Felic Flow
⚜️Keep Calm & Be Urself⚜️
အရာအားလုံး ပြည့်စုံတဲ့နေ့ကို စောင့်နေရင်းနဲ့ အချိန်တွေကုန်သွားတတ်တယ်။
တကယ်တော့ လူ့ဘဝမှာ “အရာအားလုံး ပြည့်စုံသွားတဲ့အချိန်” ဆိုတာ မရှိသလောက်ပါပဲ။
ရှိသလောက်နဲ့ စလိုက်ပါ။
လုပ်နေရင်းနဲ့ သင်ယူမယ်။
သင်ယူရင်းနဲ့ တိုးတက်မယ်။
Progress က perfection ကို စောင့်နေတဲ့သူတွေဆီမလာဘူး။ စတင်တဲ့သူတွေဆီပဲ ရောက်လာတယ်။🌱
I used to think I needed everything to be ready before I could start.
The perfect camera.
The perfect body.
The perfect home.
The perfect timing.
Then I realized…
Perfection is a destination we’ll never reach.
Progress begins the moment we decide to start. 🌿
Skin Care Journey of my Acne skin🌱🤩 Balance Day Spa
အသက် ၃၀ ရောက်မှ သိလာရတဲ့အရာတွေ
- ပိုက်ဆံက ရှာရတာလွယ်တယ် ထိန်းသိမ်းရတာ ပိုခက်တယ်ဆိုတာ
- အကျင့်တစ်ခုကို စဖို့ကလွယ်တယ် consistency ရှိဖို့က ခက်တယ်ဆိုတာ
- Self love ကနေ Self load ဖြစ်တတ်တယ်ဆိုတာ
- အပေါင်းသင်းမိတ်ဆွေဆိုတာ များပါသော်လည်း ရင်ဘက်ချင်းနီးသူ ရှားပါးတယ်ဆိုတာ
- ကိုယ့်ဘက်က ကောင်းတဲ့အရာတွေပေးတိုင်း ကောင်းတဲ့အရာတွေဘဲ ပြန်မလာနိုင်ဘူးဆိုတာ🍀🍀🍀
06/19/2026
လမ်းမှာတွေ့တွေ့ ဘယ်မှာတွေ့တွေ့ “ဝလာလိုက်တာနော် ပိန်သွားလိုက်တာနော်” ဆိုတဲ့ comments လေးတွေ ရဖူးကြလိမ့်မယ်လို့ ထင်ပါတယ် အထူးသဖြင့် ကျွန်မတို့ ဗမာတွေအသိုင်းဝိုင်းမှာပေါ့လေ များသောအားဖြင့် နိုင်ငံခြားသားတွေက တွေ့တွေ့ချင်းနှုတ်ဆက်ကြရင် သူတို့စိတ်ထဲပါပါ မပါပါ ကြည့်ကောင်းကောင်း မကောင်းကောင်း “ Hi, you look good” လို့နှုတ်ဆက်တတ်ကြသည့်တိုင်အောင် ကျွန်မတို့ ဗမာတွေကတော့ အရှိကိုအရှိတိုင်းပြောတတ်ကြပါတယ် (အဲ့သလို approaching skill ကောင်းကြတာ)
ပြောရမယ်ဆိုရင်ဖြင့် ရေမြေခြားတိုင်းပြည်တစ်ခုမှ အစကပြန်စရတဲ့ဘဝက လွယ်မနေပါဘူး စိတ်ဖိစီးစရာဆိုတာ တောင်လိုအပုံလိုက်ပါ အလုပ်ရှိပြန်ရင်လည်း layoff ဖြစ်မှစိတ်ပူရပြန်နဲ့ အလုပ်ပြုတ်ရင် လမ်းဘေးရောက်မှာကိုး ကိုယ့်တိုင်းပြည်လို မိဘအိမ်တက်နေလို့မရဘူးလေ
