Golden Myanmar Memories
ကျန်းမာလှပလိုသူတိုင်းSuccess Online Store -Bago မှြ
I phone 15 pro max black screen error ဖွင့်နည်းလေး တင်ပေးထားမယ်နော်။ Messenger ကလာလာမေးကြတာ ကိုယ်နဲ့ fri မဟုတိတော့ မတွေ့ လိုက် တာတွေရှိ လို့ပါနော် ။ I phone ရဲ့ ဘယ် ဘက်က ခလုတ် လေး၂ ခု ပါတာကို မြန်မြန်လေး တခုစီ နှိပ်ပါ ။ ပီးရင် ညာဘက်မှာရှိတဲ့ ခလုတ် တခု ထဲ ပါတာကို ၁၀ စက္ကန့် ကြာအောင် ဖိထားပေးပါ။ အာ့ဆို restart ဖြစ်ပီး ခဏ နေပြန် ပွင့်ပါ တယ်နော်။
30/09/2023
မိန်းမတစ်ယောက် တစ်ခုလပ် ဖြစ်သွားရင် ...အိမ်ထောင် ပြိုလဲပြီး
နောက်ထပ် အိမ်ထောင်တစ်ခု တည်ဆောက်ရင် . . .လက်ညှိုးထိုးပြီး အကုသိုလ်ယူနေတဲ့ လူ့ဘောင်အသိုင်းအဝိုင်းဆိုတာ သပ်သပ်ရှိတယ်။
တကယ်တော့ ရု,န်းထွက်နိုင်ခြင်းက လွတ်မြောက်မှု တစ်ခုဖြစ်ပြီး ရဲရင့်တဲ့
အမျိုးသမီးသာ လုပ်နိုင်တယ်ဆိုတာ သူတို့ မတွေးမိကြဘူး။
တချို့ဆို မကောင်းမှန်းသိတယ်။
သိပေမဲ့ ရု,န်းမထွက်နိုင်ဘူး။
နေ့ရက်တိုင်းဟာ အဓိပ္ပာယ် မရှိပေမဲ့
နာနာကျ င်ကျ င် ရှေ့ဆက်နေကြတယ်။
နောက်ပြီး ပထမအိမ်ထောင်မှာ
ကံဆိုးတဲ့ မိန်းမသားတွေက ဒုတိယအိမ်ထောင်မှာ ကံကောင်းတတ်ကြတယ်။
တချို့လူတွေရဲ့ အိမ်ထောင်ရေးကံက
အိမ်ထောင်ဖက် ဆုံးပါးသွားလို့ပဲ ဖြစ်ဖြစ်၊ အကြောင်း မတိုက်ဆိုင်လို့ပဲ ဖြစ်ဖြစ် အိမ်ထောင် နှစ်ဆက်၊ သုံးဆက်ဆိုတာမျိုးတွေ ရှိတတ်ကြတယ်။
အဲဒါတွေကိုလိုက်ပြီး ကဲ့ရဲ့နေမယ့်အစား စာနာတတ်ဖို့၊ အတိတ်ကံကို ပြန်တွေးပေးရင်း နားလည်တတ်ဖို့
လိုတယ်။
ကိုယ့်အပေါ် ကိုယ်ကောင်းနိုင်သလောက် ပြန်ကောင်းပေးနိုင်တဲ့ ...ကိုယ်လုပ်ပေးနိုင်တာထက် ပိုလုပ်ပေးနိုင်တဲ့ လူတစ်ယောက်ကို
သူတို့ဘဝထဲ ဝင်ခွင့်ပြုလိုက်တာဟာ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။
တချို့ စစ်မှန်ခြင်းတွေက အရောက် နောက်ကျတတ်ကြတယ်။
နောက်ကျပေမဲ့လည်း ပျော်ရွှင်ရခြင်းပဲမို့ သူ့အတွက် ပီတိဖြစ်ပြီး မုဒိတာ ပွားပေးရတယ်။
ဘယ်သူမဆို တွဲလိုက်တဲ့လူနဲ့ပဲ အသက် ထက်ဆုံး မြဲချင်ကြတာပေါ့။
မကောင်းပေမဲ့ အတတ်နိုင်ဆုံး သည်းခံပြီး ရှေ့ဆက်ကြတာပဲ။
ဒါပေမဲ့ ဝဋ်ကြွေး
ကုန်တဲ့အခါ လမ်းခွဲရတာ သဘာဝပဲ။
