Skip to content
Salons10
Znori

Znori

Buffalo Beauty, cosmetic & personal care

Znori Founder,Licensed NY Cosmetologist,
Luxury Hair Care Product Developer

11/07/2026

ZNORI RESELLER INFORMATION MEETING ✨
အရောင်းကိုယ်စားလှယ် မိတ်ဆက်ဆွေးနွေးပွဲ

Znori ထုတ်ကုန်များကို တစ်ဆင့်ပြန်လည်ရောင်းချဖို့ စိတ်ဝင်စားသူများကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ရှင်။ 🤎

ဒီတွေ့ဆုံပွဲမှာ Znori Hair Serum နဲ့ Hair Treatment Oil တို့ရဲ့ ပါဝင်ပစ္စည်းများ၊ ထူးခြားချက်များ၊ ဆံသားအတွက် အကျိုးကျေးဇူးများနဲ့ မှန်ကန်တဲ့ အသုံးပြုပုံတို့ကို အသေးစိတ် ရှင်းလင်းမျှဝေပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဆင့်ပြန်လည်ရောင်းချနိုင်မယ့် အစီအစဉ်တွေကိုလည်း မိတ်ဆက်ပေးပြီး သိလိုတာတွေကို ဆွေးနွေးမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

📅 Monday, November 16, 2026
🕓 4:00 PM (New York Time)
📍 5176 Transit Rd, Depew, NY 14043

တက်ရောက်လိုသူများ Znori Page Messenger မှာ စာပို့ပြီး အသိပေးထားနိုင်ပါတယ်ရှင်။

💻 ရပ်ဝေးမှ စိတ်ဝင်စားသူများလည်း Zoom ကနေ ပါဝင်တက်ရောက်နိုင်ပါတယ်။ Zoom မှတစ်ဆင့် တက်ရောက်လိုသူများ Znori Page Messenger ကို ဆက်သွယ်ပေးပါနော်။ Zoom Link ကို အစည်းအဝေးနေ့ ညနေ 4:00 PM (New York Time) မတိုင်မီ Messenger ကနေ ပို့ပေးပါမယ်ရှင်။

အတူတူ တွေ့ဆုံဆွေးနွေးဖို့ စောင့်မျှော်နေပါတယ်။ 🤎

11/06/2026

Znori ဆိုတဲ့ နာမည်လေးရဲ့နောက်ကွယ်မှာ ဇာ့ရဲ့ စိတ်ကူး၊ ရည်ရွယ်ချက်နဲ့ ဆံသားအပေါ်ထားတဲ့ ဂရုစိုက်မှုတွေ ပါဝင်နေပါတယ်။ 🤎

Znori ကို ဘာကြောင့် စတင်ဖန်တီးခဲ့တာလဲ၊ နာမည်လေးရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ ဒီဗီဒီယိုလေးမှာ မျှဝေထားပါတယ်။

ဇာနဲ့အတူ Znori ရဲ့ အစပြုခြင်းလေးကို နားထောင်ပေးပါဦးနော်။ ✨

10/25/2026

နူးညံ့ချောမွေ့ပြီး တောက်ပတဲ့ ဆံသားလေးရဖို့ ဆံသားထိန်းသိမ်းမှုမှာ ဘာလေးသုံးသင့်လဲဆိုတော့… 🤎

နူးညံ့တဲ့ အထိအတွေ့နဲ့ ဆံသားကို ထိန်းသိမ်းပေးတဲ့ Znori Nourish & Shine Hair Serum လေးပါပဲ ✨

Znori ကို ကိုယ်တိုင်အသုံးပြုထားသူရဲ့ ခံစားတွေ့ရှိရတဲ့ ဆံသားရဲ့ နူးညံ့ချောမွေ့မှုနဲ့ တောက်ပမှုလေးကို ဒီဗီဒီယိုမှာ မျှဝေပေးထားပါတယ်။ အတူကြည့်လိုက်ရအောင်နော်။

#ဆံသားထိန်းသိမ်းမှု

10/14/2026

Znori Nourish & Shine Hair Serum လေးနဲ့ နူးညံ့ချောမွေ့ပြီး တောက်ပတဲ့ ဆံသားလေးရရှိဖို့… နေ့စဉ် ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့ အချိန်လေးတစ်ခု ✨

A ritual of care — with Znori.

