Yoga on the Mat
🍀Where breath meets movement_one mat,one moment 🍀
🧘♀️Mind in stillness-find balance-Yoga on the Mat
📍A passionate yoga practioner in Bangkok 📍
Backbend progress check. ❤️🎯
Prop assistance isn't about making a pose "easier" it's about making it smarter. 🎯
21/09/2026
🧘♀️ My First Universal Yoga Experience
✨ အရင်တစ်ပတ်က Universal Yoga ကို ပထမဦးဆုံးအနေနဲ့ သွားတက်ဖြစ်ခဲ့တဲ့ အတွေ့အကြုံလေး မျှဝေပေးချင်ပါတယ်။
🤝 ဒီ class က Instructor က လာသင်ပေးတယ်ဆိုတာထက်၊ အားလုံး အတူတူစုပြီး လေ့ကျင့်ကြတယ်ဆိုတဲ့ သဘောမျိုး ပိုသက်ရောက်လို့ Energy က အရမ်းကောင်းပါတယ်။ အတွေ့အကြုံရှိပြီးသား Experienced Practitioner တွေဆိုရင်တော့ အလွယ်တကူ လိုက်ပါလေ့ကျင့်နိုင်ပါတယ်။
🤸♀️ Class ရဲ့ Main Theme ကတော့ Arm Balance & Inversions တွေနဲ့ Balancing Poses တွေပဲ ဖြစ်ပါတယ်။ Backbend ပါတာ အရမ်းနည်းပါတယ်။
🔥 Vinyasa Flow သွားတဲ့နေရာမှာ Crow pose ကနေ Jump back to Chaturanga တို့၊ Handstand to Chaturanga တို့လိုအကူးအပြောင်းတွေ သွားပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အကုန်လုံးလိုက်မကျင့်နိုင်လည်း ဘာမှမဖြစ်ပါဘူး။ကိုယ့်ရဲ့ Motion နဲ့ Range အတိုင်းပဲ ကိုယ်အဆင်ပြေသလို လေ့ကျင့်ကြတာပါ။
🔄 ဒီမှာ ထူးခြားတာက ဖျာကို ၃၆၀ ဒီဂရီ ပတ်ပြီး အရပ်မျက်နှာအစုံ လှည့်ပတ်လေ့ကျင့်ကြတာပါပဲ။
🏹 အသစ်အနေနဲ့ လေ့လာခဲ့ရတာကတော့ "The archer’s Pose" ဆိုပြီး Warrior 2 ကို လေးပစ်တဲ့ ပုံစံမျိုးလေး သွားထားတာပါ။ ရှေ့ခြေဖဝါးကို ကြွထားရတဲ့အတွက် ပိုပြီး Balance သုံးရသလို၊ ဓာတ်ပုံရိုက်ရင်လည်း အရမ်းလှပြီး Photogenic ဖြစ်မယ့် Pose လေးပါ။ ကျန်တာကတော့ ပုံမှန်အတိုင်းပါပဲ။
💦 75 mins တိတိ Non-stop Flow တဲ့အတွက် ခန္ဓာကိုယ်အပူချိန်တက်လာပြီး အရမ်း Flow လို့ ကောင်းပါတယ်။ Aircon လည်း မဖွင့်ပေးထားလို့ ချွေးဆိုတာရွှဲရွှဲစိုသွားပါတယ်။ တကယ့်ကို အားရကျေနပ်စရာကောင်းတဲ့ ပထမဆုံး အတွေ့အကြုံလေးပါပဲ 🤍
🪷Practice makes progress!
