Your Yoga Space

Your Yoga Space

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Your Yoga Space, สุขภาพ/ความงาม, 167/3 Moo 3, Nam Phrae, .

10/10/2026

ကျန်းမာပြီး ဘေးကင်းတဲ့ ယောဂ နည်းလမ်းတွေအတွက် Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်!☺️
#လေ့ကျင့်ခန်း #ကျန်းမာရေး #ယောဂ

Photos from Your Yoga Space's post 07/10/2026

ရင်ဘတ်ကိုသေချာဖွင့်လေ ဟူးမန်းမရဲ့
ခြောက်ချက်ကုတ်လိုက်ရ😸
Instructor ရွှေဧည့်သည်ကြီး

06/10/2026

တစ်နေ့ကို ၅ မိနစ်ပဲပေးပြီး ဒီပုံစံလေးတွေ မှန်မှန်လုပ်ပေးရုံနဲ့ ခန္ဓာကိုယ် တောင့်တင်းတာတွေ ပြေလျော့ပြီး ပျော့ပြောင်းလာစေပါတယ်။
#လေ့ကျင့်ခန်း #ကျန်းမာရေး #အကြောလျှော့ #ယောဂ

03/10/2026

असान Asana is a way to understand yourself
အတန်းထဲမှာဆို အမြဲပြောလေ့ရှိပါတယ် “ကိုယ့်ခန္ဓာကိုယ်တွေ နားထောင်ပါ၊သတိထားကြည့်ပါ”
Asana ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေ နားလည်တဲ့ နည်းလမ်းတစ်ခုပါပဲ

🧘‍♀️ကိုယ့်ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကို သိလာခြင်း
🧘‍♀️ စိတ်ရဲ့ တင်းမာမှု အခြေအနေကို ထင်ဟပ်စေခြင်း
🧘‍♀️ သည်းခံစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်လာခြင်း

🌿ဆိုလိုတာက အာသန (Asana) ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ဟန်အနေအထား သက်သက်မဟုတ်ဘဲ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ စိတ်နဲ့ အတွေးအခေါ်တွေကိုပါ အချိန်ပေးလေ့လာပြီး ကိုယ့်အကြောင်းကိုယ် ပိုနားလည်သွားစေတဲ့ အတွင်းပိုင်း ခရီးလမ်းတစ်ခုပဲ ဖြစ်ပါတယ်ရှင်။🌿
ကျွန်မကိုယ်တိုင်လည်း လေ့ကျင့်ရင်း ရှာဖွေနေဆဲပါ။
#လေ့ကျင့်ခန်း #ကျန်းမာရေး #ယောဂ

02/10/2026

ယောဂကျင့်ရင် ဆံပင် ဘယ်နားထားရမှန်းမသိတဲ့သူတွေအတွက်
ချစ်သောအမတွေမှ သရုပ်ဖော် ပြသ😁

30/09/2026

🧘‍♀️၂၁ ရက်နဲ့ အလေ့အကျင့်ကောင်းတစ်ခု အတူတူ တည်ဆောက်ကြရအောင်🧘‍♀️

နှစ်မကုန်ခင်မှာ ကိုယ့်ရဲ့ ကျန်းမာရေး၊ စိတ်ဓာတ်နဲ့ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခု ရရှိသွားစေဖို့ **Free Online Yoga Class (21-Day Challenge)** လေး ပြုလုပ်ပေးသွားပါမယ်ရှင်။

💡 ဘယ်သူတွေ တက်ရောက်လေ့ကျင့်သင့်လဲ?
• Beginner များ / ယောဂ လုံးဝမကျင့်ဖူးသူများ
အခြေခံကစပြီး ဒဏ်ရာမရအောင် ဖြည်းဖြည်းချင်း သင်ပေးမှာမလို့ ယောဂ မလုပ်ဖူးလို့ စိတ်ပူစရာ လုံးဝမလိုပါဘူး။
• တစ်နေ့တာ ပင်ပန်းသမျှ စိတ်နဲ့ခန္ဓာကို အနားပေးချင်သူများ။
• ရုံးထိုင်များလွန်းလို့ သို့မဟုတ် ကွန်ပျူတာ/ဖုန်း အကြည့်များလို့ ကျောကုန်းနဲ့ ခါးညောင်းညာသူများ။
• နှစ်မကုန်ခင် အလေ့အကျင့်ကောင်း စတင်ချင်သူများ

တစ်တန်းလျှင် (၅) ဦးသာ အကန့်အသတ်နဲ့ လက်ခံသင်ကြားပေးသွားမှာဖြစ်ပါတယ်။

📅 သင်တန်းစတင်မည့်ရက်-အောက်တိုဘာ (၁၂) ရက်နေ့

⏰ သင်တန်းချိန်:- ညနေ ၆:၀၀ နာရီ မှ ၇:၀၀ နာရီ (မြန်မာချိန်)

💻 သင်ကြားမည့်ပုံစံ:-Online

Free Class တက်ရောက်ခွင့် ရရှိရန် စည်းကမ်းချက်များ -

1️⃣ ဒီ Page လေးကို **Follow** လုပ်ထားပေးပါ။

2️⃣ ဒီ Post လေးကို **Public** ဖြင့် Share ပေးပါ။

3️⃣ Comment မှာ "21" ဟု ရေးခဲ့ပေးပါ

(Follow လုပ်ထားသူများထဲမှ စည်းကမ်းချက်နှင့် ကိုက်ညီသူ ၅ ဦးကို သီးသန့် ရွေးချယ်သင်ကြားပေးသွားပါမည်ရှင်)* 💚

