Kyu's Keepsakes

Kyu's Keepsakes

Share

�

02/06/2026

Vitamin Sea🌊🐚

18/01/2026

နိုင်ငံ ကျော်စာရေးဆရာမကြီး Louise L. Hay ရဲ့ The Power is within you ဆိုတဲ့စာအုပ် လေးကို Book review လေး ပေးချင်လို့ပါ။

ထိလို့မရ၊ မမြင်ရ တဲ့ စိတ်မှာ စွမ်းအင်တွေရှိတယ်ဆိုတာ ယုံလား?

ကျု့ငယ်ငယ်လေးတည်းကနေ သတိထားမိတာတစ်ခုရှိတယ်။ အဲတာက ကျု့ တစ်ခုခုကိုအမြဲတွေးနေရင် အဲတာဟာ တကယ်ရလာတတ်တာပဲ။ အဲတုန်းက ကလေးဆို တော့နားမလည်ခဲ့ဘူး။ ခု ဒီစာအုပ်ဖတ် တော့မှာ Universe ရယ်၊ Manifestation ရယ်ဆိုတာတွေကိုနားလည်သဘောက် ပေါက်လာပါတယ်။

စိတ်က တကယ်အံ့ဩဖို့ကောင်းတယ်။ တစ်ခါတ လေကိုယ်တကယ်မဖြစ်ချင်တာတွေကိုတောင် ခနခန တွေးနေမိတတ်ပြီး ၊ ပုံဖော် နေမိတတ်တယ်။ ဒီစာအုပ် လေးဖတ်ပြီးနားလည်လာတာက ကိုယ့်ရဲ့လက်ရှိဖြစ်ပျက် နေတဲ့အကြာင်းအရာ၊ အ‌တွေ့အကြုံတော်တော်များများဟာ ကိုယ်တိုင်ဖန်တီးထားတယ်ဆိုတာပါပဲ။ သိစိတ်နဲ့တာ့မဟုတ်ဘူး ပေါ့။

(ကိုယ့်အတွေးတွေဟာ ခံစားချက်တွကို ဖန်တီးတယ်။ အဲဒီခံစားချက် ယုံကြည်ချက်တွေ အရပဲ ဘဝကိုစတင်ကြတယ်။ Page-10)

ဘယ်လိုအတွေးမျိုးကို ရွေးချယ် တွေးမလဲ? ကိုယ်‌ရွေး ချယ်တဲ့အတွေးတွေဟာ ကိုယ့်ဘဝ ပန်းချီကားကို ဆေး ရောင်ချယ်မယ့် စုတ်တံတွေပါပဲ။

ဒီစာအုပ်လးဖတ်နေတုန်းမှာရော၊ ဖတ်ပြီးတော့ရော စိတ်ကို တော်တော်လေး သတိကပ်ဖြစ်လာခဲ့တယ်။ ပြီးတော့ လေ စိတ်ဆိုတာ သိပ်ကြောက်စရာ ကောင်းပါတယ်။ စိတ်မှာမှ မသိစိတ်လို့ ပြောရမယ်။ အဆိုးမြင်အတွေးတွေ၊ ဒုက္ခ ရောက်မဲ့ အစွဲတွေကို ကိုယ်ကရွေးပြီး ပြောနေရင် မသိစိတ်က ဒါဟာ ကျု့တို့လိုချင်တဲ့အရာလို့ ယူဆပြီး ဆန္ဒပြည့်အောင် ဆက်တိုက် ဖြည့်ဆည်း ပေးတယ်ဆို တော့ ဘယ်လောက် ကြောက်စရာကောင်းလဲ နော်။ တစ်နည်းအားဖြင့်‌‌တော့ လူအများယုံကြည်ကြသလို Universe က ကိုယ်တောင်းတာပေးသလိုပေါ့။ Universe ဆိုတာက ကောင်းတာရယ်၊ ဆိုးတာရယ်ဆိုပြီး သူက ခွဲခြားသိမနေပါဘူး။ ကိုယ်အမြဲတွေးနေတာကို သူက ကိုယ်လိုချင်တာထင်ပြီး ဖြည့်ဆည်း ပေးတတ်ရုံပါပဲ။ Manifest လုပ်တာ တွေနဲ့ ဆက်နွယ် နေ ပါတယ်။

လွယ်လွယ်လေး တွေးကြည့်ရအောင်။ မကောင်းတဲ့အတွေးတွေကို သိမ်းထားရင်၊ မကောင်းတဲ့အတွေ့အကြုံတွေပဲထွက်လာပါတယ်။ သတိထားကြည့်ကြည့်ပါ။

