Modern Hair Design

Modern Hair Design

Partager

Hair beauty creator

13/12/2023

ဒီလိုလှပတဲ့အပြုံးတေဆိုတာကလည်း ကျနော်တို့လို Hair stylist တွေအတွက် ပီတိတစ်ခုပါ 😊😇😇😇
လှတထက် ပိုလှစေဖို့ စိတ်ချလိုက်ပါဗျာ.. 😍😇😇
booking ​ချိတ်ပြီးလည်း လုပ်ဆောင်နိုင်ပါပြီနော်
09781229648

Photos from Modern Hair Design's post 22/11/2023

crazy brown နဲ့ crazy smile 😍😍
ယုံကြည်စွာအားပေးတဲ့ ညီမလေးလည်း so thank you😇😍

21/08/2023

မတက်တာလည်းကြာပြီမို့ပြန်တင်မယ်နော် လာရောက်အားပေးတဲ့ ဧည့်သည်တော်တိုင်းကိုအထူးကျေးဇူးတင်လျက်ပါ🙏🙏🙏😍😍😇😊

14/07/2023

မူရင်း ကို crd ေပးရင်း😊
ကျီးကန်းက ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ခွေးက အစပိုင်း ကျေးဇူးတင်တယ်ပေါ့၊ ကြာတော့ အကျင့်ဖြစ်သွားတယ်။အကျင့်ဖြစ်လာတော့
ဒါက သူ့ကိုပေးကိုပေးရမယ်ဆိုတဲ့ စိတ် ဖြစ်လာတယ်။

တနေ့ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။
ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာဆိုတာ သူမေ့သွားတယ်။
ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။

ဒါနဲ့သူတို့စကားများကြပြီး အခင်အမင် ပျက်သွားကြ တယ်။

***************************

သိပ်ပူတဲ့နွေရာသီတခုမှာ၊ လူတစ်စုက မြစ်ရေလှိုင်းထဲမှာ ဖောင်စီးသွားကြတယ်။ဖောင်စီးရင်းနဲ့ ရေဆော့ရင်း ကောင်မလေးတယောက်ရဲ့ ဖိနပ် ရေထဲကျသွားတယ်။

ကမ်းပေါ်ရောက်ဖို့ ပူခြစ်နေတဲ့ သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။ဒါနဲ့ကောင်မလေးက သူနဲ့လှေအတူစီးတဲ့ သူတွေဆီက တယောက်ယောက် ဖိနပ်ငှားနိုင်မလားလို့ ကူညီတောင်းတယ်။

လူတစ်ယောက်မှာ ဖိနပ်တရံပဲပါတာ ဘယ်သူမှ မပေးချင် ကြဘူး။ကောင်မလေးက မကျေနပ်ဖြစ်သွားတယ်။

ဒါနဲ့သူက ဒီလူတွေအားလုံး မကောင်းဘူး။ကူညီချင်စိတ်မ ရှိဘူးလို့တွက်လိုက်တယ်။နောက်တော့ လူတစ်ယောက်က သူ့ဖိနပ်ကိုပေးလိုက်တယ်။ကောင်မလေးက ကျေးဇူးတင် ကြောင်းပြောလိုက်တယ်။

ဖိနပ်ပေးလိုက်တဲ့လူက " ဘယ်သူမှမင်းကို ကူညီဖို့တာ၀န် ရှိပါဘူး။မင်းကိုကူညီတာ ခင်မင်မှုတစ်ခုကြောင့်ပဲ၊ မကူညီဖြစ်ရင် ဒါကိုဒေါသမကြီးပါနဲ့ ဒါ သမရိုးကျပါ ""။

အဲ့လိုပြောတော့ ကောင်မလေးစိတ်ထဲ တွေးမိသွားတယ်။ အဲ့ချိန်ကစပြီး သူ့ကိုကူညီဖူးသူတွေကို အမြဲမှတ်သား ထားပြီး ပြန်လည်ကျေးဇူးဆပ်လေ့ရှိလာပါတယ်။

ကျနော်တို့ဟာ အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ ပဲ မျှော်လင့်ကြတယ်။အစပိုင်းတော့ကျေးဇူးတင်မဆုံးဘူး ပေါ့။ကြာလာတော့ သူများကိုယ့်အပေါ်ကောင်းတာကို အမြဲလိုချင်တဲ့အကျင့် ဖြစ်လာတယ် ။