ရေစက်ပါလို့ နောက်ထပ် တွေ့ရတဲ့ လူတစ်ယောက်ကို လက်ခံခြင်း၊ လက်မခံခြင်းဟာ သူကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်။
ဘေးလူတွေက သူ့ဒဏ်ရာကို ရမမြင်နိုင်လို့ သူ့ရွေးချယ်မှု၊ သူ့ဘဝတည်ဆောက်မှုကို ဝင်ရောက်စွက်ဖက်ခွင့် မရှိသလို အပု,ပ်ချ ဝေဖန်ခွင့်လည်းမရှိဘူး။
ကိုယ်က ဒီတစ်ယောက်နဲ့ မြဲနေပေမဲ့ ကိုယ့်သားသမီး၊ ကိုယ့်မြေးတွေကျ
ဘယ်လိုဖြစ်မယ်ဆိုတာ ပြောမရဘူးလေ။
ကိုယ့်ပါးစပ်ကြောင့် ကိုယ့်သွေ၊းသားထဲ
ဝဋ်မလည်ပါစေနဲ့။
အရာရာတိုင်းဟာ သူ့ကံအကြောင်းတရားနဲ့သူပဲ မဟုတ်လား။
#သက်ထားခင်၊THK၊
(Crdလေးစားစွာ
" ခရီးမိုင် အကွာအဝေးများ "
ရန်ကုန် - ပဲခူး ၅၀ မိုင်
ရန်ကုန် - ဘုရားကြီး ၆၀ မိုင်
ရန်ကုန် - ဒိုက်ဦး ၈၆ မိုင်
ရန်ကုန် - ညောင်လေးပင် ၉၈ မိုင်
ရန်ကုန် - မဒေါက် ၁၁၀ မိုင်
ရန်ကုန် - ရွှေကျင် ၁၁၄ မိုင်
ရန်ကုန် - ကျောက်တံခါး ၁၁၅ မိုင်
ရန်ကုန် - ပဲနွယ်ကုန်း ၁၂၂ မိုင်
ရန်ကုန် - ဖြူး ၁၄၂ မိုင်
ရန်ကုန် - ဇေယျ၀တီ ၁၄၄ မိုင်
ရန်ကုန် - တောင်ငူ ၁၇၅ မိုင်
ရန်ကုန် - ရေတာရှည် ၁၉၂ မိုင်
ရန်ကုန် - ဆွာ ၂၀၁ မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) ၂၀၀ မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) ၂၅၀ မိုင်
ရန်ကုန် - ပျော်ဘွယ် ၃၁၂ မိုင်
ရန်ကုန် - မိတ္ထီလာ ၃၃၈ မိုင်
ရန်ကုန် - တောင်သာ ၃၈၁ မိုင်
ရန်ကုန် - မြင်းခြံ ၃၉၆ မိုင်
ရန်ကုန် - စစ်ကိုင်း ၄၂၅ မိုင်
ရန်ကုန် - မန္တလေး ၄၃၀ မိုင်
ရန်ကုန် - မုံရွာ ၄၉၅/၅၁၇ မိုင်
ရန်ကုန် - ပြင်ဦးလွင် ၄၇၂ မိုင်
ရန်ကုန် - ရွှေဘို ၅၀၀ မိုင်
ရန်ကုန် - တန့်ဆည် ၅၆၀ မိုင်
ရန်ကုန် - လားရှိုး ၆၀၅ မိုင်
ရန်ကုန် - တောင်ကြီး ၄၂၄ မိုင်
ရန်ကုန် - လွိုင်ကော် ၃၇၇ မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း ၄၀၀ မိုင်
ရန်ကုန် - တမူး ၇၂၅ မိုင်
ရန်ကုန် - မြစ်ကြီးနား ၉၁၉ မိုင်
ရန်ကုန် - လက်ပံတန်း ၈၅ မိုင်
ရန်ကုန် - ပြည် ၁၇၉ မိုင်
ရန်ကုန် - ပေါက်ခေါင်း ၂၀၃ မိုင်
ရန်ကုန် - အောင်လံ ၂၂၃ မိုင်
ရန်ကုန် - ကြံခင်း ၂၄၅ မိုင်
ရန်ကုန် - မြန်အောင် ၂၅၀ မိုင်
ရန်ကုန် - တောင်တွင်းကြီး ၂၈၀ မိုင်
