Ozone Generator Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ozone Generator Myanmar, 16. 837704, 96. 176720, .
Ozone Generators for Air & Water
ပိုးသတ်၊ မှိုသတ်၊ အနံ့ဖျောက်အိုဇုန်းစက်များ
Green Dynamics Co., Ltd (Since 2014)
Green Dynamics Building
📍ဝေဇယန္တာလမ်းမကြီးအနီး၊ ၁-ခ မေတ္တာလမ်းမထိပ်
🕒မနက် ၉ နာရီမှ ညနေ ၅နာရီ (Daily)
📞 09 773470740, 792930555, 792930777
23/07/2026
( ဇူလိုင်လ ) ( ၂၃ ) ရက်၊ ၂၀၂၆ (မနက် ( ၈ ) နာရီ) စိုထိုင်းဆရေငွေ့ အခြေအနေနဲ့ လေထုအခြေအနေကို ဖော်ပြလိုက်ပါတယ်။
💧 စိုထိုင်းဆ: (100)% RH -Wet ( Uncomfortable )
🍃 PM2.5 (AQI): (11) µg/m³ - Good
ယခုလိုစိုထိုင်းဆများတဲ့မိုးတွင်းကာလမျိုးမှာ ပြင်ပက Humidity ကိုမထိန်းချုပ်နိုင်ပေမယ့်၊ မိမိအိမ်
တွင်းမှာစိုထိုင်းဆများလို့ ဖြစ်ပေါ်တတ်တဲ့အိမ်တွင်းပစ္စည်းများမှိုတက် ပျက်စီးမှု၊ ဘတ်တီးရီးယားပေါက်ပွားမှု ပြဿနာများနှင့်လေထုညစ်ညမ်းတဲ့ကာလမျိုးမှာမိမိအိမ်တွင်းက လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတို့ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရေငွေ့စုပ်စက်နှင့်လေသန့်စက်များကို အသုံးပြုဖို့အကြံပြုလိုပါသည်။
📍 မိမိပတ်ဝန်းကျင်ရဲ့ ရေငွေ့အခြေအနေနဲ့ လေထုအခြေအနေကို အချိန်နှင့်တပြေးညီ သိရှိလိုပါက
👉 https://www2.purpleair.com/search?q=Yangon
Green Dynamics Myanmar မှ စိတ်ချရသော ရေငွေ့စုပ်စက်များ၊ လေသန့်စက်များကို ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါပြီဖြစ်ပါသည်။
📌 ထုတ်ကုန်အသေးစိတ် လေ့လာရန်
• ရေငွေ့စုပ်စက် (Dehumidifier) 👉 https://www.facebook.com/share/p/1BwCb2Vpq9/
• လေသန့်စင်စက် (Air Purifier) 👉 https://m.facebook.com/story.php?story_fbid=673375438597506&id=100077751676955
• ရေငွေ့ထုတ်စက် (Humidifier) 👉 https://www.facebook.com/share/p/1YbzMk7Q5L/
📌 ဆက်သွယ်ရန်
• ဖုန်း: 09 444 494 027 | 09 792 930 777 | 09 792 930 555
📌 Showroom လိပ်စာ
အမှတ် (၁)–ခ၊ မေတ္တာလမ်း၊ (၁၁) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
ဖွင့်ချိန် - (နေ့စဉ်) နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ။
03/07/2026
သင့်အိမ် (သို့မဟုတ်) ရုံးခန်းထဲမှာ ဘယ်လိုအရာတွေက အနှောင့်အယှက်အပေးဆုံးလဲ? 🤫
