TIP TOP Health Massage & Beauty Spa - Dawei
ကျန်းမာရေးအတွက် ၊ တစ်နေ့တာပင်ပန်းနွမ်းလျမှုတွေကို ဖြေဖျောက်ဖို့အတွက် TIP TOP က အသင့်ရှိနေပါတယ်🥰
19/05/2026
💆ယိုးဒယားသွားစရာမလိုဘဲ ထားဝယ်မြို့ပေါ်မှာဘဲ 𝐓𝐡𝐚𝐢 𝐓𝐫𝐚𝐝𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐚𝐬𝐬𝐚𝐠𝐞 နှိပ်ချင်တဲ့ ကာကာများအတွက်
📢𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚 လေးရှိပါတယ်ရှင့်
▫️Customer တွေအတွက် အဝတ်အစားတစ်စုံကို တစ်ခါဝတ်ပြီးတာနဲ့ တစ်ခါလျှော်ဖွပ်တာမို့ မသန့်မှာ မပူပါနဲ့🤗
▫️Coffee , ရေနွေး , ရေအေး , Lemon Rice Tea နဲ့ Snack အကုန်Free
▫️Air-Con အေးစိမ့်စိမ့်လေး
▫️သီးချင်းသံ ငြိမ့်ငြိမ့်လေးနဲ့
💆အေးဆေး Chill လုပ်မလား
💆အေးဆေး Relax လုပ်မလား
▫️အနှိပ်ဆရာရော ဆရာမရော ရှိတဲ့အတွက်
👴လူကြီး
👧လူငယ်
👩🦰အမျိုးသမီး
👨အမျိုးသားမရွေး
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐌𝐚𝐬𝐬𝐚𝐠𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 တွေပေးဖို့အတွက် အဆင်သင့်ရှိနေပါတယ်ရှင့်🙏🙏🙏
(𝐓𝐢𝐩 𝐓𝐨𝐩 𝐍𝐨𝐭𝐞𝐝: 𝐁𝐨𝐨𝐤𝐢𝐧𝐠 လေးတင်ထားတော့ လာတဲ့အချိန် လူပြည့်နေမှာကို မပူရတော့ဘူးပေါ့)🤗
#ရရှိနိုင်သော_ဝန်ဆောင်မှုများ
https://www.facebook.com/61553715251727/posts/122114996096123841/
𝐓𝐡𝐚𝐢 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐞𝐫𝐛𝐚𝐥 𝐁𝐨𝐝𝐲 𝐌𝐚𝐬𝐬𝐚𝐠𝐞
https://m.facebook.com/story.php?story_fbid=122116276640123841&id=61553715251727
𝐃𝐞𝐭𝐨𝐱𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐨𝐭 𝐒𝐩𝐚
https://fb.watch/poIPv3z5C1/
𝐓𝐡𝐚𝐢 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐨𝐝𝐲 𝐌𝐚𝐬𝐬𝐚𝐠𝐞
https://www.facebook.com/61553715251727/posts/122115327416123841/
𝐓𝐡𝐚𝐢 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐨𝐨𝐭 𝐌𝐚𝐬𝐬𝐚𝐠𝐞
https://m.facebook.com/story.php?story_fbid=122119253186123841&id=61553715251727
𝐄𝐚𝐫 𝐂𝐚𝐧𝐝𝐥𝐞 & 𝐇𝐞𝐚𝐝 𝐌𝐚𝐬𝐬𝐚𝐠𝐞
https://m.facebook.com/story.php?story_fbid=122114723336123841&id=61553715251727
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
📍ဆက်သွယ်ရန်
☎️ 09-756614344
☎️ 09-254802021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
16/05/2026
🤰 ကိုယ်ဝန်ဆောင်ချိန် အနှိပ်ခံလို့ရသလား?
