S Cube

S Cube

Share

🫩

26/05/2022

နိုင်ငံတကာမှာ Mushrooms တချို့ကို မူးယစ်ဆေးအဖြစ်နဲ့သုံးတာ ခေတ်စားပါတယ်။ ‌၁၉၅၀ – ၁၉၆၀ ခေတ်ပိုင်းတွေမှာ အနောက်နိုင်ငံတွေမှာ ဒီလို မှိုကရတဲ့ Psychedelics တွေကို သုံးပြီး ပါတီပွဲတွေ နွှဲခဲ့ကြတယ်။ သူတို့အခေါ်တော့ Trips လို့ခေါ်တယ်။ ဟောလိ၀ုဒ် ရုပ်ရှင်အချို့မှာ ဒီလို မှိုစားပြီး အရောင်တွေမြင်၊ နတ်မြင်းပျံတွေမြင်တဲ့ အခန်းတွေကို ကြည့်ဖူးပါလိမ့်မယ်။

အဓိက ကတော့ မှိုထဲမှာပါတဲ့ Psilocybin လို့ ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့်ပဲ။ ဒီဓာတ်ဟာ ဦးနှောက်ကို Hallucination တွေ ရစေတယ်လို့ဆိုတယ်။

ဒီလို မှိုကနေရတဲ့ မူးယစ်ဆေးကို သမိုင်းမတွင်မီကတည်းက သုံးခဲ့ကြတယ်။ ဂရိခေတ်မှာ လျှို့၀ှက်ပွဲတော်ကြီးတွေလုပ်ပြီး သုံးစွဲခဲ့ကြတယ်လို့လည်း ဆိုတယ်။ ဒီပွဲကြီးတွေကို နာမည်ကျော် ပလေတို၊ အရစ္စတိုတယ်တို့တောင် တက်ခဲ့ကြတယ်။

အခုနောက်ပိုင်းမှာ အမေရိကန်နိုင်ငံမှာ နာမည်ကျော် သုတေသန ခွဲခန်းကြီးတွေမှာ Psilocybin ကို သုတေသနလုပ်ခဲ့ကြတယ်။ ပါ၀င် အစမ်းသပ်ခံခဲ့တဲ့ လူ ၈၀ ရာနှုန်းလောက်ရဲ့ အပြောအရ ဒီ မှိုမူးယစ်ဆေးကို သုံးခြင်းဟာ သူတို့ဘ၀မှာ အထူးခြား အလေးနက်ဆုံး အတွေ့အကြုံပဲလို့ ဆိုကြပါတယ်။ အများစုဟာ ဆေးလိပ်ပြတ်သွားကြတယ်။ သူတို့ရဲ့ ဘ၀တွေဟာ ထူးထူးခြားခြား ကောင်းမွန်လာတယ်။

အခု ကမ္ဘာပေါ်မှာ အရောင်းရဆုံး စာရင်း၀င်နေတဲ့ The immortality Key ဆိုတဲ့ စာအုပ်ကို ရေးတဲ့ စာရေးဆရာ Brian Muraresku ရဲ့ ခန့်မှန်းချက်အရ ခရစ်တော် ယေရှုကိုယ်တိုင် ၀ိုင်အရက်ထဲမှာ အဲဒီလို Psylocybin လို ဆေးမျိုးကို ခပ်ပြီး သူ့တပည့်တွေကို တိုက်ခဲ့ကောင်း တိုက်ခဲ့မယ်လို့ ဆိုကြတယ်။

ကျွန်တော်လေးစားရတဲ့ Sam Harris ဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူဟာ သူ့ကိုယ်သူ ဗုဒ္ဓဘာသာလို့ မခံယူသေးပေမဲ့ Joseph Goldstein တို့လို ဆရာကြီးတွေ လက်အောက်မှာ တရားကို အပြင်းအထန်လေ့ကျင့်ဖူးတယ်။ မဟာစည်ဆရာတော် ရွှေတောင်ကုန်းဆရာတော်ကြီးတွေရဲ့ နည်းတွေနဲ့လည်း သူကျင့်ဖူးတယ်။ သူ့ရဲ့ Waking Up ဆိုတဲ့ တရားထိုင်နည်း Appဟာ အတော်ထင်ရှားတယ်။ ဒီ Sam Harris ဟာ ခုနက ပြောတဲ့ Mushroom စားပြီး စမ်းသပ်ရာကနေ Meditation ကို စတင်ခဲ့တာဖြစ်တယ်။ သူ့အပြောအရ ဒီလို မှိုပါတဲ့ မူးယစ်ဆေးကို စားလိုက်တဲ့အခါ လောကထဲက အတွေ့အကြုံတွေထက် ပိုပြီး ထူးခြားတဲ့ အတွေ့အကြုံတွေ ရှိသေးပါလား ဆိုတာ သိလိုက်ရလို့ပါပဲတဲ့။

