Ei Thandar

Ei Thandar

Share

ချစ်တို့ အမြဲပျော်ရွှင်ပါစေ
���

30/07/2023

�🙏 နှစ်တိုင်း နှစ်တိုင်း အဓိဌာန်ဝင်ရင် ပျက်ပျက်သွားတာ...
ခုနှစ်တော့အဓိဌာန် အောင်ရမည် 🙏
🙏ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏🙏🙏

၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား...

၂။ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

၄။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတက်သော မြတ်စွာဘုရား...

၅။ လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား...

၇။ သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား...

၈။ ဗုဒ္ဓေါ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား...

၉။ ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား 🙏🙏🙏

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အကျိုး🙏🙏🙏

၁။ အရဟံ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊ သူတစ်ပါးတို့က လေးစားချစ်ခင်သည်။

၂။ သမ္မာသမ္ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အသိဉာဏ်ပညာ ထိုးထွင်းတိုးပွါးစေသည်၊ အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘုန်းတန်ခိုးကြီးမားစေသည်၊ လက်ရုံးရည် နှလုံးရည် တိုးပွါးစေသည်။သတ္တိ ဗျတ္တိ နှင့် ပြည့်စုံနိုင်စေသည်။

၄။ သုဂတော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီသည်၊ ချီးမြင့်သည်၊ မိမိတောင့်တသမျှ ကောင်းကျိုးများ အောင်မြင်သည်၊ ရောက်လေရာရာ အခါမရွေး ဒေသမရွေး မျက်နှာပွင့်လန်းသည်။

၅။ လောကဝိဒူ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အချိန်ကာလ နေရာဌာနအားလျော်စွာ အကြံအစည် ပြုသမျှကိစ္စ အားလုံးကို အလွယ်တကူ အောင်မြင်သည်၊ သူတစ်ပါးတို့ အကြံအစည်ကိုလည်း သိနိုင်သည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - သူတစ်ပါးတို့က နိုင်ထက်ကလူ မပြုနိုင်၊ အပြိုင်အဆိုင်ဟူသမျှ အနိုင်ရသည်။

၇။ သတ္တာဒဝေ မနုဿာနံ - သူတစ်ပါး၏ အကြည်ညိုခံရသည်၊ အစဉ်ထာဝရ လေးစားရိုသေမှုခံရသည်။ ဩဇာအာဏာ ထက်မြက်သည်။

၈။ ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အရာရာကြံဆ၍ သိနိုင်ပေသည်၊ ပြဿနာ ဟူသမျှကို ဖြေရှင်းနိုင်သည်။

၉။ ဘဂဝါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် လူချစ်လူခင်ပေါများသည်၊ အားလုံးက ကြည်ညိုကြသည်၊ အခြွေအရံပေါများသည်၊ သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

🙏🙏🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့ " ကိုးနဝင်း " ပုတီးစိပ်နည်း🙏🙏🙏

စိပ်ရမယ့် နေ့ရက်များ
__________________________
၉ပါးစလုံးကို
နေ့တိုင်းတစ်ပတ်စီပါ

အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်

1 . 8 . 2023.မှ
9 . 8 . 2023.အထိ
__________________________

အရဟံ သိဒ္ဓိ (၉)ပတ်

10 . 8 . 2023. မှ
18 . 8. 2023.အထိ
__________________________

သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

19 . 8 . 2023. မှ
27 . 8 . 2023. အထိ
________________________

ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်

28 .8 . 2023 . မှ
5 . 9 . 2023.နေ့အထိ
________________________

သုဂတော သိဒ္ဓိ (၉)ပတ်

6 . 9 . 2023 . မှ
14 . 9 . 2023 . နေ့အထိ
__________________________

လောကဝိဒူ သိဒ္ဓိ (၉)ပတ်

15 . 9 . 2023 . မှ
23 . 9 . 2023 . နေ့အထိ
__________________________

အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်

24 . 9 . 2023 . မှ
2 . 10 . 2023 . နေ့အထိ
__________________________

သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်

3 . 10 . 2023 . မှ
11 . 10 . 2023 . အထိ
__________________________

ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

12 . 10. 2023. မှ
20 . 10 . 2023 . အထိ

_________________________

ဘဂဝါ သိဒ္ဓိ (၉)ပတ်

21 . 10 . 2023. မှ
29 . 10. 2023 . အထိ
__________________________

🍀 သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
🍀အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
🍀နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်

🙏 လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။🙏
Crd Owner

Thank !!!