စိတ်ရဲ့ ဆန်းကြယ်တဲ့ အရာ တွေကို သေချာအသေးစိတ် လေး ရေးပြထားလို့ နားလည်ဖို့လဲတကယ်လွယ်ပါတယ်။ ကိုယ့်ကိုယ်ထဲက ကလေးငယ်ကိုချစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ အသိမှာသတိရှိပြီး စိတ်ကိုအမြဲသတိကပ်ထားဖို့ကို အများကြီး သိခဲ့ရတာမို့ ဒီ စာအုပ်လေးကို Review ပေးချင်ပါတယ်။ တကယ်ပေးရတဲ့ ဈေးနဲ့ မတန်တဲ့ အသိပညာတွေအများကြီးရတာမို့ Highly recommend ပါရှင်။

07/01/2026

ပန်းခင်းလမ်း🪻

05/01/2026

Very first experience of Para sailing 🪂

Photos from Kyu's Keepsakes's post 29/12/2025

ထိုင်းကို ကြိုက်ရတဲ့ 80% လောက်က Food ကြောင့်ပဲ🫠
ဘာစားစားအကုန်ကောင်း၊ အကုန် ခံတွင်းတွေ့
ဈေးကလဲ ဘတ် 40/50 လောက်ကနေစရတော့ တန်လဲတန်တယ်။ နောက်တခေါက်သွားရင်စားဖို့ ခုတည်းက စာရင်းလုပ်နေပါပြီ🤤

Photos from Kyu's Keepsakes's post 27/12/2025

ခုချိန် Mon Jam မှာ ရာသီဥတုအေးအေးလေးရယ် ပန်းတွေအများကြီးရယ်နဲ့ အရမ်းလှနေရောပေါ့။

ဆရာမ ကြည်အေး စကားနဲ့ပြောရရင်
လောကကြီးမှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင်ကောင်းမှာပဲ....

Photos from Kyu's Keepsakes's post 21/12/2025

This place is my peace of mind🌳⛰️

16/12/2025

-"there's things", I wanna say to you.....

Photos from Kyu's Keepsakes's post 15/12/2025

Mae Kampong Trip

ဒီတစ်ခါတော့ ထိုင်းရဲ့ တောင်တန်းတွေကြားက ရွာငယ်လေးတစ်ရွာဖြစ်တဲ့ Mae Kampong Trip လေးအကြောင်းပြောပါပေးသွားပါမယ်ရှင်။

🏡 Guest House & Homestay တွေလဲတော်တော်များများရှိတာမို့ တစ်ညအိပ်နေချင်သူတွေအတွက်လဲအဆင်ပြေသလို၊ ချင်းမိုင်ကနေ နေ့ချင်းပြန်လဲသွားလို့ရပါတယ်။ နွေထက်၊ မိုးအကုန်ဆောင်းအကူးလေးသွားတာကပိုကောင်းပါတယ်။ ကျု့သွားတုန်းက September မှာတောင်အေးစိမ့်နေတာ၊ မိုးကလဲရွာတော့ အတော်လေး နေလို့ကောင်းပါတယ်။(ကျု့က မိုးကြိုက်တာမို့ personal recommendation ပါရှင်)

ရွာလေးက တောင်ကြားမှာဆိုတော့ အေးချမ်းဆိတ်ငြိမ်နေတာပဲ။ ကျု့ကအချိန်မရလို့ ညတော့မအိပ်ခဲ့ရဘူး။ နောက်တစ်ခေါက်သွားရင်တော့ အေးအေးဆေး‌ဆေးလေး နေချင်တယ်။

ပုံအောက်လေးတွေမှာလဲ စာလေးတွေပါပါတယ်ရှင်🤍

Photos from Kyu's Keepsakes's post 11/12/2025

International Mountain day🏞️⛰️

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ဖြစ်ပါတယ်။

ဥတုရာသီတောကို မှီ၏ ဆိုတဲ့ ရှေးစာဆိုအတိုင်းပဲ တောတွေ၊ တောင်တွေဟာ လူတွေရဲ့ ဘဝကိုအများကြီး အထောက်အကူပြုပါတယ်။

ငယ်နေတုန်းမှာ တောင်တွေတက်ချင်တယ်။ တောင်တွေပေါ်ကနေ တိမ်ပင်လည်ကြည့်မယ်။ အဲလိုမျိုးတွေကို အနာဂတ်မှာပါ ရှုစားနိုင်ဖို့ သဘာဝတောတောင်တွေကို တတ်နိုင်သလောက်လေး ထိန်းသိမ်းကြပါစို့နော်။

Website

Alerts

Be the first to know and let us send you an email when Kyu's Keepsakes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.