BEX Beauty

BEX Beauty

Share

Farm Stay , Veraclara , Dereslab & Ohara Brand
Retail & Wholesale 📍

16/08/2026

(Skincare Knowledge)
မင်မင်တို့ရဲ့ Skincare Knowledge တွေပြောပြပေးတဲ့ Sunday ကိုရောက်ရှိလာပြီဆိုတော့ ဒီတစ်ပတ်မှာလည်း မင်မင်တို့ရဲ့ အလှလေးတွေအတွက် Skincare နေစဥ်လုပ်မိတဲ့ အမှားလေးတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ် ဘယ်လို အရာတွေဖြစ်နိုင်မလဲ 🤔
နံပါတ် ၁- မိတ်ကပ်တွေမဖျက်ဘဲ အိပ်တာ (လုံးဝ) မရပါဘူးနော်🙅‍♀️ အချိန်မရခဲ့ရင်တောင်မှ ကိုယ်သုံးနေကျ facial foam တစ်ခုခုနဲ့တော့ သန့်စင်ပေးရပါမယ်နော် လုံးဝမမေ့ပါနဲ့
နံပါတ် ၂- အပြင်ထွက်တိုင်း Sun Cream လိမ်းပေးဖို့ကလည်း အရေးကြီးတဲ့ step ပဲဖြစ်ပါတယ် Sun Cream မလိမ်းပဲအပြင်ထွက်မယ်ဆိုရင်တော့ ခရမ်းလွန်‌ရောင်ခြည်နဲ့ UV Rays တွေကို မျက်နှာပြင်ကတိုက်ရိုက်ထိတွေတာကြောင့် တင်းတိတ်နဲ့ အတူအသားရေခြောက်သွေ့မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ် 📌
နံပါတ် ၃- Skin Care တွေကို ပုံမှန်ထက်ပိုပြီး သုံးစွဲခြင်းကလည်း အဆင်မပြေပါဘူးနော် skin barrier ကိုထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ် 💁‍♀️
နံပါတ် ၄- မျက်နှာကို အချိန်ပြည့် ထိတွေ့ကိုင်တွယ်တာကိုလည်း လုံးဝရှောင်ပေးရပါမယ် Skincare တွေမလိမ်းခင်မှာတောင် လက်ကို ဆပ်ပြာနဲ့ အရင်ဆုံးဆေးကြောပေးရပါမယ် 💧
ကဲ မင်မင်တို့ အလှလေးတွေအမြဲတမ်းလုပ်မိနိုင်တဲ့ Skincare mistake လေးတွေကို ဒီတစ်ပတ်မှာပြောပြပြီးပြီဆိုတော့ နောက်အပတ်တွေမှာလည်း သိချင်တဲ့ Skincare Knowledge လေးတွေ comment မှာမေးပေးမယ်ဆိုရင်လည်း မင်မင်တို့က အသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ် 🙆‍♀️

15/08/2026

(Pomegranate Visible Difference Moisture Toner & Emulsion)49,000
သဘာဝ သလဲသီးစစ်စစ်ရဲ့ အာနိသင်နဲ့ ထုတ်လုပ်ထားတဲ့ Toner & Emulsion ကိုလိုချင်နေကြပြီလား👀
ဒါဆိုရင်တော့ မင်မင်တို့ Farm Stay ကိုသတိရလိုက်တော့နော် Farm Stay ကထွက်ရှိထားတဲ့ Pomegranate Toner & Emulsion လေးရှိနေပါပြီ သဘာဝသလဲသီးကြောင့် အသားအရေကို အစိုဓာတ်အပြည့်ပေးနိုင်တဲ့ အပြင် တနေ့တာလုံးမှာလည်း မျက်နှာကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ် 💭
ဒါ့အပြင် စေးကပ်မှုလုံးဝမရှိဘဲ အရေပြားတွင်းသို့ စိမ့်ဝင်လွယ်တာကြောင့် နူးညံ့ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲရှင် 😗
သဘာဝအတိုင်း နူးညံ့တဲ့ အသားရေလေးကို ပိုင်ဆိုင်နိုင်ဖို့ ဒီနေ့ကစပြီး Pomegranate ရဲ့ Toner & Emulsion လေးနဲ့ အတူ ပြောင်းလဲလိုက်ကြရအောင် 💁‍♀️
မင်မင်တို့စီမှာလည်း In Stock ‌လေးတွေနည်းနေတာကြောင့် မှာမယ်ဆိုရင်တော့ ခဏတော့ စောင့်ပေးရပါမယ်ရှင်
📩 Order မှာယူလိုပါက BEX Beauty Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