ရန်ကုန် - မကွေး ၃၃၁ မိုင်
ရန်ကုန် - မင်းဘူး ၃၃၂ မိုင်
ရန်ကုန် - အထက်မင်းလှ ၃၅၀ မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း ၃၆၃ မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း ၃၉၇ မိုင်
ရန်ကုန် - ချောက် ၄၀၈ မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး ၄၃၁ မိုင်
ရန်ကုန် - ပခုက္ကူ ၄၄၅ မိုင်
ရန်ကုန် - မြင်းခြံ ၄၅၆ မိုင်
ရန်ကုန် - နွားထိုးကြီး ၄၇၆ မိုင်
ရန်ကုန် - တောင်ကုတ် ၂၇၉ မိုင်
ရန်ကုန် - သံတွဲ ၃၂၃ မိုင်
ရန်ကုန် - ကျောက်ဖြူ ၄၀၀ မိုင်
ရန်ကုန် - စစ်တွေ ၆၃၄ မိုင်
ရန်ကုန် - မအူပင် ၅၁ မိုင်
ရန်ကုန် - အိမ်မဲ ၇၅ မိုင်
ရန်ကုန် - မြောင်းမြ ၁၀၂ မိုင်
ရန်ကုန် - လပွတ္တာ ၁၅၀ မိုင်
ရန်ကုန် - ဂွ ၁၄၆ မိုင်
ရန်ကုန် - ဆပ်သွား ၁၈၂ မိုင်
ရန်ကုန် - ရေကြည် ၉၀ မိုင်
ရန်ကုန် - ငသိုင်းချောင်း ၉၃ မိုင်
ရန်ကုန် - ဟင်္သာတ ၉၆ မိုင်
ရန်ကုန် - ထူးကြီး ၁၃၃ မိုင်
ရန်ကုန် - ပုသိမ် ၁၁၅ မိုင်
ရန်ကုန် - ချောင်းသာ ၁၅၀ မိုင်
ရန်ကုန် - ငွေဆောင် ၁၄၅ မိုင်
ရန်ကုန် - ဖျာပုံ ၆၀/၈၅ မိုင်
ရန်ကုန် - ဘိုကလေး ၈၅/၁၀၅ မိုင်
ရန်ကုန် - ညောင်တုန်း ၃၅ မိုင်
ရန်ကုန် - ကျောင်းကုန်း ၇၄ မိုင်
ရန်ကုန် - ဇလွန် ၈၇ မိုင်
ရန်ကုန် - ကျိုက်လတ် ၇၄ မိုင်
ရန်ကုန် - ဝါးခယ်မ ၉၃ မိုင်
ရန်ကုန် - ကျုံပျော် ၉၆ မိုင်
ရန်ကုန် - ရွှေလောင်း ၇၈ မိုင်
ရန်ကုန် - ရုံးဒေါင့် ၈၀ မိုင်
ရန်ကုန် - ကျိုက်ပိ ၈၅ မိုင်
ရန်ကုန် - လေးမျက်နှာ ၁၁၀ မိုင်
ရန်ကုန် - သာပေါင်း ၁၄၂ မိုင်
ရန်ကုန် - ကျိုက်ထို ၁၁၀ မိုင်
ရန်ကုန် - ကျိုက်ထီးရိုး ၁၁၉ မိုင်
ရန်ကုန် - တောင်စွန်း ၁၂၀ မိုင်
ရန်ကုန် - ဘီးလင်း ၁၂၈ မိုင်
ရန်ကုန် - သထုံ ၁၅၂ မိုင်
ရန်ကုန် - မုတ္တမ ၁၉၀ မိုင်
ရန်ကုန် - မော်လမြိုင် ၁၉၄ မိုင်
ရန်ကုန် - မုဒုံ ၂၀၈ မိုင်
ရန်ကုန် - သံဖြူဇရပ် ၂၃၀ မိုင်
ရန်ကုန် - ကျိုက္ခမီ ၂၄၅ မိုင်
ရန်ကုန် - ဘားအံ ၁၈၀ မိုင်
ရန်ကုန် - သာမည ၂၀၀ မိုင်
ရန်ကုန် - ကော့ကရိတ် ၂၃၅ မိုင်
ရန်ကုန် - မြ၀တီ ၂၇၉ မိုင်
ရန်ကုန် - ရေး ၂၈၇ မိုင်
ရန်ကုန် - ထား၀ယ် ၃၉၇ မိုင်
ရန်ကုန် - မြိတ် ၅၅၀ မိုင်
