatment တွေနဲ့ အိုမင်းရင့်ရော်မှုကို ရပ်တန့်ပစ်လိုက်ဖို့ အသင့်ပဲလား ? 💁🏻‍♀️

အသက်အရွယ်တစ်ခုရလာတဲ့အခါ အရေပြားရဲ့တင်းရင်းမှုကိုထိန်းညှိပေးတဲ့ Collagen ထုတ်လုပ်မှုနှုန်းက တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာမှာပါ ↘️

ဒါပေမဲ့ အခုတော့ အသားအရေအိုမင်းရင့်ရော်မှုကို လက်မြှောက်အရှုံးပေးဖို့ မလိုတော့ပါဘူး 🙅‍♀️

နောက်ဆုံးပေါ် Collagen Based Treatment နည်းပညာက ပျိုမေတို့ရဲ့အသားအရေကို 🧖🏻‍♀️

အချိန်နောက်ပြန်လှည့်လိုက်သလို နုပျိုတင်းရင်းသွားစေပြီး ရေရှည်ထိန်းသိမ်းပေးထားနိုင်ပါတယ် 🥳

ဒါကြောင့် အသက်ကြီးလာလည်း စိုးရိမ်စရာမလိုဘဲ ငယ်ငယ်တုန်းကအတိုင်း အမြဲလှပနေနိုင်မှာပါ 🤎

Skin Oasis မှာ အိုမင်းရင့်ရော်မှုကို ထိရောက်စွာအနိုင်ယူနိုင်တဲ့ Premium Collagen Treatment တွေ စုံစုံလင်လင် ရွေးချယ်နိုင်ပါပြီ 🙆🏻‍♀️

🔹Re2O
🔹Colshine
🔹Hilowave
🔹Laetigen
🔹RH Collagen
🔹CellREDM

တစ်ခုချင်းစီ အကျိုးအာနိသင်တွေကို ပုံတစ်ပုံချင်းစီရဲ့အောက်မှာ ဖော်ပြပေးထားပါတယ်ရှင် 💁🏻‍♀️

အိုမင်းရင့်ရော်မှုကိုအနိုင်ယူပြီး ငယ်ရွယ်နုပျိုခြင်းတွေ ထာဝရပိုင်ဆိုင်နိုင်စေဖို့ 😍

ပျိုမေတို့ရဲ့အသားအရေနဲ့အကိုက်ညီဆုံး Collagen Based Treatment တွေအကြောင်း ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့ 👩🏻‍⚕️

Skin Oasis Aesthetic Clinic Chat Box ကို အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါနော် 🤗

အသက်အရွယ်ကိုမေ့ထားပြီး အမြဲနုပျိုလှပနေဖို့ Skin Oasis ကစောင့်ကြိုနေပါတယ်ရှင် 🤎

✨ Skin Oasis ✨

လိပ်စာ - အခန်း (၀၀၁)၊ တိုက် (၇)၊ မြေညီထပ်၊ သုဝဏ္ဏအဆင့်မြင့်အိမ်ယာ (သုဝဏ္ဏပန်းခြံအနီး)။

📞 09 7968 46243

03/07/2026
Photos from Skin Oasis Aesthetic Clinic's post 01/06/2026

Skin Oasis Aesthetic Clinic ကိုယုံကြည်စိတ်ချစွာ ရွေးချယ်ပြီး အပြုံးပန်းဆင်သွားကြတဲ့ 🥰

ချစ်ရတဲ့ Customer မမ၊ ညီမလေးတို့ရဲ့ရင်တွင်းဖြစ် Review လေးတွေမြင်ရတာ တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်ရှင် 😍

💬 "တင်းတိပ်၊ အမည်းစက်တွေ သက်သာသွားလို့ ကျေနပ်ရတယ်"

💬 "အသားအရေ ကြည်လင်ဝင်းပလာတယ်"

