Dr. Khin Sandar Ko

Dr. Khin Sandar Ko

Share

What makes me happy? Achieving perfect symmetry and balance—in my work and in life. Also, discovering a new skincare ingredient that actually works!

Obsessed with helping you age gracefully.

25/09/2026

နှာခေါင်းဘေး smile line ထင်လာတိုင်း Filler ဖြည့်ရ
မလား?

👉မဖြစ်မနေ ဖြည့်ရမယ်လို့ မဆိုလိုပါဘူး။

နှာခေါင်းဘေးလိုင်းကို မြင်နေရတဲ့နေရာက
ပြဿနာစဖြစ်တဲ့နေရာ အမြဲတမ်းမဟုတ်ပါဘူး။

ဥပမာ 👉 အသက်အရွယ်နဲ့အမျှ ပါးအလယ်ပိုင်းမှာ အဆီထုထည်နဲ့ အောက်ခံအထောက်အပံ့တွေ ပြောင်းလဲလာတဲ့အခါ နှာခေါင်းဘေးလိုင်းက
ပိုထင်းပြီးလာနိုင်ပါတယ်။

ဒီလိုအခြေအနေမှာ အဲ့ဒီနေရာကိုပဲ ထပ်ခါထပ်ခါ ဖြည့်နေမယ်ဆိုရင် မျက်နှာက သဘာဝမကျဘဲ
ပိုလေးလံပြီး သဘာဝမကျတဲ့ပုံစံဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် မျက်နှာတစ်ခုလုံးရဲ့ ပုံစံ၊ အဆီအလွှာတွေ၊ အရေပြားအရည်အသွေးနဲ့ မျက်နှာလှုပ်ရှားပုံတွေကိုပါ ကြည့်ပြီးမှ ကုသမှုရွေးချယ်သင့်ပါတယ်။

“မြင်နေရတဲ့လိုင်းကိုပဲ ဖျောက်ဖို့ထက် ဘာကြောင့် အခေါက်ဖြစ်လာတာလဲဆိုတဲ့ အကြောင်းရင်းကို
အရင်ရှာရမှာပါ။”

လိုအပ်တဲ့နေရာကို လိုအပ်သလောက်ပဲ ပြုပြင်ပေးခြင်းက သဘာဝကျတဲ့ရလဒ် ရဖို့ ပိုအရေးကြီးပါတယ်။ 💛😊💛

Does every nasolabial fold need filler?

Not necessarily. The area where a fold appears is not always where the underlying change began.

Changes in midface volume and structural support can make the nasolabial fold more noticeable. Simply adding more filler directly into the fold may not always produce the most natural result.

Please Note:
Treat the cause, not just the fold. Aesthetic treatment should be based on the whole face, not one line in isolation.

25/09/2026

Young Face Vs Aging Face အဆက်လေး ထပ်ရေးပေးသွားပါမယ်ရှင်

မျက်နှာပုံစံ ပြောင်းလာတာ အရေးအကြောင်းကြောင့်ပဲလား? 🤔

အသက်အရွယ်နဲ့အမျှ မျက်နှာမှာ မြင်ရတဲ့
ပြောင်းလဲမှုတွေက
အရေပြားတစ်ခုတည်းကြောင့် မဟုတ်ပါဘူးရှင်၊

မျက်နှာအောက်မှာရှိတဲ့ အရိုး၊ အဆီအလွှာ၊ ထောက်ပံ့ပေးထားတဲ့ အရွတ်တွေနဲ့ အရေပြား အားလုံးမှာ တဖြည်းဖြည်း ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။

ငယ်ရွယ်စဉ်မှာ ပါးအပေါ်ပိုင်းက ပြည့်တင်းပြီး မေးရိုးဘက်က ပိုကျစ်လစ်တာကြောင့် မျက်နှာပုံစံက အပေါ်ပိုင်းကျယ်ပြီး အောက်ပိုင်းသွယ်တဲ့ပုံစံ ဖြစ်တတ်ပါတယ်။