10/10/2026

Znori ကို စိတ်ရှည်မှု၊ စေတနာနဲ့ ခြေလှမ်းတစ်လှမ်းချင်းစီ တည်ဆောက်နေပါတယ်။ 🤎

ကျွန်မအတွက် Znori ရဲ့ တိုးတက်မှုဆိုတာ ရောင်းအားတစ်ခုတည်းနဲ့ တိုင်းတာတဲ့အရာ မဟုတ်ပါဘူး။ ကိုယ့်ဖန်တီးမှုအပေါ် ယုံကြည်မှုရှိစွာ ရပ်တည်နိုင်ဖို့၊ သုံးစွဲသူတွေကလည်း ယုံကြည်စွာ ရွေးချယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် ခြေလှမ်းတိုင်းမှာ အရည်အသွေးကို ဦးစားပေးပြီး သုံးစွဲသူတွေရဲ့ အတွေ့အကြုံနဲ့ အကြံပြုချက်တွေကို နားထောင်ကာ ပိုကောင်းလာဖို့ ကြိုးစားနေပါတယ်။

Znori ကို ရွေးချယ်ပေးသူတိုင်း၊ သုံးစွဲမှုအတွေ့အကြုံတွေ မျှဝေပေးသူတိုင်းနဲ့ ချစ်ခင်အားပေးသူတိုင်းကို နှလုံးသားထဲက ကျေးဇူးတင်ပါတယ်။

Customer ရဲ့ယုံကြည်မှုက ကျွန်မအတွက် အားတစ်ခုဖြစ်သလို ပိုပြီးဂရုတစိုက် လုပ်ဆောင်ဖို့ တာဝန်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီယုံကြည်မှုကို တန်ဖိုးထားရင်း Znori ကို ရေရှည်အတွက် ဆက်လက်တည်ဆောက်သွားပါမယ်။

With love,
Zar Zar Tun
Founder of Znori

10/08/2026

တစ်ပတ်တစ်ကြိမ်… ခြောက်သွေ့ကြမ်းတမ်းတဲ့ ဆံသားကို နူးညံ့တောက်ပလာစေဖို့ ဂရုစိုက်မှုလေးတစ်ခု 🤎

ZNORI BOTANICAL SCALP & HAIR TREATMENT OIL

လှပတဲ့ဆံသားကို ထိန်းသိမ်းဖို့ နေ့စဉ်ပြုစုမှုတွေနဲ့အတူ အချိန်ပေးဂရုစိုက်တဲ့ အလေ့အကျင့်လေးလည်း လိုအပ်ပါတယ်။

Znori Hair Oil ကို Jojoba၊ Argan၊ Moringa နဲ့ Castor Oil တို့ ပေါင်းစပ်ဖန်တီးထားပြီး ဆံသားကို ပျော့ပျောင်းစေဖို့၊ ခြောက်သွေ့ကြမ်းတမ်းတဲ့ အထိအတွေ့ကို လျော့ပါးစေဖို့နဲ့ ကျန်းမာတောက်ပတဲ့ ဆံသားအသွင်ကို ထိန်းသိမ်းပေးဖို့ ရည်ရွယ်ထားပါတယ်။

ဦးရေပြားမှာ ဘယ်လိုလူတွေ အသုံးပြုနိုင်လဲ?

ဦးရေပြားခြောက်သွေ့တတ်သူတွေက မိမိအရေပြားနဲ့ တည့်ပါက ခေါင်းမလျှော်ခင် အနည်းငယ်လိမ်းတဲ့အလေ့အကျင့်အဖြစ် အသုံးပြုနိုင်ပါတယ်။ လက်သည်းနဲ့ မကုတ်ဘဲ လက်ချောင်းထိပ်လေးတွေနဲ့ ညင်သာစွာ နှိပ်နယ်ပေးပါ။ နီရဲရောင်ရမ်းနေတဲ့နေရာနဲ့ အနာရှိတဲ့နေရာတွေမှာ မလိမ်းပါနဲ့။

ဆံသားမှာ ဘယ်လိုလူတွေ လိမ်းသင့်လဲ?

ဆံသားခြောက်သွေ့ကြမ်းတမ်းသူတွေ၊ ဆေးဆိုးခြင်းနဲ့ အပူပေးပုံသွင်းခြင်းကြောင့် ဆံသားပျော့ပျောင်းမှု လျော့နည်းနေသူတွေ၊ ဆံဖျားခြောက်ပြီး ရှုပ်ထွေးလွယ်သူတွေက ဆံသားအရှည်တစ်လျှောက်နဲ့ အဖျားတွေကို အဓိကထား လိမ်းပေးနိုင်ပါတယ်။

