Lucky pharmacy
ကျန်းမာခြင်းသုခတွေပြည့်စုံအောင်လပ?
ကျွန်တော်တို့ရဲ့ဖြစ်တည်မှုတွေအကုန်လုံးက
ကျွန်တော်တို့ရဲ့ကံတရားနဲ့ပဲ
100%သက်ဆိုင်နေတာမျိုးမဟုတ်ပါဘူး
ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုနဲ့လည်း
အများကြီးသက်ဆိုင်နေတာမျိုးဗျ
ကျွန်တော်တို့ကမမြင်ရတဲ့ကံတရားကို
မျှော်ကိုးနေမယ့်အစား
မြင်ရတဲ့ကြိုးစားအားထုတ်ကိုမြှင့်တင်လိုက်မယ်ဆိုရင်
ကျွန်တော်တို့ရဲ့အနာဂတ်ဟာ
ယခုထက်ပိုပြီးလင်းလက်လာမယ်...
02/02/2025
ကိုယ်ဝန်ဆောင်ချိန်မှာစစ်ဆေးသင့်တဲ့အချက်နံပတ်(11)
1️⃣1️⃣blood sugar(for possible diabetes)
ကိုယ်ဝန်ဆောင်နေချိန်မှာသွေးတွင်းမှာရှိတဲ့အချိုဓာတ်၊သကြားဓာတ်ကိုစစ်ပေးဖို့လိုပါတယ်။
blood sugerစစ်ခြင်းအားဖြင့်
ကိုယ်ဝန်ဆောင်မေမေမှာဆီးချိုရောဂါရှိလား?
ဆီးချိုရောဂါဖြစ်နိုင်ခြေရှိလား?ဒါတွေကြည့်လို့ရပါတယ်နော့်။
အားလုံးပဲသာယာသောနေ့လေးဖြစ်ကြပါစေရှင်...
01/02/2025
ကိုယ်ဝန်ဆောင်နေစဥ်စစ်ဆေးသင့်တဲ့အချက်နံပတ်(10)
🔟mother's progress,including emotional state
အမေရဲ့ရောဂါအခြေအနေအမေရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကိုကြည့်ပေးရမယ်။
အမေရဲ့စိတ်ခံစားချက်တွေကိုလည်းထည့်ပြီးစဥ်းစားဖို့လိုပါတယ်။
အားလုံးပဲသာယာသောနေ့လေးဖြစ်ကြပါစေ...
31/01/2025
ကလေးနှလုံးခုန်သံပုံမှန်နှုန်းကရောဘယ်လောက်ရှိပါသလဲ❓
ကလေးနှလုံးခုန်သံကပုံမှန်အားဖြင့်110ကနေ150အတွင်းရှိပါတယ်။ ဒါကလည်းလနုရင်ပိုမြန်နေတာပေါ့။နည်းနည်းလေးလရင့်လာတာနဲ့အမျှ120...130ရှိမယ်။အစောပိုင်းလနုတဲ့အချိန်မှာဆိုရင်တော့140...150လောက်ရှိမယ်။
အားလုံးပဲသာယာသောနေ့လေးဖြစ်ကြပါစေရှင်...
30/01/2025
ကလေးနှလုံးခုန်သံကိုရော နားထောင်ပြီး ဘယ်လိုစစ်ဆေးလို့ရလဲ?
ကလေးနှလုံးခုန်သံကိုနားထောင်တာကတော့...
✴ အချိန်မိနစ်ပိုင်းတစ်ခုကြာတဲ့အထိပေါ့အနည်းဆုံး1မိနစ်တော့နားထောင်ရပါမယ်။
✴ပုံမှန်နှုန်းထားရှိမရှိကိုစောင့်ကြည့်လို့ရပါတယ်။
✴နှုန်းကိုလည်းရေလို့ရပါတယ်။
✴သူ့ရဲ့ခုန်နှုန်းကမှန်နေရဲ့လားကိုလည်းနားထောင်လို့ရပါတယ်။
အားလုံးပဲသာယာသောနေ့လေးဖြစ်ကြပါစေရှင်....
29/01/2025
လူကြီးနှလုံးခုန်သံနဲ့ကလေးနှလုံးခုန်သံကတူလား?