အချိန်ကြာလာတာနဲ့ တချို့နေရာတွေမှာ အဆီထုထည် လျော့လာနိုင်သလို၊ တချို့နေရာတွေမှာ အဆီရဲ့တည်နေရာနဲ့ ဖြန့်ကျက်ပုံ ပြောင်းလာနိုင်ပါတယ်။ အရိုးနဲ့ ထောက်ပံ့ပေးထားတဲ့ တစ်ရှူးတွေမှာလည်း ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။

အဲ့ဒီအခါ
▫️ နားထင်ချိုင့်လာတာ
▫️ ပါးပြင်အရင်လို မပြည့်တော့တာ
▫️ နှာခေါင်းဘေးက ပါးစပ်ထောင့်အထိ
လိုင်း (smile line) ပိုထင်လာတာ
▫️ မေးရိုးလိုင်း အရင်လို မရှင်းတော့တာတွေ
တွေ့လာနိုင်ပါတယ်။

မျက်နှာမှာ မြင်ရတဲ့ ပြောင်းလဲမှုတစ်ခုကိုပဲ ကုသတာထက် ဘာကြောင့်ဖြစ်လာတာလဲ၊ ဘယ်အလွှာက ပြောင်းလဲနေတာလဲဆိုတာ အရင်နားလည်ဖို့ ပိုအရေးကြီးပါတယ်။

English Version🌷

Is facial change only about wrinkles?

Age-related facial changes do not occur in the skin alone. Bone, fat compartments, supporting ligaments and skin all change over time.

These changes can contribute to temporal hollowing, loss of cheek volume, more prominent nasolabial folds and reduced jawline definition.

Dr Khin’s Note:
Facial changes happen at more than one layer. Good aesthetic treatment starts with understanding what has changed, rather than simply treating what we can see.
-sharing

22/09/2026

ကျွန်မတို့တွေ အသက်ကြီးလာတာနဲ့
မျက်နှာမှာ မြင်ရတဲ့ပြောင်းလဲမှုတွေက
Skin တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

မျက်နှာအောက်မှာရှိတဲ့ Fat Pads တွေက တချို့နေရာမှာ volume လျော့လာတယ်၊ တချို့နေရာမှာ နေရာရွေ့ပြီး စုပုံလာတတ်တယ်။

မျက်နှာရဲ့ tissue တွေကို နေရာတကျ support ပေးထားတဲ့ Ligaments နဲ့ အနီးတစ်ဝိုက် tissue တွေမှာလည်း အသက်အရွယ်နဲ့အမျှ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။

အဲ့ဒီအခါ…

▫️ ပါးပြင် volume လျော့လာတယ်
▫️ Nasolabial fold ပိုသိသာလာတယ်
▫️ Jowl ပေါ်လာတယ်
▫️ Jawline မရှင်းတော့ဘူး
▫️ မျက်နှာတစ်ခုလုံးရဲ့ contour က တဖြည်းဖြည်းပြောင်းလာတယ်။

ဒါကြောင့် Dr. Khin အမြဲပြောသလို
မျက်နှာကျလာတိုင်း Skin ကိုပဲတင်းအောင်လုပ်တာ၊ Filler ဖြည့်လိုက်တာနဲ့ မပြီးပါဘူး။

ဘယ် layer မှာ ဘာတွေပြောင်းလဲနေလဲဆိုတာ အရင်သိဖို့လိုပါတယ်။

Skin လား?
Fat loss / redistribution လား?
Ligament support လား?
Bone structure changes လား?

မျက်နှာတစ်ခုလုံးကို layer by layer နားလည်ပြီးမှ ကိုယ့်အတွက်လိုအပ်တဲ့ treatment ကို ရွေးချယ်တာက ပိုအရေးကြီးပါတယ်။

Aesthetic Medicine မှာ ကျမသဘောကျတဲ့အချက်ကလည်း ဒါပါပဲ။

အသက်ကြီးလာတာကို ဖုံးကွယ်ဖို့ထက်
ကိုယ့်မျက်နှာရဲ့ structure ကို နားလည်ပြီး သဘာဝကျကျ အသက်ကြီးလာနိုင်ဖို့။ 🤍

We don’t age only on the surface.
We age in multiple layers.

— Dr. Khin

22/09/2026

မျက်နှာမှာ အရေးအကြောင်းပေါ်လာမှ
Collagen လျော့နေပြီလို့ ထင်နေသလား?