If you die before you die, you won't die when you die.

ဒီစာဟာ The immortality key စာအုပ်ထဲက ကောက်နှုတ်ချက်ပါ။ ရှေးခေတ် ကျမ်းဂန်လာ စာတစ်မျိုးဖြစ်တယ်။ ကျွန်တော်တို့ဟာ သေခြင်းတရားကို ရင်မဆိုင်ရခင်အထိ အသက်ရှင်ခြင်းကို အပြည့်အ၀ မခံစားနိုင်ကြသေးဘူး။ ကျွန်တော်တို့ အားလုံးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ သေခြင်းတရားကို မသေခင်မှာ တွေ့ခွင့်ရနိုင်ရင် ကျွန်တော်တို့ရဲ့ ဘ၀တွေကို ဒီထက်ပိုပြီး တန်ဖိုးရှိစွာ နေထိုင်သွားနိုင်မှာပဲ။

Psilocybin ကို သင့်တော်တဲ့ ပမာဏ စားလိုက်ခြင်းအားဖြင့် သေခြင်းတရားကို တစွန်းတစ မြင်တွေ့လိုက်ရနိုင်တယ်လို့ ဆိုကြတယ်။ သေခြင်းတရားမဟုတ်တောင်မှ ကျွန်တော်တို့ အသိဥာဏ်နဲ့ လိုက်မမီနိုင်တဲ့ အတွေ့အကြုံကို ရလိုက်နိုင်တယ်။
ဒီပြောင်းလဲခြင်းတွေဟာ တရားအဆင့်ဆင့် မြင့်တက်ရာမှာလည်း ကြုံတွေ့ရမှာဖြစ်တယ်။ ဒါပေမဲ့ Psilocybin ကို သုံးရင်တော့ ခုချက်ချင်းကို တွေ့ကြုံနိုင်မယ်လို့ Sam Harris ကဆိုတယ်။ တရားထိုင်ရာမှာ ဆရာက အ‌ရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဒီလို အတွေ့အကြုံတွေက စိတ်ကို အကြီးအကျယ် လွှမ်းမိုးသွားနိုင်လို့ပဲ။ လမ်းချော်သွားနိုင်တယ်။ လမ်းပျောက်သွားနိုင်တယ်။ လမ်းလွဲရောက်သွားနိုင်တယ်။ အလားတူပဲ ဒီလို မှိုကို သုံးစွဲရာမှာလည်း အထူးဂရုစိုက်ဖို့လိုတယ်။ သိပ္ပံပညာရှင်တွေကတော့ အထူး ဂရုပြုထားတဲ့ ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ကြတဲ့အတွက် အန္တရာယ်ကင်းတယ်။

ဂရိခေတ်မှာ ဒီပွဲတော်တွေကို အထူးလျှို့၀ှက်ထားခဲ့ကြတာ။ အခုချိန်ထိ L*D လို မူးယစ်ဆေးတွေကို တရားမ၀င် ထိန်းချုပ်ထားတာဟာ သူ့အကြောင်းနဲ့သူတော့ ရှိပါလိမ့်မယ်။ ဒီအကြောင်းက ဘာလဲ။ လူတွေကို မသိစေချင်တာလား။ လူတွေရဲ့ သေခြင်းတရားတွေ့မြင်ခြင်းကို ချုပ်ကိုင်ထားချင်တာလား။ ဒါမှမဟုတ် တကမ္ဘာလုံး အဲဒီလို အဆင့်မြင့်တဲ့ အတွေ့အကြုံတွေကို ရသွားခဲ့ရင် လူအားလုံးကို လွယ်လွယ်ကူကူ ထိန်းချုပ်မထားနိုင်မှာ စိုးရိမ်တာလား။

