KhaingNiwin

KhaingNiwin

แชร์

ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก KhaingNiwin, Bangkok

25/08/2026

အားမလျှော့ပါဘူးရှင့်ကြိုးစားနေတယ်

25/08/2026

သိုင်းရွိုက်ဟော်မုန်းများနေခြင်းအတွက် ဆောင်ရန်/ ရှောင်ရန်

✅ ကာဘိုဟိုက်ဒြိတ်ကြွယ်ဝသော အစားအစာများ ပိုစားပါ။
(ဥပမာ - ထမင်း၊ မုန့်ဟင်းခါး၊ ကြာဆံ၊ ကောက်ညှင်းပေါင်း၊ အာလူး၊ ပြောင်းဖူး၊ ကန်စွန်းဥ)

✅ မပြည့်ဝဆီများ ပိုစားပါ။
(ဥပမာ -အဆီပါသောငါးများ၊ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ)

✅ ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများပိုစားပါ။
(ဥပမာ - အသား၊ ငါး၊ ပုစွန်၊ ပဲမျိုးစုံ၊ ဥအမျိုးမျိူး)

✅ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို ဟန့်တားပေးသော ဟင်းသီးဟင်းရွက်များကို နေ့စဉ် စားသုံးပါ။
(ဥပမာ -ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီပန်းပွင့်စိမ်း၊ မုန်ညင်း၊ မုန်ညင်းစိမ်း)

✅ ကယ်လ်စီယမ် ကြွယ်ဝသော အစားအစာများ ပိုစားပါ။
(ဥပမာ - နွားနို့၊ ကြက်ဥ၊ ဘဲဥ၊ အရိုးပါဝါးစားနိုင်သော ငါးသေးသေးလေးများ၊ အခွံပါဝါးစားနိုင်သော ရေချိုပုစွန်ငယ်လေးများ)

❌ အိုင်အိုဒင်းဓာတ် ကြွယ်ဝသော အစားအစာများ ရှောင်ကြဉ်ပါ။
(ဥပမာ - အိုင်အိုဒင်းဆား၊ ငါးပိ၊ ငံပြာရည်၊ ပင်လယ်စာများ၊ ငှက်ပျောသီး )

❌ ပြည့်ဝဆီများ ရှောင်ကြဉ်ပါ။
(ဥပမာ - ဝက်ဆီ၊ အမဲဆီ၊ စားအုန်းဆီ)

❌ ကဖိန်းဓာတ်ပါဝင်သော အစားအစာများ ရှောင်ကြဉ်ပါ။
( ဥပမာ - ကော်ဖီ၊ လက်ဖက်ရည်၊ ‌ရေနွေးကြမ်း၊ လက်ဖက်သုပ်)

✅ အောက်ပါ သဘာဝ အော်ဂဲနစ်ဆေးဝါးများနှင့် 𝐇𝐞𝐚𝐥𝐭𝐡 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭 များကို လိုအပ်ပါက မှီဝဲနိုင်ပါသည်။

🔵 𝐀𝐩𝐩𝐥𝐞𝐭𝐞𝐜 (ပန်းသီးဆေး)
🔵 𝐍𝐚𝐭𝐮𝐫𝐞 – 𝐐𝟏𝟎 (နှလုံးဆေး)
🔵 𝐇𝐨𝐧𝐨𝐤𝐢𝐨𝐥 (တောင်စကားဖြူဆေး)

#𝐅𝐀𝐌𝐄 #𝐃𝐫𝐊𝐡𝐢𝐧𝐌𝐚𝐮𝐧𝐠𝐋𝐰𝐢𝐧 #𝐇𝐲𝐩𝐞𝐫𝐭𝐡𝐲𝐫𝐨𝐢𝐝𝐢𝐬𝐦

25/08/2026

“လူတစ်ယောက် ဘုန်းကံမြင့်ဖို့ အချက် ၅ ချက်”

🔳 မြန်မာလူမျိုးတွေရဲ့ စကားဝိုင်းတွေမှာ “ဟိုလူကတော့ ဘုန်းကံကြီးတယ်”၊ “ဒီလူကတော့ ဘုန်းကံနိမ့်တယ်” ဆိုတဲ့ စကားတွေကို မကြာခဏ ကြားဖူးကြမှာပါ။