လူကြီးနှလုံးခုန်သံနဲ့မတူပါဖူးနော်။
ကလေးနှလုံးခုန်သံကတော်တော်မြန်ပါတယ်။
လူကြီးနှလုံးခုန်သံက60....100ပေါ့
ကလေးနှလုံးခုန်သံကတော့110....150အတွင်းရှိပါတယ်ရှင့်။
အားလုံးပဲသာယာတဲ့နေ့လေးဖြစ်ကြပါစေ...
29/01/2025
ကလေးရဲ့နှလုံးခုန်သံကိုကိုယ်ဝန်ဘယ်နှစ်ပတ်မှာစကြားရသလဲ?
🔶Ultrasoundရိုက်လို့ရှိရင်probeကိုဗိုက်ပေါ်တင်ပြီးရိုက်တဲultrasoundနဲ့ဆိုရင်ကိုယ်ဝန်(7ပတ်)လောက်မှာကလေးနှလုံးခုန်သံကိုတွေ့ရကြားရပါတယ်။
🔶 မွေးလမ်းကြောင်းထဲကို probe ထည့်ပြီးရိုက်တဲ့
Ultrasoundနဲ့ဆိုရင်ကိုယ်ဝန်(6ပတ်)လောက်မှာကလေးနှလုံးခုန်သံကိုစပြီးကြားရပါတယ်။
🔶Fetal doppler နဲ့ကျတော့(14ပတ်)ဝန်းကျင်နောက်ပိုင်းမှစပြီးကြားရပါတယ်။
Dopplerနဲ့က
✔ကိုယ်ဘာသာကိုယ်လုပ်လို့ရတယ်။
✔လုပ််ရတာလည်းလွယ်ကူတယ်။
✔နားထောင်ရတာလည်းအဆင်ပြေတယ်။
✔ကောင်းကောင်းပြတ်ပြတ်သားသားလည်းကြားရတယ်။
အဲဒီတော့ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့Fetal dopplerလေးဝယ်ထားပြီးကိုယ့်ကလေးနှလုံးခုန်သံလေးနားထောင်ပြီးကြည်နူးလို့ရတာပေါ့ရှင်။
အားလုံးပဲသာယာသောနေ့လေးဖြစ်ကြပါစေ...
27/01/2025
ကိုယ်ဝန်ဆောင်နေချိန်မှာစစ်ဆေးသင့်တဲ့အချက်နံပတ်(9)
9️⃣progress of the baby (eg.size of uterus,
heartbeat)
ကလေးငယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ရမယ်။
ဥပမာ-သားအိမ်ကကြီးကြီးလာလား?ကလေးကကြီးကြီးလာတာနဲ့အမျှသားအိမ်ကကြီးလာမှာမလို့ပါ။
နှလုံးခုန်သံကိုအမြဲနားထောင်ပေးရမယ်။
ကလေးနှလုံးခုန်သံကိုdopplerလေးနဲ့နားထောင်တယ်။
အရင်တုန်းကတော့ထရမ်းဘတ်လေးနဲ့နားထောင်တယ်။
ခုနောက်ပိုင်းdopplerလေးနဲ့နားထောင်တော့တစ်ခုကောင်းတာကအမေရောအဖေရောကလေးနှလုံးခုန်သံကိုကြားရတယ်။ကြားရတော့ဝမ်းသာတာပေါ့။ကလေးနှလုံးခုန်သံဒုတ်ဒုတ်ဒုတ်ဒုတ်ဆိုတာကြားနေရတော့ဝမ်းသာကြတယ်။
အားလုံးပဲသာယာတဲ့နေ့လေးဖြစ်ကြပါစေ...
26/01/2025
Pap test =Pap smearစစ်ဆေးခြင်းအကြောင်း
💠သားအိမ်ခေါင်းကနေအကျိအချွဲလွှာယူတာကိုpap test=pap smearလို့ခေါ်ပါတယ်။
💠pap testဘယ်လိုစစ်တာလဲဆိုတော့သားအိမ်ခေါင်းအဝမှာရှိတဲ့အကျိအချွဲလေးကိုစိုင်တိုဖက်လို့ခေါ်တဲ့brushတံလေးနဲ့အသာလေးယူပြီးတော့အိုက်အချွဲလေးကိုအရောင်လေးဆိုးလိုက်တယ်မှန်ပြောင်းနဲ့ကြည့်တယ်။
💠pap testစစ်ဆေးတာ2မိနစ်ကနေ3မိနစ်ကြာတတ်ပါတယ်။
💠သက်တောင့်သက်သာတော့မဖြစ်ပါဘူး။
💠pap testစစ်ဆေးတဲ့အခါတချို့အမျိုးသမီးတွေမှာနဲနဲပါးပါးလေးနာကျင်တာတွေ့ရပါတယ်။တချို့အမျိုးသမီးတွေမှာတော့လုံးဝမနာကျင်ပါဘူး။နဲနဲလေးတင်းတာလောက်ပဲဖြစ်တတ်ပါတယ်။
💠pap testလုပ်နေစဥ်မှာ...