တကယ်တော့ Collagen က Skin တစ်ခုတည်းအတွက် မဟုတ်ပါဘူး။

အရေပြား၊ အရိုးအဆစ်၊ အရွတ်နဲ့ connective tissues တွေရဲ့ structure နဲ့ strength အတွက်လည်း အရေးပါတဲ့ protein တစ်မျိုးပါ။

အသက်ကြီးလာတာနဲ့အမျှ collagen production လျော့လာတဲ့အခါ—
✨ Fine lines & wrinkles ပိုမြင်လာတာ
✨ Skin firmness လျော့လာတာ
✨ Skin ပိုပါး၊ ပိုခြောက်လာတာ
✨ Joint stiffness ဖြစ်လာတာ
✨ ဆံပင်၊ လက်သည်း quality ပြောင်းလာတာ
✨ Wound healing နှေးလာတာ
✨ Muscle mass & strength လျော့လာတာ
စတဲ့ changes တွေကို တွေ့ရနိုင်ပါတယ်။

ဒါပေမယ့် ဒီလက္ခဏာတွေရှိတာနဲ့ Collagen နည်းနေတယ်လို့ တန်းသတ်မှတ်လို့ မရပါဘူးနော်။

Nutrition, hormones, sun exposure, lifestyle နဲ့ တခြားကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် Collagen supplement တစ်မျိုးတည်းကို အားကိုးမယ့်အစား—
Protein + Vitamin C + Exercise + Sun Protection + Healthy Lifestyle ကိုပါ အတူတူဂရုစိုက်ပေးပါ။ 🤍

Do you think collagen loss only shows up as wrinkles?

Collagen is about much more than just your skin. It is an important structural protein found in the skin, joints, tendons and other connective tissues throughout the body.

As we age and collagen production gradually declines, we may notice changes such as fine lines and wrinkles, reduced skin firmness, thinner or drier-looking skin, joint stiffness, changes in hair and nail quality, slower wound healing, and loss of muscle mass and strength.

However, these changes do not automatically mean you are “collagen deficient.” Nutrition, hormones, sun exposure, lifestyle and underlying health conditions can also play a role.

Rather than relying on collagen supplements alone, focus on the foundations:
adequate protein + vitamin C + regular exercise + sun protection + a healthy lifestyle.

Did you know collagen supports much more than just your skin?

—Dr. Khin

Photos from Dr. Khin Sandar Ko's post 22/09/2026

Thank you for your trust. 🤍

It is always a privilege to be trusted with someone’s skin, appearance, and confidence.

Whether you are a familiar face or someone visiting me for the first time, my approach remains the same — to listen, understand your individual needs, and provide thoughtful, evidence-based care with natural-looking results in mind.

ယုံကြည်ပြီး ရွေးချယ်ပေးတဲ့သူတိုင်းကို အမြဲကျေးဇူးတင်ပါတယ်ရှင်။ 🤍

ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကလာလာ
Dr. Khin အတွက်တော့ လူတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်၊ မျှော်လင့်ချက်နဲ့ သင့်တော်မှုကို သေချာနားထောင်ပြီး လုံခြုံမှု၊ သဘာဝကျမှုနဲ့ ရေရှည်အကျိုးရှိမှု ကို ဦးစားပေးပေးဖို့က အရေးကြီးဆုံးပါပဲ။

Thank you for choosing and trusting me.

Dr. Khin

22/09/2026

ဘဝမှာ ပိုနောင်တရစေတာက…
လုပ်လိုက်မိတဲ့အရာတွေလား၊ မလုပ်လိုက်မိတဲ့အရာတွေလား?

