Your Youthful

Your Youthful

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Your Youthful, Beauty, cosmetic & personal care, London.

Photos from Your Youthful's post 25/02/2024

Fraijour Yuzu Honey Cream 🍯 🍋

မျက်နှာမွဲခြောက်ပီး ညစ်နေတယ်ဆိုရင် ဒါလေးကိုသုံးကြည့် လုံးဝကြိုက်သွားစေရမယ် သူက ပျားရည်နဲ့ yuzuလို့ခေါ်တဲ့ လီမွန်နဲ့တူတဲ့အသီးကို ပေါင်းစပ်ထားလို့ မျက်နှာကို ကြည်လာစေပါတယ် သုံးသုံးချင်းမှာ လုံးဝကိုကြိုက်သွားတာ ဒါပေမယ့်အများကြီး မဝယ်လာမိဘူး😞

ပျားရည်က ပိုးသတ်ပေးနိုင်လို့ ဝက်ခြံတွေအတွက်အရမ်းကောင်းပါတယ် Yuzuကအသားအရည်ကို ကြည်ပီး ဂလိုးဂလပ်စကင်လေးရစေတယ်နော် အမာရွတ်လဲသက်သာပါတယ် ရေဓာတ်လဲအရမ်းဖြည့်ပေးနိုင်တော့ ဒီလို အေးတဲ့ရာသီမှာ အကိုက်ပဲပေါ့

Texture ကတော့ jelly လေးလို တုန်တုန်လေးနဲ့ လိမ်းလို့ကောင်းပါတယ်

ဘယ်လိုလူတွေမသုံးသင့်ဘူးလဲ ❌
အရမ်းအဆီပြန်တဲ့သူ နဲ့ မျက်နှာ မှာဆီပေနေသလိုခံစားရတာမကြိုက်တဲ့သူတွေတော့မသုံးသင့်ပါဘူးနော်

စျေးကတော့ ၁၅၀၀၀ဝန်းကျင်ပဲ ထင်တယ် သေချာတော့မမှတ်မိတော့ဘူး

Photos from Your Youthful's post 31/10/2023

သေးသေးလေးနဲ့ အဆိပ်ပြင်းတဲ့ LANEIGE🫐🍒

ကျွန်တော်က Lip Balm ကိုအရမ်းသုံးတဲ့သူပါ အစုံသုံးဖူးပါတယ် ဒါလေးကတော့ one of my favourite ပေါ့ highly recommended ပါ ကျွန်တော့်ကိုတွေ့ရင်တော်တော်များများ နှုတ်ခမ်း ပန်းရောင်လေးသန်းနေတာပဲလို့အမြဲပြောကြတယ် သူတို့ကိုလဲဒါလေးအမြဲညွန်းဖြစ်တယ် ဒီအသေးလေးက၅၀၀၀ပဲရှိတော့သုံးရတာလဲ တန်တော့

အနံ့ကအစအရမ်းကောင်းပီးဘယ်ရီတွေကိုရောထားတဲ့အနံ့မျိုးပါ texture ကလဲ အရမ်းစေးကပ်မနေပဲ နှုတ်ကရေဓာတ်ပြည့်နေသလိုမျိုးကိုဖြစ်နေတာပါ ညဘက်ပဲသုံးသုံးမနက်ဘက်ပဲသုံးသုံး ကြိုက်တဲ့အချိန်လိမ်းထားလို့ရပါတယ်

ကိုယ်ကနှုတ်ခမ်းအမြဲကွဲတယ် အဖက်လန်တယ် မဲပီးညိုနေရင်တော့ဒါလေးကိုသုံးကြည့်ဖို့ညွန်းချင်ပါတယ် ပန်းရောင်အရမ်းသန်းလာမှာမျိုးတော့မဟုတ်ပေမယ့်ဆွဲသုံးရင်တော့သိသာလာမှာပါ



Your Youthful ❤️

Photos from Your Youthful's post 14/09/2023

ဒီနေ့ကတော့ Hair care routine လေးပါ 7 headspa and Some By Mi ⭐️⭐️

before and afterပုံလေးထည့်ထားပါတယ်နော်

လွန်ခဲ့တဲ့တစ်လကျော်က ဆံပင်ကောက်မိပီးကောက်သားမဝင်လို့ ဆံပင်ကြေခဲ့ပါ ကြေခဲ့တာကိုပြင်ခဲ့တဲ့ဆိုင်လဲ review ရေးထားပါတယိ ဝင်ကြည့်နိုင်ပါတယ်

