Beauty Bestie J'Waddy

Beauty Bestie J'Waddy

Share

Your daily skincare bestie 🎀
Reviews • Tips • Glow ✨
Let’s fix your skin together hands 🤝🏻

Photos from Beauty Bestie J'Waddy's post 25/05/2026

Hey Girls ~~~~ ✨

[ Yoon care Tea tree & B3 Intensive spot patch ]

Emergency Hero !! ဝတီကတော့ သူ့ကို အဲ့လိုခေါ်ချင်ပါတယ် ။

Pimple patch ထဲမှာ စျေးအသက်သာဆုံးနဲ့
ထိရောက်မှု အမြန်ဆုံးလို့တောင်ပြောလို့ရ ။

ဝက်ခြံ နီရဲနေတာတွေ ၊ ဖောက်လို့မရပဲ အဖုဖြစ်နေတာတွေ ၊ ပြည်တည်ဝက်ခြံတွေအတွက် ညအိပ်တဲ့အခါ ကပ်ရင် မနက်ကျ အရောင်ကျ အချပ်ပဲ၊

သူ့က မျက်နှာသစ်ပြီးပြီးချင်း before skincare step မှာကပ်ရတာ ဖြစ်ပါတယ်။

ယောင်ယမ်းဝက်ခြံတွေဆိုလည်း ဖှုန်မဝင် ပိုးမဝင်အောင် ကာကွယ်ပေးထားတယ် ။

သူ့မှာ Tea tree leaf oil , Centella Asiatica extract နဲ့ Niacinamide ပါပါလို့ ဝက်ခြံလည်းချပ် အမဲစက်လည်းမကျန်အောင် ကုစားပေးတယ် ။

ခရီးသွားရင်လည်း ဒါက အရေးပေါ်ဆောင််ကို
ဆောင်သင့်တယ် ဝတီ ချောင်းသာသွားတုန်းက
လမ်းခရီးဖုန်တွေ လေစိမ်းတွေကြောင့် ပြည်တည်ဝက်ခြံတွေ ထွက်လာတုန်းက ဒီကောင်လေးပါလို့
အဆင်ပြေသွားတာ ။

ပြီးရင် သူက Water proof ဖြစ်ပါတယ် ။

ဝက်ခြံထွက်လာရင် လက်နဲ့ညှစ်တာက ပိုဆိုးစေသလို သနပ်ခါးအုံတာကလည်း အမဲစက်ကျန်စေပါတယ် ။

47ခုကိုမှ ဆိုဒ်စုံအရွယ်စုံပါတာကို တစ်ထုပ်
18500 လောက်ပဲပေးရတာမို့ တော်တော်တန်တယ်

ဝတီကတော့အရမ်းကြိုက်လို့ သုံးကြည့်ဖို့
ပြောချင်ပါတယ်ရှင် 🫶🏻✨

REMINDER

“ Skincare is self care “

19/05/2026

Hey Girls~~~ ✨🫶🏻

ဒီနေ့ကတော့ skincare review မဟုတ်တဲ့
ဖိနပ် review ပါရှင် ။

Cinderella - Footwear ဆိုတဲ့ local brand လေး။

ဝတီ ဝယ်စီးနေတာ ၂ရံရှိပြီပေါ့နော် ၂ရံလုံးအဆင်ပြေလို့ ကောင်မလေးတွေကိုမျှဝေပါ့ရစေ။

အဓိကကတော့ သူ့ကိုစီးတဲအခါ ခြေထောက်မနာတာပါ သုံးပေးထားတဲ့ ဖိနပ်အခံလေးတွေက ဖော့လေးတွေမလို့ ဖိနပ်က မာနေလို့ ခြေဖဝါးနာတာမဖြစ်ဖူးဆိုတာ သတိထားမိခဲ့တယ်ပေါ့နော်။

ဝတီက ရိုးရိုးရှင်းရှင်းနဲ့ outfit မရွေးစီးလို့ရတဲ့
Design လေးတွေပိုကြိုက်ပြီး စျေးလည်းသင့်လို့
ဒီကပဲ ဝယ်ဖြစ်တယ်။