တစ်ခါတလေ အခန်းထဲဝင်လိုက်တာနဲ့ မသိမသာ ရနေတဲ့ အနံ့ဆိုးတွေ၊ အဲကွန်းဖွင့်ရင် ထွက်လာတဲ့ မှိုနံ့တွေက ကျွန်တော်တို့ရဲ့ စိတ်ကြည်လင်မှုကို အနှောက်အယှက် ပေးတတ်ပါတယ်။
ဒါကြောင့် သင့်အိမ် ( သို့မဟုတ် ) ရုံးခန်းထဲမှာ ဘယ်လိုပြဿနာမျိုးနဲ့ အကြုံတွေ့ရဆုံးလဲဆိုတာ အောက်က နံပါတ်လေးတွေနဲ့ မျှဝေပေးခဲ့ပါဦးနော် 👇
[A] ဘယ်လိုမှ ဖျောက်မရတဲ့ ဆေးလိပ်နံ့နဲ့ အိမ်မွေးတိရစ္ဆာန်အနံ့
[B] မိုးရာသီကြောင့် ဖြစ်တတ်တဲ့ မှိုနံ့နဲ့ အနံ့ဆိုးတွေ
[C] အိမ်သစ်၊ ပရိဘောဂသစ်တွေက ဓာတုနံ့ (Formaldehyde)
ဒီပြဿနာအားလုံးကို Ozone Generator တစ်လုံးတည်းနဲ့တင် ဖြေရှင်းနိုင်တာမို့ အမွှေးနံ့တွေ သုံးပြီး ဖုံးကွယ်စရာမလိုတော့ဘူးဆိုတာရော သိပါသလား 😊
သင့်အဖြေကို အောက်က Comment မှာ ရေးခဲ့ပေးပါအုန်းနော် 👇
01/07/2026
Hello🙌
Welcome July 🌧️🌧️☔
27/06/2026
**World Yogurt Day ကို Healthy Pot နဲ့အတူ ဖြတ်သန်းကြစို့ 🥣✨**
ဇွန်လ (၂၈) ရက်နေ့ဟာ ခန္ဓာကိုယ်နဲ့ အူလမ်းကြောင်းအတွက် အကျိုးပြုတဲ့ **World Yogurt Day** ဖြစ်ပါတယ်။ ဒိန်ချဉ် (Yogurt) ဟာ အစာခြေစနစ်ကို ကောင်းမွန်စေရုံတင်မကဘဲ ကိုယ်ခံအားကိုပါ မြှင့်တင်ပေးနိုင်တဲ့အတွက် နေ့စဉ်စားသုံးပေးသင့်တဲ့ ကျန်းမာရေးဖြည့်စွက်စာတစ်ခုပါ။
ဒီလိုထူးခြားတဲ့နေ့ရက်မှာ ဆိုင်ကဝယ်စားတာထက် ကိုယ်တိုင်လုပ်တဲ့ လတ်ဆတ်သန့်ရှင်းတဲ့ Homemade Yogurt လေးကို မိသားစုနဲ့အတူ သုံးဆောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။
Healthy Pot Pressure Cooker မှာဆိုရင် အပူချိန်ကို အတိအကျ ထိန်းညှိပေးနိုင်တဲ့ "Yogurt function" ပါဝင်တာမို့လို့ အချဉ်ပေါက်လွန်မှာကို ပူစရာမလိုဘဲ အိမ်မှာတင် အကောင်းဆုံးဒိန်ချဉ်ကို အလွယ်တကူ ဖန်တီးနိုင်မှာပါ။
ဒီနှစ် ကမ္ဘာ့ဒိန်ချဉ်နေ့မှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထကောင်းတစ်ခုအနေနဲ့ မိမိနှစ်သက်တဲ့ သစ်သီးလေးတွေနဲ့တွဲပြီး အိမ်လုပ် Yogurt လေးတစ်ခွက် ဖန်တီးစားသုံးရင်း ဖြတ်သန်းလိုက်ရအောင်။ 🥰
𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐏𝐨𝐭 𝐅𝐚𝐯𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐋𝐢𝐧𝐤 : https://www.facebook.com/share/1HLeZGcJUr/
20/06/2026
"ဒီစကားလုံးလေးတွေက ဖေဖေ့ဆီကနေ အကြားရဆုံး စကားတွေပဲ မဟုတ်လား..." 🤫❤️