💬 "IPL Treatment ကြောင့် ဂျိုင်းမွေးကင်းစင်ပြီး စိတ်ချမ်းသာရတယ်" စတဲ့

စကားသံတစ်ခွန်းချင်းစီတိုင်းက Skin Oasis မင်မင်တို့အတွက် အင်အားတွေပါပဲ 💪

တန်ဖိုးရှိတဲ့အကြံပြုချက်နဲ့ Review ကောင်းလေးတွေ ရေးပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်နော် 🙏❤️

Skin Oasis Clinic မှာ 👩‍⚕️

✅ ကျွမ်းကျင်ပြီးစေတနာအပြည့်ရှိတဲ့ ဆရာဝန်မမကိုယ်တိုင် သေချာတိုင်ပင်ဆွေးနွေးကုသပေးခြင်း
✅ တိကျသေချာတဲ့ စက်ပစ္စည်း/ဆေးဝါးများနှင့် အကောင်းဆုံးဝန်ဆောင်မှုပေးခြင်း
✅ လိုအပ်တာထက်ပိုမလုပ်ခိုင်းဘဲ တကယ်လိုအပ်တဲ့ Treatment ကိုပဲ စေတနာထားညွှန်ကြားပေးခြင်း

စတဲ့ဝန်ဆောင်မှုကောင်းတွေနဲ့အတူ ပျိုမေတို့ရဲ့အသားအရေကို အလှပဆုံးထိန်းသိမ်းပေးနေပါတယ် 🤗

ဒါကြောင့် အသားအရေပြဿနာတွေအတွက် တစ်ယောက်တည်းစိတ်ညစ်မနေဘဲ ယုံကြည်မှုအပြည့်နဲ့လှပဖို့ Skin Oasis Clinic လေးဆီကို အမြန်ဆုံးလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရစေရှင် 🌸✨

✨ Skin Oasis ✨

လိပ်စာ - အခန်း (၀၀၁)၊ တိုက် (၇)၊ မြေညီထပ်၊ သုဝဏ္ဏအဆင့်မြင့်အိမ်ယာ (သုဝဏ္ဏပန်းခြံအနီး)။

📞 09 7968 46243

19/05/2026

ဒေါက်တာရဲ့ မွေးနေ့မှသည်... အလှဆုံးပြောင်းလဲမှုများဆီသို့ ✨

မိန်းကလေးတိုင်းရဲ့ အလှအပအိမ်မက်တွေကို ပုံဖော်ပေးနေတဲ့ Skin Oasis Aesthetic Clinic ရဲ့ ပဲ့ကိုင်ရှင်ဒေါက်တာရဲ့မွေးနေ့လေးကို ကြိုဆိုတဲ့အနေနဲ့ တစ်နှစ်မှာ တစ်ခါပဲရမဲ့ အထူး Birthday Promotion ကြီးကို ယူဆောင်လာပါပြီနော် 🥳

ချစ်ရတဲ့ Customer တိုင်း ဒေါက်တာနဲ့အတူ ပျော်ရွှင်မှုတွေ မျှဝေခံစားနိုင်ဖို့ အတန်ဆုံး Promotion အစီအစဉ်တွေကို ဒီနေ့ကနေ မေလကုန်အထိ ဖန်တီးပေးထားပါတယ် 💖

🎁 Buy 1 Get 1 Special Double Deal တွေအနေနဲ့

✨ အသားအရေကို ရေဓာတ် ပြည့်ပြည့်ဝဝ ဖြည့်တင်း‌ပေးမဲ့ Premium Hydra Facial ➔ Buy 1 Get 1— 120,000 MMK

✨ ချွေးပေါက်ကျဉ်းပြီး Glow ချင်သူများအတွက် Carbon Laser ➔ Buy 1 Get 1 — 120,000 MMK

✨ အသားအရေပေါ်က အမည်းစက်တွေကို ဖယ်ရှားပေးမဲ့ Magic Premium Peel ➔ Buy 1 Get 1

💉 နုပျိုမှုကို တိုက်ရိုက်ဖြည့်တင်းပေးမဲ့ Collagen Direct Injection (အရေးအကြောင်းပျောက် အသားတင်းကုထုံး) — 650,000 MMK
1 ကြိမ်ယူရင် ➔ 10% OFF
2 ကြိမ်ယူရင် ➔ 20% OFF အထိ အကြီးအကျယ် လျှော့ပေးမှာပါ။