အဖြေကတော့ ✔️ရပါတယ်။ ဒါပေမဲ့ စည်းကမ်းချက်လေးတွေတော့ ရှိပါတယ်။ ပုံမှန်အတိုင်း ပြင်းပြင်းထန်ထန် နှိပ်တာမျိုးမဟုတ်ဘဲ Prenatal Massage (ကိုယ်ဝန်ဆောင် သီးသန့်အနှိပ်) ကို စနစ်တကျ ခံယူမယ်ဆိုရင် မိခင်ရော ကလေးပါ စိတ်လက်ပေါ့ပါးလန်းဆန်းစေပါတယ်။
✅ အနှိပ်ခံခြင်းရဲ့ ကောင်းကျိုးများ
• စိတ်ဖိစီးမှု လျော့ကျခြင်း - Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ကျစေပြီး စိတ်ချမ်းသာစေတဲ့ ဟော်မုန်းတွေကို တိုးပွားစေပါတယ်။
• နာကျင်ကိုက်ခဲမှု သက်သာခြင်း - ခါးနာတာ၊ တင်ပါးဆုံနာတာနဲ့ ခြေထောက်ကြွက်တက်တာတွေကို သက်သာစေပါတယ်။
• အိပ်ပျော်စေခြင်း - အကြောအခြင်တွေ ပြေလျော့သွားတဲ့အတွက် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
• သွေးလည်ပတ်မှု ကောင်းမွန်ခြင်း - ဖောရောင်တာတွေကို လျော့ကျစေပြီး သွေးလည်ပတ်မှုစနစ်ကို ထောက်ပံ့ပေးပါတယ်။
⚠️ ဘယ်အချိန်မှာ သတိထားရမလဲ? (လိုက်နာရန် အချက်များ)
အနှိပ်ခံတော့မယ်ဆိုရင် အောက်ပါအချက်တွေကို မဖြစ်မနေ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
၁။ ပထမ ၃ လအတွင်း ရှောင်ပါ
ကိုယ်ဝန်နုစဉ် (First Trimester) မှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ အမြင့်ဆုံးဖြစ်တာကြောင့် ပညာရှင်အများစုက ဒီအချိန်မှာ အနှိပ်မခံဖို့ အကြံပြုကြပါတယ်။ ဒုတိယ ၃ လ (4 လပိုင်း) ထဲရောက်မှသာ အနှိပ်ခံတာ အန္တရာယ်အကင်းဆုံးပါ။
၂။ ကျွမ်းကျင်သူနှင့်သာ နှိပ်ပါ
ရိုးရိုးအနှိပ်သည်ထက် ကိုယ်ဝန်ဆောင်အနှိပ် (Prenatal Massage) ကို ကျွမ်းကျင်တဲ့သူနဲ့သာ ပြသပါ။ ဘယ်နေရာကို ဖိနှိပ်ရမယ်၊ ဘယ်နေရာကို ရှောင်ရမယ်ဆိုတာ သူတို့က ပိုသိပါတယ်။
၃။ အနေအထား မှန်ပါစေ
ဝမ်းဗိုက်ကို ဖိမိစေမယ့် မှောက်လျက်အနေအထားမျိုး (သို့) ပက်လက်အနေအထားမျိုးကို ရှောင်ရပါမယ်။ ဘေးစောင်းအိပ်တဲ့ အနေအထား ကသာ အသင့်တော်ဆုံးပါ။
၄။ ရှောင်ရမည့်နေရာများ
• ဝမ်းဗိုက်: ဗိုက်ကို ပြင်းပြင်းထန်ထန် နှိပ်တာမျိုး လုံးဝ (လုံးဝ) မလုပ်ရပါ။
• ခြေကျင်းဝတ်နှင့် ဖနောင့်: အချို့အနှိပ်ပညာရပ်တွေအရ ဒီနေရာတွေကို ပြင်းပြင်းဖိမိရင် သားအိမ်ကျုံ့တာကို ဖြစ်စေနိုင်တယ်လို့ ယူဆကြပါတယ်။
🚫 ဘယ်လိုမေမေတွေ အနှိပ်မခံသင့်ဘူးလဲ?
အကယ်၍ သင့်မှာ အောက်ပါအခြေအနေတွေရှိနေရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ-
• သွေးတိုးရောဂါရှိခြင်း (Preeclampsia)
• ကိုယ်ဝန်ဆိပ်တက်ဖူးခြင်း
• သွေးဆင်းဖူးခြင်း (သို့) ကိုယ်ဝန်ပျက်ကျမည့် လက္ခဏာရှိခြင်း
• ခြေထောက်တွင် သွေးခဲပိတ်ခြင်း (DVT) လက္ခဏာရှိခြင်း
💡 အကြံပြုချက်:
အနှိပ်မခံခင် မိမိပြသနေကျ သားဖွားမီးယပ်အထူးကုဆရာဝန်ကို အရင်ဆုံး ခွင့်ပြုချက်တောင်းဖို့ မမေ့ပါနဲ့နော်။ မေမေတို့ ကျန်းမာမှ လူနိုးလေးတွေ ကျန်းမာမှာမို့ အစစအရာရာ ဂရုစိုက်ကြပါရှင်။
✨ Tip Top ရဲ့ ရည်ရွယ်ချက် ✨
ကျွန်တော်တို့ဆိုင်ဟာ ဝင်ငွေထက် ဧည့်သည်တော်များရဲ့ "စစ်မှန်တဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု" ကို ပိုမိုဦးစားပေးပါတယ်။ ဒါကြောင့် အရက်ကင်းစင်ပြီး သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်မှာ စနစ်တကျ အနှိပ်ခံချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ဆီကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 🙏