14/08/2026

(76 Green Tea Seed Premium Moisture Tomer & Emulsion) 55,000

စိုပြေကျန်းမာတဲ့ အသားအရေအတွက် 76 Green Tea Seed Toner 🌿
မျက်နှာပေါ်မှာရှိတဲ့ မိတ်ကပ်အကြွင်းအကျန်နဲ့ အညစ်အကြေးအားလုံးကို သန့်စင်ပေးနိုင်ပြီး အသားရေကို အစိုဓာတ်အပြည့်နဲ့ ကြည်လင်စေနိုင်ပါတယ်💧
ရေဓာတ်နဲ့ အတူ အဆီပြန်ခြင်းကိုလည်း ထိန်းညှိပေးပြီး ဝက်ခြံနဲ့ အဆီဖုများကိုလည်း သက်သာစေနိုင်ပါတယ် သဘာဝလက်ဖက်စိမ်းကနေ ထုတ်လုပ်ထားတာကြောင့် sensitive skin သမားတွေပါ အသုံးပြုနိုင်မှာမယ့် Toner ပဲဖြစ်ပါတယ် 😉
76 Green Tea Seed Emulsion ဟာ အသားရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို ဖြည့်တင်းပေးပြီး အရွယ်မတိုင်ခင်မှာဖြစ်ပေါ်တတ်သော အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်🫢
Green Tea Seed အပြင် ရေဓာတ်ပြည့်ဝသော Aloevera Extract ပါဝင်တာကြောင့် အသားအရည်အတွက် လိုအပ်သော အစိုဓာတ်ကိုဖြည့်တင်းပေးကာ မျက်နှာပြင်ပေါ်မှာဖြစ်ပေါ်တတ်သော နီမြန်းရောင်ရန်းခြင်းတွေကိုလည်း သက်သာစေပါတယ် 🫶
Sensitive Skin သမားတွေပါ အဆင်ပြေပြေအသုံးပြုနိုင်အောင် ထုတ်လုပ်ပေးထားတာကြောင့် အခုပဲ အပြေးလေးလာဝယ်ထားတော့နော် 💁‍♀️
မင်မင်တို့စီမှာလည်း In Stock ‌လေးတွေနည်းနေတာကြောင့် မှာမယ်ဆိုရင်တော့ ခဏတော့ စောင့်ပေးရပါမယ်ရှင်
📩 Order မှာယူလိုပါက BEX Beauty Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

11/08/2026

(Alovera Perfect Sun Cream)39,000
Sun Cream ကိုအေးအေး‌လေးမှ လိမ်းချင်တဲ့ မင်မင်တို့ရဲ့ အလှလေးတွေအတွက် Farm Stay ကထွက်ရှိထားတဲ့ Aloevera Sun Cream လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 💁‍♀️
နေပူထဲထွက်ရင်တောင်မှ မျက်နှာမှာ ပူလောင်ခြင်းမရှိဘဲ အေးအေးလေးနဲ့ လန်းဆန်းမှုကိုခံစားစေနိုင်မှာ အသေအချာပါပဲရှင် ဒါ့အပြင် SPF 50% တောင်ပါဝင်တာကြောင့် နေရောင်ခြည်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ကိုလည်း အပြည့်အဝကာကွယ်ပေးနိုင်ပါသေးတယ် 💥
သဘာဝရှားစောင်းလက်ပတ်အဆီအနှစ်တွေကြောင့် သာမာန်Sun Cream တွေနဲ့မတူဘဲ မျက်နှာပြင်ပေါ်မှာ လိမ်းလိုက်တာနဲ့ အသားအရေကို နူးညံ့ချောမွေ့လာစေမှာပဲဖြစ်ပါတယ်
Sun Cream အေးအေးလေးကိုမှကြိုက်တယ်ဆိုတဲ့ မင်မင်တို့ရဲ့ အလှလေးတွေအတွက် အခုပဲ Farm Stay ကထွက်ရှိထားတဲ့ Aloevera Sun Cream လေးကိုသုံးလိုက်ကြရအောင် 💫
မင်မင်တို့စီမှာလည်း In Stock ‌လေးတွေနည်းနေတာကြောင့် မှာမယ်ဆိုရင်တော့ ခဏတော့ စောင့်ပေးရပါမယ်ရှင်
📩 Order မှာယူလိုပါက BEX Beauty Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