ဘုန်းကံဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ လူတော်တော်များများက မွေးရာပါ ပါလာတဲ့ ကံကြမ္မာ၊ ဒါမှမဟုတ် အထက်က ဖန်တီးပေးလိုက်တဲ့ အရာတစ်ခု၊ ကုသိုလ်ကံအကျိုးပေးလို့ပဲ ပြေးမြင်တတ်ကြပါတယ်။

တစ်ခါတလေကျရင် ယတြာချေတာ၊ အဆောင်လက်ဖွဲ့တွေ ဆောင်တာတွေနဲ့ ဘုန်းကံမြင့်လာအောင် လုပ်လို့ရတယ်လို့လည်း ယူဆတတ်ကြပါတယ်။

ဒါပေမယ့် ဉာဏလေ့လာမိသလောက်၊ တကယ့်လက်တွေ့ဘဝနဲ့ စိတ်ပညာရှုထောင့်ကနေ တွဲဖက်ကြည့်မယ်ဆိုရင် လူတစ်ယောက်ရဲ့ “ဘုန်းကံ” ဆိုတာ အပြင်ဘက်ကနေ ရလာတဲ့အရာသက်သက် မဟုတ်ဘဲ၊ သူ့ရဲ့ နေ့စဉ် တွေးခေါ်ပုံ၊ ပြောဆိုပုံ၊ ပြုမူပုံတွေကနေ စုဆောင်းရရှိလာတဲ့ စွမ်းအင် (Energy) တစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ သေချာပြန်ကြည့်ပါ။ တချို့လူတွေ စကားပြောရင် လူတွေက ငြိမ်ပြီး နားထောင်ချင်ကြတယ်။ သူတို့ရဲ့ အနီးအနားမှာ ရှိနေရင် လုံခြုံတယ်၊ အေးချမ်းတယ်လို့ ခံစားရတယ်။ အဲဒါဟာ သူတို့မှာ ပိုက်ဆံတွေ အများကြီး ရှိနေလို့၊ ရာထူးတွေ ကြီးနေလို့ချည်းပဲ မဟုတ်ပါဘူး။ သူတို့တည်ဆောက်ထားတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေစိတ်ထားက သူတို့ကို အလိုလို လေးစားချင်စရာ ဖြစ်အောင် ဖန်တီးပေးထားတာပါ။

ဗုဒ္ဓဘာသာ အလိုအရ ပြောရရင်လည်း ဘုန်းကံဆိုတာ အတိတ်က ကုသိုလ်ကံအပြင် ပစ္စုပ္ပန်မှာ ကိုယ်တိုင် ပြုစုပျိုးထောင်ရတဲ့ ဉာဏ်ပညာနဲ့ အကျင့်သီလတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ဘုန်းကံကို တကယ်မြင့်မားချင်တယ်၊ လူတကာရဲ့ လေးစားမြတ်နိုးမှုကို ခံရတဲ့သူ တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် နေ့စဉ်ဘဝမှာ အာရုံစိုက်ပြီး ပြောင်းလဲလုပ်ဆောင်ရမယ့် အချက်လေးတွေ ရှိပါတယ်။

📌 ၁။ ကိုယ့်ရဲ့ နှုတ်ထွက်စကားကို တန်ဖိုးထားခြင်း

🔳 လူတစ်ယောက်ရဲ့ ဘုန်းကံဟာ သူ့ရဲ့ နှုတ်ကနေ ထွက်တဲ့ စကားပေါ်မှာ အများကြီး တည်မှီနေပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကို တာဝန်ယူနိုင်တာ၊ ကတိပေးပြီးရင် တည်အောင် လုပ်တာတွေဟာ လူတစ်ယောက်ရဲ့ တန်ဖိုးကို အမြင့်ဆုံးကို ဆွဲတင်ပေးနိုင်တဲ့ အရာတွေပါ။

တစ်ချို့လူတွေက စကားကို လွယ်လွယ်ပြောတတ်ကြတယ်။ မလုပ်ပေးနိုင်တဲ့ အရာတွေကို လုပ်ပေးမယ်လို့ လွယ်လွယ် ကတိပေးတယ်။ နောက်ကွယ်မှာ သူတစ်ပါးရဲ့ အတင်းအဖျင်းတွေကို ပြောတယ်။ အဲဒီလို လွယ်လွယ်ပြောတတ်တဲ့ နှုတ်ဟာ အချိန်ကြာလာတာနဲ့အမျှ ဘုန်းကံ မရှိတော့ပါဘူး။