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
#ထိုင်းရိုးရာအနှိပ်
#ထားဝယ်
#ကိုယ်ဝန်ဆောင်ဗဟုသုတ
29/04/2026
"Surprise!! 🎉 Tip Top Health Massage & Beauty Spa မှာ မင်းသားကြီး နိုင်နိုင်း လာရောက်ပြီး အပန်းဖြေအနားယူသွားပါတယ်ရှင့်😊
အပြင်မှာလည်း တကယ်ကို စမတ်ကျပြီး ဖော်ရွေလွန်းတဲ့ မင်းသားကြီးပါ။ ဝန်ထမ်းလေးတွေနဲ့လည်း အမှတ်တရပုံလေးတွေ ရိုက်ပေးသွားပါသေးတယ်ရှင့်😊 ဆိုင်ကို လာအားပေးတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်ရှင့်😊😊
🙏 မင်းသားကြီး ဒီထက်မက တိုးတက်ကြီးပွားအောင်မြင်ပါစေနော် 🙏
✅ မင်းသားကြီး ရွေးချယ်တဲ့ Tip Top Health Massage & Beauty Spa ကို လူကြီးမင်းတို့လည်း လာရောက်အနှိပ်ခံယူကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်😊
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
🚫ကျွန်တော်တို့ Tip Top Massageသည် ထားဝယ်မြို့တွင် Professional ကျကျ ကျန်းမာရေးနဲ့ Relaxationကိုသာ ဝန်ဆောင်မှုပေးရန် ရည်ရွယ်သောကြောင့် ဆိုင်အတွင်း အရက်သေစာသောက်စားခြင်း ၊ ဆေးလိပ်သောက်သုံးခြင်းခွင်မပြုသလို ၊ အရက်သေစာသောက်စားထားသူများကိုလဲ ဝန်ဆောင်မှု မပေးပါခင်ဗျ။အဆင်မပြေမှုများအတွက် အလေးအနက် တောင်းပန်ပါတယ်ခင်ဗျ။
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
#နိုင်နိုင်း
#ထိုင်းရိုးရာအနှိပ်
#ခြေထောက်အနှိပ် #ကျန်းမာရေး
#အနှိပ်ခံခြင်း #ကျန်းမာရေး
Menu & Price List Update ( 18.4.2026 )
Tip Top Health Masseage & Beauty Spa ရဲ့ပြင်ဆင်သတ်မှတ်လိုက်သော ဈေးနှုန်းများ
Thai Traditional Body Message
မိနစ် 60 / 20000ကျပ်
မိနစ် 90 / 25000ကျပ်
မိနစ် 120/ 30000ကျပ်
Meridian Body Message
မိနစ် 60 / 20000ကျပ်
မိနစ် 90 / 25000ကျပ်
မိနစ် 120/ 30000ကျပ်
Thai Traditional foot Message
မိနစ် 60 / 18000ကျပ်
Meridian foot Message
မိနစ် 60 / 18000ကျပ်
Head & Shoulder Message
မိနစ် 60 / 20000ကျပ်
Ear Candle & Head Message
မိနစ် 60 / 28000ကျပ်
Herbal Body Message
မိနစ် 60 / 30000ကျပ်
မိနစ် 90 / 40000ကျပ်
Herbal foot Message
မိနစ် 60 / 30000ကျပ်
Detoxification foot Spa
မိနစ် 60 / 30000ကျပ်
Herbal Jelly foot Message
မိနစ် 80 / 25000ကျပ်
Salt Scrubbing foot Message
မိနစ် 60 / 25000ကျပ်
Herbal Jelly Salt Scrubbing foot Message
မိနစ် 100 / 35000ကျပ်
ဈေးနှုန်းအနည်းငယ်အပြောင်းအလဲ ရှိသွားပေမယ့် ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ Quality ကို ဆက်လက် ထိန်းသိမ်းသွားမှာမို့ ဆက်လက်ပြီး အားပေးကြပါဦးနော်။
ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ ✨
နွမ်းနယ်နေတဲ့ သင့်ခန္ဓာကိုယ်ကို အနားပေးဖို့ အခုဘဲ Tip Top Massage မှာAppointment ယူလိုက်တော့နော်! 💆♂️💆♀️
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