"ပိုက်ဆံလိုလား။"
"အမေရော။"
"မိုးမချုပ်စေနဲ့။"
"စားပြီးပြီလား။"
စကားသိပ်မပြောတတ်တဲ့ ဖေဖေတွေရဲ့ မေတ္တာက သူတို့ပြောလေ့ရှိတဲ့ ခပ်ပြတ်ပြတ် စကားလုံးလေးတွေရဲ့နောက်မှာ သားသမီးတွေမသိအောင် ကွယ်ရာမှာ ပူပန်ပေးတတ်တဲ့စိတ်က အပြည့်အဝ ရှိနေတတ်ပါတယ်။🤗
ဒါကြောင့် ယနေ့ကျရောက်လာတဲ့ Father’s Day (အဖေများနေ့) မှာ အမြဲတမ်း စိတ်အချရဆုံး နောက်ခံတံတိုင်းကြီးအဖြစ် မားမားမတ်မတ် ရပ်တည်ပေးထားတဲ့ ဖေဖေ့ကို ချစ်တယ်လို့ အော်ပြောဖို့ ရှက်နေရင်တောင်... "ကျေးဇူးပါ ဖေဖေ" လို့တော့ သွားပြောလိုက်ရအောင်နော် 😊
သူငယ်ချင်းတို့ရော... ကိုယ့်ဖေဖေဆီက အကြားရဆုံး၊ အမှတ်ရဆုံး စကားတစ်ခွန်းက ဘာဖြစ်မလဲဆိုတာ Comment မှာ မျှဝေခဲ့ပေးပါဦးနော်။ (ဖေဖေနဲ့ ရိုက်ထားတဲ့ အမှတ်တရပုံလေးတွေ ရှိရင်လည်း ချပြသွားလို့ ရတယ်နော်) 👇✨
16/06/2026
အိုဇုန်းဆိုတာနဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ အလွှာတစ်ခုလို့ ထင်နေတုန်းလား?
တကယ်တော့ အိုဇုန်းဟာ သဘာဝကပေးတဲ့ အစွမ်းထက်ဆုံး သန့်စင်ဆေး ( Natural Disinfectant ) တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် အိုဇုန်းမှာ အောက်ဆီဂျင် Atom (3) ခု ပေါင်းစပ်ထားလို့ ဘတ်တီးရီးယား ၊ ဗိုင်းရပ်စ်နှင့် အနံ့ဆိုးတွေကို ဓာတ်ပြုပြီး ဖျက်ဆီးပစ်တဲ့အပြင် သန့်စင်သော အောက်ဆီဂျင်အဖြစ် လေထုကို ပြောင်းလဲပေးနိုင်ပါတယ်။
အဆင့်မြင့်နည်းပညာသုံး MP 2400 (Air & Water Ozone Generator) ဟာ ဓာတုဗေဒပစ္စည်း လုံးဝမလိုဘဲ လေထုရော ရေထုကိုပါ တစ်ပြိုင်နက် သန့်စင်ပေးနိုင်တဲ့ 2-in-1 စနစ်သုံး စက်ဖြစ်ပါတယ်။
MP 2400 ( Air & Water Ozone Generator ) ရဲ့ အဓိက အကျိုးကျေးဇူးများကတော့
✅အိမ်ခန်းအတွင်းရှိ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် မှိုပိုးမွှားများကို ဖျက်ဆီးပေးနိုင်သည့်အပြင် ဆေးလိပ်နံ့၊ ညှော်နံ့နှင့် အနံ့ဆိုးများကို အမြစ်ပြတ် ဖယ်ရှားပေးပါတယ်။
✅သာမန်ရေကို အိုဇုန်းရေအဖြစ် ပြောင်းလဲပေးပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများမှ ပိုးသတ်ဆေး အကြွင်းအကျန်များကို ဖယ်ရှားပေးသည်။ အသား၊ ငါးများမှ ဘက်တီးရီးယားနှင့် ညှီနံ့များကို ပျောက်ကွယ်စေကာ ကလေးနို့ဘူးနှင့် အသုံးအဆောင်များကို ဓာတုဆေးမလိုဘဲ ရာနှုန်းပြည့် ပိုးသတ်ပေးသည်။
ဘာကြောင့် MP 2400 ကို ရွေးချယ်သင့်လဲ?
