Mattew
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mattew, Health/Beauty, .
16/01/2023
အသိပညာများတိုးဖို့...စာများများဖတ်ကြပါ
❝ အရေးအကြီးဆုံးက စာဖတ်ပါ ❞
(၁) ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။
ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ
ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။
(၂) ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ။
ဘယ်နေရာရောက်ရောက် ရိုးသားပါ။
ဘာလုပ်လုပ် ရိုးသားပါ။
ဘာပြောပြော ရ်ိုးသားပါ။
ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ။
ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့
ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမရှိပါဘူး။
ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။
(၃) ဘာမှမသ်ိရင် အောက်ကျို့ရတယ်။
ဒါကြောင့် သိအောင် လေ့လာပါ။
ဘာမှမရှိရင် မျက်နှာငယ်ရတယ်။
ဒါကြောင့် ရှိအောင် ကြိုးစားပါ။ငွေရှာပါ။ပိုက်ဆံစုပါ။
ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။
(၄) တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်။
ဒါပေမဲ့ အဲဒီအထဲမှာ ကိုယ်ကျင့်တရားမပါစေနဲ့။
ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့။
မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက
ပိုများပါတယ်။
(၅) လိုအပ်နေမှန်းသိရင် တစ်ချို့က
ထွက်သွားချင်တယ်။
လွယ်လွယ်နဲ့ရရင်တန်ဖိုးမထားကြတော့ဘူး။
ဒါကြောင့် အများကြီးဖက်တွယ်မနေပါနဲ့။
တချို့က အများကြီးချစ်တာနဲ့ လုံးဝမတန်ပါဘူး။
(၆) တစ်ခါတလေမှာ
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။
လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့
တချို့အရာတွေက ကိုယ်ထင်ထားသလောက်
အရေးမကြီးမှန်း အရေးမပါမှန်းသိလာပါလိမ့်မယ်။
(၇) ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
ကိုယ်ကိုယ်တိုင် ရှာယူရတာပါ။
ှင်ဇဝန
16/11/2022
စားများများဖတ်ကြပါ....
ချမ်းသာလို့ ဂုဏ်မောက်နေကြသူများ
ပညာတတ်လို့ မာန်တက်နေကြသူများ
ရုပ်လှလို့ မာန်တက်နေကြသူများ
မာနတွေမိုးခိုက်ပီး ငါမှငါဖြစ်နေကြသူများ
ချမ်းသာမှုကြောင့် မရှိသောသူပေါ်
မယုတ်မာပါနဲ့၊ မကောက်ကျစ်ပါနဲ့ ။
ပညာတတ်မှုကြောင့် ပညာမဲ့သူပေါ်
မမောက်မာပါနဲ့၊ မရိုင်းစိုင်းပါနဲ့ ။
ရုပ်လေးလှတယ်ဆိုပီး
အတွင်းစိတ် မပုပ်ပါနဲ့ ။
ငါဆိုတဲ့ မာနကြောင့်
သူတစ်ပါးကို မထိခိုက်ပါစေနဲ့ ။
လူဆိုတာ အရာအားလုံးကို
ခဏတာ ရထားတာပါ ။
လူဖြစ်ပီး လူစိတ်လေးမွေးပီး
သူတစ်ပါးကို ဖေးမ ကူညီပါ ။
သူတစ်ပါးအပေါ်
ယုတ်မာ ကောက်ကျစ်စိတ် မထားပါနဲ့ ။
လူဆိုတာ အကုန်သေမျိုးတွေပါပဲ ။
ငါကလူဆိုပီး
ငါပြောရင်.. ငါလုပ်ရင်..
အကုန်လုပ်လို့ရတယ်ဆိုတဲ့စိတ် မတွေးပါနဲ့ ။
လူဆိုတာ တစ်နေ့သေရမှာ
သေလူကို ဘယ်အိမ်ကမှ
ကြာကြာမထားကြပါဘူး။
လူဆိုတာ မသေခင်ပဲ တန်ဖိုးထားကြတာ..
သေနေတဲ့သူကို ဘယ်သူကမှ ကြာကြာမထားဘူး။
တကယ်တော့ လူဆိုတာ..
အကောင် တစ်တောင်လောက်တောင်
တန်ဖိုးမရှိဘူး။
အကောင်ပေါင်းစုံသေရင်သာ
လူတိုင်းက စားကြတာ..
တန်ဖိုးထား ယူသွားကြတာ..။
လူသေကို ဘယ်သူကမှ
ငါကလူပဲပိုပီး ဂုဏ်မမောက်နဲ့ ။
အဆင့်အတန်း မခွဲခြားနဲ့ ။
ယုတ်မာ မကောက်ကျစ်ကြပါနဲ့ ။
`
#မေတ္တာဖြင့်
09/11/2022
စိတ်ညစ်တဲ့အချိန်ဖတ်ကြည့်ပါ
``စိတ်ညစ်တဲ့အချိန်တိုင်း ဖတ်´´
*****************************
မြေပျော့ရင် ခြေရာကျန်မယ်
စိတ်ပျော့ရင် ဒဏ်ရာကျန်မယ်
ထို့ကြောင့်..........