အဲ့ထဲမှာမှ ကျွန်မတို့လို မြန်မာပြည်ကမိသားစုတွေအတွက် တွေးပူထောက်ပံ့ရတဲ့ သူတွေအတွက်က ပိုလို့တောင် stress တွေများသပါ့ရှင် OT ကို ရရင်ရသလောက်ဆင်း အလုပ်ပြီးပြီမို့လား အိမ်အလုပ်ရှိမယ် စားဖို့သောက်ဖို့လုပ်ရမယ် ဟော ကလေးရှိတဲ့သူက ကလေးဝေယျာဝေစ္စလုပ်ရမယ် အနောက်ကဘယ်သူမှလိုက်လုပ်ပေးမယ့်သူမရှိဘူးလေ အလုပ်ပြီးတာနဲ့ gym လေးကော့ကော့လေးမသွားနိုင်ကြပါဘူး ရရင်ရသလိုလေးတော့ လုပ်ကြပေမယ့် အလှအပထက် survival mode ကိုအပြည့်အဝ on ထားကြရတဲ့ဘဝပါ တစ်လတစ်လအတွက် expenses တွေ တွေးပြီး အိပ်မပျော်တဲ့ရက်တွေရယ် stress isn’t joke ပါနော် ဒါကြောင့် ရှင်းရှင်းပြောရရင် ဝလာကြပါတယ် အမျိုးသမီးအများစုက ဒါကို သူတို့စိတ်ထဲမယ်လည်း သိကြပါတယ် remind လုပ်စရာမလိုပါဘူးနော် သူတို့ဘာသာသူတို့လေရှူရင်တောင် ရေဘဲသောက်နေရင်တောင် နေရင်းထိုင်ရင်းကို ဝနေကြတာသိပါတယ်
အောက်ကပုံဟာဆိုရင်ဖြင့် ကျွန်မတို့နှစ်ယောက် မြန်မာပြည်မှာ လူလိုသူလို နေထိုင်လှပခဲ့စဉ်နဲ့ အမေရိကားရောက်အပြီး အရှိအတိုင်းဖြစ်သွားကြတဲ့ပုံပါ ကျွန်မကတော့ ဒါကို negative sign လို့မမြင်ပါဘူး အသက်ရွယ်ကြီးလာတဲ့အမျှ responsibility တွေများလာကြတယ် အဲ့ဒီရဲ့နောက်မှာမှ ကိုယ့်ဘဝကိုတဖြည်းဖြည်းချင်း ပြန်လည်ပုံဖော်နေကြတာလို့ဘဲမြင်ပါတယ်…စာရေးသူ၏ ကိုယ်ပိုင်ခံစားချက်ဖြင့်ရေးသားသည်😒
06/02/2026
အမေရိကားမှာ professional career နဲ့ရပ်တည်သင့်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ အသက်ရွယ်ကြီးလာတဲ့အခါမှာ အလုပ်ကြမ်းတွေဟာ လူငယ်ဘဝကလိုမလုပ်နိုင်တော့ပါဘူး ဆေးဖိုးဝါးခတွေ bills တွေအစရှိသဖြင့် မဖြစ်မနေပေးရမယ့် payment တွေက ကိုယ်တွေလို immigrants တွေအတွက်က အသက်ရွယ်ကြီးရင့်တဲ့ထိပေးသွားရမှာပါ အဲ့ဒီတော့ အကြံပေးချင်တာက professional career နဲ့မလုပ်နိုင်ရင် ကိုယ်ပိုင်လုပ်ငန်းလေးလုပ်နိုင်အောင်ကြိုးစားဖို့ပါ အမေရိကားမှာ ဘာအလုပ်ဘဲလုပ်လုပ် ငွေရတာချင်းအတူတူဘဲ မှန်ပါတယ် သို့ပေမယ့် နှစ်တွေကြာလာတဲ့ခါမှာ professional career တို့ own business run နေတဲ့သူတို့နဲ့ယှဉ်ရင် သိသာလာပါတယ် စစချင်းမှာ professional career သမားတွေအတွက် income က ပိုနည်းနိုင်ပါတယ် အစကနေပြန်စရလို့ပါ own business သမားတွေအတွက်လည်း risk တွေအရမ်းများပါတယ် ဒါပေမဲ့ ထို investment တွေက အချည်းနှီးမဖြစ်သွားပါဘူး လိုအပ်တဲ့ ပညာရပ်တွေဖြည့်သင့်ဖြည့်ရပါမယ် ကျောင်းပြန်တက်သင့်တက်ရပါမယ် license တွေ certificate တွေ ယူသင့်ရင်ယူရပါမယ် ဒါကိုယ့်ကိုကိုယ်အတွက် ရင်းနှီးမြှုပ်နှံတာပါ (စားရေးသူလည်း ကျောင်းပြန်တက်ဖို့ ကြိုးစားဆဲပါ) အလုပ်ကြောင့်ကျောင်းစနားကတည်းကလည်း ပြန်တက်ကိုတက်ရမယ်ဆိုတဲ့ စိတ်အမြဲထည့်ထားပါတယ်။ မြန်မာပြည်သူပြည်သားများအားလုံးကို အဆင်ပြေပြေရပ်တည်နိုင်ကြဖို့ဆန္ဒပြုရင်း🤗