29/09/2026

Headstand ဆိုတာလေ ရုပ်ပိုင်းဆိုင်ရာ အားစိုက်မှုတင်မကဘဲ မိမိခန္ဓာကိုယ်ရဲ့ အနေအထားနဲ့ ဟန်ချက်ကို အပြည့်အဝ နားလည်သဘောပေါက်လာမှသာ ဘေးကင်းစွာ လုပ်ဆောင်နိုင်တဲ့ ပို့စ်တစ်ခုပါ။ 🧘‍♀️✨
ဒါကြောင့်မလို့ ကျွန်မရဲ့ သင်တန်းမှာ Headstand ကို ချက်ချင်း အတင်းမလုပ်ခိုင်းဘဲ -
• ခန္ဓာကိုယ် ကြွက်သားများ လုံလောက်စွာ သန်မာလာချိန်
• ပုခုံး၊ ခါးနှင့် Core သက်လုံ အားကောင်းလာချိန်
• ခန္ဓာကိုယ်ရဲ့ ထိန်းညှိမှုကို စနစ်တကျ သိရှိလာချိန်မှာမှသာ တစ်ဦးချင်းစီရဲ့ အနေအထားကို အကဲဖြတ်ပြီးမှ စနစ်တကျ သင်ကြားပေးတာဖြစ်ပါတယ်ရှင်။ namaste 🙏🏻
#ယောဂ #ယောဂကျင့်စဉ် #လေ့ကျင့်ခန်း #ကျန်းမာရေး

27/09/2026

အကြောလျှော့ကြမယ်
#ယောဂ #လေ့ကျင့်ခန်း #ကျန်းမာရေး #အကြောလျှော့

25/09/2026

ခန္ဓာကိုယ် ဟန်ချက်ညီဖို့ (Yoga Balance) ဆိုတာ ဘာလဲ?

ယောဂကျင့်စဉ်တွေမှာ Balance ပို့စ်တွေ (ဥပမာ- Tree Pose, Warrior III, Dancer Pose) လုပ်တဲ့အခါ ခြေထောက်တစ်ဖက်တည်းနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းရတာ တကယ်ကို စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဒါပေမဲ့ အဲဒီလို ဟန်ချက်ညီအောင် ကြိုးစားခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကျိုးကျေးဇူးတွေ အများကြီး ရစေပါတယ်ရှင်။
💡 Yoga Balance လုပ်ခြင်းရဲ့ အဓိက အကျိုးကျေးဇူးများ:
၁။စိတ်ကို ငြိမ်သက်စေခြင်း : ဟန်ချက်ထိန်းတဲ့အခါ စိတ်က တခြားကို လွင့်ပျံလို့မရဘဲ လက်ရှိလုပ်နေတဲ့ အနေအထားပေါ်မှာပဲ အာရုံစိုက်ရတာမို့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါတယ်။
၂။Stability တက်လာခြင်း: ခြေထောက်ကြွက်သားငယ်တွေကို အဓိက အလုပ်လုပ်စေလို့ ခန္ဓာကိုယ် တောင့်တင်းခိုင်မာလာပါတယ်။
၃။အာရုံစူးစိုက်မှု အားကောင်းလာခြင်း: ကိုယ်ဟန်အနေအထား (Alignment) နဲ့ အသက်ရှူသံကို ချိတ်ဆက်တတ်လာစေပါတယ်။
✨ Balancing ပို့စ်တွေ လုပ်တဲ့အခါ သိထားသင့်တဲ့ အချက်များ:
တစ်နေရာရာကို အာရုံစိုက်ကြည့်ပါ : လှုပ်ရှားမှုမရှိတဲ့ အမှတ်တစ်ခုခုကို သေချာစိုက်ကြည့်နေခြင်းက ဟန်ချက်ကို ပိုခိုင်မာစေပါတယ်။
အသက်ရှူဖို့ မမေ့ပါနဲ့: လေကို တင်းခံထားတာထက် နှေးကွေးမှန်ကန်စွာ ရှူသွင်းရှူထုတ် လုပ်ပေးပါ။
ယိုင်သွားလည်း စိတ်မပူပါနဲ့: ဟန်ချက်ပျက်ပြီး ယိုင်သွားတာက သင်ယူနေတဲ့ လမ်းကြောင်းရဲ့ သဘာဝပါပဲ။ အမောဖြေရင်း ရှုသွင်းရှုထုတ်လုပ်ပြီး ပြန်လည် လေ့ကျင့်ကြည့်ပါ။
Namaste 🙏🏻
#ယောဂ #လေ့ကျင့်ခန်း #ကျန်းမာရေး

Photos from Your Yoga Space's post 24/09/2026

သင်တန်းမမှန်လို့ ဒီနေ့ကတော့ နည်းနည်းမောင်းရင်
သူဖြဲ ကိုယ်ဖြဲနေ့လေးပေါ့😆😆

Website

Alerts

Be the first to know and let us send you an email when Your Yoga Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.