🚫ကျွန်တော်တို့ Tip Top Massageသည် ထားဝယ်မြို့တွင် Professional ကျကျ ကျန်းမာရေးနဲ့ Relaxationကိုသာ ဝန်ဆောင်မှုပေးရန် ရည်ရွယ်သောကြောင့် ဆိုင်အတွင်း အရက်သေစာသောက်စားခြင်း ၊ ဆေးလိပ်သောက်သုံးခြင်းခွင်မပြုသလို ၊ အရက်သေစာသောက်စားထားသူများကိုလဲ ဝန်ဆောင်မှု မပေးပါခင်ဗျ။အဆင်မပြေမှုများအတွက် အလေးအနက် တောင်းပန်ပါတယ်ခင်ဗျ။
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
#ထိုင်းရိုးရာအနှိပ်
#ခြေထောက်အနှိပ် #ကျန်းမာရေး
#အနှိပ်ခံခြင်း #ကျန်းမာရေး
10/04/2026
သင်္ကြန်ပိတ်ရက် ကြေညာချက် 💦🌸
မင်္ဂလာပါရှင့် 🙏
မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာ အတာသင်္ကြန်ပွဲတော်ကြီးသို့ ရောက်ရှိလာတော့မည့် အခါသမယတွင် Tip Top Health Massage & Beauty Spa မှ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင့်။
သင်္ကြန်ပိတ်ရက်ကာလအတွင်း Tip Top Health Massage & Beauty Spa အား အောက်ပါအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ် -
• ပိတ်မည့်ရက် - ၁၃.၄.၂၀၂၆ (သင်္ကြန်အကြိုနေ့) မှ ၁၇.၄.၂၀၂၆ (နှစ်ဆန်း ၁ရက် နေ့) အထိ
• ပြန်လည်ဖွင့်လှစ်မည့်ရက် - ၁၈.၄.၂၀၂၆ ( နှစ်ဆန်း ၂ရက် နေ့ - စနေနေ့ )
သင်္ကြန်ပိတ်ရက်အတွင်း အားလပ်ရက်ကို မိသားစု၊ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ တောင်းဆုပြုလိုက်ရပါတယ်ရှင့်။ ပိတ်ရက်အပြီး ပြန်လည်ဖွင့်လှစ်တဲ့အခါမှာလည်း အကောင်းဆုံးဝန်ဆောင်မှုများဖြင့် ပြန်လည်ကြိုဆိုနေမှာဖြစ်လို့ အခုပဲ Appointment ကြိုတင်ရယူထားနိုင်ပါတယ်ရှင့်။
ပျော်ရွှင်စရာ အတာသင်္ကြန်ဖြစ်ပါစေ။ 💦🎊
Tip Top Health Massage & Beauty Spa
ချစ်ခင်ရပါသော Customer များသို့ ညှိုးငယ်စွာအသိပေးခြင်း
လက်ရှိ ကုန်ဈေးနှုန်းနဲ့ အခြေခံစရိတ်စကများ သိသိသာသာ မြင့်တက်လာနေတဲ့ အခြေအနေမှာ ကျွန်တော်တို့လုပ်ငန်းအနေနဲ့ ဝန်ဆောင်မှု အရည်အသွေးကို အကောင်းဆုံး ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် အခက်ခဲများစွာကြားက ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့လည်း လုပ်ငန်းရေရှည်ရပ်တည်နိုင်ဖို့နဲ့ လူကြီးမင်းတို့ကို ပေးအပ်နေကျ Service Quality ကို မလျော့နည်းသွားစေဖို့အတွက် လာမယ့် သင်္ကြန်အပြီးမှာ ဝန်ဆောင်ခများကို အနည်းငယ် တိုးမြှင့်သတ်မှတ်သွားရတော့မှာ ဖြစ်ပါကြောင်း ညှိုးငယ်စွာ အသိပေးအပ်ပါတယ်ခင်ဗျာ။
ဈေးနှုန်းပြောင်းလဲမယ့်ကာလ: သင်္ကြန်ပိတ်ရက်အပြီး လုပ်ငန်းပြန်ဖွင့်ချိန်မှစ၍
ပြောင်းလဲသွားမည့်ဈေးနှုန်းများကိုလည်း မကြာမီ အသိပေးတင်ပြသွားပါမည် ခင်ဗျာ။
အမြဲတမ်း ယုံကြည်အားပေးကြတဲ့ Customer များကို အထူးပဲ ကျေးဇူးတင်ရှိပြီး အခုလို ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှုကိုလည်း နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ 🙏
တပေါင်းလပြည့်နေ့ ပိတ်ရက်ကြေငြာခြင်း
မင်္ဂလာပါခင်ဗျာ
ကျွန်တော်တို့ Tip Top Health Massage & Beauty Spa ကို အစဉ်တစိုက် ယုံကြည်အားကိုးပြီး လာရောက်အားပေးကြတဲ့ ချစ်လှစွာသော Customer များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ
လူကြီးမင်းတို့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ပေးပြီး အလှအပနဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးရတာဟာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်
တပေါင်းလပြည့်နေ့ ( 2.3.2026 )ရက်နေ့တွင် ကျွန်တော်တို့ဆိုင်အား ခေတ္တခဏ ပိတ်ထားမည်ဖြစ်ကြောင်း လေးနက်စွာ အသိပေးအပ်ပါတယ်ခင်ဗျာ။
(3.3.2026) ရက်နေ့မှစ၍ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများ၊ လန်းဆန်းတက်ကြွစေမယ့် Massage နဲ့ Spa အစီအစဉ်များဖြင့် ပုံမှန်အတိုင်း ပြန်လည် ဝန်ဆောင်မှုပေးသွားပါမယ်ခင်ဗျ
မိမိတို့ အဆင်ပြေမည့် အချိန်လေးများကို Messenger (သို့မဟုတ်) ဖုန်းမှတစ်ဆင့် ကြိုတင် Booking ရယူနိုင်ပါတယ်ခင်ဗျာ
ကျေးဇူးတင်ရှိလျက် -
Tip Top Health Massage & Beauty Spa မိသားစု
05/02/2026
"လက်ရာမပျက် အကောင်းဆုံးဖန်တီးထားတဲ့ ကြက်ပူထုပ်လေးများ ပြန်လည်ရရှိနိုင်ပါပြီ။
ပစ္စည်းပြတ်နေစဉ်အတွင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်
ကြပ်ပူထုပ်ထိုးခြင်း (Herbal Body Massage)
ကြပ်ပူထုပ်ထိုးခြင်းသည် ရှေးဟောင်းတရုတ်ရိုးရာကုထုံးတစ်ခုဖြစ်ပြီး ဆေးဖက်ဝင်အပင်များကို ပိတ်စချည်ထုပ်ဖြင့် ထုပ်ပြီး အပူပေးကာ ကိုယ်အင်္ဂါများကို နှိပ်နယ်ပေးခြင်းဖြစ်သည်။
ကြပ်ပူထုပ်ထိုးခြင်းရဲ့ အကျိုးကျေးဇူးများကတော့
✅သွေးလည်ပတ်မှုကောင်းစေခြင်း
- အပူနှင့် ဖိနှိပ်နှိပ်နယ်ပေးခြင်းကြောင့် သွေးစီးဆင်းမှုကို မြှင့်တင်ပေးပြီး ကြွက်သားများ၊ အဆစ်အမြစ်များသို့ အောက်ဆီဂျင်နှင့် အာဟာရများ ပိုမိုရောက်ရှိစေပါသည်။
✅ကြွက်သားနာကျင်ကိုက်ခဲမှုသက်သာစေခြင်း
- အပူဓာတ်နှင့် နှိပ်နယ်မှုက ကြွက်သားတောင့်တင်းမှု၊ ဇက်ခိုင်ခြင်း၊ ခါးနာခြင်းများကို လျော့ပါးစေပါသည်။
✅အဆိပ်အတောက်များဖယ်ရှားပေးခြင်း
- ချွေးထွက်မှုကို အားပေးသဖြင့် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ (Toxins) ကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါသည်။
✅အရေပြားကျန်းမာရေးကောင်းစေခြင်း
- ဆေးဖက်ဝင်အပင်များ၏ သဘာဝဓာတ်စာများက အသားအရေကို စိုပြေစေပြီး ဝက်ခြံ၊ အဖုအပိမ့်များကို လျော့ကျစေပါသည်။
✅စိတ်ဖိစီးမှုလျော့ကျစေခြင်း
- နှိပ်နယ်ခြင်းဖြင့် စိတ်ကိုလန်းဆန်းစေပြီး စိုးရိမ်ပူပန်မှုနှင့် အိပ်မပျော်ခြင်းကို သက်သာစေပါသည်။
✅ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း
- ခန္ဓာကိုယ်တွင်းရှိ လန်ဖစ် (lymphatic) စနစ်ကို လှုံ့ဆော်ပေးကာ ရောဂါခုခံနိုင်စွမ်းကို မြှင့်တင်ပေးပါသည်။
✅အဆစ်အမြစ်ရောင်ရမ်းမှုကို သက်သာစေခြင်း
- ရောင်ရမ်းမှုကို လျှော့ချပေးသည့် ဂျင်း၊ နနွင်းကဲ့သို့သော ဆေးဘက်ဝင်ပစ္စည်းများပါဝင်သဖြင့် အဆစ်နာခြင်းကို သက်သာစေပါသည်။
ကြပ်ပူထုပ်ထိုးခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူပြုသည့် သဘာဝကုထုံးတစ်ခုဖြစ်ပါသည်။ စိတ်ဖိစီးမှုလျော့ချရေးနှင့် အထွေထွေကျန်းမာရေးကို အထောက်ကူပြုပါသည်။ ခါးနာခြင်းကို အထူးပင် သက်သာစေပါသည်။
ကြပ်ပူထုပ်ထိုးခြင်းကို စနစ်တကျခံယူခြင်တယ်ဆိုရင်တော့ မင်မင်တို့ Tip Top Health Massage and Beauty Spa ကို အခုပဲလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်
-----------------------------------------------
ဈေးနှုန်းလေးတွေကတော့ .....
