Yoga With Ei Kyaw
Do yoga with me 🙏
25/01/2026
Yoga လုပ်ဖို့ moti လိုနေသူများအတွက် သီးသန့်ဖတ်ရန်
စာရှည်ပါသည်***
အပိုင်း (၁)
2019 ခုနှစ် ၃ လပိုင်း ၁၉ ရက်နေ့
ယောဂနဲ့ စထိတွေ့ခဲ့တယ် beginner
၁ ပတ်မှာ ၅ ရက် သင်ရတယ်
ပေါင်ချိန် 142 lb 😁
ပထမဆုံး ဆရာမ လေးက Victoria ပြင်သစ်သူလေး
အသက်က မတိမ်းမယိမ်း ပဲ
သင်တန်းမှာက only me (ကိုယ်တယောက်တည်း ပဲ)
၅ ရက်သင်ပြီးတဲ့အထိ ဘာမှ မမှတ်မိတာက ကိုယ်ပဲ
ဘာမှလည်း မလုပ်တတ်သေးဘူးရယ်
Pose name တွေ ခေါ်ဖို့အသာထား
သိကို မသိတာ ဆရာမ လုပ်ပြတဲ့အတိုင်းလိုက်လုပ်တာ
အမှန်က ၃ ရက်သင်ပြီးတော့
နားလိုက်တော့မယ် ဆုံးဖြတ်လိုက်တယ်
မလုပ်နိုင်ဘူးလေ ရာသီဥတုကကပူ
လူက အကြောကတင်း
မကွေးနိုင် မဆန့်နိုင် နဲ့ ဒီကြားထဲ ပြင်သစ်ဆရာမရဲ့
english speaking ကို နားမလည်တာပဲ 😂
သူက ဂျာမန်လို ပြောမယ်သင်ချင်လားတဲ့
ပိုဆိုးတော့တာပဲ (e skill နဲ့တောင် လည်နေတာ)😅
တော်သေးတယ် ပြင်သစ်လို မသင်ပေးတာ🤣
၃ ရက်အပြီး ပြန်မလို့ လုပ်နေတုန်း
ဆရာမက ကိုယ့် ဖုန်းနံပတ်တောင်းတယ်
နားမလည်တာရှိရင် Line app နဲ့ message ပို့မေးလို့ရတယ်တဲ့ သူ့အပြုံးမှာ ကိုယ်ကြွေကျ 😁
နောက်နေ့ ထပ်လာဖြစ်တော့တယ်
yoga ကို ရေစက်ပါဖို့ ဖြစ်လာခဲ့တော့တာပဲ
စိတ်ရှည်တဲ့ ဆရာမက basic ကို သေချာသင်ပေးခဲ့တယ်
သူ့ကြောင့်ပဲ ဒီ level ထိရောက်လာခဲ့တယ်
သူက အမြဲပြုံးနေတတ်တယ်
သူပြောတာ တခါတလေ နားမလည်ဘူးရယ်
နားမလည်မှန်းသိရင် ပိုပြုံးတာပဲ
body language မှာတော့ကိုယ့်ထက်သာတယ်
၂ ပတ်အကြာမှာတော့ သူ့စကားပြောတာကို
တော်တော် နားရည်လည်လာတယ်
ပိုသိလာတာပေါ့
pose name တွေ ကို စာအုပ်နဲ့ လိုက်မှတ်တယ်
သူ့ကိုမေးလိုက်မှတ်လိုက်နဲ့ တခါတခါ yoga သင်ချိန်က
၁ နာရီခွဲသွားတယ်
၃ ပတ်မြောက်မှာတော့ အခြားသင်တန်းသူတွေ
ထပ်တိုးလာတယ်
ကိုယ်ကတော့ sun salutation မှာပဲ
၁ လ သင်လိုက်ရတယ် (အဲလိုတော်တာ 😁)
ဆရာမက ၁ လခွဲ အကြာမှာပဲ သူ့နိုင်ငံကို
ပြန်သွားရတော့တယ် (ဆက်ရန်)
Yoga လုပ်ဖို့ moti လိုနေသူများ သီးသန့်ဖတ်ရန်
အပိုင်း (၂)
ပြင်သစ်ဆရာမလေးပြန်တော့
သြဇီက ဆရာမ Lucilla နဲ့ ဆက်သင်ဖြစ်ခဲ့တယ်
သူက native speaker ကြီး 😁
ပြောတာမြန်လွန်းလို့ မနည်းလိုက်နားထောင်ခဲ့ရတာ
Yoga သင်တာကတော့ အရမ်းတော်တဲ့သူ
Ashtanga yoga ကို သေချာသင်ပေးခဲ့သူ
