Nourish by Kenneth

Nourish by Kenneth

Share

The place for your daily lifestyle tips, mental and physical well being

Photos from Nourish by Kenneth's post 30/09/2026

ကလေးတွေနဲ့ စာအုပ်တွေကို ပေါင်းကူးတံတားလေးဖြစ်ပေးနေတဲ့ စာအုပ်လမ်းရွေ့လျား စာကြည့်တိုက် 💛

“စာဂံနဲ့အတူ ဒို့ဖေးကူ” Project ကနေ ပေးပို့လိုက်တဲ့ စာအုပ်လေးတွေဟာ အင်္ဂပူမြို့နယ် ရွာသစ်ကုန်းကျေးရွာက ကျေးလက်စာအုပ်စင်လေးပေါ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ပုံလေးတွေကတော့ ပေးပို့လိုက်တဲ့ စာအုပ်တွေကို စိတ်ဝင်တစားဖတ်ရှုနေကြတဲ့ ကလေးလေးတွေပဲ ဖြစ်ပါတယ် 💛

#စာဂံ #စာဂံနဲ့အတူဒို့ဖေးကူ #စာကြည့်တိုက် #စာအုပ်အလှူ

28/09/2026

ဒီ Video လေးက ဟိုတလောက စစ်ကိုင်းဘက်က ကျောင်းကို စာကြည့်တိုက်လေးဖွင့်ဖို့ စာအုပ်တွေ ပေးပို့တုန်းက ကျောင်းကပြန်ပို့ထားတဲ့ video လေးပါ။ Personal account မှာတင်ထားပေမဲ့ အကောင့်ပျက်သွားလို့ တန်ဖိုးထားရတဲ့ အမှတ်တရလေးမို့ page မှာ ပြန်တင်တာပါ 🤍

အခြေအနေအရ ကျောင်းနာမည်နဲ့ location ကိုတော့ ဖျောက်ထားတာ နားလည်ပေးပါခင်ဗျာ 🙏🏻 #စာဂံမျိုးဆက်

Photos from Nourish by Kenneth's post 28/09/2026

ဓမ္မစကူးလ်နေ့မှာလည်း စာအုပ်လေးတွေ ဖတ်ခဲ့ကြပါတယ် 🧡

“စာဂံနဲ့အတူ ဒို့ဖေးကူ” က ပေးပို့လိုက်တဲ့ စာအုပ်လေးတွေကို မအူပင်မြို့နယ် လေးအိမ်စုမင်္ဂလာစာကြည့်တိုက်က mobile library လေးလုပ်ပြီး ဓမ္မစကူးလ်လာတဲ့ ကလေးလေးတွေနဲ့အတူ စာတွေအတူဖတ်ခဲ့ကြပါတယ် 🫶🏻

ချစ်စရာပုံလေးတွေကို သေချာမှတ်တမ်းတင်ပေးပို့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ 🙏🏻

#စာဂံ #စာဂံနဲ့အတူဒို့ဖေးကူ #စာကြည့်တိုက် #စာအုပ်အလှူ

26/09/2026

Yes! We made it!! 🥳🥳🥳

“စာဂံနဲ့အတူ ဒို့ဖေးကူ” Project မှာ စုစုပေါင်း ပေးပို့ လှူဒါန်းနိုင်ခဲ့တဲ့ စာအုပ်အရေအတွက်ကတော့ (၅၄၆) အုပ် ဖြစ်ပါတယ်ခင်ဗျာ✨

မြန်မာနိုင်ငံနေရာအနှံ့အပြားက ရွေးချယ်ထားတဲ့ စာကြည့်တိုက် (၅)နေရာကို ခွဲဝေပေးပို့ထားတာဖြစ်ပြီး အခုဆို စာကြည့်တိုက်မှူးတွေလက်ထဲကို ရောက်ရှိသွားပါပြီ။

အတူတူပါဝင်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပြီးတော့ ဒီပါဝင်မှုအတွက်လည်း အမြဲ အမှတ်ရနေမှာပါခင်ဗျာ။

စာအုပ်အရေအတွက် ခန့်မှန်းတဲ့ထဲမှာ အနီးစပ်ဆုံး မှန်ကန်တဲ့သူ နှစ်ယောက်ရှိပြီး အရင်ဆုံး Comment ပေးခဲ့တဲ့ Jessica Yu ဆိုတဲ့ အကောင့်ပိုင်ရှင်ကို စာအုပ်လက်ဆောင်လေးပေးအပ်သွားမှာဖြစ်ပါတယ်။

