ZIN AUNG²
ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก ZIN AUNG², สุขภาพ/ความงาม, Bowin, Chon Buri
23/03/2026
🏡ကျွန်တော်ရဲ့ ကမ္ဘာလေး
ဒီပုံလေးက ကျွန်တော် တကယ်ဖြစ်လာအောင် တည်ဆောက်မယ့် ကျွန်တော်ရဲ့ အိမ်မက်ပဲ။
ဘဝမှာ ကိုယ်ပိုင်ခြံလေးတစ်ခြံနဲ့ အေးအေးချမ်းချမ်း နေသွားချင်တာ။ မနက်ခင်း မြူနှင်း တွေ ဝေနေတဲ့အချိန် နိုးလာရင် ခြံထဲမှာ လေကောင်းလေသန့်တွေကို ဝဝလင်လင် ရှူမယ်။ ခြံစည်းရိုးတစ်လျှောက်မှာ ကျွန်တော်အမြတ်တနိုးနဲ့ စိုက်ထားတဲ့ နှင်းဆီပန်းလေးတွေက တစ် ခြံလုံး သင်းပျံ့နေမယ်။ ကိုယ်တိုင်စိုက်ထားတဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးတွေက လည်း စိမ်းစိုနေမှာပေါ့။
ဒီခြံလေးထဲမှာ ကျွန်မ အချစ်ရဆုံးသူတွေနဲ့အတူ ဘဝကို ရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်း မယ်။ သစ္စာရှိတဲ့ ခွေးလေးတစ်ကောင်ရယ်၊ ကျွန်မရဲ့ မိသားစုနဲ့ ချစ်ရသူရယ် ရှိနေရင် ဘာ မှ ထပ်မလိုတော့ပါဘူး။ နေဝင်ချိန်တွေမှာ အတူတူ လမ်းလျှောက်မယ်၊ ကိုယ်စိုက်ထားတဲ့ အသီးအနှံလေးတွေကို ခူးစားမယ်၊ ညနေစောင်းရင် ပုခက်လေးထဲ အေးအေးလူလူ ထိုင် စကားပြောရင်း ရယ်မောကြမယ်။ အဲ့ဒီလို ပျော်ရွှင်မှုမျိုးက ကျွန်မအတွက်တော့ လောက မှာ အဖိုးတန်ဆုံးပဲ။
ဘာမှ အတုအယောင်တွေ မပါဘဲ ကျွန်တော် ချစ်ရတဲ့သူတွေနဲ့ ဒီအိမ်လေးထဲမှာပဲ အတူတူ အိုမင်းသွားချင်တယ်။ ဒီနေရာလေးက ကျွန်တော်အတွက်တော့ အမောဖြေရာ မဟုတ်ဘူး၊ တ ကယ့်ကို အခြေချ နေထိုင်မယ့် ကျွန်တော်ရဲ့ ငြိမ်းချမ်းရေး နယ်မြေလေးပါ။
ဒီပုံလေးထဲကလို အေးချမ်းတဲ့ ဘဝလေးတစ်ခုကို ကျွန်တော် လက်နဲ့တိုက်ရိုက် တည်ဆောက် ယူမှာ။
နောင်တစ်ချိန် ကျွန်တော် ရှာဖွေနေတဲ့ ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ... ဒီလိုခြံလေးထဲက နှင်းဆီရနံ့တွေနဲ့ ကျွန်တော် ချစ်ရသူတွေရဲ့ အပြုံးကြားမှာပဲ ရှိနေမှာပါ။
ZAA
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
หมวดหมู่
ที่อยู่
Chon Buri
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ ZIN AUNG² โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ
