Palae's Cutie Corner

Palae's Cutie Corner

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Palae's Cutie Corner, Hinthada.

05/06/2026

ဆံမြိတ်ချထားခြင်းရဲ့ နောက်ကွယ် 😂😂😂

22/05/2026

ဟုတ်လား 😂

15/05/2026

ပိုပိုပျော်ရွှင်ဖို့ဆိုရင်

၁။ဘယ်သူ့ကိုမှ မမုန်းပါနဲ့
မုန်းတယ်ဆိုတာ စိတ်ပူလောင်စေတယ်။
မမုန်းပါနဲ့။စွန့်လွှတ်လိုက်ပါ။Let go လုပ်ပါ။
ကင်းနိုင်သမျှ ကင်းအောင် နေလိုက်ပါ။
အမုန်းတရားတွေနဲ့ ကုန်ဆုံးဖို့ အချိန်တွေ
နှမြောစရာကောင်းပါတယ်။

၂။ခုလက်ရှိအချိန်မှာပဲ နေထိုင်ပါ
Live in the present well.
အတိတ်ကိုလည်း တတ်နိုင်သမျှ မတွေးပါနဲ့။
မဖြစ်လာသေးတဲ့အနာဂတ်ကိုလည်း
သိပ်မတွေးပါနဲ့။ခုလက်ရှိမှာ ကိုယ်ဟာ
အကောင်းဆုံး ကြိုးစားနေမယ်ဆိုရင်
အနာဂတ်အတွက် သိပ်ပူစရာမလိုပါဘူး။
ဘဝက ကောင်းမွန်ပါတယ်။အချိန်တန်တော့
ရသင့်ရထိုက်တာ ပေးပါလိမ့်မယ်။

၃။ အနည်းငယ်ပဲ မျှော်လင့်ပါ
လူတွေအပေါ် မျှော်လင့်ချက်သိပ်မထားပါ
နဲ့။အများကြီးပျော်ရွှင်ချင်ရင် အနည်းငယ်ပဲ
မျှော်လင့်ပါ။မျှော်လင့်တဲ့အတိုင်း မဖြစ်လာရင်
ထင်ထားတာထက် ပိုနာကျင်ရတယ်။
Be expect less from people.

၄။ မကြာမကြာ ပြုံးပါ
ပျော်တဲ့အခါ ပြုံးမိသလို မပျော်တဲ့အခါ
ပိုပြုံးရမယ်။လွယ်တော့ မလွယ်ဘူး။ဒါပေမဲ့
ကြိုးစားပြုံးရမှာပဲ။အပြုံးဟာ ရှေ့ဆက်ဖို့
ခွန်အားတွေ ပေးနိုင်ပါတယ်။တစ်ပြိုင်နက်
သန်မာခြင်းတွေပါ ပေးပြန်တယ်။

၅။ ကိုယ့်မှာ ပိုင်ဆိုင်တာကို တန်ဖိုးထားပါ
မရှိတာထက်စာရင် ရှိတာက ပိုကောင်းတယ်။
သုံးစရာပိုက်ဆံမရှိတာထက်စာရင်
အနည်းငယ်ရှိနေတာက ပိုသာတယ်။
လူဆိုတာ လောဘ သိပ်မကြီးရဘူး။လိုအပ်သ
လောက်ပဲ လိုအင်ဆန္ဒ ရှိသင့်တယ်။များသွား
ရင် စိတ်ပင်ပန်းရတာပဲ။ဒါကြောင့် ကိုယ့်ဘဝ
မှာ ဘာမှ မရှိဘူးလို့ တွေးနေမဲ့အစား ရှိသင့်
သလောက်ပိုင်ဆိုင်ခွင့်ရလို့ ကျေးဇူးတင်ပါ။
ပြောရရင် ကိုယ့်ဘဝကို ကျေနပ်ရမယ်။

၆။ နေတတ်အောင် နေပါ
အထီးကျန်ခြင်းမှာ နေသားကျအောင် နေပါ။
တစ်ယောက်ထဲ ဖြစ်သွားမှာကို မကြောက်နဲ့။
လူ့ဘဝ မွေးလာကတည်းက တစ်ယောက်ထဲ
အရင်မွေးလာရတယ်။ရင်ဆိုင်ရဲဖို့ သတ္တိရှိပါ။
တစ်ယောက်ထဲလည်း ပျော်အောင် နေတတ်ရမယ်။ပျော်စရာတွေ ဖန်တီးယူနိုင်ရမယ်။
ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်ဆီကပဲ စတင်ပါ။

၇။ စီးမျောခွင့် ပေးပါ
လူတွေက စိတ်ပင်ပန်းမှုတွေ မကြုံချင်ဘူး။
ဒုက္ခတွေ မကြုံချင်ဘူး။ဝမ်းနည်းမှုတွေ မကြုံ
ချင်ဘူး။ကိုယ်လည်း မကြုံချင်ပါဘူး။
ဒါပေမဲ့ မကြုံချင်လို့ဆိုပြီး မရဘူးလေ။
ရှောင်လေ ကြုံရလေ။ဒီတော့ ဒုက္ခတွေကို
စီးမျောခွင့်ပါ။ဘဝထဲ ဝင်လာခွင့်ပြုပါ။
ဒုက္ခတွေကို နွေးထွေးပေးလိုက်ပါ။
သူ့ကို လိုအပ်တဲ့ဂရုစိုက်မှုပေးလိုက်ရင်
အချိန်တန်ရင် ပြန်ထွက်သွားလိမ့်မယ်။
ဘဝကို ကြုံလာသမျှ အခြေအနေပေါ်
မူတည်ပြီး စီးမျောလိုက်တာလည်း တစ်မျိုး
ကောင်းတယ်။စီးမျောတယ်ဆိုတာ ရင်ဆိုင်
ဖြေရှင်းပြီး နေလိုက်တာကို ဆိုလိုပါတယ်။

ဒီတော့ သိပ်မညည်းညူပါနဲ့။အပြစ်မတင်ပါနဲ့။
လူရယ်လို့ဖြစ်လာရင် ကိုယ့်ဘဝကို ဦးစွာ
တာဝန်ယူရမယ်။အကောင်းဆုံး အလှပဆုံး
အဖြစ် ရှင်သန်တတ်ရမယ်။


#နူးနူးအောင်

13/05/2026

ကိုယ်ကဘယ်လိုလူမျိုးဖြစ်ဖြစ်

ကိုယ်ရောက်နေတဲ့နေရာကိုတန်ဖိုးထားပါ

ဇွဲလုံ့လ ဝီရိယကိုအားမလျှော့ဘဲ လုပ်တတ်ရတယ်

Photos from Palae's Cutie Corner's post 13/05/2026

လမ်းက ဝေးနေသေးလို့
အားမငယ်လိုက်ပါနဲ့ဦး၊
ပင်လယ်ဆိုတာလည်း မိုးပေါက်လေးတွေ
စုမိရာက ဖြစ်လာတာပဲ မဟုတ်လား။
သတိထားကြည့်ရင်...
မင်း ဖြတ်ကျော်ခဲ့တဲ့ လမ်းတွေမှာ
မင်း မသိလိုက်ဘဲ ရင့်ကျက်လာတဲ့ စိတ်တွေရှိတယ်၊
ကျရှုံးမှုတိုင်းရဲ့ နောက်ကွယ်မှာ
ပိုပြီး တော်လာတဲ့ မင်းရှိနေတယ်။

သူများတွေနဲ့ လိုက်မနှိုင်းပါနဲ့
ပန်းတိုင်းက တစ်ချိန်တည်း မပွင့်သလို
မင်းရဲ့ အောင်မြင်မှုကလည်း
သူ့အချိန်နဲ့သူ ရောက်လာမှာပါ။

အဓိကက...
မရပ်တန့်ဘဲ ကိုယ့်ခြေလှမ်းနဲ့ကိုယ်
မှန်မှန်လေး လျှောက်နေဖို့ပါပဲ။

💌
#နိုင်းနိုင်းစနေ
#စာတို
#မေတ္တာ

12/05/2026

မိုးရာသီဆိုရင်....🥴

12/05/2026

ခဏခဏ မေ့လို့

အတိတ်တွေ အနာဂတ်တွေသိပ်တွေး မနေနဲ့

လက်ရှိကိုသာ အာရုံစိုက်ဖို့ အရေးကြီးပါတယ်💪🏻💪🏻💪🏻

11/05/2026

ချစ်စရာလေးတွေ🍀💚💚🥰

မြောင်းမြမြို့အိမ်အရောက်ငွေချေရ

11/05/2026

ပြဿနာကိုကြောက်လို့ရပ်နေရင် ဘဝဘယ်တော့မှ မတိုးတက်တော့ဘူး
ဒုက္ခရောက်နေတဲ့ အချိန်ပိုကြိုးစားကြမယ်

10/05/2026

ပြဿနာကိုကြောက်လို့ရပ်နေရင် ဘဝဘယ်တော့မှ မတိုးတက်တော့ဘူး

Telephone

Website

Address


Hinthada

Alerts

Be the first to know and let us send you an email when Palae's Cutie Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Hinthada.