စိတ်ပညာအရ ပြောရရင် လူတွေဟာ သူတို့ပြောတဲ့ စကားကို သူတို့ကိုယ်တိုင်တောင် မယုံကြည်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ် သံသယဝင်ခြင်း (Self-doubt) ဖြစ်လာပြီး၊ သူတို့ရဲ့ စွမ်းအင်တွေ ကျဆင်းလာတတ်ပါတယ်။

ဒါကြောင့် ဘုန်းကံမြင့်ချင်တယ်ဆိုရင် စကားကို စဉ်းစားပြီးမှ ပြောပါ။ မလိုအပ်ဘဲ အလကားနေရင်း သူများအကြောင်း ဝေဖန်တာမျိုးကို ရှောင်ပါ။

ကိုယ်ပြောလိုက်တဲ့ စကားတိုင်းဟာ အမှန်တရားနဲ့ အပြုသဘောဆောင်တဲ့ ရည်ရွယ်ချက်ပေါ်မှာ အခြေခံနေမယ်ဆိုရင် သင့်ရဲ့ နှုတ်ထွက်စကားဟာ ဘယ်နေရာရောက်ရောက် အလိုလို ဩဇာညောင်းလာပါလိမ့်မယ်။

📌 ၂။ မလိုအပ်တဲ့ ပြဿနာတွေ၊ စကားဝိုင်းတွေမှာ မပါဝင်ခြင်း

🔳 ဘဝမှာ အရေးကြီးဆုံးက ကိုယ့်ရဲ့ စွမ်းအင် (Energy) ကို ကာကွယ်တတ်ဖို့ပါပဲ။ အဆင့်အတန်း မြင့်တဲ့သူ၊ ဘုန်းကံကြီးတဲ့သူတွေဟာ လမ်းဘေးက ခွေးဟောင်တိုင်း ပြန်ပြီး ခဲနဲ့ပေါက်မနေပါဘူး။ လူမှုကွန်ရက် (Social Media) ပေါ်မှာ ဖြစ်ဖြစ်၊ ပြင်ပ လက်တွေ့ဘဝမှာပဲဖြစ်ဖြစ်၊ ပြဿနာတိုင်းမှာ ဝင်ပါနေတာ၊ သူများ ရန်ဖြစ်တာကို သွားပြီး အကဲဖြတ်နေတာတွေဟာ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်နဲ့ စွမ်းအင်တွေကို လွှင့်ပစ်နေတာနဲ့ အတူတူပါပဲ။ လောင်စာမရှိရင် မီးဆိုတာ အလိုလို ငြိမ်းသွားတတ်ပါတယ်။

တစ်ခါတလေ ကိုယ့်ကို တမင်သက်သက် လာပြီး စရန်တိုက်တဲ့သူတွေ၊ အဆိပ်အတောက် ဖြစ်စေတဲ့သူတွေနဲ့ ကြုံလာရတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဒေါသတကြီးနဲ့ တုံ့ပြန်လိုက်တာဟာ သူတို့ရဲ့ အဆင့်အတန်းဆီကို ကိုယ်က ဆင်းသွားလိုက်တာပါပဲ။

တကယ့်ကို ဘုန်းကံမြင့်တဲ့သူတွေဟာ ပြဿနာကို ရှောင်ပြေးတာ မဟုတ်ပေမယ့်၊ တန်ဖိုးမရှိတဲ့ အရာတွေအတွက် သူတို့ရဲ့ စိတ်အေးချမ်းမှုကို အပျက်ခံလေ့ မရှိပါဘူး။