🌟 Premium Whitening Drip (အသားဖြူကုထုံး)
Buy 3 Get 2 ➔ 150,000 MMK

🩺 Skin Problems ကုထုံး Package များအနေနဲ့
Acne Scar Package (ဝက်ခြံချိုင့်ခွက် ပျောက်ကုထုံး)
✨ Acne Scar PRP + Subcision
Original Price - 250,000 MMK
Promo Price - 200,000 MMK

Melasma Package (တင်းတိပ်၊ အမည်းစက် အမြစ်ပြတ်ကုထုံး)
✨ Magic Peeling + Mesotherapy
Original Price - 350,000 MMK
Promo Price - 250,000 MMK

👑 အသက် ၄၀ ကျော်မမများအတွက် ဆယ်နှစ်စာလောက် ပြန်ငယ်သွားစေမဲ့ လျှို့ဝှက်ချက် Grace & Glow Package
Botox (နဖူး၊ မျက်မှောင်၊ မျက်လုံးဘေးကျီးခြေရာ) + HIFU (1 ကြိမ်) + Glow Booster (2 ကြိမ်)
Promo Price - 1,000,000 MMK

✨ အသားအရေ တင်းရင်းလှပစေဖို့ HIFU Treatment
HIFU 3 ကြိမ်စာ ➔ 1,000,000 MMK တို့ကို စီစဉ်ပေးထားပါတယ်နော်။

ဒါ့အပြင် Promotion ကာလအတွင်း ၆ သိန်းဖိုးနဲ့အထက် ဝန်ဆောင်မှုရယူတဲ့သူတိုင်းအတွက် ဆုမဲရာနှုန်းပြည့်ပါတဲ့ Spin Wheel လေးကိုလှည့်ပြီး ဒေါက်တာမမရဲ့ မွေးနေ့လက်ဆောင်တွေကို ကံစမ်းနိုင်ဦးမှာပါ 😍

Spin Wheel ထဲမှာ ပါဝင်မယ့် အမိုက်စားလက်ဆောင်တွေကတော့
🎁 Hydra Facial
🎁 Hollywood Laser
🎁 Whitening Drip
🎁 MAD + Meso
🎁 Diamond Glow PRP
🎁 Photo Ready IPL
🎁 Magic Peel နဲ့
🎁 30,000 MMK တန် Gift Voucher တို့ပဲဖြစ်ပါတယ်။

⏳ ပရိုမိုးရှင်းကာလကတော့ ဒီနေ့ကနေစပြီး မေလ ၃၁ ရက်နေ့အထိပဲမို့ ဒေါက်တာမမရဲ့ Birthday ကာလ လေးမှာ ကိုယ့်ကိုယ်ကိုယ် အလှဆုံး ပြုပြင်ပြောင်းလဲဖို့ Skin Oasis ဆီ ခုပဲ Booking လှမ်းယူလိုက်တော့နော် 💌

✨ Skin Oasis ✨

လိပ်စာ - အခန်း (၀၀၁)၊ တိုက် (၇)၊ မြေညီထပ်၊ သုဝဏ္ဏအဆင့်မြင့်အိမ်ယာ (သုဝဏ္ဏပန်းခြံအနီး)။

📞 09 7968 46243

11/05/2026

လှချင်ရုံသက်သက်ထက် Self Confidence မြင့်မြင့်နေနိုင်ဖို့ Investment လုပ်နေကြတာပါ 😍