တကယ်တော့ နေ့တိုင်းလိုလို ကျမတို့မှာ
“လုပ်မလား၊ မလုပ်ဘူးလား” ဆိုတဲ့ ရွေးချယ်မှုလေးတွေ ရှိနေပါတယ်။

မနက်ခင်းစောစော အေးအေးလေးမှာ
အိပ်ရာထဲ ဆက်ကွေးနေမလား…
ပျင်းပျင်းနဲ့ပဲ ထပြီး Gym သွားမလား။

MSc ဆက်တက်မလား… မတက်ဘူးလား။

ဆက်တက်လိုက်ရင် နောက်ထပ် ၂ နှစ်လောက်
စာဖတ်ရမယ်၊ assignment တွေလုပ်ရမယ်၊ stress တွေရှိမယ်။ ကိုယ်ပိုင်အချိန်လျော့မယ်၊ မိသားစုအတွက်ပေးနိုင်တဲ့အချိန်လည်း တချို့လျော့သွားနိုင်တယ်။

ဒါပေမဲ့ မတက်လိုက်ဘဲနေရင် နောင်တစ်ချိန်မှာ
“အဲ့ဒီတုန်းက တက်လိုက်ရင်ကောင်းသား…”
လို့ ကိုယ်ပြန်တွေးမိမလားဆိုတာလည်း စဉ်းစားရတယ်။

အလုပ်မှာလည်း အတူတူပါပဲ။

သူများဝန်ထမ်းဘဝပဲဖြစ်ဖြစ်၊
ကိုယ်ပိုင်လုပ်ငန်းပဲဖြစ်ဖြစ်
“ငါ့အလုပ်ပဲ” ဆိုပြီး အကောင်းဆုံးလုပ်မလား၊
“ပြီးရင်ပြီးရော” ဆိုပြီး လုပ်မလား ဆိုတာလည်း
နေ့တိုင်း ကိုယ်တိုင်ရွေးချယ်နေရတာပါ။

တကယ်တော့ ဘဝဆိုတာ ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ ဖြစ်လာတာမဟုတ်ဘူး။

Gym သွားမသွားကအစ၊
ပညာဆက်သင်မသင်၊
အလုပ်ကို ဘယ်လောက်တာဝန်ယူမလဲ၊
မိသားစုအတွက် ဘာကိုဦးစားပေးမလဲ၊
စီးပွားရေးအတွက် risk တစ်ခုယူမယူအထိ…

နေ့တိုင်းလုပ်နေတဲ့ ရွေးချယ်မှုအသေးလေးတွေ စုပေါင်းပြီး နောက်ဆုံးမှာ
ကိုယ့်ဘဝပုံစံဖြစ်လာတာပါ။

ရွေးချယ်မှုတိုင်း မှန်နေဖို့တော့ မဖြစ်နိုင်ပါဘူး။
ရွေးချယ်မှုတိုင်းမှာလည်း ပေးဆပ်ရတာတစ်ခုခု
ရှိတတ်ပါတယ်။

အရေးကြီးတာက—

ကိုယ်ရွေးခဲ့တဲ့အရာရဲ့ နောက်ဆက်တွဲရလဒ်ကို
ကိုယ်တိုင်လက်ခံနိုင်ဖို့နဲ့ ကျေနပ်နိုင်ဖို့ပါပဲ။

ပင်ပန်းတာကိုရွေးရင်လည်း ဘာအတွက်ပင်ပန်းနေတာလဲ သိနေဖို့၊

မလုပ်ဖို့ရွေးရင်လည်း လွတ်သွားနိုင်တဲ့အခွင့်အရေးကို လက်ခံနိုင်ဖို့ပါ။

တချို့အရာတွေက လုပ်ခဲ့လို့ ပင်ပန်းရတယ်။

တချို့အရာတွေကတော့ မလုပ်ခဲ့မိလို့ နောင်တရတယ်။

ကျမကတော့ ရွေးချယ်စရာတစ်ခုရှေ့ရောက်တိုင်း ကိုယ့်ကိုယ်ကို ပြန်မေးဖြစ်တယ်—

“ဒီနေ့ ပင်ပန်းရမှာကို ပိုကြောက်တာလား၊
နောင်တစ်နေ့ ‘အဲ့ဒီတုန်းက လုပ်ခဲ့ရင်ကောင်းသား’ လို့ ပြောရမှာကို ပိုကြောက်တာလား?”