ရန်ကုန် - ကော့သောင်း ၇၄၅ မိုင်
Thein Kyaw
Credit မူရင်းတင်
Credit photo - Google
ရှောင်နေလိုက်ပါ မိတ်ဆွေ ....
သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီ ဆိုရင်
တိုက်ရိုက် သွားမပြောနဲ့ ။
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ ။
သူ့အကျင့်ကို ရိပ်မိနေပြီမလား ?
သွားပြီး ပေါက်ကွဲမပြနဲ့ ။
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ ။
နင်က ဘယ်လို ငါက ဘယ်လို ဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့ မလိုပါဘူး ။
ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီမလား ?
ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့ ။
တဖြည်းဖြည်း ရှောင်နေလိုက်ပါ ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ ။
တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ ။
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး ။
မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ် ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ် ။
ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူ လို လေလွှင့်
ခွင့်ရရင် ရသလို ဖဲ့ညှစ်
အရာရာကို သူ့အပြစ် မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့ လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ ။
Crd....
28/09/2022
27/07/2022
၅ နှစ်အရွယ်တုန်းက
" မေမေ... သားကို
ဝက်သနီဟင်း ချက်ပေးပါ"
"ရမယ်... ငါ့သား"
၁၅ နှစ်အရွယ်မှာ
"မေမေ... ဝက်သနီမချက်နဲ့တော့
တခြားအရသာပြောင်းချက်ပါ"
"ရမယ်.. ငါ့သား"
၃၅နှစ်အရွယ်မှာ
"သားရေ...
ဘယ်တော့ အိမ်ပြန်ထမင်းစားမှာလဲ..
သားကြိုက်တဲ့ဝက်သနီ
အမေချက်ထားတယ်လေ.. "
"သား အလုပ်များတယ်...
အိမ်အပြန်နိုင်ဘူး မေမေ... "
အသက် ၅၀ အရွယ်မှာ
"သား... ဒီနေ့ သားအိမ်ရှေ့
အမေရောက်မယ်..
သားကြိုက်တဲ့ဝက်သနီ
အမေယူခဲ့မယ်နော်"
"မဖြစ်ဘူး မေမေ...
ဒီနေ့သား အိမ်မှာရှိမှာ မဟုတ်ဘူး"
အသက် ၇၀ အရွယ်မှာ
"အမေ.... သား ဝက်သနီစားချင်တယ်"
တစ်ဘက်မှာ ပြန်ထူးသံ မကြားရတော့ပြီ။
တရုတ်စာရေးဆရာ Bi Shumin ကပြောတယ်..