အဲ့ဆံပင်ကြေတော့ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ ကောက်သားဖြည်လိုက်ပေမယ့်လဲ နဂိုဆံပင်ပြန်မရခဲ့ပါဘူး
အဲ့တာနဲ့ review ကောင်းနေတဲ့ ဒီနှစ်ခုကိုသတိထားမိပီး ဆွဲသုံးခဲ့ပါတယ်

ပထမ Some By Mi ကိုစသုံးတဲ့အချိန်မှာ အရမ်းကိုသဘောကျပါတယ် Cooling affects ပါလို့ Detox ဖြစ်တယ်ခံစားရပါတယ် သူကအဆီလဲမပြန်ပဲနဲ့ ခေါင်းလေးကအေးအေးလေးနဲ့နေလို့ကောင်းပါတယ် ပီးတော့သူ့ကိုသုံးပီးဗောက်သိသိသာသာပျောက်သွားပါတယ်🥰 သူ့ကြောင့်ဆံတွေအများကြီးသိသိသာသာပေါက်လာတာ

နောက်တစ်ခုက 7 Headspa လေးပါ သူက salonတော်တော်များများမှာတွေ့ရပါတယ် မသုံးကြည့်မိရင်တကယ်ကိုမှားမယ့်ဟာလေးပါ တကယ့်ကို premium quality လေးပါ

ကျွန်တော်ဘယ်လိုသုံးလဲဆိုတော့ ခေါင်းလျှော်ပီး ခွဲကြောင်းဖော်လိုက်ပါတယ် ပီးတော့7 Headspaလေးကိုခွဲ
ကြောင်းလေးပေါ် အစက်ချပီးတော့ ၁မိနစ်လောက် နှိပ်
ပေးလိုက်ပါတယ် ၁မိနစ်လောက်ထားပီးခေါင်းလျှော်လိုက်ပီးရင် ဆံပင်ကသိသိသာသာ အိကျသွားပီး တုံတုံလေးဖြစ်သွားတာ အဲ့တာကိုအရမ်းကြိုက်တာ
ပီးရင် Some By Mi ကို ဆံပင်မခြောက်တစ်ခြောက်မှာဖြန်းလိုက်ပါတယ် ပီးရင် Oilလိမ်းပါတယ် ဒီနေ့ကတော့ဒါပါပဲ

YOURYOUTHFUL💙

09/07/2023

Some by Miလေးရဲ့ Hair Tonic သုံးနေတာတော့၃ရက်လောက်ရှိပီး ဘာသိသာလဲဆိုတော့ အဆီပြန်အရမ်းသက်သာပါတယ် ဆံပင်ပြန်ပေါက်လားမပေါက်လားဆိုတာ ၁လလောက်နေရင်ပြန်လာခဲ့မယ်😴

Photos from Your Youthful's post 24/05/2023

Origins ရဲ့ Mushroom Tonerလေးရဲ့ Review ပါ🍄🍄

ဒီနေ့မှာတော့ စက္ကန့်လေးဆယ်တိုင်းမှာ တစ်ဗူးရောင်းထွက်နေတဲ့ Tonerလေးအကြောင်းပြောပါမယ် ပီးတော့သူက worldwide best sellerရထားတာနော်....ကဲအဲ့လိုမျိုးတွေတောင်ရထားတာဆိုတော့ ဘယ်လောက်တောင်ကောင်းလို့လဲ

သူ့ကိုသုံးပီး ၂ပတ်လောက်ကြာတော့ အဆီဖုမရှိသလောက်ဖြစ်သွားတယ် ပီးတော့ သူက ပင်လယ်ရေညိလဲပါတော့ ကော်လဂျင်လဲ ပါတယ် ဒါကြောင့်အသားအရည် အရေးအကြောင်းကိုကာကွယ်ပီးသားဖြစ်တာပေါ့နော် သူအ အရေးပြားနီးရဲတာတွေတို့ ဝက်ခြံထွက်တာတို့အရမ်းသက်သာတယ် PH level ကိုလဲထိန်းပေးတယ် အဲ့တာကြောင့်အသားအရေကြမ်းတဲ့သူတွေသုံးမယ်ဆိုလဲအဆင်ပြေတယ်....Skin barrier ကိုလဲကာကွယ်ပေးတယ်🫐

သူ့ရဲ့ အဓိကထူးခြားချက်က မှိုတွေရယ် ပင်လယ်ရေမှော်နဲ့လုပ်ထားတာတွေကြောင့်ပါ ဒီနှစ်မျိုးထဲမဟုတ်ပါဘူး အများကြီးပါပါတယ် ရှည်မှာဆိုးလို့မပြောတော့ဘူး...သူကတော့ lotion လို့ပြောထားပေမယ် toner typeကိုပိုသွားတယ် water type ပေါ့နော် lightweight လဲတော်တော်ဖြစ်တယ်

All Skin typeပါ Sensitive Skin ကအစ Oily ထိရတယ်...