✔️2-in-1 Function ( စက်တစ်လုံးတည်းနဲ့ လေထုရော ရေထုပါ သန့်စင်နိုင်ခြင်း။ )
✔️Chemical-Free ( ကလိုရင်းထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန် ထိရောက်ပြီး ဘေးထွက်ဆိုးကျိုး လုံးဝမရှိခြင်း။ )
✔️အသုံးပြုရလွယ်ကူခြင်း ( Compact ဖြစ်ပြီး သယ်ဆောင်ရလွယ်ကူသဖြင့် အိမ်၊ ရုံး၊ မီးဖိုချောင် ကြိုက်သည့်နေရာတွင် သုံးနိုင်ခြင်း။ )
မိသားစုကျန်းမာရေးအတွက် ရေရှည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် MP 2400 (Air & Water Ozone Generator) ကို အခုပဲ ရွေးချယ်လိုက်ပါ။
13/06/2026
မိုးအေးအေးနဲ့အိမ်ထဲမှာပဲ ကွေးနေတော့မှာလား 😁
ဒါဆိုရင်တော့ အားလုံး စောင့်မျှော်နေကြတဲ့ Green Dynamics ရဲ့ မိုးရာသီအထူးပရိုမိုးရှင်း (Monsoon Promotion) ကြီး ရောက်ရှိလို့ လာပါပြီဗျို့! 🎉
ယခု Promotion မှာဆိုရင် ကျန်းမာရေးအတွက် အထောက်အကူပြုပစ္စည်းတွေတင်မကဘဲ... လုပ်ငန်းသုံး၊ ရုံးသုံးနဲ့ အိမ်သုံး အထောက်အကူပြုပစ္စည်းတွေကို အထူးသက်သာတဲ့ စျေးနှုန်းတွေနဲ့ ရရှိနိုင်ပါပြီနော်။
⚠️ သတိပြုရမှာကတော့ Promotion ရမယ့် ကုန်ပစ္စည်းအရေအတွက်က အကန့်အသတ်ပဲ ရှိတာမို့လို့ လက်ဦးမှုယူထားမှ စိတ်ချရမယ်နော်။
သင့်အိမ်နဲ့ လုပ်ငန်းအတွက် လိုအပ်တာတွေကို အထူး ဈေးနှုန်းများနှင့်အမြန်ဆုံး အလှမ်းယူနိုင်ဖို့ အခုပဲ Page Messenger ကနေ ဆက်သွယ်စုံစမ်းလိုက်တော့နော်။ အောက်ပါဖုန်းနံပါတ်များမှလဲ ဆက်သွယ်မှာယူနိုင်ပါတယ်👇
𝐏𝐡𝐨𝐧𝐞 :
09 773 470 740 | 09 792 930 555 | 09 444 494 027
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐋𝐢𝐧𝐤 : https://t.me/greendynamicsmyanmarofficialchat
04/06/2026
🌍𝗛𝗔𝗣𝗣𝗬 𝗪𝗢𝗥𝗟𝗗 𝗘𝗡𝗩𝗜𝗥𝗢𝗡𝗠𝗘𝗡𝗧 𝗗𝗔𝗬
"ငါက ကမ္ဘာကြီးကို ကယ်တင်ဖို့ Superman မဟုတ်ပါဘူး" လို့ တွေးနေတုန်းလား?
တကယ်တော့ ကမ္ဘာကြီးကို ကူညီဖို့ ဝတ်စုံအနီကြီးနဲ့ ပျံသန်းနေစရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ် နေထိုင်မှုပုံစံ သေးသေးလေးတွေကို ပြောင်းလဲလိုက်ရုံနဲ့တင် Hero တစ်ယောက် ဖြစ်နိုင်ပါတယ်။ 😎✨
ဒီနေ့ ကျရောက်တဲ့ 𝗛𝗔𝗣𝗣𝗬 𝗪𝗢𝗥𝗟𝗗 𝗘𝗡𝗩𝗜𝗥𝗢𝗡𝗠𝗘𝗡𝗧 𝗗𝗔𝗬 မှာ စကားတွေ ပြောမယ့်အစား... လက်တွေ့လုပ်လို့ရမယ့် "Green Habits ၅ ခု" ထဲက သင် လက်ရှိလုပ်နေတဲ့ (သို့) ဒီနေ့ကစပြီး လုပ်မယ့်အချက်ကို ရွေးပေးခဲ့ပါဦး! 👇
1️⃣ ဈေးဝယ်ရင် ပလတ်စတစ်အိတ် ငြင်းပြီး Cloth Bag (ထည့်စရာအိတ်) အမြဲဆောင်သွားခြင်း။