"မိဘရှိစဉ်က သွားဖို့လာဖို့နေရာရှိတယ်၊
မိဘမရှိတော့တဲ့အခါ
အိမ်ပြန်ဖို့လမ်းပျောက်တယ်" တဲ့။
အောင်မြင်တဲ့သားသမီးရဲ့
နောက်ကွယ်မှာ မိဘတွေရဲ့
အနစ်နာခံပေးဆပ်မှုတွေရှိတယ်။
သားသမီးတွေရဲ့
ဝဲပျံနိုင်တဲ့ အတောင်ပံတွေမှာ
မိဘတွေရဲ့ ရုန်းကန်
ထောက်ပံ့မှုတွေပါတယ်။
မူရင်းရေးသားသူအား လေးစားမှုဖြင့်
Credit ပေးပါတယ်။
20/07/2022
ချွဲစိန် 🥰🥰
29/01/2022
လူတစ်ယောက်အပေါ် ကိုယ့်ဘက်က ကောင်းပေးတိုင်း သူပြန်ကောင်းပေးလိမ့်မယ်ဆိုတဲ့
အာမခံချက်မျိုး မရှိဘူးနော်။
ကိုယ်ဘယ်လောက်ကောင်းပေးပေး၊
သူပြန်ကောင်းချင်မှ ကောင်းတာ။
ဒါကို လက်ခံတတ်ဖို့ပဲ လိုတယ်။
ကျွန်မကိုယ်ကျွန်မလည်း အမြဲသတိပေးနေရတဲ့ စကားပါပဲ။
ဘယ်လိုဆက်ဆံရေးတွေမှာပဲဖြစ်ဖြစ်
ကိုယ့်ဘက်က တတ်နိုင်တာထက်ပိုပြီး
ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ်၊
လုပ်ပေးနိုင်တာ၊ ကူညီနိုင်တာမှန်သမျှ
စိတ်အား၊လူအားနှစ်မျိုးစလုံးနဲ့ ကူညီပေးခဲ့တယ်။
ကိုယ်ချစ်ရ၊ တန်ဖိုးထားရတဲ့ ဆက်ဆံရေးတွေအတွက်ဆို ကျွန်မတို့ပိုပြီးတောင် အနစ်နာခံ၊ ပေးဆပ်ချင်ကြတယ်။ ဒါဟာ တစ်စုံတစ်ခုအတွက်မျှော်လင့်လို့လုပ်ပေးတာမဟုတ်ပဲ ကိုယ်တိုင်က
ချစ်လို့၊ လုပ်ပေးချင်လို့ကို လုပ်ပေးကြတာမဟုတ်လား။
ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဘ၀မှာ
ကိုယ့်အပေါ် မကောင်းတဲ့သူတွေ၊ ကိုယ့်ကို အသုံးချမယ့်သူတွေနဲ့ ကြုံတွေ့ရတဲ့ အခါမျိုးတွေရှိတယ်။
ကိုယ့်ရဲ့ မေတ္တာတွေ၊ စေတနာတွေကို စော်ကားမယ်၊ ကိုယ့်ရဲ့ သဘာကောင်းမှုတွေကို အသုံးချမယ်
နောက်ဆုံး ကိုယ့်ကို နောက်ကျောဓားနဲ့ထိုးမယ်၊ သစ္စာဖောက်မယ် ဆိုတဲ့အခိုက်အတန့်မျိုးတွေ သေချာပေါက်ကြုံရမှာပဲ။
အဲ့ဒီအခါကျ ကျွန်မတို့ ပြောမပြတတ်အောင်
နာကျင်ရပါတယ်။ ခံစားရပါတယ်။
သာမန်ဆက်ဆံရေးတွေအတွက်တော့ သိပ်မခံစားရပေမယ့် ကိုယ်တန်ဖိုးအထားရဆုံးလူတွေက
ဒီလိုလုပ်သွားတဲ့အခါ ပိုပြီး နာကျင် ခံပြင်းရပါတယ်။ "ငါဒီလောက် ကောင်းပေးရက်နဲ့၊