08/07/2023

အလွန်အစွမ်းထက်သော
" အဌာန မတေံ ဂါထာ"
ရွတ်ဖတ်ပူဇော်ရန်အတွက်

၁။ နံနက် ၅:၀၀ ~ ၆:၀၀ အတွင်း

၂။ သောက်တော်ရေ (၅)ခွက်
ဆီမီး (၅)တိုင်
အမွှေးတိုင်(၅)တိုင် ပူဇော်ပြီး

၃။ ( ၅ )ပါးသီလခံယူပြီးလျှင် အောက်ပါ အဌာနေမတံ ဂါထာကို

(၉)ခေါက် / (၂၇)ခေါက်ကို ရွတ်ဖတ်ပူဇော် ပါလျှင် (၁)လအတွင်း

ထူးကဲသောအကျိုးများကို
ခံစားရပါမည်။

ထိုဂါထာကို ရွတ်ဖတ်ပူဇော်နေသည့်ကာလအတွင်းးး

* မည်သို့သော
အောက်လမ်းအတက်ပညာမှ
မပြုစား
မနှောင့်ယှက်နိုင်ပါ။

* မိမိ၏ အသက် ကို မည်သူမျှ
နှုတ်ယူခွင့် မရနိုင်ပါ။

* ကုသ၍မပျောက်နိုင်သော
ရောဂါများကိုလည်း
ထူးခြားစွာပျောက်
ကင်းနိုင်ပါသည်။

* မိမိ၏ လာဘ်လာဘကိုလည်း
မည်သူမျှ မတားဆီး
မပိတ်ပင်နိုင်ပါ။

ရှိပြီးသားစည်းစိမ်
ဥစ္စာတို့သည်လည်း
မပျောက်ပျက်နိုင်ရာ။

လာဘ်လာဘတို့သည်လည်း
ထူးခြားစွာ ပွင့်လင်းလာပါသည်။

* မိမိ၏ ဉာဏ် ပညာ (ကံ ဉာဏ် ဝီရိယ)တို့ကိုလည်း မည်သူမျှ
မတားဆီး မပိတ်ပင်နိုင်ပါ။

* မိမိ၏ ရှိပြီးသော ကိုယ်လက်အင်္ဂါ
အစိတ်အပိုင်း (လက္ခဏာကြီးငယ်
အသွယ်သွယ်)တို့ကိုလည်း
မည်သူမျှ မဖျက် ဆီးနိုင်ပါ။

အန္တရာယ်ကင်းစွာ နေရပါသည်။

သေကံမရောက်
သက်မပျောက်စေခဲ့သော/
အလွန်အစွမ်းထက်သော/
ဗုဒ္ဓစာပေကျန်းဂန်များမှ
ဆင်းသက်လာသော ထိုဂါထာကို
ဓမ္မဒါနအဖြစ်
မျှဝေပေးလိုက်ပါတယ်သူတော်ကောင်းတို့...

အဌာနမေတံဂါထာတော်🙏🙏🙏

အဌာနမေတံဂါထာတော်
**********************
အဌာနေမတံဘိက္ခေဝ
အန၀ကာသော။
ယံပရူပက်ကမနေတထာဂတံ
ဇီဝိတာဝေါရောပေယျ။
အနုပက်ကမနေဘိက်ခဝေ
တထာဂတာပရိနိဗ်ဗာယန်တိ။
ဧတနေသစ်စဝဇ်ဇနေ၊
သောတ္ထိမေ(တေ)ဟောတု သဗ္ဗဒါ။.........................................

ဂါထာတော်အနက်
ဘုရားရှင်တို့ မည်သည်
သူတပါးတို့၏လုံ့လ ပယောဂဖြင့်
သရေိုး ထုံးစံမရှိ။

အချိန်တန်မှသာ
အလိုအလျှောက်
ပရိနိဗ္ဗာန်စံတော်မူကြသည်။

ဒီ အဌာန မေ တံဂါထာက
အဆိုးတွေကို
ကင်းလွှတ်စေတယ်...

ဘုရားရှင်ရဲ့
နှုတ်ထွက် ဂါထာဖြစ်တယ်...

ဂါထာကို တစ်ခေါက်ရွတ်တိုင်း
ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုပွားများပြီးရွတ်ဆိုပါ...

အထူးအရေးကြီးတဲ့
ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရင်

အခက်အခဲ
ပြဿနာနဲ့ကြုံတွေ့နေရင်
တနေ့ ၁၀၈ ခေါက်
ရွတ်ဖတ်ပူဇော်ပါ...