အညိုလေးဆို ချောင်းသာသွားတုန်းက ဒီတစ်ရံထဲယူသွားစီး mangrove ထဲ လမ်းရှယ်လျှောက်ခဲ့တာတောင် ဖိနပ်တစ်ချက်မပေါက် ခြေထောက်မနာ

ဒေါက်ကလည်း အမြင့်ကြီးတွေမဟုတ်ပဲ Daily wear အဆင်ပြေတယ် စျေးကလည်း ၂သောင်းကျော်နဲ့ ၃သောင်းအတွင်းပဲရှိတယ်။

အရောင်တွေကလည်း ငြိမ်ငြိမ်စိုစိုလေးတွေ
ဝတီဝယ်ထားတဲ့ အညို လေးနဲ့ ကြက်သွေးရောင်ဆို သူတို့ဆီမှာ Best seller ပဲ။

ရိုးရိုးရှင်းရှင်း ဖိနပ်ဝယ်ဖို့ စဉ်းစားနေတဲ့လူရှိရင်
ဝင်ကြည့်ပြီး try ကြည့်ကြနော် 🫶🏻✨

REMINDER

“ Any Day is a perfect day for shoe shopping “

14/05/2026

Hey Girls ~~~✨

Hair Care လုပ်နေတဲ့ ကောင်မလေးတွေအတွက်
မရှိမဖြစ်မဟုတ်ပေမယ့် ရှိထားရင်ပိုကောင်းတဲ့ အရာလေး 2 ခုအကြောင်းပြောပြမယ် ။

2ခုလုံးက ဝတီ ရှမ်း‌မလေးဈေးခြင်းကနေ ဝယ်ခဲ့တာပေါ့နော် သစ်သားဘီးအရှည် နဲ့ အတိုလေး။

သစ်သားဘီး အကျဲလေးကျလေ မနက်နိုးလို့ ခေါင်းမဖြီးခင် အဲ့တာလေးနဲ့ ဦးရေပြားကို ရှင်းရတာ အရမ်းကောင်းတယ် ခေါင်းလျှော်ပြီးတဲ့အခါလည်း ဒါလေးနဲ့ ရှင်းရင်
ဆံပင်ကျွတ်တာ သက်သာတယ် ရေစိုနေတဲ့ ဆံပင်ကို
ဘီးကျဲ နဲ့ပဲ ရှင်းပါနော်။

သစ်သားဘီးအတိုလေးကကျ သူက ဘီးဆိုတာထက်
ခေါင်းကိုနှိပ်ပေးရတဲ့ ကြိယာလေးပေါ့ Hair tonic ဖြန်းပြီးတဲ့အခါ ဖြစ်ဖြစ် ခေါင်းလျှော်ခါနီး ဒီဟာလေးနဲ့
ဦးရေပြားကို နှိပ်နယ်ပေးတာက သွေးလည်ပတ်မှု
‌အားကောင်းပြီး ဆံပင်အတွက် ဦးရေပြား အထောက်ကူဖြစ်စေပါတယ်။

ပြီးရင် ထက်အသုံးဝင်တာက ခေါင်းကိုက်ရင် ဒါလေးနဲ့
နှိပ်ပေးရင် နေလို့ကောင်းပြီးသက်သာတယ်။

ဝတီ့သူငယ်ချင်းတောင် အစက မယုံဖူးနောက် သူခေါင်းကိုက်တော့ ဒါလေးနဲ့ နှိပ်ခိုင်းတာ သူတောင်အံ့ဩနေတာ
နင့်ဟာက တကယ်သက်သာတယ်တော့ဆိုပြီး။

အဲ့တော့ မဖြစ်မနေ ရှိဖို့ လိုတာလေးမဟုတ်ပေမယ့်
ရှိထားရင် ပိုကောင်းတဲ့ အရာလေး နှစ်ခုပေါ့ရှင်🫶🏻

REMINDER

" It's ok to be a little obsessed with your hair "

11/05/2026

မကြိုက်တော့တဲ့ reviews ပါရှင် ။

အရင်က ဒီ Nivea အပြာကိုအရမ်းကြိုက်တာ

အခုလို လိုင်းပေါ်နာမည်မကြီးခင်ကတည်းက
လိမ်းရတာ အေးလို့ကော moisturizing ဖြစ်တယ်ခံစားရလို့ကော ဒီကောင်ကိုကြိုက်တာ။