ခန္ဓာကြပ်ထုပ်ထိုး ( Herbal Body Massage )
၁နာရီခွဲ - ၃၀၀၀၀
ခြေထောက်ကြပ်ထုပ်ထိုး ( Herbal Foot Massage )
၁နာရီ - ၂၃၀၀၀
Monday to Friday ကို မနက် ၈ ကနေ မနက် ၁၁ အတွင်း Happy Hours မှာလာရင်တော့ 30% discount 😮 တောင်ရှိတယ်နော်
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
01/02/2026
စိတ်ဖိစီးမှုများတာဘဲ ဖြစ်ဖြစ် ၊ ပန်းပန်းနွမ်းနယ်လို့လညောင်းညာကိုက်ခဲတာဘဲ ဖြစ်ဖြစ် အခဏတာအနားယူ အဖန်းဖြေချင်တယ်ဆိုရင် ထားဝယ်မြို့က Tip Top Massage ကိုသာလာခဲ့လိုက်ပါခင်ဗျ❤️
Tip Top Massage ဆိုတာ လူကြီး လူငယ် ဖိုးဖိုး ဖွားဖွားမရွေး သက်သောင့်သက်သာလာနိုင်တဲ့ Family Massage တစ်ခုဘဲဖြစ်ပါတယ်ခင်ဗျ❤️😍🤗
Tip Top Health Massage & Beauty Spa အနေနဲ့ Customer တိုင်း စိတ်ကျေနပ်မှုအပြည့်နဲ့ ဘေးကင်းလုံခြုံစွာ အပန်းဖြေနိုင်ဖို့ အမြဲကြိုးစားနေပါတယ်ခင်ဗျာ။
နွမ်းနယ်နေတဲ့ သင့်ခန္ဓာကိုယ်ကို အနားပေးဖို့ အခုဘဲ Tip Top Massage မှာAppointment ယူလိုက်တော့နော်! 💆♂️💆♀️
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
🚫ကျွန်တော်တို့ Tip Top Massageသည် ထားဝယ်မြို့တွင် Professional ကျကျ ကျန်းမာရေးနဲ့ Relaxationကိုသာ ဝန်ဆောင်မှုပေးရန် ရည်ရွယ်သောကြောင့် ဆိုင်အတွင်း အရက်သေစာသောက်စားခြင်း ၊ ဆေးလိပ်သောက်သုံးခြင်းခွင်မပြုသလို ၊ အရက်သေစာသောက်စားထားသူများကိုလဲ ဝန်ဆောင်မှု မပေးပါခင်ဗျ။အဆင်မပြေမှုများအတွက် အလေးအနက် တောင်းပန်ပါတယ်ခင်ဗျ။
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
#ထိုင်းရိုးရာအနှိပ်
#ခြေထောက်အနှိပ် #ကျန်းမာရေး
#အနှိပ်ခံခြင်း #ကျန်းမာရေး
31/01/2026
အနှိပ်ခံမလား? ဒါလေးတွေ ကြိုသိထားရင် ပိုကောင်းတဲ့ အတွေ့အကြုံ ရစေမှာနော်! ❤️💯
ချစ်ရတဲ့ Customer များခင်ဗျာ...
ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေဖို့ အနှိပ်ခံတာဟာ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါ။ ဒါပေမဲ့ အနှိပ်မခံခင်မှာ ဒီအချက်လေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင် ပိုပြီး ထိရောက်ကောင်းမွန်တဲ့ Massage အတွေ့အကြုံကို ရရှိမှာဖြစ်ပါတယ်။
အနှိပ်မခံမီ ရှောင်ရန်/ဆောင်ရန် အချက်များ
✅ ၁။ အချိန်ပေးပါ
အနှိပ်ခံဖို့ စီစဉ်ထားရင် အချိန်အလုံအလောက်ပေးပါ။ အနှိပ်ခံပြီး ချက်ချင်း အလုပ်များတာ၊ ပြေးလွှားရတာမျိုး ရှောင်ပါ။ အေးအေးဆေးဆေး နားနေမှ Massage ရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရပါမယ်။
▪️Massage ခံပြီးနောက် ရေနွေးနွေးလေး သောက်ပြီး အနားယူတာ အကောင်းဆုံးပါ။
❌ ၂။ အရက်နှင့် ကဖင်းဓာတ်ပါသော အရာများ ရှောင်ပါ
အနှိပ်မခံမီ (၂၄) နာရီအတွင်း အရက်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ပါ။ အရက်က သွေးလည်ပတ်မှုကို မြန်စေတာကြောင့် အနှိပ်ခံရင် ဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။