အကယ်၍ ၁၀၈ ခေါက်
မရွတ်နိုင်လျှင်
မိမိ၏အသက်ထက်
ပိုကျော်အောင်
ရွတ်ဖတ်ပူဇော်ပါ...

ရွတ်ဖတ်ပူဇော်ပြီးရင် -
အကျွန်ုပ်သည်
အဌာန မတေံ ဂါထာကို
၁၀၈ ခေါက်ရွတ်ဖတ်ပွားများပြီးပါပြီ...

ဤစကားသည်မှန်ပါတယ်...

ဤမှန်တဲ့သစ္စာစကားကြောင့်

ဤမှန်တဲ့သစ္စာရဲ့တန်ခိုးကြောင့်လည်းကောင်း

အဌာနေမတံ ရဲ့ တန်ခိုးကြောင့်လည်းကောင်း

အဌာန မတေံ ဂါထာကို
ရွတ်ဖတ်ပွားများရတဲ့
ကုသိုလ်ကောင်းမှုကြောင့် လည်းကောင်း

အဌာန မတေံ ဂါထာကို
စောင့်ရှောက်နေကြတဲ့
နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း

အဌာန မတေံ ဂါထာ ကို
လာရောက်နာယူကြတဲ့
နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း

ယနေ့ ယခု ပြုခဲ့တဲ့
ကုသိုလ်ကောင်းမှု
အစုစုတို့ရဲ့
တန်ခိုးတေဇော်အာနုဘော်
အရှိန်အဝါကြောင့်လည်းကောင်း

တပည့်တော်အခုလက်ရှိ
ကြုံတွေ့နေရတဲ့
အခက်အခဲအကျပ်အတည်း
အနှောက်အယှက်အပိတ်အပင်
အဟန့်အတား
အန္တရာယ်ဆိုးတွေကနေ
လွှတ်မြှောက်ပါစေ

ဘုရားတပည့်တော်ကြုံတွေ့နေရတဲ့
အဆိုးတွေကနေလွှတ်မြှောက်ပါစေ..

-မှတ်ချက်
#(မေ)သည် မိမိအတွက်
#(တေ)သည် သူတစ်ပါးအတွက်

ဆရာတော်အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)
🙏🙏🙏

Credit.

11/01/2023
Photos from Casper Lin Vlog's post 11/01/2023
Photos from B e a u t i f u l's post 08/01/2023
Photos from The Black Cat Bookshop's post 08/01/2023
08/01/2023

လောကမှာ ဘယ်သူမှ မွေးကတည်းက တော်ကြ၊ တတ်ကြ၊ ကျွမ်းကျင်ကြတယ် မရှိပါဘူး။

နေထိုင်ရာပတ်ဝန်းကျင်၊ ကြီးပြင်းရာဒေသ၊ မွေးထုတ်ပေးလိုက်တဲ့ အသိုင်းအဝိုင်းတွေဟာ လူတစ်ယောက်ကို တတ်အောင်၊ ကျွမ်းကျင်အောင် ထောက်ပံ့ပေးဖို့ အရေးပါတယ်ဆိုပေမဲ့ ကျွန်တော်တို့တွေဟာ ဘယ်မိသားစုမှာ လူအဖြစ်မွေးလာရမယ်လို့ တွေးထားလို့ မရပါဘူး။

အဲ့လိုပဲ ကိုယ်ဟာ ဘယ်အသိုင်းအဝိုင်းမှာ လူဖြစ်ရမယ်၊ ဘယ်ဒေသမှာ ပဋိသန္ဓေတည်ရမယ်၊ ဆင်းရဲတဲ့ အခြေခံမိသားစု အဝိုင်းအဝန်းထဲမှာ လူမဖြစ်ချင်ဘူး၊ ဉာဏ်ပညာ မထက်မြက်တဲ့ လူ့အသိုင်းအဝိုင်းမှာ မပေါက်ဖွားချင်ဘူးလို့ဆိုပြီး ကိုယ်ဖြစ်တည်မယ့်လမ်းကြောင်းကို ရွေးချယ်ခွင့်မရှိကြပါဘူး။

သို့သော် ကျွန်တော်တို့ဘဝမှာ ကိုယ်တို့ လူဖြစ်လာရမယ့်ဘဝသစ်တစ်ခုကို လုံးဝရွေးချယ်လို့ မရနိုင်တာ မှန်ပေမဲ့ ကျွန်တော်တို့ဘဝကို ပိုထက်မြက်အောင်၊ ကျွမ်းကျင်လာအောင်၊ အနေအထားတစ်ခုထိ ရအောင်တော့ ရွေးချယ်လို့တော့ ရနိုင်တယ်။