📌 ၃။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားခြင်း

🔳 ဘုန်းကံမြင့်တယ် ဆိုတာ အပြင်ပန်း အသွင်အပြင်နဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါက အမှတ်တံဆိပ် အကြီးကြီးတွေ၊ အဝတ်အစား ဈေးကြီးကြီးတွေ ဝတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေထိုင်တာ၊ ကိုယ့်ခန္ဓာကိုယ် ကျန်းမာအောင် ဂရုစိုက်တာ၊ နေတဲ့ထိုင်တဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားတာတွေ အားလုံးဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု (Self-Respect) ရဲ့ ပြယုဂ်တွေပါပဲ။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့သူ၊ ကိုယ့်ဘဝကို ဖြစ်သလို ပစ်ထားတဲ့သူ တစ်ယောက်ကို ဘယ်သူကမှ လာပြီး တန်ဖိုးထားပေးမှာ မဟုတ်ပါဘူး။

ထို့အတူပဲ၊ လူမှုဆက်ဆံရေးမှာလည်း ကိုယ့်အတွက် သင့်တော်တဲ့ နယ်နိမိတ် (Boundaries) တွေ သတ်မှတ်ထားဖို့ လိုပါတယ်။ အားနာလွန်းပြီး လူတိုင်းခိုင်းသမျှ လုပ်ပေးနေရတာ၊ ကိုယ့်ကို မလေးစားတဲ့ စကားဝိုင်းတွေမှာ အတင်းကပ်ပြီး နေနေတာမျိုးတွေဟာ ကိုယ့်ရဲ့ နေရာကို ကိုယ်တိုင် ဖျက်ဆီးနေတာပါ။ ဘုန်းကံဆိုတာ “ငါက ဘယ်လို နေရာမျိုးနဲ့ ထိုက်တန်တယ်” ဆိုတာကို ကိုယ်တိုင် သိရှိပြီး၊ အဲဒီစံနှုန်းအတိုင်း ရဲရဲဝံ့ဝံ့ နေထိုင်ခြင်းကနေ စတင်ပါတယ်။

📌 ၄။ သူတစ်ပါးရဲ့ အောင်မြင်မှုကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုပေးခြင်း

🔳 လူ့သဘာဝအရ ကိုယ့်ထက် သာသွားတဲ့ သူတွေကို မြင်ရင် မနာလိုတဲ့စိတ်၊ ယှဉ်ပြိုင်လိုတဲ့စိတ်တွေ ဝင်လာတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် အဲဒီ မနာလိုဝန်တိုမှု (Jealousy) ဆိုတဲ့ စိတ်ဟာ ကိုယ့်ရဲ့ ဘုန်းကံကို အမြန်ဆုံး ဖျက်ဆီးပစ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ သူတစ်ပါး အဆင်ပြေနေတာကို ကြည့်ပြီး အတွင်းထဲမှာ ပူလောင်နေတဲ့သူဟာ ဘယ်တော့မှ အေးချမ်းတဲ့ မျက်နှာသွင်ပြင်ကို မပိုင်ဆိုင်နိုင်ပါဘူး။ ဗုဒ္ဓဘာသာမှာတော့ ဒါကို မုဒိတာပွားတယ်လို့ ခေါ်ပါတယ်။

စီးပွားရေးနဲ့ အောင်မြင်မှု လမ်းကြောင်းမှာ ကြည့်မယ်ဆိုရင်လည်း သူများရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုပေးနိုင်တဲ့သူဟာ ပိုပြီး ကျယ်ပြန့်တဲ့ အမြင်ရှိလာပြီး၊ အဲဒီအောင်မြင်မှုဆီကနေ သင်ခန်းစာ ယူနိုင်ပါတယ်။ "သူတောင် လုပ်နိုင်ရင်၊ ငါလည်း ကြိုးစားရင် ရနိုင်တာပဲ" ဆိုတဲ့ အပြုသဘောဆောင်တဲ့ စိတ် (Abundance Mindset) က ကိုယ့်ဆီကို အခွင့်အလမ်းကောင်းတွေ ပိုပြီး ဆွဲဆောင်နိုင်ပါတယ်။

သူတစ်ပါးရဲ့ အလင်းရောင်ကို ဖယောင်းတိုင် မှုတ်ငြိမ်းသလို လိုက်လုပ်နေမယ့်အစား၊ ကိုယ့်ရဲ့ ဖယောင်းတိုင်ကို ပိုပြီး လင်းထိန်လာအောင် ကြိုးစားတာကသာ တကယ့် အောင်မြင်မယ့်သူတွေရဲ့ အလုပ်ပါပဲ။