Texture က အပေါ်ကပြောထားသလိုပဲ ရေလိုမျိုးပါပဲ ရေဓာတ်ကိုလဲ 71%ဖြည့်ပေးနိုင်တယ်လို့ပြောထားတယ်

သုံးနည်းကတော့ Toner stepပါ cotton padနဲ့ပဲသုံးသုံး လက်နဲ့ပဲသုံးသုံးအဆင်ပြေပါတယ်...မသုံးခင်ဗူးလေးကိုShakeပီးမှသုံးနော်...

ကျွန်တော်ကတော့ Ukကဝယ်ထားတာပါ 33£လားမသိဘူး မြန်မာပြည်မှာတော့ပိုသက်သာမယ်ထင်တယ်

YourYouthful🍒

16/05/2023

JM Solution Centella Cleansing Water🌱

သုံးနေတာလဲကြာပီးဆိုတော့ reviewပေးဖို့အချိန်တန်ပီးလို့ထင်တယ် ကျွန်တော်အခုသုံးနေတာ ၅လနီးပါးလောက်ရှိပီး အရမ်းကြိုက်တယ် Fav ပါပဲ သူ့ပေးရတဲ့စျေးထက်တန်တဲ့ result မျိုးကိုရတယ်

ဝက်ခြံအဆီအဖုပျောက်ဖို့ဆိုရင် Cleansing Step နိုင်မှရမယ် Cleansing Stepကိုမှ မျက်နှာတစ်မျိုးကြီးပဲ သစ်နေလို့မရဘူး ကျွန်တော်တို့သစ်လိုက်တဲ့ မျက်နှာသစ်ဆေးနဲ့ မပြောင်နိုင်တဲ့ ဖုန်မှုန့်တွေအညစ်အကြေးတွေအများကြီးရှိတယ် အဲ့တာကြောင့် မျက်နှာသစ်ပီးလဲ Tonerကို Cotton padနဲ့ လိမ်းတဲ့အခါကျရင် ညစ်ပေလာတာ ဒါကြောင့်အဲ့လိုမဖြစ်အောင် Double Cleansing ကိုမေ့ထားလို့မရဘူး အဲ့ဒီ Double Cleansing လုပ်ဖို့ ကိုယ်အသားအရည်နဲ့ ကိုက်ပီး အဆင်ပြေမယ့်ဟာကို ရှာရွေးတက်ဖို့လဲ လိုသေးတယ်

ဒီ Jm solution ရဲ့ cleaning waterက sensitive skinတွေအတွက်လဲတော်တော် အဆင်ပြေတယ်ပြောရမယ် ပေးရတဲ့စျေးနဲ့အရမ်းကိုအဆင်ပြေတယ် သုံးပီး၁လအကြာမှာ အဆီဖုတွေသိသိသာသာပဲလျှော့တယ် ဒါကြောင့်လဲ စွဲပီးရင်စွဲနေရတာပေါ့

Ingredients တွေကတော့ထွေထွေထူးထူးတော့မဟုတ်ဘူး အကုန်လုံးကြားဖူးပီးသားဖြစ်မယ့် Centella လို့ခေါ်တဲ့ မြင်းခွါရွက်ကိုအခြေခံထားတာပေါ့နော် မြင်းခွါရွက်ကလူတွေကိုအရမ်းကောင်းကျိုးပြုတဲ့အရွက်တစ်မျိုးပါ ဖျော်သောက်ရင်မျက်စိအားကောင်းပါတယ်…. Texture ပိုင်းကတော့ waterဆိုတဲ့အတိုင်း water typeပါ အဲ့တာကြောင့်အဆီပြန်တဲ့သူတွေမျက်စိမှိတ်သုံးယုံပါပဲ

တစ်ဗူးဝယ်ပီးရင် ၅လ၆လောက်လောက်သုံးပါလိမ့် ၁၅၀၀၀ ဝန်းကျင်တော့ရှိမယ် အတိအကျတော့မသိပါ