အခု The immortality Key လို စာအုပ်မျိုးတွေ ထွက်လာတဲ့အခါ၊ Psilocybin ကို သုတေသနပြုမှုတွေ ရှိလာတဲ့အခါ၊ နောက်နှစ်မကြာမီမှာ ဒီ Psychedelics တွေဟာ တရား၀င် ၀ယ်လို့ရတဲ့ ဆေးတွေ ဖြစ်လာနိုင်တယ်လို့ အတော်များများက ယူဆကြတယ်။ ခင်ဗျားတို့ရော အဲလို တရား၀င် ၀ယ်လို့ရခဲ့ရင် ဒီလိုဆေးမျိုးကို သုံးဖို့ အသင့်ဖြစ်နေပါ့မလား။

Photos from S Cube's post 18/05/2022

Magic mushroomရဲ့ dosage များနဲ့ effect များပါဗျ။ magic mushroom စပြီးအသုံးပြုမယ့်သူများလည်းလေ့လာနိုင်စေရန်ဖြစ်ပါတယ်
#ပုံများအားလုံးcreditပါ

17/05/2022

Lemon Tek 🍋🍋🍋

Shroomsတွေကိုပုံမှန်အတိုင်းစားရတာရိုးနေပီလား?။ ဒါဆိုရင်‌တော့ lemon tekလုပ်ပီးသောက်ကြမယ် 🥰။ lemon tekလုပ်သောက်ခြင်းဟာပိုမိုပြင်းထန်တဲ့ short trip ကိုရရှိစေမှာပါ။ lemon tek ပြုလုပ်နည်းလေးကို shroomerများအတွက်မျှဝေလိုက်ပါတယ်ဗျ ❤️❤️❤️

11/05/2022

ကျနော်ဒီနေ့ကတော့ Magic Mushroomတွေလို့လူအများသိကြတဲ့ Psilocybe cubensis(or) Psilocybin Shrooms တွေအကြောင်း အနည်းငယ်Sharingလုပ်ချင်ပါတယ်

ပထမဆုံးအနနဲ့ ကြိုပြောချင်တာက ကျနော်သည်Mycologistတစ်ယောက်မဟုတ်သလို စာအုပ်စာပေတွေနဲ့အသေးစိတ်မလေ့လာဖူးပါဘူး အင်တာနက်ကြီးပေါ်မှာနေရာအနှံ့ရှာဖွေထားတဲ့အရာတွေနဲ့ ကျနော့်ကိုယ်ပိုင်အတွေ့အကြုံ,Knowledgeတို့ကိုပေါင်းရေးထားတာဖြစ်ပါတယ် အဲ့တော့ အမှားပါတာမျိုးမပြည့်စုံတာမျိုးရှိခဲ့ရင် အပြုသဘောဆောင် ဝင်ထောက်ပြနိုင်ပါတယ် ဆွေးနွေးလိုတာရှိရင်လဲComment sectionမှာရေးသွားလို့ရပါတယ်
[ဤကား စကားချပ်]

So, lets get into it!

Magic Mushroomတွေဆိုတာဘာလဲ??

ဘုရားဖန်ဆင်းထားတဲ့သဘာဝတရားကြီးရဲ့တစ်စိတ်တစ်ပိုင်းပါလို့အရင်ဆုံးပြောချင်ပါတယ် ကျနော်တို့ကိုတခြားdimensionတွေ Higher Being တေွနဲ့ချိတ်ဆက်ပေးတဲ့ပေါင်းကူးတံတားလို့ဆိုရင်လဲ လွန်မယ်မထင်ပါဘူး(မစမ်းဖူးဘဲနဲ့တော့ ယုံကြမယ်လို့မထင်)
ဟိုးအရင်နည်းကVikings ritualတွေ တခြား Religious Ceremonyတွေမှာမှိုစားကြပါတယ်
သူတို့ရဲ့Mind,SpiritualတွေAwakenဖြစ်လာ​ေစဖို့ပါ
Shaminismထဲကနတ်ဆေးဆရာ Shaman တွေဆိုလည်းဆေးဝါးကုသဖို့နဲ့သူတို့ရဲ့နတ်တွေနဲ့ထိတွေ့ဖို့ Psychoactive အပင်တွေ,kambôတွေသုံးခဲ့ကြပါတယ်