ဒါကို ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင် အပြစ်တင်ရှုံ့ချ မိတော့တယ်။
**************************
တကယ်တန်းကျတော့၊ သူများမကောင်းတော့တာ မဟုတ်ပါဘူး။ကိုယ့့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။
ရနေကျဆိုတော့ ကျေးဇူးတရားဆိုတာကို မေ့သွားတာပါ။

***************************

ညနေတခုမှာ၊ ဆိတ်လေးတစ်ကောင်ဟာ တောင်ကုန်း
ပေါ်မှာ ဆော့နေတယ်။ရုတ်တရက် သစ်ပင်ခြုံကြားထဲက ဝံပုလွေတကောင်ထွက်လာပြီး ဆိတ်ကိုစားမယ်ပြင်တယ်။

ဆိတ်လေးဟာ အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို အကူအညီလှမ်းတောင်းတယ်။

နွားက သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး ဝံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းကခေါင်းငုံပြီးတချက်ကြည့်၊ ဝံပုလွေမြင်တော့ ဝှစ်ကနဲကိုပြေးပြန်ရော။

၀က်ကလည်း ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့ ကမန်းကတန်း တောင်ပေါ်ကဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးက ဆိတ်အော်သံကြားတော့ ကမန်းကတန်းတောင်ပေါ်ပြေးတက် ခြုံပုတ်တွေထဲက ဖြတ်ပြီး ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

၀ံပုလွေက နာလွန်းလို့ထအော်တယ်၊ ခွေးမာန်ဖီလိုက်တော့ လန့်ပြီးပြေးပါလေရော...။
အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေအားလုံး ရောက်လာတယ်။

နွားက… နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ.. ငါ့ဂျို သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့......၊

မြင်းက… နင်ကဘာလို့ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့.......။

၀က်က… နင်ငါ့ကိုခေါ်ရောပေါ့ ငါတစ်ချက်ပက်လိုက်ရင် သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ....။

အဲ့လို ပြောသံတွေကြားမှာ ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ စကားအလှတွေသုံးနေစရာမလိုပါဘူး။
တကယ့်လိုအပ်ချိန်မှာ မင်းကိုလက်လှမ်းကူညီတဲ့သူဟာ မိတ်ဆွေစစ်ပါ။

************************
အနားမှာရှိနေတဲ့သူငယ်ချင်းတွေ၊ ခင်မင်နေတဲ့ သူငယ်ချင်း တွေဟာသူငယ်ချင်းအစစ် ဟုတ်မဟုတ် မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်းပေါင်းသင်းနေ တာ မဟုတ်ပေမယ့် မင်းတကယ် အကူအညီလိုအပ်နေချိန် မှာ ၊ အပိုမပြောပဲကူညီတဲ့သူ ဂရုစိုက်တဲ့သူသာ တကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်/ချစ်သူအစစ်ပါပဲ။


#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည် #လူငယ်များအတွက့်စာကြည့်တိုက့် #ဗဟုသုတ #စာပေ

14/06/2023

ကြိုက်သလိုလန်း

Photos from Modern Hair Design's post 28/05/2023

မချွတ်ဘူး ကာလာတောက်တောက်လေးနဲ့ လန်းမယ် 🤔🤔Ok!ရမယ်လေ MODERN က Welcome😊😍

12/05/2023

မိုးရာသီအကြိုပရိုးမိုးရှင်းလေးချပေးထားပါတယ်နော်😊
Rebound;Stright;Colors;
Cool perm & Degital perm
ကြိုက်တဲ့ ဘယ်ဝန်ဆောင်မှုပဲလုပ်လုပ် 20% Discount ...ရှိပါတယ်နော်
အထူး Special Discounts
အနေဖြင့်ဝန်ဆောင်မှု ၂မျိုး✌(Exp:Rebound+Colors....)
တစ်ပြိုင်တည်းလုပ်ဆောင်လျှင်
30% Discountsထိ ချပေးထားနေပြီမို့ အမြန်ဆုံး Booking Upပြီး အကောင်းဆုံးဝန်ဆောင်မှုကို
ရယူလိုက်ပါနော်😇
ph.no;09781229648
Shop name;''Beauty World ''
Address;တောင်ဒဂုံမြို့နယ်, မြိတ်လမ်းမပေါ်, ၂၄ရပ်ကွပ်;City Martအနီး။

Send a message to learn more

Vous voulez que votre entreprise soit Salon De Beauté la plus cotée à Democratic Republic of the ?
Cliquez ici pour réclamer votre Listage Commercial.

Téléphone

Site Web

Adresse


FMI CITY HLAING THAR YAR
Democratic Republic Of The