09/08/2026

(Skincare Knowledge)
Beauty Tip For Healthy Glowing Skin

ဒီတစ်ပတ် Sunday မှာတော့ Skin care ရုံတင်မကဘဲ ဘယ်လိုမျိုး ပိုပြီး Glow လာအောင်ပြုပြင်ကြမလဲနဲ့ ပတ်သက်ပြီး မင်မင်တို့ကပြောပြပေးမှာပဲ ဖြစ်ပါတယ်
နံပါတ် ၁ - မနက်ခင်းနိုးလာတာနဲ့ ရေကိုပုံမှန်သောက်ပေးဖို့ကို လုံးဝမမေ့ပါနဲ့နော် တနေ့တာလုံးကိုလည်း ရေဓာတ်ပြည့်ဝစွာရရှိစေဖို့အတွက် တနေ့ကို ရေ ၂-၃လီတာ ပြည့်အောင်သောက်ပေးရပါမယ်
နံပါတ် ၂ - အရေးကြီးဆုံးကတော့ အပြင်ထွက်တာနဲ့ Sun Cream လိမ်းဖို့ လုံးဝမမေ့ပါနဲ့နော်
နံပါတ် ၃- အိပ်ရေးဝဝအိပ်ဖို့ကလည်း အရေးကြီးဆုံးပါပဲ
နံပါတ်၄ - မျက်နှာကိုနေ့စဥ်ပုံမှန် ၂ ကြိမ်လောက်တော့ ကိုယ်သုံးနေကျ မျက်နှာသစ်ဆေးနဲ့ သစ်ပေးဖို့ကိုလည်း လုံးဝမမေ့ပါနဲ့
နံပါတ် ၅- ကိုယ့်ရဲ့ skin ကိုအားဖြည့်ပေးနိုင်တဲ့ vegetables နဲ့ meat တွေကိုလည်းသင့်တင့်မျှတစွာစားပေးရပါမယ်
နံပါတ် ၆- Moisturizer တစ်မျိုးမျိုးကိုလည်း နေ့စဥ်ပုံမှန်လိမ်းပေးရပါမယ်
နံပါတ် ၇- မျက်နှာကို မသန့်ရှင်းတဲ့လက်နဲ့ လုံးဝ”မထိတွေ့ပါနဲ့ မျက်နှာ မသစ်ခင်မှာလည်း လက်ကို ဆပ်ပြာနဲ့ စင်ကြင်စွာဆေးကြောပေးရပါမယ်
နံပါတ် ၈- ဆံပင်ကိုလည်း ၂ရက်ခြား တစ်ခါ ဒါမှမဟုတ် ၃ရက်ခြားတစ်ခါလောက်တော့ပုံမှန်လျှော်ပေးကာ ဂရုစိုက်ပေးရပါမယ်
နံပါတ် ၉- လေ့ကျင့်ခန်းလုပ်ဖို့ကလည်း မေ့လို့ရတဲ့ အရာမဟုတ်ပါဘူး အများကြီးမလုပ်နိုင်ရင်တောင် မနက်ပိုင်းလေးကိုတော့ နာရီဝက်/တစ်နာရီလောက်လမ်းလျှောက်ရင်း လေ့ကျင့်ခန်းလေး လုပ်လို့ရပါတယ်
နံပါတ် ၁၀- ကိုယ့်ကိုကိုယ့် confidence အပြည့်ရှိနေပါစေ
အခုမင်မင်တို့ ပြောပြပေးတဲ့ အတိုင်း ဒီနေ့ကစပြီး ကိုယ်တိုင်ပြုပြင်လိုက်ကြရအောင် တစ်လအတွင်း ဘာတွေသိသိသာသာပြောင်းလဲလာမလဲစမ်းသပ်ကြည့်ကြမယ်နော်🥰🥰