မှိုတွေကWildတွေရှိသလို လူတွေကပြန်လည်ပြုစုစိုက်ပျိုးပြီး သေချာ ချဲ့ထွင် ​Breedလုပ်တဲ့Captivity Shroomတွေလည်းရှိပါတယ်
(ကျနော်တို့အခုရောင်းဝယ် စိုက်ပျိုးတာတွေကအဲ့လိုပြန်စိုက်or Grain to grainကူးပြီးပြန်ဖြန့်ထားတာတွေပါ တော်"များ" အရင်းမြစ်ကတော့Wildထဲကလို့ပဲပြောရမှာပေါ့)
ဒီမှိုတွေဟာနေရာတိုင်းနီးပါးမှာရှိနေနိုင်ပါတယ် ကံကောင်းရင် ခင်ဗျားခြံနောက်ဖေးကနွားချေးပုံထဲမှာတောင်ပေါက်နေနိုင်ပါတယ် အဲ့လိုပြောလို့ တွေ့သမျှဟာတော့လျောက်မစားပါနဲ့အခမသင့် မှိုဆိပ်တက်သေနိုင်ပါတယ်

How do Shrooms affect our body?

ိစိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းပါ ShroomတွေမှာPsilocybinဆိုတဲ့Chemical Compoundတစ်ခုပါဝင်ပါတယ် အဲ့ဒီCompoundကိုစားသုံးပြီး ကျနော်တို့အစာအိမ်ထဲရောက်ချိန်မှာတော့Stomach AcidတွေကPsilocybinကနေ Psilocinဆိုတဲ့ဓာတ်ကိုMetabolizeလုပ်လိုက်ပါတယ် ကျနော်တို့ကိုအဓိကTripစေတာက အဲ့ဒီPsilocinဆိုတဲ့Chemical Compoundပါ အဲ့လိုဖြစ်ပြီးမှ Blood Strainထဲရောက်သွားရာကနေBrainကိုaffectပါတယ် Psilocinရဲ့Chemical Structure က Serotoninနဲ့ဆင်ပါတယ်
Serotoninဆိုတာကတော့ Brainရဲ့ Neurotransmitterတစ်ခု
သူက Mood booster,Mood stabilizerဖြစ်တဲ့အပြင်Learning,Feelingနဲ့ Behaviorအပိုင်းကိုတာဝန်ယူရတဲ့ Brain Region တစ်ခုလို့ပဲအ
ကျဥ်းချုပ်မှတ်ထားလိုက်ပါ PsilocinကSerotoninရဲ့EffectကိုEnhance ပေးပါတယ် စောနကပြောခဲ့သလိုပဲ နှစ်ခုက Chemical Compositionချင်းတူတာကြောင့် Brainထဲက Serotonin receptorတွေကိုamplifyလုပ်ပြီး Simulationတစ်ခုကိုဖန်တီးပေးလိုက်ပါတယ် Euphoria(သုခကြည်နူးတဲ့Feelingလို့ပဲအလွယ်ပြောရမလား) အဲ့တာကိုအဓိကဖြစ်လာစေတာပေါ့
Shroomတွေကိုစားသုံးပြီးမိနစ်သုံးဆယ်ဝန်းကျင်အကြာမှာတော့Euphoriaအပြင်Delusion,Hallucination,Auditory Hallucination,Closed-Eye Visual,Relaxationတွေဖြစ်လာပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့Brainထဲမှာရှိတဲ့Nerves Connectivityတွေက New Complicated pathတွေဖြစ်ပေါ်လာလို့ပါ ပုံမှန်မှာနည်းနည်းပဲရှိရာကနေPsilocinရယ်Serotoninရယ်ဓာတ်ပေါင်းသွားတဲ့အချိန်မှာတော့ Neural Network တွေကပိုကောင်းလာပြီး ကျနော်တို့ရဲ့Conciousness,Thinking,Emotion တွေကပိုActive ဖြစ် Philosophyတွေကလဲout of the box ပုံစံဖြစ်လာပါလိမ့်မယ် Shroomတွေမှီဝဲရခြင်းရဲ့အကြောင်းအရင်းကတော့အပေါ်ကပြောသွားတဲ့အချက်တွေပါပဲ
( တကယ်လို့မိတ်ဆွေဟာ ဆိုက်ထုတ်အထာကျဖို့သုံးမယ် ကြွယ်ချင်လို့ဒီတိုင်းအပျော်မှီဝဲမယ်လို့တွေးထားရင်တော့ အစတည်းကဝင်မလာတာကောင်းပါလိမ့်မယ် Boozerမဟုတ်ရင်Stonerကြီးပဲလုပ်ပါ ပစ္စည်းလွယ်တယ် ဘာမှလည်းသိပ်သိနေစရာမလိုဘူးဗျ မူးတယ်ကွဲတယ် feelယူတယ် ဒါပဲ ပြီးတော့လည်းဓာတ်ပုံလှလှလေးတွေရိုက်ပြီးရှိူးထုတ်ပြလို့ရတယ်:3
ဟဲဟဲဟဲဟဲ စတာပါဗျာ)