ငါ့ကို လုပ်သွားရက်လိုက်တာ၊ ငါ့မှာ ဘာအမှားရှိလို့လဲ ဘာကြောင့် ဒီလိုလုပ်ရတာလဲ" ဆိုပြီး ခံပြင်း၀မ်းနည်းကြတယ်။
တကယ်တော့လေ ကိုယ့်အမှားကြောင့်မဟုတ်တဲ့အနေအထားတွေအများကြီးရှိနိုင်တယ်။
ငါ့မှ လုပ်ရက်လေခြင်းမဟုတ်ဘူး။
လုပ်ရက်လို့ လုပ်သွားတာ။
ကိုယ်ဘယ်လောက်ပဲ ကောင်းကောင်း၊
ကိုယ်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်
လုပ်ရက်တဲ့သူက လုပ်ရက်မှာပဲ။
တစ်ချိန်ကျရင် ကိုယ့်ကို ခြေစုံပစ်ပြီးထွက်သွားမှာပဲ။ အဲ့လိုလူတွေက သီးသန့််ကိုရှိတယ်ဆိုတာ ယုံပါ။
ကျွန်မအဲ့လိုမျိုးတွေကြုံရင် ပြန်တွေးကြည့်တယ်။
ဒီဆက်ဆံရေးမှာ ကိုယ့်ဘက်က တာ၀န်ကျေခဲ့သလား၊ လိပ်ပြာလုံခဲ့သလားပေါ့။ ဟုတ်ပြီ။
ကျွန်မဘက်က တာ၀န်ကျေခဲ့တယ်၊ လိပ်ပြာလုံခဲ့တယ်ဆိုရင် ကျွန်မသိပ်ပြီး မခံစားနေတော့ဘူး။
နာကျင်မနေတော့ဘူး။ နှမြော၀မ်းနည်းမိပေမယ့်လည်းပေါ့။
ယောနိသောမနသိကာရပေါ့ သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းလိုက်တယ်။ ကိုယ်ကောင်းတိုင်းလည်း မကောင်းနိုင်ဘူး။ ဒီလူနဲ့ငါဟာ ရေစက်မပါလို့၊ ကံမပါလို့ စောစီးစွာ လမ်းခွဲရခြင်းပဲ၊ ငါ့အတွက် ကောင်းဖို့ဖြစ်လာတာပါ" လို့ပဲ လက်ခံလိုက်တယ်။
ကိုယ့်အပေါ် မကောင်းတဲ့သူတွေနဲ့ ကြုံတွေ့ရတာ
ကိုယ့်အတွက် သင်ခန်းစာရတယ်၊ လူတွေအကြောင်း သင်ပေးသွားတာပဲလို့တွေးပြီး ဖြေသိမ့်လိုက်တော့တယ်။
သေချာသိလိုက်ရတဲ့ အရာတစ်ခုက
ကိုယ်ဘက်လောက် ကောင်းပေးပေး
သူပြန်ကောင်းချင်မှ ကောင်းတာ
ကိုယ်ဘက်က ဘယ်လောက်သစ္စာရှိရှိ
ဖောက်ပြန်မယ့်သူက ဖောက်ပြန်မှာပဲ
နောက်ကျောဓားနဲ့ထိုးမယ့်သူက ထိုးမှာပဲ။
သူတို့ကို သွားပြောင်းလဲပေးလို့မရဘူး။
ငါကောင်းတဲ့အတိုင်း ဘာလို့ပြန်မကောင်းလဲ
သွားပြီး အပြစ်တင်နေလို့မရဘူး။
ဗီဇဆိုတာ ပြင်ပေးလို့မရဘူး။
အရေးကြီးတာက ကိုယ်ပဲ။
ဘယ်လိုဆက်ဆံရေးမှာမဆို
ကိုယ့်ဘက်က တာ၀န်ကျေခဲ့တယ်၊
လိပ်ပြာလုံခဲ့တယ်ဆိုရင် ကိုယ့်ဘက်က
နောင်တစရာမရှိပါဘူး။
စူးရှမေ
7:30 pm
26.1.2022 (Wed)
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Bago