ဒီဘက်ခေတ်မှာ Aesthetic Clinic တွေလည်း အများကြီးပေါ်လာကြသလို 💁🏻‍♀️

မိန်းကလေးအများစုအပြင် ယောက်ျားလေးတချို့တောင် ပုံမှန်နီးပါးသွား‌လေ့ရှိကြပါတယ် 🥰

Aesthetic Clinic ပုံမှန်သွားခြင်းက Trend တစ်ခုဖြစ်လာတာရဲ့နောက်ကွယ်မှာ ဒီအကြောင်းအရင်းတွေရှိနေပါတယ် 🌟

🤎 Professional Care ရနိုင်ခြင်း

အိမ်မှာကိုယ်တိုင် Skin Care တာထက် ကျွမ်းကျင်ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ကိုယ့်အသားအရေအမျိုးအစားအလိုက် လိုအပ်တဲ့ Treatment တွေကို တိတိကျကျလုပ်ဆောင်လိုက်တာက ပိုမိုမြန်ဆန်ပြီး ထိရောက်တဲ့ရလဒ်ကိုရစေပါတယ်။

🤎 အချိန်ကုန်သက်သာခြင်း

ဝက်ခြံတွေ၊ အမဲစက်တွေနဲ့ အရေးအကြောင်းတွေကို အိမ်မှာတင်ပျောက်အောင်ကုဖို့ဆိုတာ လနဲ့ချီစောင့်ရတတ်ပါတယ်။ Aesthetic Clinic Treatment တွေကတော့ Modern Technology တွေကိုသုံးထားတာဖြစ်လို့ အချိန်တိုအတွင်းမှာသိသာတဲ့ပြောင်းလဲမှုကို ခံစားရပါတယ်။

🤎 Aging ကို ကြိုတင်ကာကွယ်နိုင်ခြင်း

အရေးအကြောင်းတွေထင်လာမှကုတာထက် မထင်ခင်ကတည်းကကြိုတင်ထိန်းသိမ်းတာက ပိုပြီးထိရောက်ပါတယ်။ Botox, Fillers နဲ့ Collagen Boosting Treatment တွေက အသားအရေကို အမြဲတမ်းနုပျိုတင်းရင်းနေစေဖို့ကူညီပေးပါတယ်။

🤎 အချိန်တိုင်း Confidence မြင့်မြင့်နေနိုင်ခြင်း

အသားအရေကြည်လင်တောက်ပနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက အလိုလိုတိုးလာပါတယ်။ အပြင်ထွက်တဲ့အခါ Makeup အထူကြီးတွေဖုံးစရာမလိုဘဲ Natural Glow နဲ့ ယုံကြည်မှုရှိရှိသွားလာနိုင်တာက အကြီးမားဆုံးအကျိုးကျေးဇူးတစ်ခုပါပဲ။

ပျိုမေတို့ရေ... 😘

အလှအပဆိုတာ ပြုပြင်ထိန်းသိမ်းမှ ပိုမိုတောက်ပလာတာပါ 💕

Skin ကောင်းမွန်ဖို့အတွက် Aesthetic Clinic သွားတာဟာအပိုအလုပ်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ချစ်ရာရောက်တဲ့ အကောင်းဆုံးလုပ်ဆောင်ချက်တစ်ခုဆိုတာ မမေ့ပါနဲ့နော် 🙆🏻‍♀️

ပျိုမေတို့သိချင်တဲ့ Treatment လေးတွေရှိရင် အချိန်မရွေး Skin Oasis Chatbox မှာတိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင် 💖

✨ Skin Oasis ✨

လိပ်စာ - အခန်း (၀၀၁)၊ တိုက် (၇)၊ မြေညီထပ်၊ သုဝဏ္ဏအဆင့်မြင့်အိမ်ယာ (သုဝဏ္ဏပန်းခြံအနီး)။

📞 09 7968 46243

Photos from Clinic 28's post 25/04/2026

Skin Oasis ရဲ့ Official partner clinic ရဲ့ ဖွင့်ပွဲအတွက် Gift Vouchers များ စီစဉ်ပေးထားတာမို့
Grand Opening လေးကို လာဖို့ ဖိတ်ခေါ်ပါတယ် ✨✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Thuwanna VIP Complex ( Near Thuwanna Park)
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00