Thangyan Maung

Thangyan Maung

Partager

17/11/2022
01/10/2022
01/05/2022

အောင်မြင်ချင်ရင် အိပ်မနေပါနဲ

23/04/2022

"ဘဝရဲ့အချိန်တိုင်းမှာ ပျော်ရွှင်စွာဖြတ်သန်းပါ..."

🌈ဒုက္ခဆိုတာ မမြဲပါဘူး အချိန်တန်ရင် ပြီးသွားမယ့်အရာတွေထဲ စိတ်သိပ်နစ်မထားနဲ့
မေ့သင့်တာကို မေ့ပြစ်ပြီး အသစ်ကပြန်စဖို့ စိတ်ရှိရင် ဘယ်လိုအရာမျိုးကမှ ကိုယ့်စိတ်ကို အစိုးမရပါဘူး။

🌈ချစ်တဲ့သူက ချစ်ကြောင်းပြောမယ်
မုန်းတဲ့သူက မုန်းကြောင်းပြောမယ် ဒါကသဘာဝပါပဲ...ကိုယ်တိုင် ပြုံးနေနိုင်ဖို့ကတော့ ကိုယ့်ရဲ့စိတ်တွေကပဲ ဦးဆောင်သွားမှာပါ ဒါကြောင့် ဘယ်အရာမဆို အလေးအနက်ကြီး တွေးစရာမလိုဘူးထင်ရင် လွှတ်ချခဲ့ပါ။

🌈ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်ပေးလိုက်
စွန့်လွှတ်သင့်တယ်ထင်ရင် စွန့်လွှတ်လိုက်ပါ
ကိုယ်ဆွဲမှ မြဲမယ့် ဆက်ဆံရေးတွေကိုလည်း အစွဲအလမ်းသိပ်မထားနဲ့ မတန်ဘူးထင်ရင်
ဘယ်လိုနေရာမှာရှိရှိ သူ့တန်ဖိုးအတိုင်းသူသွားမှာပါ။

🌈ဘဝရဲ့အချိန်နေ့ရက်တိုင်းမှာ ပျော်ရွှင်စွာဖြတ်သန်းပါ ဘာကြောင့်လည်းဆိုတော့
မနက်ဖြန်ဆိုတာ ဒီနေ့လောက်မသေချာပါဘူး ။မေတ္တာထားသင့်ရင် မေတ္တာထားလိုက်
ဥပေက္ခာပြုသင့်ရင် ဥပေက္ခါပြုထားလိုက်ပါ။

🌈ဘယ်သူတစ်ဦးတစ်ယောက်အတွက်နဲ့မှ ကိုယ့်စိတ်ကို ဒေါသ၊မောဟ၊မာန်မာနတွေနဲ့
ပိတ်လှောင်မထားပါနဲ့ ဒီလိုပဲ ကိုယ့်​အတွက်နဲ့ တစ်ဖက်သားရဲ့ ဘဝတွေကို မနစ်မွန်းမိစေနဲ့။

🌈အဓိပ္ပါယ်ရှိတဲ့ နေ့ရက်တွေဆိုတာ
လောဘ၊ဒေါသ၊မောဟ၊မာန်မာနတွေနဲ့ကင်းအောင်နေနိုင်တာကို ခေါ်တာပါ ကိုယ့်ဘဝက ဒီသံသရာထဲကမလွှတ်မြောက်နိုင်သေးရင် အတတ်နိုင်ဆုံး သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်တွေ မထားမိဖို့လိုပါတယ်။

🌈စိတ်ကောင်းမထားနိုင်သရွေ့
လူ့ဘဝရှင်သန်ခြင်းတွေမှာ ပူလောင်နေရမှာပါ ကိုယ်ကတော့ကောင်းပါရဲ့ တစ်ဖက်လူရဲ့ပြုမူပုံတွေကြည့်ပြီး စိတ်အနှောက်အယှက်ဖြစ်တယ်ထင်ရင် မတန်တဲ့သူနဲ့ပြိုင်မတုတာအကောင်းဆုံးပါ။

🌈အလေးအနက်ထားရမယ့် အချိန်တွေကို
မလေးနက်တဲ့သူတွေအတွက် အသုံးမချလိုက်ပါနဲ့ အဓိပ္ပါယ်ရှိတဲ့ နေ့ရက်တွေ နှောင့်နှေးနေပါလိမ့်မယ် သူ့ကံသူ့အကျိုး ကိုယ့်ကံ ကိုယ့်အကျိုးမို့ ဘယ်သူဘာပဲ လုပ်လုပ် ဒီဘဝရဲ့ကံ ကောင်းသ ရွေ့ အကြောင်းမဖြစ်သေးပေမယ့် နောင်သံသရာမှာတော့ ကိုယ့်ပြုတဲ့ကံကိုယ်သာခံရမှာတော့ မလွဲသာပါ။

လေးစားစွာဖြင့်
#မေဆု(ရာမညမြေ)24/2/2022
@𝐁𝐋𝐀𝐂𝐊 𝐑𝐎𝐒𝐄 မှပြန်လည်မျှဝေသည်။

21/04/2022

အွန်လိုင်စီးပွားရေးတစ်ခုနဲမိတ်ဆက်​ပေးပါ​ရ​စေ လက်ရှိအလုပ်ကထွက်စရာမလိုပဲ မိမိကြိုးစာရင်ကြိုစာသလောက်ရရှိတဲ့အချိန်ပိုင်စီပွားရေးပဲဖြစ်ပါတယ် စိတ်ဝင်လို့လေ့လာကြည့်ချင်ရင်လဲအရင်လေ့လာကြည့်လိုရတယ်ခဗျား လေ့လာကြည့်လိုကြိုက်နှစ်သက်ရင်လုပ်လိုရပါတယ်ဗျာ လေ့လာကြည့်ဖိုဖိတ်ခေါ်ပါရစေဗျား။
အချိန်ပိုင်ကွန်ယက်စီးပွားရေး
Successmore