✨My Pincha progress လေးပါ။
😍 အရင်ကထက်စာရင် တဖြည်းဖြည်းနဲ့ Shoulder ပေါ်ကို Body weight ပို့တတ်လာပြီ။
⚖️အပေါ်ရောက်သွားတဲ့အချိန်မှာ Balance ရှာပြီး banana shape ဖြစ်မနေအောင် ထိန်းနိုင်လာတာကိုပဲ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး အားရမိပါတယ်။
💪Strength သုံးပြီး သေသေချာချာ အကြာကြီး ထိန်းနိုင်ဖို့အတွက်တော့ နောက်ထပ် လေ့ကျင့်ရဦးမယ်။
🍀အချိန်ယူရဦးမယ်ဆိုပေမဲ့ ဒီနေ့ရတဲ့ တိုးတက်မှုလေးကပဲ မနက်ဖြန်အတွက် ခွန်အားပေါ့။
🪷Yoga ချစ်သူတွေရော... ကိုယ်တွေလိုပဲ Pincha pose နဲ့ လုံးပန်းနေရတုန်းပဲလားဟင်? အတူတူ ကြိုးစားကြမယ်နော်။ 🤍✨
✨💫 In person training : Book Your Spot!
✨Private 1-on-1 sessions and mini-classes are now available
✨ Happy Monday everyone 🤍
🔋အပတ်စဉ် မန်းဒေးကတော့ ဘာမှ မလေ့ကျင့်ပဲ ခန္ဓာကိုယ်ကို အနားပေးတဲ့နေ့လေးပေါ့
🧘♀️Weekend ရဲ့ deepen your practice အတန်းမှာ လေ့ကျင့်ဖြစ်သလို
🏋️♀️Weekdays ညနေခင်းတွေမှာလည်း strength training + yoga ကိုပုံမှန်လေ့ကျင့်ဖြစ်တယ် 🧘♀️
🍀 ဒါကြောင့်မို့လို့ ဒီနေ့မှာ ခန္ဓာကိုယ်လေးကို သေသေချာချာကို အနားပေးလိုက်တယ် 🛌
🍀 Yoga asana practice လေ့ကျင့်တဲ့ အခါမှာလည်း ego ရှေ့မတင်ပဲ 🌸
🍀 ကိုယ်တကယ် လေ့ကျင့်နိုင်တဲ့ အတိုင်းအတာ အတွင်းပဲ ပုံမှန်လေး လုပ်ဖြစ်တယ် ✨
🍀 ကိုယ်တိုင်က ဖြည်းဖြည်းနဲ့ မှန်မှန်သွားရတဲ့ ကျင့်စဉ်ကိုပဲ သဘောကျလို့ 🤍
🍀 နေ့တိုင်း Commitment ရှိရှိလေးနဲ့ ဖျာပေါ်ရောက်အောင် ကြိုးစားနေဆဲပါ ✨
🪷Stacking hips, engaging the core, and trusting the process—one wall tap at a time.
🪷အိ ကျလာတဲ့ shoulder ကို ပြန်တွန်းတင်လိုက် balance ရှာလိုက်နဲ့ here is my progress✨
💫In person training : Book Your Spot!
✨Private 1-on-1 sessions and mini-classes are now available
A little bit of strength, a lot of stillness, and a quick mirror check. Just documenting the daily practice. 🤍
Yoga practitioner by choice, gravity fighter by necessity.
I am a yoga practitioner but I also mix in bodyweight workouts to build up my functional strength.
Join me on the mat Yoga on the Mat
🪷 Headstand transitions - eagle to lotus
📌 Headstand လေ့ကျင့်ရာမှာ အရေးကြီးဆုံးက Core strength သန်မာဖို့နဲ့ Shoulder stability ရှိဖို့ပါပဲ။
📌 Core နဲ့ ပခုံးကြွက်သားတွေက ခန္ဓာကိုယ်ကို မထိန်းပေးနိုင်ဘူးဆိုရင် Body weight အားလုံးက Neck ပေါ် တိုက်ရိုက်ကျပြီး Tension ဖြစ်ပြီး injury risk ရှိနိုင်ပါတယ်။
📌 ဒါကြောင့် ကိုယ်တိုင်ကတော့ Headstand မလေ့ကျင့်ခင်မှာ သွေးပူတဲ့အနေနဲ့ Core exercises တွေကို ၃ ကျော့လောက် သေချာလေ့ကျင့်ပြီးမှ Headstand ကိုလေ့ကျင့်ဖြစ်ပါတယ်။
💫In person training : Book Your Spot!
✨Private 1-on-1 sessions and mini-classes are now available
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
หมวดหมู่
เว็บไซต์
ที่อยู่
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Yoga on the Mat โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ
