Omaha life

Omaha life

Share

Daily life in Omaha

Photos from Omaha life 's post 08/05/2025

US interview အောင်တဲ့နေ့ကပေါ့။
အမေနဲ့သမီးကတစ်ရက်တည်းတူတူဝင်ရပေမယ့်ဟိန်းက၁၄နှစ်ကျော်နေတော့သူတယောက်တည်းသပ်သပ်ဝင်ရမှာကို သေချာပြင်ဆင်ပြီး၃ယောက်တူတူဝင်ချင်ပါတယ်ဆိုပြီးဝင်ခွင့်ရခဲ့တဲ့နေ့ပေါ့။အမှန်ဟိန်းရဲ့appointment ကAugust မှဝင်ရမှာ။

ကိုယ်တွေကJune လထဲဝင်ရတာ။၁လ ကျော်လောက်ကွာနေတာကိုတူတူဝင်ခွင့်ပြုခဲ့တယ်။
တခါတလေ unexpected saturation တွေကဖြစ်လာတတ်တယ်။အဲ့အခါကြရင်ဘယ်လိုစီစဉ်မလဲဆိုတာကိုအမြဲပြင်ဆင်ထားသင့်ပါတယ်။ညထဲက ဟိန်းရေမာမားတို့တူတူသွားကြည့်ရအောင် ပေးဝင်တော့လည်း ကိုယ့်အတွက်ကောင်းတာပေါ့။ပေးမဝင်ရင်လည်း ဟိန်းအလှည့်စောင့်ရမှာပေါ့ဆိုပြီး သွားကြတာ​ပေါ့ဆိုပြီးဝင်ခဲ့ကြတာ။အပြ
င်ဂိတ်မှာconfirmation letter ကိုစစ်တဲ့security ကို​ပြော​တော့​ပေးဝင်တာနဲ့ရင်ထဲမှာ​မျှော်လင့်ချက်​ရောင်နီကသန်းလာပြီ။က​လေးနှစ်​ယောက်လက်ကိုတွဲပြီးယုံကြည်ချက်​တွေရှိလာတယ်။အ​ဆောက်အအုံအတွင်းထဲကပစ္စည်း​တွေစစ်တဲ့counterရောက်တော့ဟိန်းကရက်လို​သေးလို့အထဲကိုဖုန်း
ဆက်လှမ်း​မေးတာက​လေးနှစ်​ယောက်လုံးကိုအပြင်ဂိတ်မှာပြန်​စောင့်ပါဆိုလို့ က​လေး​တွေအပြင်ပြန်ထွက်သွားရတယ်။ရင်ထဲမှဒိန်းကနဲပဲ။
အဲဒီ့အချိိန်ရင်ထဲမှာရှိတာကက​လေး​တွေနဲ့အတူတူဝင်ခွင့်ရဖို့ပဲ။သူ့အ​ဖေက​တော့ဂိတ်ဝမှာ​စောင့်ပြီးက​လေး​တွေကိုဘာဖြစ်တာလဲ​မေး​နေ​ရော​ပေါ့။ကိုယ်က​တော့အားလုံးကို​မေတ္တာပို့ပြီး​စိတ်က လေထဲမှာလွင့်​နေသလိုပဲ။
နောက်​တော့က​လေး​တွေပြန်လာပါလို့​အထဲက​ခေါ်ခိုင်းလိုက်တယ်။အဲ့အချိန်မှာ တစ်ဆင့်​တော့ထပ်အဆင်​ပြေပြီ​ပေါ့။ဟိန်းပါအတူတူဝင်ခွင့်ရပြီဆို​တော့အားရှိသွားတာအရမ်း။အဲ့အချိန်ထဲက ဒီအ​မေသူ့ကိုအားကိုးတာ​လေ။ကိုယ့်အလှည်​ရောက်​တော့၃​ယောက်စာ​ငွေသွင်းပြီး officerနဲ့​တွေ့ရဖို့​စောင့်​ပြီး ရှေ့ကလူ​တွေရဲ့အ​ခြေအ​နေကိုကြည့်​နေတာ​ပေါ့။ကောင်တာ၂ခုဖွင့်​ထား​တော့ ဘယ်​ကောင်တာ​အောင်ကြလဲရင်တုန်​နေတာ​ပေါ့။ကိုယ့်အလှည့်ကျတဲ့officerက​တော့ ရောက်တာနဲ့က​လေး​တွေကို​ေကျာင်းဘယ်မှာတက်မလဲ။ဘယ်နိုင်ငံသွားဖူးလဲ။ပြန်လာမှာလားအရင်​မေးပြီး ကိုယ့်ကို​တော့အမျိုးသားကဘယ်မှာလဲ။ဘယ်နိုင်ငံသွားဖူးလဲပမေးပြီးဘာမှမ​မေး​တော့ပဲcomputer ပဲကြည့်ပြီးစာရိုက်​နေ​တော့ရင်ကပိုတုန်လာ​ရော။စာအုပ်၃အုပ်ကို​ပေါင်းပြီးသား​ရေကွင်းချည်လိုက်​တော့မှငါတို့​အောင်ပြီထင်တယ်ဆိုပြီးကြိတ်​ပျော်တာ​ပေါ့။နောက်မှ approved စာရွက်ထုတ်​ပေး​တော့ဝမ်းသာတယ်ဆို
တာလေ…
အပြန်ကောင်တာကထွက်တော့နောက်ကလူတွေအကုန်လုံးကိုရမှာဆိုပြီးအားပေးခဲ့သေးတယ်။
ကလေးနဲ့မိသားစုကိုတွေ့တော့
လည်းရမှာသေချာတယ်လို့အားပေးရတာပေါ့။
အပြန်လမ်းမှာခြေထောက်နဲ့မြေကြီးထိရဲ့လားတောင်မသိတော့ဘူး။ဟိန်းရေမားမား
တို့လုပ်နိုင်ခဲ့ပြီဆိုပြီး….
ပြန်တွေးကြည့်ရင်လတ်လတ်ဆတ်ဆတ်ခံစားနေရတုန်းပါ….

Photos from Omaha life 's post 08/03/2025

ဒီ​နေ့USကိုရောက်လာတာ၂နှစ်တင်းတင်းပြည့်တဲ့နေ့ပေါ့။
အခက်အခဲတွေကျော်ဖြတ်ပြီးဘဝသစ်ကိုစရတော့မယ့်အချိန်လို့မထင်ခဲ့မိဘူး။
အဓိကကတော့ကလေးတွေရဲ့ရှေ့ရေးပါ။သူတို့လေးတွေရဲ့အနာဂတ်ကြောင့် ကိုယ်ပါလိုက်လာရတာ။ကိုယ့်အခြေအနေနဲ့ဆို ယောကျာ်းလုပ်စာထိုင်စားပြီး အေးအေးလူလူနေနိုင်တဲ့ဘဝလေး။မိသားစုမခွဲပဲ ဟိုသွားဒီသွားနဲ့သာယာနိုင်တဲ့ဘဝလေး။ခုတော့အသက်၄၀ကျော်မှ ဘဝတစ်ဆစ်ချိုးတဲ့လား…
ကိုယ့်သူငယ်ချင်းလေးနဲ့လည်းတွေ့ချင်တာပါတာပေါ့လေ။သူ့ကျေးဇူးကြောင့် USမှာခြေချတာနဲ့လာကြိုမယ့်သူနဲ့နေစရာအိမ်ရှိခဲ့တာလေ။ဒုက္ခမရောက်ခဲ့ဘူးပေါ့။ခုထိကျေးဇူးတင်နေတုန်းပါ…

07/27/2025

သူလွမ်းမနေတာကို ကိုယ်ကလွမ်းနေတာလေ❤️‍🩹

07/24/2025

lowa 🇺🇸

07/24/2025

Omaha Nebraska 🇺🇸

01/22/2024

အိမ်အပြန်လမ်း💙

Photos from Omaha life 's post 12/09/2023

Never stop learning ❣️
State လိုင်စင်ရတဲ့မျက်နှာ🤩
တတိယအကြိမ်မှာအောင်မြင်ခဲ့ပါပြီ။ဒီမှာကကျတာ/အောင်တာ ကားမောင်းကျွမ်းကျင်တာနဲ့မဆိုင်ပါဘူး။America ရဲ့driver license ကလည်းမှတ်ပုံတင်တစ်ခုလိုအသုံးဝင်တာမို့လွယ်လွယ်လေးတော့မရဘူးပေါ့။သူတို့lawကိုအတိအကျလိုက်နာပြီးဖြေရတာပါ။
ပထမဆုံးwritten testing အရင်ဖြေရပါတယ်။စာတွေ့ကိုState dmv https://dmv.nebraska.gov/ ထဲကDriver manual ကိုတစ်ပတ်လောက်ကြည့်ပြီးသွားဖြေခဲ့တာfirst time နဲ့အောင်ပါတယ်။အောင်ပြီး၁၀ရက်အတွင်းIDရောက်လာပြီးdriving test အတွက်appointment တင်တာ၁လလောက်ကြာမှရပါတယ်။Examiner နဲ့ကိုယ်နဲ့နှစ်ယောက်တည်းလမ်းပေါ်တက်ပြီးဖြေရတာ။ပထမဆုံးအကြိမ်ဖြေတော့Roundabout မတိုင်ခင်ရပ်လို့နဲ့ကြောက်နေလို့ဆိုပြီးကျပါတယ်။(အမှန်ကကြောက်ချင်ယောင်ဆောင်တာ😆)၃ပတ်လောက်ထပ်စောင့်ပြီးဒုတိယအကြိမ်ထပ်ဖြေတော့stop signမှာ completely stop မဖြစ်တာ၊speed limit ကျော်တာနဲ့ကျပြန်ရော။Lawအတိုင်းအတိအကျဖြေရတာမို့လို့သေးသေးလေးမှားရင်လည်းကျတာပဲ။တတိယအကြိမ်မှာတော့မောင်းမယ့်လမ်းကို မဖြေခင်၁၀ရက်အလိုလောက်ထဲကတနေ့ကို၃ခေါက်လောက်သွားလေ့ကျင့်ခဲ့ပါတယ်။ယောကျာ်းကဘေးကနေထိုင်ပြီးလိုက်အိပ်ပေးတာ အဲ့လေ လိုက်အားပေးတာပေါ့🤭။အဓိကအရေးကြီးတာspeed limit,completely stop,blind spot,lane change,roundabout တွေအတိအကျစစ်တာပါ။
နောက်ဆုံးအခွင့်အရေးမို့အမှားမခံချင်တော့ဘူး။တတိယအကြိမ်မှာကျရင် written testing ပြန်ဖြေရတော့မှာ။စာလုပ်ရမယ်ဆိုတာစဉ်းစားမိတိုင်း ဝမ်းနည်းတာလေ🥲ဒီအရွယ်မှာစာလုပ်နေရမယ်လို့မထင်ထားမိဘူးလေ🤭ဘာပဲဖြစ်ဖြစ်ကြိုးစားမှုရဲ့ရလဒ်ကနောက်ဆုံးမှာ ကိုယ့်ကိုစောင့်နေခဲ့တယ်။အဲ့လိုchallenge တွေကြုံလာတိုင်းလုပ်နိုင်ခဲ့တဲ့ကိုယ့်ကိုကိုယ်ကျေးဇူးတင်ပါတယ်။
ကိုယ်ကတော့ဘယ်တော့မှရပ်မနေဘူး။တစ်လှမ်းရရင်တစ်လှမ်းသွားကြည့်နေမှာပါ။
#မဖြစ်နိုင်တာမရှိဘူးမဖြစ်သေးတာပဲရှိတယ်

Photos from Omaha life 's post 11/05/2023

ဘဝကဂီတာနဲ့အသက်ဆက်နေတာ
Rကြီးကိုလွမ်းနေသူများအတွက်❣️

Want your business to be the top-listed Beauty Salon in Omaha?
Click here to claim your Sponsored Listing.

Category

Website

Address

Omaha, NE

Alerts

Be the first to know and let us send you an email when Omaha life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Omaha.