2️⃣ အပြင်ထွက်ခါနီး မီးခလုတ်၊ ပန်ကာခလုတ်တွေ ပိတ်ဖို့ ဘယ်တော့မှမမေ့ခြင်း။
3️⃣ အပြင်သွားရင် တစ်ခါသုံး ရေသန့်ဗူးတွေ ဝယ်မသောက်ဘဲ ကိုယ်ပိုင် ရေဗူး (Tumbler) ဆောင်သွားခြင်း။
4️⃣ ဘေလ်တွေ၊ မှတ်စုတွေကို စာရွက်ပေါ်မှာ မရေးဘဲ ဖုန်းထဲမှာပဲ Digital စနစ်နဲ့ သိမ်းဆည်းခြင်း။
5️⃣ စားနိုင်သလောက်ပဲ မှာယူပြီး အစားအသောက်တွေ လေလွင့်မှုမရှိအောင် ထိန်းသိမ်းခြင်း။
💬 သင့်ရဲ့ Environment Hero Type က နံပါတ် ဘယ်လောက်လဲ? ဒါ့အပြင် ကိုယ့်ရဲ့ Green Habits လေးတွေရှိရင်လည်း
Comment မှာ ရေးပြီး ကိုယ့်ကိုယ်ကိုယ် သက်သေပြခဲ့ပါဦး! (၁ ခုထက်မက တူရင်လည်း အကုန်မန့်ခဲ့လို့ ရတယ်နော် 😉)
ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေကိုလည်း Tag တွဲပြီး သူတို့ကရော ဘယ်လို Hero မျိုးလဲဆိုတာ မေးကြည့်လိုက်ရအောင်! 👇
27/05/2026
မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်များအားလုံးရဲ့ ပျော်ရွင်ဖွယ် အီဒုလ်အဿွဟာ ( ကုရ်ဘာနီအီးဒ် ) နေ့လေးတွင် မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများနှင့်တူတူ ပျော်ရွင်ဖွယ်နေ့ရက်လေး ဖြစ်ပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
14/05/2026
"အပြင်လောကမှာ ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်ခဲ့ပါစေ...
အိမ်ပြန်ရောက်လို့ မိသားစုဝင်တွေရဲ့ အပြုံးတွေကို မြင်လိုက်ရရင် ပင်ပန်းမှုတွေက ပြေပျောက်သွားတာမျိုး ကြုံဖူးကြတယ်မလား? 😊
ဒီနေ့ မေလ (၁၅) ရက်နေ့ကတော့ ‘International Day of Families’ (အပြည်ပြည်ဆိုင်ရာ မိသားစုများနေ့) ပဲ ဖြစ်ပါတယ်။ မိသားစုဆိုတာ လူတစ်ယောက်အတွက် အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံး " အသိုက်အမြုံ " လေး တစ်ခုပါ။
ဒါကြောင့် ဒီနေ့မှာ ထူးထူးခြားခြားလေးဖြစ်သွားအောင်...
ကိုယ့်ရဲ့ မိသားစုနဲ့ပတ်သက်ပြီး အမှတ်တရအရှိဆုံး ဒါမှမဟုတ် အချစ်ဆုံးသူတစ်ယောက်ကို Comment မှာ Mention ခေါ်ပြီး ချစ်စကားလေးတွေ ပြောသွားကြရအောင်လား? ❤️
ဥပမာ
" မေမေ ချက်ကျွေးတဲ့ ဟင်းလက်ရာကို အမြဲလွမ်းနေပါတယ် "
" ဖေဖေ ကူညီပေးလို့ ကျေးဇူးတင်ပါတယ် "
" အကိုကြီးရဲ့ အနစ်နာခံမှုကို ကျွန်တော်တို့ အမြဲတမ်းကျေးဇူးတင်မိနေပါတယ် "
မိသားစုဝင်တွေ အတူတူရှိနေချိန်ဟာ အကောင်းဆုံးအချိန်တွေဖြစ်လို့ မိမိလုပ်နေတဲ့ အလုပ်တွေကို ခဏမေ့ပြီး မိသားစုကို အချိန်ပေးစကားပြောဖြစ်အောင် ပြောလိုက်ပါဦးနော်။ ✨
"
