Phyo's simple Vegelife
Very Simple
Daily life
Nature food
Sometimes like deep fried
23/12/2025
Very first day of Vegelife
ဒီဇင်ဘာ ၂၃ ဟာ သက်သတ်လွတ် စားဖြစ်တာ ၂နှစ်တင်းတင်းပြည့်တဲ့နေ့ပါ...
ဘာဖြစ်လို့သက်သတ်လွတ်စားတာလဲ လို့မေးရင်....
ရည်ရွယ်ချက်မရှိ စားချင်စိတ်ပေါ်လို့ စားဖြစ်သွားတာကနေ စတာ.....
အခု Page လဲ မနက်က ဘုရားရောက်ပီးမှ စိတ်ကူးရလို့ create လုပ်လိုက်တာ..
တကယ်တော့ ဖြိုးဖြိုး က အလွန်ကို အစားဂျီးများတဲ့သူ...
သက်သတ်လွတ်စားတာ ဘာအဓိပ္ပယ်ရှိလို့လဲ ..ဘုရားဟောမပါဘူး တို့ ဘာတို့ ပြောကြပါတယ်...
တကယ်တော့ ဖြိုးဖြိုး လဲ စားချင်စိတ်ဖြစ်လို့စားရင်းနဲ့ အသားမစားချင်စိတ်ဖြစ်ပီး အသားမစားဖြစ်တော့တာပဲ..
စားနေစဥ်ကာလတွေမှာလဲ ကြုံသလို ဖြစ်သလို တခါတလေ...strict ဖြစ်လို့မရတဲ့အနေအထားမျိုးလို..အစုံပါပဲ စားဖြစ်နေတာ...ပျက်တဲ့ရက်ကိုတွက်ကြည့်ရင် ၂နှစ်အတွင်း ရက် ၃၀လောက်ဖြစ်မလားပဲ...
ဒီနေ့တော့ ရွှေမြို့တော် ချစ်တီးထမင်း သက်သတ်လွတ် သွားစားလိုက်တယ်..သေချာတယ် သက်သတ်လွတ်ပါပဲ..
ပုံကတော့ အရှိအတိုင်းရိုက်တာမို့ သဘာ၀ စစ်စစ်ပုံပဲ...
ကျန်းမာရေး သန့်ရှင်းမှု ဘာဘာညာညာကတော့ နောက်မှ ကြုံသလိုရေးတော့မယ်...
အခုကစပီး....အိမ်မှာချက်စားဖြစ်တာ..ဆိုင်၀ယ်စားဖြစ်တာ..ပျက်သွားတာ..အကြောင်းချင်းရာ အစုံ တင်ပါတော့မယ်..
အားပေးပေးပါ
ဆွေးနွေးပေးပါ
စားရင်းသောက်ရင်း ပျော်ပျော်နေကြမယ်...
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Phyo's simple Vegelife posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
