Aung Myo Lin

Aung Myo Lin

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Myo Lin, Beauty, cosmetic & personal care, Ahmedabad.

30/07/2022

"သင့်ကိုယ်သင်ချစ်ဖို့မမေ့ပါနဲ့"
🔖🔖🔖🔖🔖🔖🔖🔖🔖🔖

🔖🔖🔖တစ်ခုခုဆို သူများအတွက် အရင်ဦးစားပေးတတ်တဲ့ သူတွေက ကိုယ်ချင်းစာစိတ် အပြည့်နဲ့တာဝန်ယူတတ်တဲ့စိတ်ကြောင့် အမြဲတမ်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့မေ့နေတတ်တဲ့ သူတွေပါ။

🔖🔖🔖တစ်ခါတလေ ဖြစ်ချင်တာတွေထက်
ဖြစ်သင့်တာတွေကို ဦးစားပေးရင်း မပျော်တဲ့ဘဝမှာပျော်သလို နေလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိနေတတ်တယ်။

🔖🔖🔖အများအားဖြင့် ဒီလိုလူအများစုက အထီးကျန်ဆန်နေတတ်တာများတယ် ဘာကြောင့်လည်းဆိုတော့ ကိုယ့်ကိုယ်ကို ချစ်ဖို့မေ့နေတတ်ပြီး သူများအတွက် အမြဲတမ်းဦးစားပေးတတ်တဲ့စိတ်ကြောင့် သူများစိတ်နဲ့ ရှင်သန်နေရသလိုဖြစ်နေတာပါ။

🔖🔖🔖မိသားစုထဲမှာဆို အကြီးမှ အငယ်မှ မဟုတ်ဘူး မနေတတ်တဲ့သူက ပိုပင်ပန်းရသလို အချစ်ရေးမှာလည်း သူချစ် ကိုယ်ချစ်ဆိုတာထက် နားလည်မှု အပြည့်ရှိတဲ့သူက ပိုပင်ပန်းရစမြဲပါပဲ။လုပ်ငန်းခွင်မှာလည်း မနေတတ်တဲ့သူက ပင်ပန်းရတာပါပဲ။

🔖🔖🔖ဒီလိုပဲ လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါ
စိတ်မထားတတ်ရင် ပင်ပန်းရအုံးမှာပါပဲ
သင့် ဘေးနားက လူတွေကို ဂရုစိုက်နေသရွေ့တော့ သင်အမြဲ ပင်ပန်းနေရမယ်ဆိုတာမမေ့ပါနဲ့ တစ်ခါတစ်လေ သင့်ကိုယ်သင် ချစ်ကြည့် ဂရုစိုက်ကြည့်ပါ လောကကြီးထဲမှာ ရှင်သန်တဲ့အခါ ဂရုစိုက်သင့်တဲ့အရာကို ဂရုစိုက်ပြီး ဂရုစိုက်ဖို့ မတန်ရင် ဘာကိုမှ ဂရုစိုက်မနေပါနဲ့။

🔖🔖🔖လဲကျလို့ ပြန်ထရင် တွဲထူမ မယ့်လက်တွေကို စောင့်နေမယ့်အစား ကိုယ်ထူ ကိုယ်ထနိူင်အောင်ကြိုးစားပါ မမြဲတဲ့ လောကဓံမှာ
သင်ဂရုစိုက် အလျော့ပေးထားတဲ့ ဆက်ဆံရေးတွေက သင်အဆင်မပြေတော့တဲ့တစ်နေ့ သင့်ကို ဂရုတစိုက်နဲ့ စိတ်ပူပေးနေမှာမဟုတ်ဘူးလေ။

လေးစားစွာဖြင့်
မေဆု(ရာမညမြေ)27.7.2022

#မေဆုရာမညမြေအတွေးစာစုလေးများ

Website

Address


Ahmedabad
380058

Alerts

Be the first to know and let us send you an email when Aung Myo Lin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Ahmedabad.