07/08/2026

အသားအရေခြောက်သွေ့ပြီး ရေဓာတ်လိုအပ်နေတယ်လို့ ခံစားနေရလား?
Aqua Active Essence နဲ့ အတူအသားအရေကို ရေဓာတ်အပြည့်အဝ ဖြည့်တင်းပေးပြီး ကြည်လင်စိုပြေတဲ့ Glow Skin လေးကို ပိုင်ဆိုင်လိုက်ပါ
ပေါ့ပါးတဲ့ Texture ကြောင့် အသားအရေထဲကို မြန်မြန်ဆန်ဆန် စိမ့်ဝင်ပြီး စေးကပ်မှုမရှိဘဲ သက်တောင့်သက်သာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်
ရေဓာတ်ပြည့်ဝပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့အတွက် Aqua Active Essence ကို အခုပဲ လိမ်းလိုက်ကြရအောင်
📩 Order မှာယူလိုပါက BEX Beauty Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

06/08/2026

(76 Greentea Cleansing Foam)

တစ်နေ့လုံး မျက်နှာပြင်ပေါ်မှာ ကပ်ညှိနေတဲ့ ဖုန်မှုန့်၊ အဆီပိုနဲ့ အညစ်အကြေးတွေကြောင့် အသားအရေ မွဲခြောက်နေပြီလား
ဒါဆိုရင်တော့ မင်မင်တို့ရဲ့ Farm Stay ကနေထွက်ရှိထားတဲ့ 76 Greentea Seed Cleansing Foam ရှိနေပါပြီ
သဘာဝလက်ဖက်စိမ်းရဲ့ အဆီအနှစ်တွေကြောင့် မျက်နှာသစ်လိုက်တာနဲ့တင် ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ အားလုံးကို သန့်စင်ပေးနိုင်မှာ အသေအချာပါပဲရှင်
ဒါကြောင့် အသားရေမွဲခြောက်မှာကို စိတ်ပူမနေဘဲ 76 Green Tea Foam လေးနဲ့ မျက်နှာသစ်လိုက်ရအောင်
📩 Order မှာယူလိုပါက BEX Beauty Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

05/08/2026

(Varaclara Hyaluron Moisturizing Toner) 9,500

Toner ကို အခုမှစသုံးချင်တယ်ဆိုတဲ့ မင်မင်တို့ရဲ့ အလှလေးတွေအတွက် Farm Stay ကနေထွက်ရှိထားတဲ့ Varaclara Toner အထုပ်သေးလေးတွေရှိနေပါပြီနော်

အထုပ်ဆိုပေမယ့်လည်း အနည်းဆုံး တစ်လလောက်ထိ အသုံးပြုနိုင်တာကြောင့် ပေါ့ပေါ့ပါးပါးသုံးချင်တဲ့ အလှလေးတွေအတွက် အိုကေ

ဒါ့အပြင် ရေဓာတ်ကိုလည်း အပြည့်အဝဖြည့်တင်းပေးနိုင်တာကြောင့် အသားရေကို စိုပြေနူးညံ့လာစေမှာပဲဖြစ်ပါတယ်

ကဲ ဒါဆိုရင်တော့ မင်မင်တို့စီမှာ In Stock ရှိတုန်းလေး အမြန်လာမှာထားလိုက်တော့နော်

📩 Order မှာယူလိုပါက BEX Beauty Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