ကြားထဲ မသုံးဖြစ်တာ နှစ်ချီပြီး တလောကမှ
ပြန်ဝယ်သုံးတော့ လိမ်းရတဲ့ feeling ကမကြိုက်။

စိမ့်ဝင်လွယ်ပေမယ့် အသားခြောက်ပါတယ်
အရင်လို စိုစိုလေးမနေတော့ဖူး ။

ပြီးတော့ ဒီဟာလိမ်းပြီးမှ အင်ပြင်လို
အဖုအကွက်နီနီလေးတွေ ထွက်လာတာ ယားလည်းမယားဖူး ဒီတိုင်းကို ဖြစ်လာတာ ။

ဝတီပဲ အတုမိတာလားမသိပေမယ့် တလောကလည်း သူ့လိမ်းမှ အသားခြောက်နေတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ဖူးပေါ့နော် :))

ဘာဖြစ်ဖြစ် သုံးရင်း မကြိုက်မိတဲ့အကြောင်း
လာပြောပြတာပါရှင် 🫶🏻

06/05/2026

စျေးတက်သွားလည်း ဆက်ဝယ်ဆဲ list ထဲမှာ
Some by Mi Hair Tonic လည်းပါတယ် 😭

Reviews လေးဖတ်ချင်ဒီမှာရှိ >>>>>

https://www.facebook.com/share/1E982aGoPA/?mibextid=wwXIfr

06/05/2026

Hey Girlsss~~~~~ ✨

[ beWiLD Crystal Blush ]

Cool tone လား Warm tone လား Natural Toneလား အကုန်ရတဲ့ blush လေးပြောပြမယ်။

ဒါ ဝတီသုံးတာ ၂ဗူးမြောက်ရှိပါပြီ ။

သူကကိုယ့်အသားရည် PH level ပေါ်လိုက်ပြီး
အရောင် အနုအရင့် ကွဲတဲ့ blushပေါ့နော်

သူ့ကိုကြိုက်တာကလေ Glow effect ပေးတာကို
ကြိုက်တာ ပါးပေါ်တင်ရင် ကြည်ကြည်ပြောင်ပြောင်လေး ဝတီက cool tone ဆိုတော့
ပါးပေါ်တင်လိုက်ရင် ပန်းရောင်ပြေပြေလေးဖြစ်သွားတာကိုကြိုက်တာ ။

လိမ်းရတာလည်းလွယ်တယ် ဖြန့်ရတာလည်းလွယ်တယ် cream blush type လေး။

Daily look အတွက် သုံးလိုအဆင်ပြေတာလေးမလို့
ဝတီ့ကောင်မလေးတွေအတွက်ရေးပေးလိုက်ပါတယ်ရှင် 🫶🏻

REMINDER

“ Be Yourself, Love Yourself “

04/05/2026

Hey Girlss~~~ 🔆

[ JM Solution Glow Luminous Flower Firming Toner ]

Toner ကို ရေလိုသုံးလို့ ဈေးကြီးတဲ့ Toner ဗူးလေးတွေ မခံနိုင်တဲ့ ဝတီ့အတွက်တော့ ဒါမျိုးဆိုဒ်နဲ့ပဲ
အဆင်ပြေပါတယ်။

အခုဈေးနဲ့ဆိုရင် သူတောင်ဈေးများသွားပြီ။

JM Toner က တည့်တဲ့သူရော မတည့်တဲ့သူရော
ပွက်လောရိုက်ပေမယ့် ဝတီနဲ့တော့ အဆင်ပြေပါတယ်။

သူက Hydration & Glow effect ပေးတယ်ဆို
ပေမယ့် အများကြီးတော့ မျှော်လင့်မထားစေချင်

Toner ဆိုတာ မဖြစ်မနေမလိုအပ်ဖူး
နောက်သုံးမယ့် Skincare တွေပိုပြီး effective ဖြစ်အောင် သူကရှေ့ကနေ Cleansing တဆင့်လုပ်ပေးတဲ့အရာလို့ပဲဝတီကသတ်မှတ်တာမို့ တိုနာကို ဒီတိုင်း အမြဲCotton pad နဲ့ တလဟောသုံးပါတယ် 🥲