📌 ၅။ စိတ်ရင်းအမှန်ကို ဖြူစင်အောင်ထားပြီး ရိုးသားစွာ ရှင်သန်ခြင်း

🔳 နောက်ဆုံးနဲ့ အရေးကြီးဆုံး အချက်ကတော့ ကိုယ့်ရဲ့ စိတ်ရင်းအမှန်ပါပဲ။ လောကကြီးမှာ အရာရာကို ဟန်ဆောင်လို့ ရနိုင်ပေမယ့် ကိုယ့်ရဲ့ အတွင်းစိတ်ကိုတော့ ဖုံးကွယ်ထားလို့ မရပါဘူး။ တစ်ခုခုကို လုပ်တဲ့အခါ “ဒီအလုပ်က ငါ့အတွက် ဘာအကျိုးအမြတ် ရမလဲ” ဆိုတာထက်၊ “ဒီအလုပ်ဟာ မှန်ကန်ရဲ့လား၊ သူတစ်ပါးကို ထိခိုက်နစ်နာစေလား” ဆိုတာကို အရင် တွေးနိုင်တဲ့သူဟာ အတွင်းစိတ် ဖြူစင်တဲ့သူပါ။

ရိုးသားမှုဆိုတာ လူတိုင်းသိအောင် ကြော်ငြာနေစရာ မလိုပါဘူး။ ညအိပ်ရာဝင်တဲ့အခါ "ဒီနေ့ ငါ ဘယ်သူ့ကိုမှ မယုတ်မာခဲ့ဘူး၊ ဘယ်သူ့ကိုမှ တမင်သက်သက် ဒုက္ခမပေးခဲ့ဘူး" ဆိုတဲ့ အသိလေးနဲ့ အေးချမ်းစွာ အိပ်စက်နိုင်တာဟာ လူတစ်ယောက်အတွက် အကြီးမားဆုံးသော ဘုန်းကံပါပဲ။ အဲဒီလို ဖြူစင်တဲ့ စိတ်ထားရှိတဲ့ သူရဲ့ မျက်နှာဟာ အလိုလိုနေရင်း ကြည်လင်နေတတ်ပြီး၊ သူ့ရဲ့ အနီးအနားကို ရောက်လာတဲ့ သူတိုင်းက အဲဒီ အေးချမ်းမှုကို ခံစားရပါတယ်။

🔳 အချုပ်အားဖြင့် ပြောရရင် ဘုန်းကံဆိုတာ မမြင်ရတဲ့ တန်ခိုးရှင်တစ်ပါးက ဖန်တီးပေးလိုက်တဲ့ အရာ မဟုတ်ပါဘူး။ ကိုယ်နေ့စဉ် ပြောဆိုနေတဲ့ စကားတွေ၊ ကိုယ်ရွေးချယ်လိုက်တဲ့ အပြုအမူတွေ၊ ကိုယ့်ရဲ့ အတွင်းစိတ်နေစိတ်ထားတွေ အားလုံး စုပေါင်းပြီး ဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန် (Aura) တစ်ခုသာ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ တကယ့်ဘုန်းကံဆိုတာ သူ ဘယ်လောက် ပိုင်ဆိုင်သလဲဆိုတာထက်၊ သူ့ကြောင့် ပတ်ဝန်းကျင်က ဘယ်လောက် အေးချမ်းသွားသလဲ ဆိုတဲ့အပေါ်မှာပဲ တည်ရှိနေပါတယ်။ ❤️

#ဉာဏ

August 23, 2026

ဆရာမဉာဏ၏စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Online က မှာယူလိုပါလျှင် Page Messenger ကနေ လာရောက်မှာယူနိုင်ပါတယ်။

25/08/2026
05/07/2026

နှင့် Dr. Khin Maung Lwin – သူ့ရဲ့ အမာခံပရိသတ်အဖြစ် ကျွန်ုပ် အခုပဲ အသိအမှတ်ပြုခံခဲ့ရပါတယ် 🎉

01/07/2026

🍀🤍

29/06/2026

NARA Benyapa - Voice Energy & Wealth Alignment #เทคนิคการพูด:อาจารย์นาราเบญญาภาmoment

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด ร้านเสริมสวย ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

เว็บไซต์

ที่อยู่

Bangkok

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ KhaingNiwin โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Bangkok