တစ်ခါတစ်လေ ချမ်းသာတဲ့မိဘအသိုင်းအဝိုင်းတွေထဲမှာ မွေးလာတဲ့ လူနဲ့ ဆင်းရဲတဲ့မိသားစုမှာ မွေးလာတဲ့ လူနှစ်​ယောက်ရဲ့ ရှေ့ဆက်လမ်းဟာ ကွာခြားလွန်းတာတွေ ရှိချင်ရှိမယ်။ သူဌေးသားသမီးအတွက် လမ်းတိုင်းဟာ ချောမွေ့ချင် ချောမွေ့နေမယ်။ ဖြောင့်ချင်ဖြောင့်နေမယ်။ လွယ်ချင်လွယ်နေမယ်။

ဆင်းရဲသား သားသမီးတွေမှာတော့ အစစအရာရာခက်လွန်းတယ်။ ကိုယ့်ဝါသနာနဲ့ ဝမ်းစာကို အမြဲတမ်းထိန်းညှိနေရတယ်။ တစ်ခုခုဆို ဖြစ်မြောက်အောင် လုပ်ဖို့အရေး ကိုယ့်အနောက်မှာ ရှိနေတဲ့ ကိုယ့်မိသားစု စားဝတ်နေရေးကို ပြန်ချင်နေရတယ်။ မလုပ်ချင်၊ စိတ်မပါတဲ့အလုပ်တွေမှာပဲ ပိုလုပ်နေရတယ်။ ဒီအခါ ကိုယ့်လမ်းဟာ တစ်ခုခုနဲ့ ပိတ်ဆို့ထားသလို ရှေ့ဆက်တက်ခွင့် မရနိုင်ကြတော့ဘူး။

ဆိုတော့ တစ်ခုတော့ မှတ်ထားပေးပါ။ ကျွန်တော်တို့ဘဝတွေဟာ ဘယ်ကစပြီး ဘယ်ချိန်မှာဆုံးမလဲဆိုတာကို မသိပါဘူး။ ဘယ်သူ့ဆီမှာ၊ ဘယ်နိုင်ငံမှာ၊ ဘယ်ဒေသမှာ၊ ဘယ်မျိုးရိုးမှာ၊ ဘယ်လိုပတ်ဝန်းကျင်မှာ လူအဖြစ်ပေါက်ဖွားရရမယ်လို့ မျှော်လင့်ထားလို့မရသလို လုပ်ယူလို့လည်း မရနိုင်ပါဘူး။ သို့သော် အဲ့ဒီဘဝတွေကြားထဲမှာ တော်သူ၊ တတ်သူ၊ ကျွမ်းကျင်သူဖြစ်အောင်လို့တော့ အားလုံးမှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။

ဒီလို ရွေးချယ်ဖို့က သေးသေးလေးကအစ တဖြည်းဖြည်းစတင်နေဖို့ပဲ။ ဆင်ပေါက်တစ်ကောင်မွေးဖို့အတွက် ဆင်မတစ်ကောင်က ကိုယ်ဝန်နှစ်နှစ်လောက် အချိန်ယူကြရပါတယ်။ ဆိုရင်း သဘောကတော့ မီးခွက်ချင်း မတူကြပေမဲ့ အလင်းရောင်ကတော့ တူကြတယ် ပါပဲ။

ကဲ... ဘဝကို တစ်ဆင့်ချင်း ရွေးချယ်ပြောင်းလဲဖို့ ကြိုးစားနေသူတိုင်းအတွက် ShweNote မှာ စာအုပ် ​တစ်ရက်တစ်အုပ်ဖတ်ပြီး အသိပညာတွေ မျှဝေပေးကြမယ့် One Day One Book အစီအစဉ်ကို ပါဝင်ဖို့ ဖိတ်ခေါ်တယ်နော်။

အသေးစိတ်ဖတ်ရန်
https://www.facebook.com/104332484937140/posts/pfbid02nSRkbpKdYQKAz8daucgXyLRCxXMzGzKRuaVe8nQtTWb7imioaJzHx1VQY4QjYuqzl/?mibextid=Nif5oz


#၃၀မိနစ်တက္ကသိုလ်

Photos from အ လီ ဘာ ဘာ's post 04/01/2023
Want your business to be the top-listed Beauty Salon in Aunglan?
Click here to claim your Sponsored Listing.

Website

Address


Aunglan