မချစ်ပါနဲ့...
မချစ်သင့်တဲ့ လူကို မချစ်ပါနဲ့။
မမေ့ပါနဲ့...
မေ့ပစ်သင့်တဲ့ လူတွေက်ို မေ့ပစ်နိုင်ဖို့။
မလွမ်းပါနဲ့...
မလွမ်းသင့်တဲ့ လူကို ဘယ်တော့မှ မလွမ်းနဲ့။
လူတိုင်းက ကိုယ့်စိတ်နဲ့ နှိုင်းပြီး ဘယ်တော့မှ မယုံကြည်နဲ့☺
-လူတိုင်းက ကိုယ့်စိတ်လို့ မဟုတ်ကြဘူး။
ပြင်လိုက်ပါ...
👉အားငယ်တတ်တဲ့ အကျင့်ကိုပြင်။
👉လူတိုင်းကို ယုံလွယ်တဲ့ အကျင့်ကိုပြင်။
👉သင့်ကိုသင် မယုံကြည်တဲ့ အကျငိ့ကိုပြင်။
👉တွေးပြီး ၀မ်းနည်းတတ်တဲ့ အကျင့်ကိုပြင်။
👉စိုးရိမ်စိတ်များတဲ့ အကျင့်ကိုပြင်ပါ။
သင်က အားငယ်တတ်ရင် လူတွေက ချနင်းတယ်😉
~တကိုယ်ကောင်း ဆန်သင့်တဲ့နေရာမှာ ဆန်ပါ။
~မာနကြီးရမယ့် နေရာ မာနကြီးပါ။
~အတ္တကြီးသင့်တဲ့နေရာ အတ္တကြီးပစ်ပါ။
အားငယ်ပြီး စိတ်ညစ်နေတတ်ရင်...
လူတိုင်းက လိမ်ညာလှည့်စားမှာပဲ။
လူတယောက်က မနာလိုလို့ သင့်မကောင်းကြောင်းပြောရင်တောင်၊.
>ပြုံးပြုံးလေးနေပါလိုက်ပါ😉
လူတယောက်ရဲ့ လိမ်ညာခံရခဲ့ရင်
>စိတ်ညစ်မနေနဲ့ သင်တခါပဲ လိမ်ညာခံလိုက်ပါ
ထိုလိမ်ညာခံရတိုင်း သင့်အတွက် ရင့်ကျက်မှုတွေပါပဲ😉
လူတွေရဲ့ လှည့်စားခံရလေလေ..
ကိုယ့်အတွက် ပညာရလေပါပဲ
လိမ်စမ်ပါ။ညာစမ်းပါ။မနာလိုစမ်းပါ။
(ပြုံးပြပြီး စိန်ခေါ်လိုက်စမ်းပါ)...
လူတယောက်ကြောင့် သင်က စိတ်ညစ်နေရင်
သင်ဟာ အမြဲ ရှုံးနိမ့်နေရမှာပဲ။
ဘာအတွက် စိတ်ညစ်နေမှာလည်း ?😂
~မိဘအတွက် အားတင်းထားပါ။
~သင့်အတွက် အကောင်းဆုံးတွေ ဖန်တီးရအုံးမယ်။
~သင့်ရှေ့ရေးအတွက် အကျိုးရှိတာ လုပ်ရအုံးမယ်။
~သင့် သံသရာအတွက် ကြိုးစားရအုံးမယ်။
~သင်ကို လူတိုင်းအကောင်းမြင်ဖို့ ကြိုးစားရအုံးမယ်။
ဒီနေ့ စိတ်ညစ်ရင် ညစ်လိုက်ပါ...
ဒါပေမဲ့...
မနက်ဖြန်တိုင်းက သင့်အတွက် ပြုံးပျော်နိုင်ပါစေ...☺
လေးစားစွာဖြင့်...
