Tway mi yr tin by sanni
You've got to seize the opportunity if it is presented to you
အိမ်ကိုလွမ်းတယ် အဖေနဲ့အမေရှိနေမယ့် အိမ်လေးကိုပြေးပီးပြန်ချင်တယ်။
မိသားစုလိုက်ဘုရားတွေအရင်လိုမိသားစုလိုက်လူစုံတက်စုံသွားပီးဖူးချင်တယ်။
အရင်လိုအဖေ့လက်လေးချိတ်ပီး စကားတပြောပြောလမ်းလျောက်ချင်တယ်။
အိပ်ယာဝင်ချိန်တွေတိုင်းအရင်လို အမေ့ခြေသလုံးပျော့ပျော့လေးတွေကို ဒေါ်သောင်းစိန်ဆေးကလေးလူးရင်းနှိပ်ပေးချင်တယ်။
အရင်လိုမောင်လေးနဲ့ဂိမ်းတွေငြင်းလိုက်ခုံလိုက်ဆော့ချင်တယ်။
အရင်လိုတူလေးတွေနဲ့ဆော့ချင်တယ် တူမလေးတွေနဲ့စက်ဘီးလျောက်စီးချင်တယ်။
သားလေ ဘာမှမဖြစ်ချင်တော့ဘူးအမေရယ် အမေတို့အဖေတို့နဲ့အတူတူ ဈေးလေးရောင်းပီး ရှိတာနဲ့စားပီး ပျော်သလိုလေးပဲဘဝကိုဖြတ်သန်းချင်တော့တယ်။
သားပြန်လာချင်ပီ.....။
คลิกที่นี่เพื่อเป็นสมาชิก?