30/03/2022

💢" စရိုက်မတူရင် အကြိုက်မတူဘူး "💢
""""""""""""""""""""""""""""""""""""""""""""""""""

💢
လောကမှာ လူတိုင်းလူတိုင်းဟာ
လူအမျိုးမျိုးနဲ့ တွေ့ကြုံ ပေါင်းသင်း
ဆက်ဆံကြရမှာပါပဲ။

🔸~ ပျော့တဲ့သူရှိသလို မော့တဲ့သူလည်း ရှိမယ်။
🔸~ ကောင်းတဲ့သူရှိသလို စောင်းတဲ့သူလည်း ရှိမယ်။
▫~ တော်တဲ့သူ ရှိသလို ချော်တဲ့သူလည်း ရှိမယ်။
🔸~ သိတတ်တဲ့သူ ရှိသလို
အသိပြတ်တဲ့သူလည်း ရှိမယ်။
🔸~ အမှားကြည့်တဲ့သူ ရှိသလို
တရားသိတဲ့သူလည်း ရှိမယ်။
🔸~ နားလည်တဲ့သူ ရှိသလို
ဝါးမယ်ဆိုတဲ့သူလည်း ရှိမယ်။

💢
ဘယ်လိုပဲရှိရှိ ကိုယ့်အတွက်တော့
ယူတတ်ရင် တမူထပ်ပြင်စရာတွေချည်းပါပဲ။
ကောင်းတဲ့သူကြောင့် အကောင်းလေးတွေ
ရောက်လာတတ်သလို
ဆိုးတဲ့သူတွေကြောင့်လည်း ဆင်ခြင်စရာတွေ၊
သတိပြုစရာတွေလည်း ရှိလာတတ်တာပဲလေ။

💢
ကောင်းတဲ့မိတ်ဆွေက အကောင်းတွေနဲ့
ကျေးဇူးပြုပေးနိုင်သလို
မကောင်းတဲ့ မိတ်ဆွေကလည်း
ကိုယ့်ကိုဖိအားလေးတွေနဲ့ အသိတရားလေးတွေ
ပေးနေကြတာဆိုတော့
ကိုယ်သာယူတတ်မယ်ဆိုရင်
ပတ်ဝန်းကျင်ဟာ
ကိုယ့်အတွက် တစ်နည်းနည်းနဲ့
ကျေးဇူးပြုနေကြတာပါ။

💢
ဒီလိုဆိုတော့ လောကမှာ နေရတဲ့အခိုက်
ကောင်းတာပဲ ဆိုက်ဆိုက်
မကောင်းတာပဲ ရိုက်ရိုက်
တိုက်ရိုက်သက်ဆိုင်တာက
ကိုယ့်ရဲ့လက်ခံနိုင်မှု စွမ်းအားနဲ့
ဆင်ခြင်နိုင်မှု သတိပြုနိုင်မှုနဲ့
မယိမ်းယိုင်မှုတွေ အပေါ်မှာပဲ မူတည်နေတာပေါ့။

💢
တစ်ခု သတိပြုရမှာက အဲဒီလို
အကောင်းအဆိုး အမျိုးမျိုးနဲ့ မတူကွဲပြား
လူအများအပေါ် မတုန်မလှုပ် ခံနိုင်ရည်ရှိဖို့ဆိုရင်
ကိုယ့်မှာ အသိနဲ့သတိ ရှိနေဖို့ ကြိုးစားကြရမှာပါ။

💢
အသိရှိဖို့ စာများများဖတ်ဖို့ လိုသလို
သတိရှိဖို့ ဘဝထဲမှာ ဓမ္မလေးတွေ
တွဲထားဖို့လည်း လိုနေတာအမှန်ပါပဲ။

💢
ဘဝရဲ့တဒင်္ဂအရှိတရားကို ဓမ္မရဲ့ညွန်ပြမှု
အသိတရားနဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင်
ဘယ်လိုအခြေအနေမျိုးပဲ ရှိနေပါစေ
အလွယ်တကူ ရင်ဆိုင်ကျော်လွှားနိုင်ကြမှာပါ။

💢
အရေးအကြီးဆုံးကတော့
ဘဝအရှိကို ဓမ္မအသိနဲ့ ညှိကြည့်ဖို့ပါပဲ။

🔰 အစဉ်လေးစား ချစ်ခင်နေလျှက် ...... ✍🏻
Credit /- Original writer ..... ✍🏻
မနာပ ဒါယီ ကိုရီးယား ဆရာတော်
(အရှင်ဝိစိတ္တ )

30/03/2022

သက်ရောက်မှုတိုင်းရဲ့ နောက်ကွယ်မှာ
တဖန်ပြန်လည် သက်ရောက်တယ်ဆိုတာ
မှတ်ထားပါ လူငယ်...

ဒီတော့
သူများမကောင်းကြောင်းကို
နောက်ကွယ်မှာ အပြစ်တင်နေမဲ့အစား
ကိုယ့်ကိုကိုယ် တိုးတက်အောင် ကြိုးစားပါ။

ဉာဏ်လင်းအောင်- Unlock Your Futures

Vous voulez que votre entreprise soit Salon De Beauté la plus cotée à Monaco ?
Cliquez ici pour réclamer votre Listage Commercial.

Site Web

Adresse


Monaco