အမြဲတမ်း active ဖြစ်နေတဲ့သူ
ပျော်တတ်လွန်းလို့ အသက်နဲ့မလိုက်အောင် နုပျိုသူပေါ့
သူနဲ့ yoga သင်ရတော့ ပိုပျော်လာတယ်
ပိုလည်း လုပ်နိုင်လာတာ လည်း ပါတာပေါ့
Yoga အခြေခံတွေကို စနစ်တကျ သင်ပေးခဲ့တာ
ကိုယ်လည်း yoga စျာန်ဝင်လာပီ
သူကလည်း yoga ကို အတွဲညီညီ သင်ပြပေးခဲ့တော့
yoga ဟာ ပင်ပန်းတယ်လို့ မခံစားရတော့ဘူး 😁
အခု Youtube က Joy yoga channel မှာ
သူ့ကိုတွေ့နိုင်တယ် (ဝင်လေ့လာလို့လည်းရ)
Namaste ! ဆက်ပါဦးမည်
Credit - photo by Lucilla Jane 😍
Yoga လုပ်ဖို့ moti လိုသူများ သီးသန့်ဖတ်ရန်
အပိုင်း (၃)
Lucilla ပြန်သွားတော့
Anastasiia ရောက်နေပြီ သူကတော့ ယူကရိန်းနိုင်ငံက
သူ့ဆီက yoga နဲ့ ပက်သတ်လို့ ဘာတွေ ရလိုက်လဲဆိုရင်
အများကြီးပဲ
ပထမဆုံးက practice တွေပေါ့
လေ့ကျင့်လိုက်ရတာဆိုတာ အရမ်းပဲ
ဘယ်လို လေ့ကျင့်ပေးလည်း မေးရင်
ကိုယ်ဖိရင်ဖိပဲ ရှယ်ကို ခိုင်းတာ 😂
သူကတော့ ဘာပဲလုပ်လုပ် တိတိကျကျပဲ
မရမချင်း မတတ်မချင်း ဆွဲခေါ်တာ
yoga pose တွေ အများစုက သူသင်ပေးလို့
စနစ်တကျ တတ်မြောက်လာခဲ့တာလို့ ပြောရမယ်
သင်ခဲ့သမျှ ဆရာမတွေထဲ သူက train နိုင်ဆုံး
၁ နာရီ မက လုပ်ရတယ်
၁ ချိနိပြီးတိုင်း ချွေးက ရေချိုးထားသလိုပဲ
သူနဲ့က အမှတ်တရကတော့ အများကြီးပဲ
သူက သင်တာ အရမ်းတော်တော့
အရမ်း အားကျမိရတဲ့ ဆရာမ ပဲ
သူ့ဆီက yoga အတွေ့အကြုံရော
နိုင်ငံရေး အတွေ့အကြုံပါ ရတယ်
သူ့ရဲ့ life style တွေကိုပါ sharing လုပ်ပေးတာ
Dinner date အကြိမ်ကြိမ်သွားတယ် အတူစားတယ်
သူငယ်ချင်း တယောက်လိုမျိုးထိ ခင်မင်ခဲ့တာ
သူရဲ့ Do or Die သင်ပေးတာ ကတော့ yoga story မှာ
အရမ်းအထောက်အပံ့ဖြစ်ခဲ့တာပဲ
Group photo by me 📸
Yoga လုပ်ဖို့ moti လိုသူများ ဖတ်ရန်သီးသန့်
အပိုင်း (၄)
Anastasiia မပြန်ခင်မှာပဲ Baboa နဲ့ သင်ဖြစ်ခဲ့တယ်
သူကတော့ Czech နိုင်ငံက
အသားဖြူဖြူ မျက်လုံးလှတဲ့ သူမက
Yoga ဟာ music နဲ့ လိုက်ဖက်ကြောင်း
သင်ပေးခဲ့သူပေါ့
Yoga အချိန်အများစုဟာ Piano ဒါမှမဟုတ်
violin အသံလေးနဲ့ flow ရတာပေါ့
အဲဒီ feel ကို သိပ်ကြိုက်လို့ yoga လုပ်ဖို့ဆိုရင်
သံစဥ် အေးအေးလေးတွေ ရှာတတ်ခဲ့တာပေါ့
frequency music တွေနဲ့လည်း yoga လုပ်ရင်း
ရင်းနှီးခဲ့ရတာ
yoga အပြင် အက ဝါသနာ ပါတဲ့ သူမက