ပန်း ပျိုး လက် ✍️
06/11/2022
အလှအတွက်မှန်ရှိသလို့ဘဝအတွက်စာရှိဖို့လို့အပ်တဲ့..သူငယ်ချင်းတို့
ဖတ်စေခြင်သောစာစု #
📚 "တန်ဖိုးရှိသော စာ" 📚
☘️ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ လဲနေရင် ပြန်ထနိုင်အောင် ကြိုးစားပါ ☘️
☘️လူတိုင်းမှာ ကိုယ်စီကိုယ်စီ ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ် ဘယ်လိုဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်။☘️
☘️တခါတလေ မဖြစ်ချင်တာတွေ ဖြစ်လာရတဲ့အခါ အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်လိုက်ပါ☘️
☘️ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်တာ ပိုကောင်းပါတယ်။☘️
☘️ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။☘️
☘️ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ မှားမှာကို မကြောက်ပါနဲ့ အမှားဆိုတာ အတွေ့အကြုံရဲ့ ဆရာတစ်ဆူလိုပါပဲ။☘️
☘️ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ တန်ဖိုးထားတက်အောင် ကြိုးစားပါ။☘️
☘️ပညာရှာတဲ့အရွယ်ပညာရှာ ကြင်ရာရှာတဲ့အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ဆိုတာ မလုံလောက်သေးဘူး။☘️
☘️ အသိပညာအတွက် မရှက်ပါနဲ့ ပညာရှာပမာသူတောင်းစားတဲ့။☘️
☘️သင့်ပတ်ဝန်းကျင်ရှိ လူအချို့က သင်အောင်မြင်တာကို အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်နေကြလိမ့်မယ် ☘️
☘️ လူတိုင်းကို မယုံမိပါစေနဲ့။ သင်နဲ့ပတ်သက်သူတိုင်း လက်ထဲမှာ မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေတတ်တယ်☘️
☘️ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားလိုက်ပါ။☘️
☘️ ငွေကြေးနဲ့ပတ်သက်ရင် လူတိုင်းအပေါ် အယုံမလွယ်ပါနဲ့။ ☘️
☘️အားနာရင် ခါးပါတတ်တယ်။
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။☘️
☘️မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့
မျှော်လင့်ချက်က တနေ့ ဒုက္ခပေးတတ်တယ်။☘️
☘️ ချစ်တော့ ချစ်ပါ။ နှလုံးသားနဲ့ အရင်ခံစားပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ။☘️
☘️ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့ မမျှော်လင့်ပါနဲ့။ ☘️
☘️လူတိုင်းကို မချစ်နိုင်ရင်တောင် မမုန်းမိအောင် ကြိုးစားပါ။☘️
☘️ စေတနာနဲ့မထိုက်တန်ခဲ့ရင် ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ စိတ်အေးချမ်းပါတယ်။ ☘️
☘️မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင် ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။☘️
☘️အပြောမကောင်းရင်တောင် နားထောင်ကောင်းသူဖြစ်အောင် ကြိုးစားပါ။☘️
☘️နည်းနည်းပြောပြီး များများနားထောင်ပါ။☘️
☘️ မပေးကမ်းနိုင်ရင်တောင် တတ်နိုင်သလောက် ကူညီပေးလိုက်ပါ လက်တစ်စုံဟာ ယူဖို့အတွက်ဖြစ်သလို ပေးကမ်းတတ်ဖို့လည်း လိုပါတယ်☘️
☘️ချွေတာသင့်တာ ချွေတာပြီ စုဆောင်းသင့်တာ စုဆောင်းပါ ။ ရေတစ်စက်တန်ဖိုး ရေငတ်မှသိသလို ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သိလာလိမ့်မယ်။ ☘️
☘️ မသိရင် သိသလိုမနေပါနဲ့ ။ မသိရင်မေးပါ ။ အမေးရှိရင် အဖြေတစ်ခုတော့ ရလာမှာပဲ။☘️
☘️တနေ့ စာဖတ်ချိန်သီးသန့်ထားပါ။ စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ပျိုးထောင်ပါ။☘️
☘️သူဘယ်လိုလူလဲဆိုတာထက် ငါဘယ်လိုလူလဲဆိုတာ သုံးသပ်ပါ။☘️
☘️သူတပါးက လက်ညိုးမထိုးခင် ကိုယ်က လက်မထောင်နိုင်အောင် ကြိုးစားပါ။☘️
☘️အချိန်မီကျေးဇူးတင်စကားပြောဖို့ မမေ့သင့်သလို တောင်းပန်စကားပြောဖို့လည်း ဝန်မလေးမိပါစေနဲ့။☘️
☘️လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့ ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ဝေဖန်ခြင်းဒဏ် ခံနိုင်ရည်ရှိကြရတယ် ။ ရဲရဲရင်ဆိုင်ဖြတ်ကျော်ပါ။☘️
မေတ္တာများစွာဖြင့် ☘️☘️
သိသမျှမှတ်ထားသမျှ စာပေကုသိုလ်ယူကာ...
စာပေတန်းဖိုးထား၍ စာပေချစ်သူထံအား ဖြန့်ဝေပေးလိုက်ပါသည်။
လေးစာချစ်ခင်စွာဖြင့် ☘️☘️
ပန်းပျိုးလက် ( ရသစာပေ )
8:45 AM