ဘဝက ရွေးချယ်မှုတွေနဲ့ တည်ဆောက်ထားတာပါ။

ကိုယ်ရွေးတဲ့လမ်းကိုတော့ ကိုယ်တိုင်ကျေနပ်နိုင်အောင် လျှောက်ဖို့ပဲ လိုပါတယ်။

ပေါ်လမ်းလျောက်ရင်း အတွေးပေါ်လာလို့



— Dr. Khin

17/09/2026

“ခါးဘေးတစ်ဖက်က ရုတ်တရက် အရမ်းနာလာတာ… အောက်ဗိုက်၊ ပေါင်ခြံဘက်အထိ နာကျင်မှုဆင်းသွားတာ…”

ဒီလိုဖြစ်လာရင် Kidney Stone — ကျောက်ကပ်ကျောက်တည်ခြင်း ကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ်။

Kidney Stone ဆိုတာ ဆီးထဲမှာရှိတဲ့ သတ္တုဓာတ်နဲ့ ဆားဓာတ်အချို့ စုပုံပြီး ကျောက်လေးတွေဖြစ်လာတာပါ။

ကျောက်က သေးသေးလေးဖြစ်နေပေမယ့် ဆီးလမ်းကြောင်းထဲ ရွေ့လာတဲ့အခါ ခါးဘေးတစ်ဖက်ပြင်းပြင်းနာခြင်း၊ နာကျင်မှုက အောက်ဗိုက်နဲ့ ပေါင်ခြံဘက်အထိ ဆင်းသွားခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးခဏခဏသွားချင်ခြင်း၊ ဆီးသွားရင်ပူခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

💧 ဘာကြောင့်ဖြစ်တတ်လဲ?

ရေသောက်နည်းတာက အရေးကြီးတဲ့အကြောင်းရင်းတစ်ခုပါ။

ဒါ့အပြင် ဆားများများစားတာ၊ အစားအသောက်ပုံစံအချို့၊ ကိုယ်အလေးချိန်များခြင်း၊ မိသားစုထဲ Kidney Stone ဖြစ်ဖူးသူရှိခြင်းနဲ့ အချို့ရောဂါ၊ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Kidney Stone ဖြစ်တိုင်း ခွဲစိတ်ရတာတော့ မဟုတ်ပါဘူး။ ကျောက်ရဲ့အရွယ်အစား၊ တည်နေရာနဲ့ ဆီးလမ်းကြောင်းပိတ်ဆို့မှုရှိ/မရှိ ပေါ်မူတည်ပြီး ကုသမှုက ကွာခြားပါတယ်။

ကျောက်သေးသေးလေးတွေက သူ့အလိုလို ထွက်သွားနိုင်ပေမယ့် ကျောက်ကြီးတာ၊ ပိတ်ဆို့နေတာမျိုးဆိုရင် ဆရာဝန်နဲ့ သေချာစစ်ဆေးကုသဖို့လိုပါတယ်။

⚠️ အထူးသဖြင့် နာကျင်မှုအရမ်းပြင်းတာ၊ ဖျားတာ/ချမ်းတုန်တာ၊ အန်တာမရပ်တာ၊ ဆီးထွက်နည်းသွားတာ သို့မဟုတ် ဆီးမထွက်တာ ဖြစ်လာရင် မစောင့်ဘဲ ဆေးရုံ/ဆရာဝန်ဆီ အမြန်ဆုံးသွားပါ။

Kidney Stone ကို ကာကွယ်ဖို့ အခြေခံအကျဆုံးကတော့ ရေဓာတ်လုံလောက်အောင်ထားခြင်း၊ ဆားလျှော့စားခြင်းနဲ့ ကိုယ့်အတွက်သင့်တော်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံကို ထိန်းထားခြင်း ပါပဲ။ 💙

Small habits today can protect your kidneys tomorrow.

— Dr. Khin 👩🏻‍⚕️

17/09/2026

ဘဝမှာ ကိုယ်တကယ်ကြိုက်တဲ့အရာကို
မရွေးချယ်ရဲဘဲ

သူများကြိုက်တာကိုပဲ လိုက်ရွေးခဲ့ဖူးလား?

ကိုယ်ဖြစ်ချင်တဲ့ပုံစံထက်
သူများမြင်ချင်တဲ့ပုံစံအတိုင်း နေခဲ့ဖူးလား?