02/01/2026
2025 မှာ ထားခဲ့ဖြစ်မယ့်အရာတွေ…
📌ကိုယ့်ကိုကိုယ် သူတပါးနဲ့နှိုင်းယှဉ်တတ်တာတွေ…
📌ကိုယ့်အတွက် toxicity ဖြစ်စေတဲ့သူတွေနဲ့ လုံးဝအဆက်သွယ်ဖြတ်တာတွေ…
📌နောက်မှလုပ်မယ်ဆိုပြီး postpone လုပ်တတ်တဲ့အကျင့်တွေ…
📌Self love လို့ထင်ပြီးလုပ်မိ တွေးမိတဲ့ Self load ဖြစ်နေတဲ့ အလုပ်တွေ အတွေးတွေ…
📌Deadline ကပ်ပြီးမှလုပ်တတ်တဲ့အကျင့်ဆိုးလေးရယ်🥹
ဒီရက်ပိုင်းတွေထဲ သတင်းတွေကြားရတာတော်တော်စိတ်မချမ်းမြေ့စရာပါ stable ဖြစ်နေတဲ့ ဘဝတစ်ခုစွန့်ပြီး တိုင်းပြည်အသစ်မှာ တစ်က ပြန်စရတာဟာပိုပြီးတော့ကိုခက်ခဲပါတယ် physically ရော mentally ပါ survive လုပ်ကြရတာပါ အဲ့တော့ ကိုယ်မတတ်နိုင်တဲ့ အရာတွေကြုံဆုံလာတဲ့အခါမှာ အရှိတရားကိုလက်ခံပြီး ရင်ဆိုင်ရမှာပါ ဒီ US မှာမှမဟုတ်ဘဲ နိုင်ငံတိုင်းမှာ ကိုယ့်လူမျိုးတွေက မျက်နှာငယ်စရာဖြစ်နေကြရတာမို့ ပိုပြီးစည်းကမ်းရှိကြရပါမယ် တခြားသူမျိုးတွေထက်လည်းပိုပြီး ကြိုးစားကြရပါမယ် နေတတ်အောင် လိုက်လျောညီထွေဖြစ်အောင်လည်း ပိုအားထုတ်ကြရမှာပါ Let’s seek beauty in these hardships together🍀🤞
11/08/2025
ကျွန်မတို့နှစ်ယောက်ဘာလိုလိုနဲ့ ဒီ US ရောက်လာတာ ၁ နှစ်ပြည့်တော့မယ် သူကတော့ကျွန်မထက် ၇ လလောက်စောရောက်တယ် ကျွန်မကတော့အတိအကျဆိုရင် 2024 Dec 29 မှာ ဒီ US မြေကိုစနင်းခဲ့တယ်ပေါ့လေ
ရောက်ရောက်ချင်းကတော့ စိတ်ဓာတ်ကျစရာတွေချည်းဘဲ ပိုမပြောဘူး Corporate life ဘက်ကလာတဲ့သူဆိုတော့ ကိုယ့် career အတိုင်းဘဲဆက်လျှောက်ချင်တာ ဒါပေမဲ့မတတ်နိုင်ဘူးလေ survival mode ကို on ပြီး လုပ်နိုင်အောင် လုပ်ရတာဘဲ
ကျွန်မတို့အများကြီးကံကောင်းပါတယ် ဆိုင်ရှင်ကောင်းတွေနဲ့ကြုံခဲ့ရတာ ကိုယ်ကလည်းကံလိုက်အောင်ကြိုးစားအားထုတ်ရတာကိုး လက်ရှိမှာတော့ လမ်းကြောင်းပေါ်ပြန်တက်နိုင်ခဲ့ပြီပေါ့လေ
ကျွန်မတို့နှစ်ယောက်က စိတ်တူကိုယ်တူဆိုတာထက် စိတ်မြန်လက်မြန်လို့ပြောရင်ပိုမှန်မယ် တစ်ခုခုလုပ်ဖို့ဆုံးဖြတ်ပြီးရင် အချိန်သိပ်မဆွဲဘူး အကောင်ထည်မြန်မြန်ဖော်တယ် မတွေဝေဘူးပေါ့