Effectကတော့ကိုယ်စားတဲ့ပမာဏရယ် Strainပေါ်မူတည်ပြီး average 3 to 7hrs ရှိတတ်ပါတယ် ဘယ်အရာမဆိုတန်ဆေးလွန်ဘေးပဲမလို့အသုံးများရင်တော့Negative effectတွေရှိတယ် အသိစိတ်လွတ်ပြီးဝူး"ဝါး"တွေဖြစ်ကုန်တာမျိုးပေါ့
ကိုယ့်Mental state,Physicalအခြေအနေမကောင်း Shroomနဲ့ပတ်သတ်ပြီးKnowledgeလဲမရှိတဲ့ကြားကHeavy Doseတွေကြုံးမယ်ဆို လစ်တောင်လစ်သွားနိုင်ခြေရှိပါတယ် but Standard dose(2g to 3.5g)ပဲမှီဝဲမယ်ဆိုရင်တော့ အဝေးကြီးပါ
နှစ်ပင်သုံးပင်တော့လျောက်မလိမ်နဲ့ပေါ့
Strainပေါ်မူတည်ပြီးPsilocybin chemical compound ပါဝင်နှုန်းကလဲမတူပါဘူး တချို့မှိုပင်တွေမှာတစ်ပင်20mg(miligram)ပါပေမယ့် တချို့strainမှာ40 50mgလောက်ပါနေတတ်ပါတယ် ဆိုတော့ကအမြဲGramပမာဏတစ်မျိုးတည်းမစားရင်ကောင်းတာပေါ့ Potencyအပြင်းအပျော့ကamountပေါ်အရမ်းမူတည်လို့

အိုကေ အခုကတော့အားလုံးသိချင်မယ်ထင်တဲ့
Pros and Consအပိုင်းလာပါပြီ

Pros
(1) Depression treatment, Therapyတွေမှာအသုံးဝင်ပါတယ်

(2)Cocaine,alcohol,nicotineစတဲ့Adductive Drugတွေဖြတ်တဲ့အချိန်သုံးလို့ရတယ် Shroomကိုသေချာမှီဝဲပြီးဆေးလိုသုံးရင် Drug Adductiveဖြစ်နေတာ စွဲ​နေတာတွေကိုလျော့ချပေးနိုင်တာပါ

(3)မှိုက ကိုယ့်Behavier,philosophyတွေကိုအဓိကAffectတာဆိုတော့Personality,Mental healthတွေကိုအကျိုးပြုပါတယ်(သဘောမပေါက်ရင်စမ်းသုံး or reviewလိုက်ဖတ်ကြည့်)

(4)စနစ်တကျ Long termမှီဝဲခြင်းဖြင့် MetabolismတွေDietary controlတွေပိုကောင်းစေပြီးအဆီပိုတွေကျတာ,Weight loss/gain တာတွေပါဖြစ်စေနိုင်ပါတယ်
(Long termမှီဝဲတယ်ဆိုတဲ့နေရာမှာ အနည်းဆုံးနှစ်လor သုံးလတစ်ခါလောက်တော့ခြားပေး
သင့်ပါတယ်)