ကော်ဖီ (သို့) ကဖင်းဓာတ်များတဲ့ အချိုရည်တွေက ခန္ဓာကိုယ်ကို လန်းဆန်းစေပေမဲ့ Massage ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Relaxation ကို အနှောင့်အယှက်ဖြစ်စေနိုင်တာမို့ အနှိပ်မခံခင် (၂) နာရီလောက်တော့ ရှောင်သင့်ပါတယ်။
✅ ၃။ အစာအများကြီး မစားပါနှင့် (သို့မဟုတ် အစာမရှိလည်း မဖြစ်)
အနှိပ်မခံမီ ချက်ချင်း ဗိုက်ပြည့်အောင် အများကြီးစားလာခြင်းကို ရှောင်ပါ။ အစာမကြေတာ၊ ရင်ပြည့်တာမျိုး ဖြစ်တတ်ပါတယ်။
ဗိုက်ဆာလွန်းတာလည်း မကောင်းပါဘူး။ ပေါ့ပေါ့ပါးပါး အစာအနည်းငယ်စားထားတာက အနှိပ်ခံနေချိန် မူးမိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အနှိပ်မခံခင် (၁-၂) နာရီအလိုလောက်က အစာစားထားတာ အကောင်းဆုံးပါ။
✅ ၄။ ရေများများ သောက်ပါ
အနှိပ်ခံမယ့်နေ့မှာ ရေသောက်များပေးခြင်းက ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝစေပြီး ကြွက်သားတွေကို ပြေလျော့လွယ်စေပါတယ်။
❌ ၅။ အရေပြားပေါ် အဆီ/ Lotion များ လိမ်းမလာပါနှင့်
ကိုယ်တိုင် အနှိပ်ခံရာမှာ အနှိပ်ဆီတွေ အသုံးပြုရမှာဖြစ်လို့ အရေပြားပေါ်မှာ တခြားအဆီတွေ ဒါမှမဟုတ် ခရင်မ်တွေ အများကြီး လိမ်းကျံလာခြင်းကို ရှောင်ပါ။
✅ ၆။ ဝန်ထမ်းကို အသိပေးပါ
သင့်မှာ ခံစားနေရတဲ့ နာကျင်မှု (သို့) ကျန်းမာရေးပြဿနာ (ဥပမာ- ဇက်ကြောတက်တာ၊ ခါးနာတာ၊ ကိုယ်ဝန်ရှိတာ၊ အရေပြားရောဂါရှိတာ) မျိုးရှိရင် ကျွန်တော်တို့ ဝန်ထမ်းတွေကို ကြိုတင်ပြောပြပေးပါ။ ဒါမှ သင့်အတွက် အသင့်တော်ဆုံး Massage ပုံစံနဲ့ ဝန်ဆောင်မှုကို ပေးနိုင်မှာပါ။
Tip Top Health Massage & Beauty Spa အနေနဲ့ Customer တိုင်း စိတ်ကျေနပ်မှုအပြည့်နဲ့ ဘေးကင်းလုံခြုံစွာ အပန်းဖြေနိုင်ဖို့ အမြဲကြိုးစားနေပါတယ်ခင်ဗျာ။
နွမ်းနယ်နေတဲ့ သင့်ခန္ဓာကိုယ်ကို အနားပေးဖို့ အခုဘဲ Tip Top Massage မှာAppointment ယူလိုက်တော့နော်! 💆♂️💆♀️
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
🚫ကျွန်တော်တို့ Tip Top Massageသည် ထားဝယ်မြို့တွင် Professional ကျကျ ကျန်းမာရေးနဲ့ Relaxationကိုသာ ဝန်ဆောင်မှုပေးရန် ရည်ရွယ်သောကြောင့် ဆိုင်အတွင်း အရက်သေစာသောက်စားခြင်း ၊ ဆေးလိပ်သောက်သုံးခြင်းခွင်မပြုသလို ၊ အရက်သေစာသောက်စားထားသူများကိုလဲ ဝန်ဆောင်မှု မပေးပါခင်ဗျ။အဆင်မပြေမှုများအတွက် အလေးအနက် တောင်းပန်ပါတယ်ခင်ဗျ။
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
#ထိုင်းရိုးရာအနှိပ်
#ခြေထောက်အနှိပ် #ကျန်းမာရေး
#အနှိပ်ခံခြင်း #ကျန်းမာရေး
29/01/2026
👣 ပင်ပန်းနွမ်းနယ်မှုတွေကို အဝေးသို့ကင်းစင်စေမယ့် "𝐓𝐢𝐩 𝐓𝐨𝐩 𝐌𝐚𝐬𝐬𝐚𝐠𝐞 ရဲ့ ထိုင်းရိုးရာ ခြေထောက်အနှိပ်ပညာ"
တစ်နေကုန် လမ်းလျှောက်ရတာများလို့ပဲဖြစ်ဖြစ်၊ ရုံးမှာ ထိုင်ရလွန်းလို့ပဲဖြစ်ဖြစ် သင့်ခြေထောက်တွေ ညောင်းညာကိုက်ခဲနေပြီလား❓
𝐓𝐢𝐩 𝐓𝐨𝐩 𝐌𝐚𝐬𝐬𝐚𝐠𝐞ရဲ့ ထိုင်းရိုးရာ 𝐅𝐨𝐨𝐭 𝐌𝐚𝐬𝐬𝐚𝐠𝐞 က သင့်ကို တစ်ခါတည်းနဲ့ လန်းဆန်းသွားစေမှာပါ။
⏰ ဘယ်အချိန်မှာ အနှိပ်ခံသင့်လဲ?