ဦးရေပြားအဆီပြန်လွယ်သူတွေကတော့ ဆံသားအရှည်နဲ့ အဖျားတွေမှာ အသုံးပြုနိုင်ပါတယ်။

တစ်ပတ်တစ်ကြိမ် အသုံးပြုပုံ

ခေါင်းမလျှော်ခင် အနည်းငယ်လိမ်းပြီး မိနစ် ၃၀ ခန့်ထားကာ ခေါင်းလျှော်ပေးပါ။ ပုံမှန်အသုံးပြုခြင်းက ဆံသားကို ပျော့ပျောင်းချောမွေ့စေဖို့နဲ့ နူးညံ့တောက်ပတဲ့အသွင် ရရှိစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

ဆံသားကို ဂရုစိုက်ရင်း ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်တဲ့ အချိန်လေး ဖြစ်စေဖို့ပါ။

နေ့စဉ်အလှတရားအတွက်…
တစ်ပတ်တစ်ကြိမ် ဂရုစိုက်မှုလေးနဲ့ စတင်ပါ။

Perform a patch test on a small area of skin before first use. Discontinue use and rinse thoroughly if itching, redness, or irritation occurs.

Znori — A Moment of Care. A Ritual of Confidence.

10/06/2026

ပေါ့ပါးတဲ့အထိအတွေ့နဲ့ နူးညံ့တောက်ပတဲ့ဆံသားအတွက် — Znori 🤎
LUXURY HYBRID HAIR SERUM

Znori Nourish & Shine Hair Serum ကို Hemisqualane အခြေခံပြီး botanical oils တွေနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။ နေ့စဉ်ဆံသားထိန်းသိမ်းမှုမှာ ပေါ့ပါးမှုနဲ့ နူးညံ့ချောမွေ့မှုကို အတူခံစားနိုင်ဖို့ ရည်ရွယ်ထားတဲ့ formula ဖြစ်ပါတယ်။

Znori Serum က ဘာကြောင့် အချို့ Hair Serum တွေလောက် မပျစ်တာလဲ?

Serum တစ်ခုချင်းစီရဲ့ အပျစ်အကျဲက ပါဝင်ပစ္စည်းအမျိုးအစားနဲ့ ပေါင်းစပ်ထားတဲ့ အချိုးအစားပေါ် မူတည်ပါတယ်။ Znori က ပေါ့ပါးတဲ့ Hemisqualane ကို အခြေခံထားတာကြောင့် အရမ်းပျစ်တဲ့ texture မဟုတ်ဘဲ ဆံသားပေါ်မှာ လိမ်းရလွယ်ကူတဲ့ အရည်ပုံစံရှိပါတယ်။

Hemisqualane က ဆံသားကို လေးလံစေတဲ့ခံစားချက် လျော့နည်းစေပြီး ဖွာနေတဲ့ဆံပင်နဲ့ ကြမ်းတမ်းနေတဲ့အဖျားတွေကို ပိုမိုသပ်ရပ်ချောမွေ့စေဖို့ ကူညီပေးပါတယ်။

Botanical oils တွေကတော့ ဆံသားကို နူးညံ့ပျော့ပြောင်းစေဖို့၊ ခြောက်သွေ့ကြမ်းတမ်းတဲ့အထိအတွေ့ကို လျော့ပါးစေဖို့နဲ့ ဆံသားရဲ့တောက်ပမှုကို ပိုမိုပေါ်လွင်စေဖို့ အထောက်အကူပြုပါတယ်။

Hemisqualane ရဲ့ ပေါ့ပါးမှုနဲ့ botanical oils တွေရဲ့ ဆံသားထိန်းသိမ်းပေးမှုကို ပေါင်းစပ်ထားခြင်းက Znori Serum ရဲ့ အဓိကအားသာချက်ပါ။

Serum ပျစ်တာ၊ ကျဲတာတစ်ခုတည်းနဲ့ အရည်အသွေးကို မဆုံးဖြတ်နိုင်ပါဘူး။ ကိုယ့်ဆံသားနဲ့ ကိုက်ညီတဲ့ formula နဲ့ သင့်တော်တဲ့အသုံးပြုပမာဏက ပိုအရေးကြီးပါတယ်။

ဆံသားအဖျားခြောက်တာ၊ ဆံပင်ဖွာတာနဲ့ တောက်ပမှုနည်းတာတွေကို နေ့စဉ်ထိန်းသိမ်းချင်သူတွေအတွက် Znori က အသုံးပြုရလွယ်ကူတဲ့ နောက်ဆုံးအဆင့် ဆံသားထိန်းသိမ်းမှုလေး ဖြစ်ပါတယ်။

အသုံးပြုပုံ 🤎
ဆံပင်ရေစိုနေချိန် သို့မဟုတ် ခြောက်နေချိန်မှာ ၁–၂ စက်ကို လက်ဖဝါးပေါ်ဖြန့်ပြီး ဆံသားအလယ်ပိုင်းမှ အဖျားအထိ လိမ်းပေးပါ။ ဆံသားပမာဏနဲ့ လိုအပ်ချက်အလိုက် အနည်းငယ်စီ ချိန်ညှိအသုံးပြုနိုင်ပါတယ်။