ဒါကြောင့်လဲ တချို့ကိစ္စတွေက အချိန်တိုတွင်းတိုးတက်လာတယ်ပြောရမယ် အရာအရာတိုင်းကို စိတ်မြန်လက်မြန်လုပ်တာ ကောင်းတယ်လို့မဆိုလိုချင်ပေမယ့် အချိန်တွေဆွဲပြီး တွေဝေနေတာထက်တော့ ပိုကောင်းတယ်လို့ယုံကြည်ပါတယ် လူကြီးမင်းတို့လဲ စိတ်ထဲ စီစဉ်ထားသမျှ မတွေဝေဘဲ လက်တွေ့အကောင်ထည်မြန်မြန်ဖော်နိုင်ဖို့ ဆန္ဒပြုပါတယ်😇
10/28/2025
အဲ့ဒီလက်က မီးပူလောင်ဒဏ်ရာကဘယ်လိုရသလဲမေးရင် စားသောက်ဆိုင်မှာ appetizer ကြော်ရင်း ဆီပူလောင်တာ အဲ့လိုပြောလို့ ဘဝနာပြတယ်မထင်ကြနဲ့ဦး ပြောချင်တာက မေရိကားရောက်ရောက်ချင်းက တစ်ကနေကိုပြန်စရတယ်ဆိုတဲ့အကြောင်းပြောပြချင်တာ ကိုယ်တွေနိုင်ငံမှာ နင့်ဟာနင် ဂျာကြီးမကလို့ ဒါရိုက်တာကြီးဘဲဖြစ်နေနေ ဒီရောက်ရင် အောက်ခြေအလုပ်ကပြန်စလုပ်နိုင်ရမယ် အောက်ခြေအလုပ်ဆိုလို့လဲ ဒီနိုင်ငံမှာက အောက်ခြေအထက်ခြေတွေရှိမနေပါဘူး အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဘာလာလာလုပ်နိုင်ဖို့လိုတယ် ဒါပေမယ့် ကိုယ့်ရဲ့တကယ့်ရည်ရွယ်ချက်ကိုတော့ပျောက်မသွားစေနဲ့ပေါ့လေ ကိုယ်တကယ်ဘယ် careers နဲ့အသက်မွေးဝမ်းကျောင်းသွားမလဲ ရေတိုထက်ရေရှည်ကိုစဉ်းစားပြီးတော့ အခြေနေကြောင့် ကိုယ်မလုပ်ချင်တဲ့အလုပ်လုပ်နေရသည့်တိုင်အောင် ပန်းတိုင်မပျောက်ဘဲ စဉ်ဆက်မပြတ် ကြိုးစားသွားစေချင်တယ် အများကြီးမလိုဘူး just one move per day လောက်နဲ့တောင်လုံလောက်ပါတယ်လို့…fighting for your life, you can do it💪🏻😉
10/17/2025
America life ကိုပြောရမယ်ဆိုရင်ဖြင့်
အားကျ အားရဖို့ကောင်းတာတွေလည်းရှိသလို ရူးလောက်အောင်စိတ်ပျက် စိတ်ညစ်စရာတွေလည်းမရေမတွက်နိုင်အောင်ပါဘဲရှင်…ဒါပေမဲ့ land of opportunity လို့တင်စားကြရတဲ့ ဒီမြေမှာ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝတွေဘယ်လို survival လုပ်ကြမလဲ ပိုပြီးတိုးတက်အောင် ဘာတွေဘယ်လို add on ကြိုးစားသင့်လဲ personal growth, positivity mindset ရှိဖို့ အရေးကြီးလဲဆိုတာလေးတွေ sharing လုပ်သွားပါမယ်ရှင့်✌️
Click here to claim your Sponsored Listing.
Category
Website
Address
Alerts
Be the first to know and let us send you an email when Felic Flow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