Cons
(1)Adverse Side Effects
အပေါ်မှာပြောခဲ့သလိုပဲ သေချာနားမလည်,
ကိုယ့်အခြေအနေမသိပဲသုံးရင်တော့ အခမသင့် Permanent psychological problemတွေရှိနိုင်ပါတယ် such as Mental illness,De-Realization,Paranoia,Nausea..etc

(2)Psilocybin Shrooms are illegal!
ဟုတ်ပါတယ် US လိုနိုင်ငံမျိုးမှာတောင်illegalအဖြစ်ရှိနေပါသေးတယ် တချို့နေရာတွေမှာတော့ခွင့်ပြုနိုင်ပေမယ့် ကျနော်သိသလောက်နိုင်ငံအများစုမှာတော့တားမြစ်ထားကြပါတယ်
(ဘာလို့လဲဆိုတာကတော့နောက်Contentတစ်ခုမှာDrugsအကြောင်းDiscussလုပ်ရင်းတင်သွားပေးပါ့မယ် Weedလိုပဲသူ့မှာလည်းForbidခံရတဲ့လူသိနည်းသောအကြောင်းပြချက်တွေရှိပါတယ် ပြောမယ်သာပြောတာWeedတောင် ကမ္ဘာတစ်ဝန်းlegalဖြစ်တာသိပ်မကြာသေးဘူးဆိုတော့Shroomတွေလည်းဖြစ်လာနိုင်ပါတယ် အစိုးရတွေနဲ့ဆိုင်တဲ့ကိစ္စမလို့ သူတို့ပဲသိပါလိမ့်မယ်)

ဂန်ဂျားနဲ့ဘာကွာလဲ?
ကျနော်အမေးခံရဆုံးမေးခွန်းပါ တစ်ခါတည်းဖြေပေးလိုက်ပါတယ် Weedနဲ့Shroom ဘာကွာလဲမေးရင် ဘာမှမဆိုင်ဘူးလို့ဖြေမိမှာပါ တစ်ကယ်ဘာဆိုဘာမှကိုမဆိုင်တာ
ွကျနော်က ဝေါ်ကီး ရှုူရှိုက်လုပ်ရတာထက် Edibleလိုင်းကိုပိုသဘောကျပါတယ်(ရှိုးထုတ်လို့မရပေမယ့်Smoking effectထက် ပိုကောင်းတယ်မိုက်တယ်) အဲ့တာ
ကြောင့်Edibleတွေနဲ့ပဲနှိုင်းယှဥ်ပြီးပြောသွားပါမယ် Cannabisတွေedibleဖြစ်ဖို့ကTHCA(Tetrahydrocannabinolic acid)တွေပါဝင်ဖို့လိုပါတယ် အဲ့လိုဖြစ်ဖို့Cannabisကို150°C လောက်မှာအပူပေးရပါတယ် decarboxylationပေါ့ အဲ့မှာTHC(delta-9-tetrahydrocannabinol) ဖြစ်လာပါတယ် THCကရေမှာမပျော်ဝင်ပါဘူး အဲ့တာကြောင့် oil,butterတို့သုံးပြီးမုန့်ဖုတ်အစုံလုပ်ကြတာပါ Procedureကအတူပဲ
ကျနော်တို့ပုံမှန်ဖက်ကြမ်းor rolling paperနဲ့သောက်ရင်Lungsကနေတဆင့်သွားပေ
မယ့်Edibleတွေမှာတော့Liver(အသည်း)ကနေMetabolizeလုပ်ပြီး
Detal9 THCကနေ 11-OH-THC ဖြစ်လာပါတယ် Brainကိုefffectထိတာpotencyပိုပြင်းသွားတာပေါ့ ဆိုတော့ ပြန်စဥ်းစားကြည့်ရင် SmokingမှာDelta9THCပဲထွက်ပေ
မယ့်Edibleမှာနှစ်မျိုးရတော့ပိုထိတယ်ကောင်းတယ် Peakလဲပိုကြာတယ် 4to8 hrsကြားပေါ့
တခုရှိတာကဒီChemical CompoundတွေကBrainကိုaffectပေမယ့်CBDများတဲ့strainဆို ရင်ပိုငြိမ့်လာတာrelaxedဖြစ်တာ,Sativaသမားတွေဆိုပိုenergeticဖြစ်လာတာ ဒါတွေကလွဲလို့ကြီး"မား"မဖြစ်ပါဘူး Shroomမှာပြောခဲ့တဲ့အရာတွေလိုပေါ့ however လူလိုမစားရင်တော့လစ်တာကြာပြီးControlပြန်ရခက်တာ နေထိုင်မကောင်းတာတော့ဖြစ်တတ်ပါတယ်
(အိမ်မွေးခွေး/ ကြောင်တွေတောင်သူတို့အရမ်းစိတ်ညစ်အောင်စရင် ကိုက်တာကုတ်တာပြန်လုပ်သေးတာပဲမလား)
အဲ့တာကြောင့်မို့ ညီကိုတို့ကိုရှူရှိုက်ပြီးကျောက်ကပ်ဖျက်ဆီးကြမယ့်အစားEdibleတွေtryကြည့်ဖို့ပြောတာပေါ့ ဒါပေမယ့်လည်း ရှိုးထုတ်လို့မရတာရယ် စျေးအနည်းငယ်ပိုမြောက်တာကြောင့်ပါမလာခဲ့ကြပါဘူး ထားပါ.....ဒီလောက်ဆိုShroomနဲ့ဘာကွာလဲသိပြီထင်ပါတယ် Feelingတော့မပြောပြတတ်ပါဘူးကိုယ့်ဘာသာစားသုံးကြည့်မှသဘောပေါက်မယ့်အထာမို့