သူများစိတ်မပျက်စေချင်လို့…
သူများအမြင်မှာ အဆင်ပြေစေချင်လို့…
ကိုယ်တကယ်လိုချင်တာထက်
သူများမျှော်လင့်ထားတာကို
ဦးစားပေးခဲ့ဖူးလား?

အခုအသက်အရွယ်မှာ ပိုနားလည်လာတာတစ်ခုက

လူတိုင်းကို ကျေနပ်အောင် နေဖို့ မလိုဘူး။

သူများနဲ့ မတူလို့လည်း ဘာမှမဖြစ်ဘူး။
သူများမကြိုက်တာကို ကိုယ်ကြိုက်နေလို့လည်း မှားတာမဟုတ်ဘူး။

ကိုယ့်ဘဝကို ကိုယ်ပဲ နေထိုင်ရမှာမို့
ကိုယ့်ရွေးချယ်မှုတွေထဲမှာ
ကိုယ့်ကိုယ်ကို မပျောက်သွားဖို့ပဲ အရေးကြီးတယ်။

You are you, not someone else.

Be true to yourself.
Be loyal to yourself.
Be the best version of you. 🤍

— Dr. Khin

17/09/2026

Keep Going 🤍

ဘဝမှာ အမြဲတမ်း ကိုယ်မျှော်လင့်ထားသလို
အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်လာတာတော့ မဟုတ်ဘူးနော်။

တချို့အချိန်တွေမှာ လမ်းကကြမ်းမယ်၊
ကိုယ်ထင်ထားတာထက် အချိန်ပိုယူရမယ်၊
ကြိုးစားနေပေမယ့် ရလဒ်က ချက်ချင်းမမြင်ရတာတွေလည်း ရှိမယ်။

အဲ့လိုအချိန်တွေမှာ
ကိုယ်သွားချင်တဲ့နေရာကို မမေ့ဖို့ပဲ အရေးကြီးပါတယ်။

မြန်မြန်မသွားနိုင်လည်း ရပါတယ်။
တစ်လှမ်းချင်းပဲဖြစ်ဖြစ် ဆက်လျှောက်နေပါ။

မောရင် ခဏနားပါ။
အားပြန်ဖြည့်ပါ။
ပြီးရင် ပြန်ဆက်လျှောက်ပါ။

နှေးနေတာက ရပ်နေတာ မဟုတ်ပါဘူး။

တချို့အရာတွေက ကိုယ်မျှော်လင့်ထားတာထက် အချိန်ပိုယူတတ်တယ်။
တချို့အိပ်မက်တွေကလည်း ကိုယ့်ကို ပိုပြီး စိတ်ရှည်တတ်အောင် သင်ပေးတတ်တယ်။

အခု ကိုယ်ဖြတ်သန်းနေရတဲ့ ခက်ခဲမှုတွေကလည်း
တစ်နေ့ကျရင် ပြန်ကြည့်ပြီး…

“ဒီလိုအချိန်တွေကိုတောင် ငါကျော်ဖြတ်ခဲ့တာပဲ”

လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူရမယ့် အမှတ်တရတွေ ဖြစ်လာမှာပါ။

အခြေအနေကောင်းတဲ့အချိန်မှာ ဆက်လျှောက်နိုင်တာ မခက်ပါဘူး။

အခြေအနေမကောင်းတဲ့အချိန်မှာတောင်
ကိုယ်ယုံကြည်တဲ့အရာကို မလွှတ်ဘဲ ဆက်လျှောက်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

Slow progress is still progress. 🤍

မောရင် နားလို့ရတယ်။
နှေးသွားလည်း ရတယ်။

ဒါပေမယ့် ကိုယ်တကယ်လိုချင်တဲ့အရာကိုတော့ လက်မလျှော့လိုက်ပါနဲ့။

ဒီည ကိုယ့်ကိုယ်ကို တစ်ခုပဲ ပြောလိုက်ပါ…

“ဖြည်းဖြည်းပဲဖြစ်ဖြစ်… ငါ ရှေ့ကို ဆက်သွားနေတယ်။” ✨

— Dr. Khin

Category

Website

Address


Dagon

Alerts

Be the first to know and let us send you an email when Dr. Khin Sandar Ko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Dagon.