ပေါ့ပါးတဲ့နေ့စဉ်ထိန်းသိမ်းမှု။
နူးညံ့ချောမွေ့တဲ့ဆံသား။
လှပတဲ့ယုံကြည်မှု။

09/25/2026

တစ်ပတ်မှာ တစ်ကြိမ်—ကိုယ့်ဆံပင်အတွက် အချိန်လေးပေးပါ ✨

Znori Botanical Scalp & Hair Treatment Oil က scalp နဲ့ ဆံသားကို ဂရုစိုက်ဖို့ ဖန်တီးထားတဲ့ weekly treatment ပါ။

Scalp ပေါ် ၃–၅ စက်လိမ်းပြီး ညင်သာစွာ massage လုပ်ပါ။ ဆံသားအပေါ်ပိုင်းကနေ အဖျားထိကိုလည်း လိုသလောက် လိမ်းပေးပါ။ မိနစ် ၃၀ ခန့်ထားပြီး shampoo နဲ့ခေါင်းလျှော်ပါ။

အလုပ်များတဲ့နေ့တွေကြားမှာ ကိုယ့်အတွက် အချိန်လေးတစ်ခု။ Healthy Scalp. Beautiful Hair. Naturally.

အသေးစိတ် သိချင်ရင် Znori Page message ကိုပေးပို့ပြီး မေးနိုင်ပါတယ် 🤎

09/21/2026

Znori Serum က ဘာအတွက်ကောင်းတာလဲ?

Znori Serum က ဆံသားကို ပေါ့ပါးနူးညံ့ပြီး ချောမွေ့တောက်ပတဲ့ Finish ရစေဖို့ ဖန်တီးထားတဲ့ နေ့စဉ်သုံး Hair Serum ပါ။

✨ ခြောက်သွေ့ဖွာနေသောဆံသားကို သပ်ရပ်ချောမွေ့စေတယ်
✨ ဆံသားကို ပေါ့ပါးနူးညံ့စေတယ်
✨ Frizz ကို ထိန်းပေးတယ်
✨ ဆံသားရဲ့ သဘာဝတောက်ပမှုကို ပိုမိုလှပစေတယ်
✨ ဆံသားအဖျားပိုင်းကို နူးညံ့လှပတဲ့ Finish ရစေတယ်

သဘာဝအပင်အဆီများနှင့် ခေတ်မီ Lightweight Serum Technology ကို ဂရုတစိုက်ပေါင်းစပ်ဖန်တီးထားပါတယ်။

ဆံပင်စိုစို သို့မဟုတ် ခြောက်ပြီးချိန်တွင် ၁–၂ စက်ကို ဆံသားအလယ်ပိုင်းမှ အဖျားအထိ လိမ်းပေးပါ။

ZNORI
Lightweight. Silk Smooth Finish.

Actual Znori Serum result. Individual results may vary.

Other Spa, Beauty & Personal Care in Buffalo

Show All
  • Aremel Soaps-n-Such

    Aremel Soaps-n-Such

    Elmwood Village Area, Buffalo 14213

    Hand-crafting specialty soaps since 1999.

  • 👑 Royal Glam Beauty Co. ✨ Where Every Queen Finds Her Color! 💄 ✨ Highly pigmented loose powder eyeshadows ✨ Long-lasting • Smooth • Easy to apply ✨ Custom shades available ✨ A lit...

  • Datsy

    Datsy

    Sdad, Buffalo ASDSAD

  • 716BeautyLux

    716BeautyLux

    1419 Union Road, West Seneca, Buffalo 14224

    Nano, ombré and combo brows ,lips blush & Lips neutralization for darker lips

  • Ladies Are You Looking To Get Lashed? You’ve Came To The Right Spot. Ibm For Classic , Hybrid Or Volu

  • Boujie Branded

    Boujie Branded

    Buffalo

    Come get branded the Boujie way!

  • Products that are simply-formulated, honestly produced and humbly packaged, enable us to avoidpassing unnecessary costs to our customers. We believe that a net-zero carbon footprin...

  • Nail Technology student @TspaBuffalo� Message me to book or call (716)833-8772 and request Lena!

  • Doula-Thang

    Doula-Thang

    Buffalo Skwy, Buffalo 14203

    My main reason for getting into birthwork was to bring the “village” back & be apart of the vill

Alerts

Be the first to know and let us send you an email when Znori posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Buffalo.