စာအရမ်းရှည်သွားလို့ဒီလောက်နဲ့ပဲရပ်လိုက်ပါတော့မယ် နောက်မှTrip Experienceတွေ Shroomမစားခင်ဘာတွေပြင်ဆင်ထားရမလဲ,Growတဲ့အချိန်ရောtips and trickတွေသတိထားရမှာတွေထပ်တင်တော့မယ်ဗျာ
(သေချာလုပ်ဖြစ်အုံးမှပါXD)

နောက်ဆုံးအနေနဲ့ပြောချင်တာက ကျနော်ကိုယ်တိုင်သည်ဆေးသမားမဟုတ်ပါ အရက်ဆိုဘယ်ရောက်"မသောက်ပါဘူး မကောင်းတာကိုစမ်းမိရင်းသိခဲ့ရတာတွေကိုနောက်တခါထပ်မလုပ်ပါဘူး ဘာမှကောင်းကျိုးမရှိတဲ့Wy,ရာမ,အသီး,ဘိန်းတို့ကတော့ဝေးဝေးနေပါတယ် လူငယ်တစ်ယောက်အနေနဲ့ကိုယ်တိုင်သိချင်လို့ လူတွေပြောနေတဲ့ယုံတမ်းတွေအာပလာတွေကိုမကျေနပ်လို့မယုံလို့ ဘောင်ထဲစည်းထဲကနေပဲ စာဖတ်လေ့လာ လက်တွေ့တစ်ခုပြီးတစ်ခုစမ်းရင်းသူတို့(လူကြီး/လူငယ်များ)ပြောတာ သိတာတွေဟာအမြဲတမ်း အမှန်တွေမဟုတ်ကြောင်း ဘာမှမပြောသေးခင် ကိုယ်ပြောမဲ့ဟာကိုနည်းနည်းလောက်တော့သိထားအောင်ပိုလေ့လာသင့်ကြောင်း ပြန်လည်ရှင်းပြချင်ရုံပါ

ဘာမှမလုပ်ပဲအေးဆေးနေတာကောင်းပါတယ်
တစ်ကယ်အကောင်းဆုံးပါ
ဒီမှိုတွေစားကြည့်ဖို့ကိုလဲမဖိတ်ခေါ်ပါဘူး ကိုယ့်အတွေးနဲ့ကိုယ်စီရှိကြတာမို့ ကိုယ့်စိတ်ကိုယ်နိုင်တယ် ကိုယ်ပိုင်ဘောင်တစ်ခုစည်းတစ်ကွက်ရှိထားမှသာလျှင်ခြေလှမ်းကျဲကြဖို့တိုက်တွန်းရင်း
ဒီစာအရှည်ကြီးကိုနိဂုံးချုပ်လိုက်ပါတယ်

More details
⬇️⬇️
Telegram : https://t.me/c/1576475010/19

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Website

Address

Magway