နောက် Project တွေကျရင်လည်း ခုလို သိုက်သိုက်ဝန်းဝန်းနဲ့ပါဝင်ပေးပြီး Community အတွက် အရွေ့သေးသေးလေးတစ်ခုဖြစ်ဖြစ် ရှိသွားအောင် အတူတူကြိုးစားကြပါမယ်ဗျ 💛

#စာဂံ #စာဂံနဲ့အတူဒို့ဖေးကူ #စာကြည့်တိုက် #စာအုပ်အလှူ

Photos from Nourish by Kenneth's post 26/09/2026

Sargan Generation Winner’s Journey 📚

အခုဆို စာဂံမျိုးဆက်ရဲ့ Winner တစ်ဦးဖြစ်တဲ့ သမီးလေး ခေတ်ဆုသွယ်ဟာလည်း စာဂံမျိုးဆက်နဲ့အတူ ငါးလတာ ခရီးကို အတူလျှောက်လှမ်းပြီးတော့ စာအုပ်လက်ဆောင်တွေပါ ရရှိသွားပြီဖြစ်ပါတယ်။

တစ်လချင်းစီမှာ စာအုပ်တွေသေချာလိုက်ဖတ်ပေးတဲ့ သမီးလေးကိုကော၊ စာအုပ်တွေ လတိုင်းသေချာရွေးဝယ်ပေးတဲ့ အုပ်ထိန်းသူအစ်မကိုကော ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ 🤍

သမီးလေးလည်း အနာဂတ်မှာ စာအုပ်စာပေတွေ ဖတ်ရှူပြီး လောကကြီးကို အကျိုးပြုနိုင်တဲ့ လူကောင်းတစ်ယောက်ဖြစ်လာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ 🙏🏻

#စာဂံမျိုးဆက်

25/09/2026

စာအုပ်အရေအတွက် ခန့်မှန်းကြတာလည်း မသိရင် သုံးလုံးဝိုင်းထိုးနေကြသလိုပဲ 🥹
ကိုယ်သာ ဒိုင်ဆို အတော်ပွနေလောက်ပြီ။ ဒဲ့မပြောနဲ့ အာရင်တောင် မပေါက်မယ့်သူတွေ အများကြီးပဲ 🥲

#စာဂံနဲ့အတူဒို့ဖေးကူ

25/09/2026

စာအုပ်အရေအတွက် ကွက်တိမှန်တဲ့သူမရှိသေးလို့ ထပ်မန့်ချင်မန့်လို့ရပါသေးတယ်။
စာအုပ်အရေအတွက်က စုံဂဏန်းပါ 🫶🏻

ဒီတိုင်း အမှတ်တရအနေနဲ့ စာအုပ်လက်ဆောင်ပေးချင်လို့ပါ။
အခု “စာဂံနဲ့အတူ ဒို့ဖေးကူ” အတွက် စာအုပ်တွေ စပြီးဝယ်နေပါပြီ။
အဲ့ဒါ ခု project မှာ စာအုပ်ဘယ်နှအုပ်လောက် စုစုပေါင်း ပေးပို့လှူဒါန်းသွားနိုင်မလဲဆိုတာ ခန့်မှန်းပေးရမှာပါ။
တစ်ယောက်ကို နံပါတ် အများဆုံး ၅ ခုထိ ခန့်မှန်းပြီး မန့်လို့ရပါတယ် 🫶🏻
ကျွန်တော်ကိုယ်တိုင်လည်း ဘယ်နှအုပ်ရလာမလဲ မသိသေးတာမို့၊ တကယ် တိုက်ဆိုင်မှန်ကန်သွားရင် ပျော်စရာကောင်းမှာပါ 🤍

P.s. အရေအတွက်နံပါတ်အရမ်းကြီးတာတွေတော့ မမန့်ပါနဲ့နော် 🥹၊ နည်းနည်းပဲပို့ပေးနိုင်ရင် ဝမ်းနည်းရမှာမို့ပါ။

#စာဂံနဲ့အတူဒို့ဖေးကူ

Want your business to be the top-listed Beauty Salon in Istanbul?
Click here to claim your Sponsored Listing.

Website

Address

Istanbul