YourYouthful 🫐

Photos from Your Youthful's post 06/04/2023

Espoir Water Splash Suncream☀️🌻

ဒီချိန်မြန်မာပြည်ရဲ့ရာသီဉတုနဲ့ကိုက်ညီမယ့် sunscreen လေးရှာနေတယ်ဆိုရင်ဒါလေးကိုစဉ်းစားနော် water splash ဆိုတဲ့ တင်လိုက်တာနဲ့ ရေစက်လိုပဲပေါ့ပေါ့ပါးပါးလေး ပြီးတော့ alcohol လဲမပါတော့ sensitive skin တွေကအစ စိတ်ချလက်ချသုံးလို့ရတယ် လိမ်းပြီးရင် ပြာတာကွက်တာလဲလုံးဝမရှိဘူး

တစ်ခုသတိထားရမှာ သူ့မှာက tone up ပါတာတစ်မျိုးထွက်သေးတယ် tone upကြိုက်ရင်ပန်းရောင်လေးဝယ်ပေါ့နော် tone up မကြိုက်ဘူး ပေါ့ပေါ့ပါးပါးလေးကြိုက်ရင် အစိမ်းလေးယူပါနော်

Texture ကတော့ပေါ့ပေါ့ပါးပါးလေးပဲ အပေါ်မှာပြောသွားတဲ့အတိုင်းပဲတင်လိုက်တာနဲ့ရေစက်လိုပဲပေါ့ပေါ့ပါးပါးလေး အဆီလဲမပြန်ဘူး SPF 50+ မလို့ အေးအေးဆေးဆေးပဲ နေရောင်ဒဏ်တွေကို ကာကွယ်ပေးနိုင်တယ် ဝက်ခြံအဆီဖုအတွက်လဲသုံးလို့ရတယ် အနံ့တော့နည်းနည်းပါတယ်

စျေးကွက်ထဲတော့ 19500ကနေ2သောင်းကျော်လောက်ပေါက်မယ်ထင်တယ်

YourYoutful❤️

10/03/2023

Review မတင်တာတော်တော်ကြာသွားတယ် ကဲဒီနေ့ကတော့ အားလုံးသိပီးသားဖြစ်မယ့် အဆီဖုနဲ့ဝက်ခြံရှိရင် နောင်တမရစေမယ့် Bija Trouble Facial Foam လေး

သူ့ရဲ့အားသာချက်က ဝက်ခြံရှိနေရင်ခဏလေးနဲ့ ချပ်သွားတာပဲ အသစ်လဲပြန်မထွက်အောင်တော်တော်ထိန်းထားပေးနိုင်တယ် ဝက်ခြံနဲ့အဆီဖု ဘယ်ဟာမဆိုလာထား ဒါပေမယ့် ကျနော်ကတော့ breakout ဖြစ်တဲ့အချိန်ပဲသုံးပါတယ် သူ့ကိုသုံးပီးရင်အသားအရမ်းခြောက်တယ် dry skinတွေအတွက်တော့recommend မပေးပါဘူး oily and combination တွေအတွက်တော့စိတ်ချလက်ချသုံး

ပြီးတော့သူကချွေးပေါက်လဲကျဉ်းစေတယ် ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်တွေကို သုံးတာကြာရင် မှိန်လာတယ် အမြှပ်အရမ်းထွက်တာကြောင့် ချွေးပေါက်ထဲကအညစ်အကြေးတွေကိြလဲဖယ်ရှားပေးနိုင်တယ် ဒါကြောင့် အသားလဲကြည်လာဦးမှာနော်

သူ့မှာဘာပါလဲဆိုတော့ bija ဆိုတဲ့အစေ့ကနေထုတ်ထားတဲ့အဆီနဲ့ ဝက်ခြံတွေကိုနိုင်တဲ့ salicylic acid ပဲ Bija အဆီက skin ရဲ့ barrier ကိုလဲထိန်းပေးတယ်ပြီးတော့ sensitive အတွက်လဲစိတ်ချပီးသုံးလို့ရတယ်

Texture ကတော့ အမြှပ်အရမ်းထွက်တယ် အနံ့ကလဲသင်းသင်းလေး

စျေးကွက်ထဲမှာတော့၁၅၀၀၀ဝန်းကျင်ပေါက်မယ်ထင်တယ်

Your Youthful ❤️

Want your business to be the top-listed Beauty Salon in London?
Click here to claim your Sponsored Listing.

Website

Address


London