02/08/2026

Sunday Skincare Knowledge (Night Skincare Routine)
ဒီတစ်ပတ် Sunday Skincare Knowledge မှာတော့ မင်မင်တို့ BEX Beauty ရဲ့ အလှလေးတွေအတွက် Night Skincare Routine နဲ့ပတ်သတ်ပြီး မင်မင်တို့ကရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်
ညဘက်မှာဘယ်လိုမျိုးတွေ Skincare ရမလဲမသိတော့ဘူးဆိုရင်တော့ အဆုံးထိဖတ်ကြည့်လိုက်တော့နော်
နံပါတ် ၁- Make Up Remover နဲ့ မိတ်ကပ်အားလုံးကို သန့်စင်ပေးဖို့ လုံးဝမမေ့ပါနဲ့နော်
နံပါတ် ၂- Remover နဲ့သန့်စင်ပြီးပေမယ့် နောက်ထပ် ကိုယ်သုံးနေကျ cleanser foam နဲ့ မျက်နှာထပ်သစ်ပေးဖို့ လိုအပ်ပါသေးတယ်နော်
နံပါတ် ၃- ကိုယ်သုံးနေကျ Skincare Steps တွေဖြစ်တဲ့ Toner, Serum, Moisture လေးတွေလိမ်းပေးလိုက်တာနဲ့တင် ညအတွက် Skincare Routine လေးကပြည့်စုံနေပါပြီရှင်
တကယ်လို့ ကိုယ်က နှုတ်ခမ်းခြောက်တတ်သူ ဒါမှမဟုတ် မျက်လုံးတစ်ဝိုက်ညိုတတ်တဲ့ သူဆိုရင်တော့ Lip Serum တစ်မျိုးမျိုးနဲ့ အတူတူ Eye Cream လေးပါလိမ်းပေးပြီးရင်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပြီး တနေ့တာကို အနားယူလို့ရပါပြီရှင်🥰🥰

30/07/2026

July 30
Live Sales & O2 Premium Aqua Foam Cleansing
တစ်နေ့တာလုံး စုပုံနေတဲ့ ဖုန်မှုန့်၊ အဆီပိုနဲ့ အညစ်အကြေးတွေကို နူးညံ့စွာ သန့်စင်ပြီး စိုပြေလန်းဆန်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်နေပြီလား
O2 Premium Aqua Foam Cleansing က နူးညံ့တဲ့ အမြှုပ်လေးတွေနဲ့အတူ အသားအရေကို သေချာသန့်စင်ပေးပြီး ရေဓာတ်ကို ထိန်းသိမ်းပေးလို့ မျက်နှာသစ်ပြီးတဲ့အခါမှာလည်း စိုပြေနူးညံ့တဲ့ Skin ကို ခံစားရစေပါတယ်။ 💧
💙 မျက်နှာမှာကပ်ညှိနေတဲ့ အညစ်အကြေး၊ အဆီပိုနှင့် ဖုန်မှုန့်များကို ထိရောက်စွာ သန့်စင်ပေးကာ
💙 အသားအရေကို ရေဓာတ်ဖြည့်တင်းပေးသောကြောင့် နူးညံ့စေခြင်း
💙 မျက်နှာသစ်ပြီးလျှင်လည်း ခြောက်သွေ့ကြမ်းတမ်းမှုကို လျော့နည်းစေခြင်း

💖 သန့်ရှင်း၊ စိုပြေပြီး ကျန်းမာတဲ့ အသားအရေအတွက် O2 Premium Aqua Foam Cleansing ကို နေ့စဉ်အသုံးပြုပေးလိုက်ပါ။
📩 Order မှာယူလိုပါက Page Chat Box မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Want your business to be the top-listed Beauty Salon in Ranchi?
Click here to claim your Sponsored Listing.

Telephone

Address


No. 104, First Floor, Aye Yate Tar (1) Street, Shwe Than Lwin Condo, Bahan
Ranchi
NO.104,AYEYATETAR(1)STREET,SHWETHANLWINCONDO,BAHAN