⏩စိတ်ကိုလျှော့ချထားပါ။
⏩အသက်ကိုပြင်းပြင်းရှုလိုက်ပါ။
💠pap test လုပ်တဲ့resultက1ပတ်ကနေ2ပတ်အတွင်းရတတ်ပါတယ်။
💠pap testစစ်တာကခွဲခန်းထဲဝင်ပြီးလုပ်ရတာမဟုတ်ပါဘူး။
လွယ်လွယ်ကူကူပါပဲ။
💠pap testကိုဘယ်လိုလူမျိုးတွေစစ်သင့်တာလဲ?
⏩လိင်ဆက်ဆံဖူးတဲ့အမျိုးသမီးအသက်25နှစ်ကနေ49နှစ်ကြားဆိုရင်(3)နှစ်ကိုတစ်ကြိမ်pap testစစ်သင့်ပါတယ်။
⏩လိင်ဆက်ဆံဖူးတဲ့အမျိုးသမီးအသက်50နှစ်ကနေ64နှစ်ကြားးဆိုရင်တော့(5)နှစ်ကိုတစ်ကြိမ်pap testစစ်သင့်ပါတယ်။
💠pap testစစ်ပေးခြင်းဟာဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တာလဲ?
⏩pap testစစ်ပေးခြင်းဖြင့်ရောဂါကိုစောစောသိနိုင်တယ်။
⏩pap testစစ်ပေးခြင်းဖြင့်ရောဂါတွေ့လာရင်စောစောကုသနိုင်တယ်။
⏩pap testစစ်ပေးခြင်းဖြင့်လူ့ဘဝကို သက်တမ်းစေ့နေနိုင်သွားမှာပါနော်။
အားလုံးပဲသာယာတဲ့နေ့လေးဖြစ်ကြပါစေ....
25/01/2025
ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာစစ်ဆေးသင့်တဲ့အချက်နံပတ်(8)
8️⃣cervix(Pap test)
💠cervixဆိုတာသားအိမ်ခေါင်းပါ။
💠pap testဆိုတာသားအိမ်ခေါင်းအကျိချွဲလွှာယူတာပါ။
သားအိမ်ခေါင်းကနေတုတ်ကလေးနဲ့လှည့်ပြီးအကျိချွဲလွှာယူတာပါ
ပြီးတော့အဲဒါကိုဓာတ်ခွဲခန်းပို့တာပါ။
သားအိမ်ခေါင်းကနေအကျိချွဲလွှာယူတာကိုpap testလို့ခေါ်တဲ့အပြင်pap smearလို့လည်းခေါ်ပါသေးတယ်။
pap testဘာလို့စစ်ရတာလဲဆိုတော့သားအိမ်ခေါင်းနားမှာရောဂါပိုးတွေရှိလား၊infectionတွေရှိလားသိရအောင်ပါ။ရောဂါပိုးတွေရှိနေရင် မြန်မြန်ကုသနိုင်အောင်လို့ပါ။
အားလုံးပဲသာယာတဲ့နေ့လေးဖြစ်ကြပါစေ....
Click here to claim your Sponsored Listing.
Category
Website
Address
မြို့မစျေးအပြင်ဖက်တန်း/ကန်ကြီးရပ်ကွက်/လမ်းမတော်လမ်း
Aunglan
04151
Opening Hours
| Monday | 06:30 - 18:00 |
| Tuesday | 06:30 - 18:00 |
| Wednesday | 06:30 - 18:00 |
| Thursday | 06:30 - 18:00 |
| Friday | 06:30 - 18:00 |
| Saturday | 06:30 - 18:00 |
| Sunday | 06:30 - 18:00 |