ဒီကောင်က ဘာကောင်းလဲဆို မျက်နှာကို စိုပြီး အနည်းငယ် ကြည်သွားတယ်ဆိုတဲ့ ခံစားချက်ကိုပေးတယ် ။

ချွေးပေါက်ကျယ်တာနဲ့အမဲစက်ကတော့
ဘာမှ မထူးခြားပါဖူး ပုံမှန်ပါပဲ။

အခြားတိုနာတွေလို သုံးမထူးတော့မဖြစ်ဖူး သူ့ဟာနဲ့သူ ပေးနိုင်တဲ့ Hydration နဲ့ Glow effect ကိုပေးနိုင်တယ်။

Rose Water ကြောင့် မျက်နှာကို refreshing ဖြစ်စေတယ် dry skin ကနေ sensitive skin ထိသုံးလိုရပါတယ်။

REMINDER
" When Your Skin Glows .
Confident Shows "

29/04/2026

Hey Girls ~~~ 🦷🪥

[ Colgate Optic White Purple Toothpaste ]

Coffee နေ့တိုင်းသောက်ပြီး သွားလေးတွေဝါချင်နေတယ် ကော်ဖီဂျိုးလေးတွေရှိတယ်ဆို ဒီကောင်လေး မဆိုးဖူးနော်

ဝတီက ကော်ဖီနေ့တိုင်းသောက်လို့ အောက်သွားလေးတွေ ဝါချင်ပြီး အတွင်းမှာ ကော်ဖီဂျိုးလေးတွေရှိပါတယ် ဒီကောင်လေးက်ို ၁လသုံးအပြီးမှာ
သွားဝါတာသက်သာပြီး ဂျိုးတွေပြောင်သွားတာ တကယ် မလိမ်ဖူး ။

သူက mint flavored မို့ တိုက်ပြီးတဲ့အခါ ခံတွင်းကို အတော်ရှင်းသွားစေတယ် အနံ့မပြင်းဖူး။

သူက သုံးစွဲသူ 53%က သွားဖြူတယ်ဆို reviews လည်းများတယ်ပေါ့နော် ။

Daily သုံးလို့ရပါတယ် ဝတီသုံးဖူးတဲ့ သွားတိုက်ဆေးထဲမှာတော့ သွားဝါသက်သာတာ
ဒီတစ်ကောင်ပဲ ကြုံဖူးသေးတယ်ရယ် ။

သွားတိုက်ဆေးဆိုတော့ လိုရင်းတိုရှင်းပဲပေါ့နော်
မနက် - ည သေချာ စိတ်ရှည်ရှည်နဲ့သုံးပေးမယ်ဆို
Results သေချာသိရပါရှင် 🫶🏻

REMINDER

“ Healthy teeth is not a destination, it is a way of life “

25/04/2026

Hey Girlss~~~ 🫶🏻

[ Cherry Sugar Hard Wax ]

Hot Wax ထဲမှာ အကြိုက်ဆုံး Wax
Cherry Wax ကို ဝတီသုံးတာ ဒါနဲ့ဆို ၅ဗူးကျော်တောင်ရှိတော့မယ် ဒါတောင်လကုန်ဝယ်ရဦးမယ်။

Waxing brand တွေ စုံနေအောင်သုံးဖူးပေမယ့်
ဝတီ့စိတ်ထဲမှာ cherry wax ကပို နှုတ်အားကောင်းသလိုခံစားရတယ်ပေါ့နော်

ဘာလို့ Hot Wax ပဲသုံးလဲဆို ဂျိုင်းတင်မဟုတ်ပဲ private area ကိုပါ ကိုယ်တိုင် waxing လုပ်တာမို့
Hot Wax ပဲသုံးဖြစ်တာများပါတယ်။

ဂျိုင်းနေနေ မည်သည့်နေရာမဆို ခန္ဓာကိုယ်က အမွှေးမျှင်တွေကို shaving လုပ်တာထက် waxing လုပ်တာပိုကြိုက်ပါတယ် အမွှေးကြမ်းပြန်ထွက်တာ နှေးသွားသလို အမြစ်ပါပါတာမို့ ingrown hair ‌ဖြစ်နိုင်ချေနည်းစေပါတယ်။