တခါတလေ yoga dance လေးနဲ့ ခပ်မိုက်မိုက်လေးက
ဒီလိုနဲ့ပဲ yoga သင်တာဟာ ၆ လပြည့်ခဲ့ရော 😁
သူမက ၂၀၂၀ မှာ နောက်တခါ
ပြန်လာသင်ပေးခဲ့သေးတာ
တူတူလျှောက်လည်ဖြစ်ခဲ့တဲ့အမှတ်တရတွေက
အများကြီးပဲ 🥰
ဆက်ရန် 🥰
NAMASTE 🙏
Forearm Stand Practice ✨
Ei Kyaw
NAMASTE 🙏
ဒီ post ကတော့ အခွီသက်သက် 😁😌
01/01/2025
NAMASTE 🙏
နှစ်သစ်မှာ တူတူလှပပြီးတူတူကျန်းမာရဖို့
ကိုယ်နဲ့အတူ ယောဂကျင့်စို့ 💕💫✨
15/10/2024
NAMASTE 🙏
Yoga အတန်းများ (16.10.2024) မှ (20.10.2024)
ပိတ်ပါတယ်ရှင့်
မနက်အတန်းများ အစားထိုးအချိန် လာပေးပါရှင့်
class များ ပြန်ဖွင့်တဲ့အခါ
အချိန်လေးတွေ အနည်းငယ်ပြောင်းသွားပါတယ်
Morning class (6:30-7:30) am (Thu~Sun)
Evening class (4:30-5:30) pm (Mon~Thu)
ပျော်စရာသီတင်းကျွတ်အခါသမယ ဖြစ်ပါစေ 🙏✨✨✨✨✨✨✨✨
24/09/2024
ဘယ်လောက်ပူပူ ချွေးတလုံးလုံးနဲ့
yoga အချိန်တော့ ရှယ်ကို လုပ်နိုင်ကြတဲ့
ကိုယ့်ရဲ့ Yogi တွေ 💕👏✨
ညနေ class လေးကတော့ လူပြည့်လျှံနေပီ
ကိုယ့်ရဲ့ yoga အခန်းကျဉ်းလေးနဲ့ဆို
ပြန်အားနာနေရပီ 🙏
ကျယ်ကျယ်ဝန်းဝန်း yoga studio လေးတစ်ခု
အမြန်ဆုံးပိုင်ဆိုင်ချင်ပါပြီ 🙏💫✨
NAMASTE 🙏Free Head Stand လေးတွေ ရလာကြပြီတဖြေးဖြေး ကြာကြာ Hold နိုင်လာကြပြီ 🤩👏Yoga ကျငိ့တဲ့အခါ ကျွန်မတို့ခန္ဓာရဲ့Balance ကိုရှာဖွေရင်းရလာတဲ့စိတ်ကျေနပ်မှုဟာ ဘာနဲ့မှ မလဲနိုင်တဲ့ကိုယ့်အပိုင် ပျော်ရွှင်မှုဖြစ်လာတော့တာပဲ 🫶💕
03/08/2024
Lion's Breath
ဒီ yoga ကျင့်စဉ်က
လည်ချောင်းကို သန့်ရှင်းပေးခြင်း
အဆုတ်ကို oxygen ပိုရစေခြင်း
emitions တွေ release ဖြစ်စေခြင်းတို့ ကြောင့်
လူကြီးလူငယ်မရွေး ကျင့်သင့်ပါတယ်ရှင်
လာမယ့် Monday class မှာ ထည့်သင်ပါ့မယ်
မသိတဲ့သူတွေက share ပြီး blame နေကြတာမို့
ဒီပညာရပ်အကြောင်း သိစေချင်လို့ 🤩
30/07/2024
NAMASTE 🙏
Zoom Yoga Class 🙏
August လမှာ zoom နဲ့ join ချင်သူများရှိလို့
ပုံမှန် private class ကနေ လူဦးရေ အနည်းငယ်
ထည့်သင်ပေးပါ့မယ်ရှင့်
7 - 8 pm ( Monday; Wednesday; Friday)
13 times per month
Fees - 100000 Ks for 1 month
2.8.2024 မှာ စ join နိုင်ပါတယ်ရှင့် ✨💫
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Main Road (Kha Yay Pin Street)
Bagan