ခြေထောက်နှိပ်ဖို့ အကောင်းဆုံးအချိန်တွေကတော့ -
▪️ အလုပ်ပိတ်ရက် ညနေခင်းများ
တစ်ပတ်တာလုံး ပင်ပန်းသမျှကို အနားပေးဖို့ အကောင်းဆုံးပါ။
▪️ခရီးဝေးသွားပြီးချိန်
လမ်းလျှောက်ရလွန်းလို့ ခြေသလုံးတွေ တောင့်တင်းနေချိန်။
▪️ညအိပ်မပျော်ဖြစ်နေချိန်
စိတ်ဖိစီးမှုများပြီး အိပ်စက်ဖို့ ခက်ခဲနေတဲ့ ညနေခင်းတွေမှာ နှိပ်ပေးရင် နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
▪️လေ့ကျင့်ခန်းလုပ်ပြီးချိန်
ကြွက်သားတွေ နာကျင်မှုကို လျှော့ချချင်တဲ့အခါ။
_______________________________________
✨ ထိုင်းရိုးရာခြေထောက်နှိပ်ခြင်းရဲ့ အကျိုးကျေးဇူးများ
ထိုင်းရိုးရာနည်းစနစ်ဟာ ခြေဖဝါးက အကြောမှတ်တွေကို ဖိနှိပ်ပေးတာမို့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ထိရောက်မှုရှိပါတယ်။
▪️သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း
ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှု ကောင်းစေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
▪️စိတ်ဖိစီးမှု လျော့ကျခြင်း
စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်စေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။
▪️အညောင်းအညာ ပြေစေခြင်း
ခြေထောက်တင်မကဘဲ ခါးနဲ့ ကျောရိုး နာကျင်မှုတွေကိုပါ သက်သာစေပါတယ်။
▪️ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးခြင်း
အတွင်းကလီစာတွေရဲ့ လုပ်ဆောင်ချက်ကို အကြောမှတ်တွေကတစ်ဆင့် လှုံ့ဆော်ပေးပါတယ်။
💯အကြံပြုချက် - အနှိပ်ခံပြီးရင် ရေနွေးနွေးလေး တစ်ခွက်သောက်ပေးပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ စွန့်ထုတ်မှုကို ပိုမိုမြန်ဆန်စေမှာပါ။
🤙နွမ်းနယ်နေတဲ့ သင့်ခြေထောက်လေးတွေကို အနားပေးဖို့ အခုဘဲ Tip Top Massage မှာAppointment ယူလိုက်တော့နော်! 💆♂️💆♀️
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
🚫ကျွန်တော်တို့ Tip Top Massageသည် ထားဝယ်မြို့တွင် Professional ကျကျ ကျန်းမာရေးနဲ့ Relaxationကိုသာ ဝန်ဆောင်မှုပေးရန် ရည်ရွယ်သောကြောင့် ဆိုင်အတွင်း အရက်သေစာသောက်စားခြင်း ၊ ဆေးလိပ်သောက်သုံးခြင်းခွင်မပြုသလို ၊ အရက်သေစာသောက်စားထားသူများကိုလဲ ဝန်ဆောင်မှု မပေးပါခင်ဗျ။အဆင်မပြေမှုများအတွက် အလေးအနက် တောင်းပန်ပါတယ်ခင်ဗျ။
💚𝓟𝓻𝓸𝓶𝓸𝓽𝓲𝓷𝓰 𝔀𝓮𝓵𝓵𝓷𝓮𝓼𝓼 𝓽𝓱𝓻𝓸𝓾𝓰𝓱 𝓶𝓪𝓼𝓼𝓪𝓰𝓮𝓼💚
▫️Open - 8:00 AM ▫️Close - 7:00 PM
🪷𝑻𝒊𝒑 𝑻𝒐𝒑 𝐇𝐞𝐚𝐥𝐭𝐡 𝑴𝒂𝒔𝒔𝒂𝒈𝒆 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐩𝐚🪷
▫️▫️▫️▫️▫️◽️◽️◽️▫️▫️▫️▫️▫️
📍ဆက်သွယ်ရန်
☎️ 09-7566 14344
☎️ 09-25 480 2021
📪𝐀𝐝𝐝𝐫𝐞𝐬𝐬
▪️၈၄/က ၊ ရတနာလမ်း ၊ ဆန်းချီစာသင်ကျောင်းရှေ့လမ်း ၊ စီမံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
📍GPS - https://maps.app.goo.gl/vD5V9BYQBcZQBV7DA?g_st=ic
#ထိုင်းရိုးရာအနှိပ်
#ခြေထောက်အနှိပ် #ကျန်းမာရေး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
၈၄/က ၊ ရတနာလမ်း ၊ စီနံကိန်းရုံးရှေ့ ၊ ဆန်းချီရပ်ကွက် ၊ ထားဝယ်မြို့။
Dawei
14011
Opening Hours
| Monday | 08:00 - 19:00 |
| Tuesday | 08:00 - 19:00 |
| Wednesday | 08:00 - 19:00 |
| Thursday | 08:00 - 19:00 |
| Friday | 08:00 - 19:00 |
| Saturday | 08:00 - 19:00 |
| Sunday | 08:00 - 19:00 |