Private area လို နေရာမျိုးကို waxing လုပ်မယ်ဆို
Hard Wax တွေမှအဆင်ပြေတယ် အဲ့ထဲကမှ သေချာ
နှုတ်အားကောင်းတဲ့ wax မျိုးမှ တစ်နေရာဆို
တစ်နေရာ တစ်ချက်တည်းနဲ့ပြီးတာပေါ့နော်။

ဝတီအခြား wax တွေနဲ့ လုပ်ဖူးပေမယ့် waxက သေချာအလုပ်မလုပ်တဲ့အခါ အမွှေးတွေတစ်ခါတည်းပါမလာတာမျိုးတွေ အမြစ်ပါမလာတာတွေဖြစ်တော့ ပြန်ပြန်လုပ်ရတာအဆင်မပြေဖူး

ဂျိုင်းလိုနေရာဆို cherry wax က တစ်ချက်ပဲ
အမြစ်ပါပါတယ် private area လိုဆိုလည်းတူတူပဲ

Packaging လည်းလှတယ် အထဲက စက္ကူတွေကလည်းသုံးရတာအဆင်ပြေတယ် စက္ကူအရွက်ချည်းသီးသန့်ဝယ်ရင်လည်းရတယ်။

Local wax ထဲမှာ ဘယ်ဟာကြိုက်လဲမေးရင်
ဝတီကတော့ Cherry Wax ကြိုက်ပါတယ်ရှင်🫶🏻

REMINDER

“You glow differently when you’re actually happy “

Photos from Beauty Bestie J'Waddy's post 23/04/2026

Hey Girlss~~~ 🔮✨

ဒီနေ့ကတော့ skincare reviews မဟုတ်တဲ့ Tarot page review လေးတွေဖြစ်ပါတယ်ရှင် !!!

ဝတီမေးနေကျ Tarot ဆရာမတွေ နဲ့ လက်စွဲဆရာမတွေလည်းပါတာမို့ စိတ်ဝင်စား‌ရင်ဖတ်သွားဦးနော်~

အဓိကကတော့ အချစ်ရေး နဲ့ ငွေရေးကြေးရေးမေးဖြစ်တာတွေများပါတယ် အချစ်ရေးကများတာပေါ့🙄

ဝတီကတော့ တားရော့မေးဖို့ဘယ်လိုရွေးလဲဆို energy ကိုက် မကိုက် စိတ်အတွင်းသိစိတ်နဲ့ ပိုဆုံးဖြတ်တာများပါတယ် သိတယ်မလား intuition strong ဖြစ်တဲ့လူတွေဆို ပိုနားလည်ရလွယ်မယ်ထင်တာပဲ။

ပြီးရင် ဝတီက vm နဲ့ဟောတဲ့အခါ အသံရှင်းလင်းပြတ်သားတာ တည်ကြည်တဲ့ ဆရာမတွေဆိုပိုသဘောကျပါတယ် အသံနဲ့လည်းဆုံးဖြတ်ပါတယ်။

ပြီးတော့ Tarot ဟောတာတွေက အခုဟောတာမဖြစ်သေးပေမယ့် နောက်ကျ အဲ့ဟောချက်တွေအတိုင်းဖြစ်လာတာပိုများပါတယ် ဝတီ့အတွက်က ( အဓိကက ရှေ့ရေးသိဖို့ မေးတာပဲလေနော် 🙄)

ဒါ ဝတီမေးဖူးပြီး အဆင်ပြေပြီး energy ကိုက် ဟောချက်တွေ မှန်ခဲ့တဲ့ Tarot page တွေစုတင်ပေးတာပါ။

မေးဖူးပြီး energy မကိုက် အဆင်မပြေ အဖြေတလွဲတွေဖြစ်ဖူးတဲ့ tarot pageတွေလည်းရှိပါတယ်။

" Always leave a little room for MAGIC ✨ "

Want your business to be the top-listed Beauty Salon in Greater Noida?
Click here to claim your Sponsored Listing.

Website

Address


Gamma II Greater Nodia
Greater Noida
201310