DK Salon & Barber Shop

DK Salon & Barber Shop

Share

ဝါသနာကို အရင်းအနှီးပြု၍ အနာဂတ်ကို ထိန်းကျောင်းပါ

13/05/2025

Woww

သိပ္ပံပညာရှင်တွေဟာ ကနေဒါနိုင်ငံ၊ ဗန်ကိုးဗားကျွန်းတဝိုက်အနီးက ရှေးဟောင်း ရေအောက်မီးတောင်တခု ကနေ ပုံမှန်ထက် အလွန်ကြီးမားပြီး အရေအတွက် သန်းနဲ့ချီတဲ့ ဥတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဥ တွေ့တာ မထူးဆန်းပေမဲ့ ဒီလောက် သန်းချီတဲ့ ဥတလုံးစီဟာ တပေခွဲကျော်ကျော် (၅၀ စင်တီမီတာ) လောက်ရှိနေကြတာကြောင့် ထူးဆန်းနေတာပါ။ အဏ္ဏဝါဇီဝပညာရှင်တွေကို ထပ်ပြီး ရင်ခုန်သွားစေတဲ့ အချက်က ဒီဥတွေဟာ ကမ္ဘာမှာ သိရှိပြီးသား သတ္တဝါတွေထဲက ဘယ်သူ့ဥမှ မဟုတ်ပါဘူးတဲ့။

လူတွေ သိထားတဲ့ ဘယ်လို ရေသတ္တဝါကမှ ဒီလောက်ကြီးတဲ့ ဥကို ရေအောက်မီးတောင်လို ပတ်ဝန်းကျင်မှာ အုဖို့ မဖြစ်နိုင်ဘူး ဆိုပါတယ်။ ကနဦးမှာတော့ ပင်လယ်ငါးကြီးတွေ ဒါမှမဟုတ် ရေနက်ပိုင်းသတ္တဝါတွေ အုထားတဲ့ ဥဆိုပြီး ထင်ခဲ့ကြပေမဲ့ တကယ်ဆန်းစစ်ကြည့်တဲ့အခါ အမျိုးအစား တူမနေတာကြောင့် သူတို့ကို ပိုခေါင်းရှုပ်စေခဲ့ပါတယ်။

သုတေသနအဖွဲ့က ဒီဥတွေကို ဘယ်သူ အု ထားမှန်း အစရှာဖို့အတွက် ရေအောက်မီးတောင်အနီးတဝိုက်မှာ ရေနက်ပိုင်းသုံး စက်ရုပ်တွေကို ခိုင်းစေပြီး သေချာ စူးစမ်းနေကြပါတယ်။ ဒီနေရာအနီးတဝိုက်မှာ ရေဟာ ပိုပြီး ပူနွေးနေတာကြောင့် လှုပ်ရှားမှုရှိတဲ့ ရေအောက်မီးတောင်လို့ မှတ်ယူထားကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဒီဥတွေရဲ့ DNA ကို စစ်ဆေးလျက်ရှိကြပြီး ကနဦးထုတ်ပြန်ချက်အရတော့ မီးတောင်ပေါက်ကွဲမှု နဲ့ ရေအောက်ကမ္ဘာရဲ့ ပတ်ဝန်းကျင် ဒီနှစ်ခုလုံးကို လိုက်လျောညီထွေ ခံနိုင်ရည်ရှိအောင် လက်ဆင့်ကမ်းလာတဲ့ သတ္တဝါ တမျိုးရဲ့ ဥ လို့ပဲ အကြမ်းဖျင်း ပြောထားပါသေးတယ်။

ဒီလို ထူးခြားခက်ခဲတဲ့ အခြေအနေမျိုးမှာ သက်ရှိတွေ ဘယ်လိုမျိုးပွါးနိုင်ကြလဲ၊ ပတ်ဝန်းကျင်အခြေအနေကိုလိုက်ပြီး အခက်အခဲကြားက ဘယ်လို ရှင်သန်ကြလဲဆိုတာအပြင် ဒီ ဥတွေရဲ့ ဇာတိနဲ့ နိဒါန်း၊ တဖြည်းဖြည်း ပြောင်းလဲလာမယ့် ပုံစံတွေ၊ ကမ္ဘာမြေကြီးရဲ့ အပူအအေးဘာဝကြီးက သူတို့ကို ဘယ်လိုပုံဖော်ပေးနေလဲဆိုတာ သေချာသိအောင် အချိန်ပေးလေ့လာနေကြတာပါ။

လူသားတွေ မသိသေးတဲ့ ကမ္ဘာကြီးပေါ်က အကြောင်းတွေဟာ ပိုကျယ်ပြန့်လို့ လာနေပါတယ်။ ပုံမှန်ထက် အရွယ်အစား ကြီးနေတဲ့အပြင် ဒီလိုနေရာမှာမှ ဘယ်လို သတ္တဝါက အုထားတာလဲဆိုတာကို ပညာရှင်တွေအတွက်တော့ သဘာဝတရားကြီးက အိမ်စာပေးလိုက်ပြန်ပါပြီ။

04/04/2025

Me too

15/01/2025

” လူနာကြည့် မလာပါနဲ့ ” …

ဆေးရုံမှာ လူနာကြည့်သွားတဲ့အခါ
သိထားစရာအချက်များ။

နောက်ဆုံး ထွက်သက်ကို ပင်ပမ်း ကြီးစွာ ဖြတ်ကျော် ရမယ့် နေရက်တွေ ၊ အချိန်တွေ ရောက် လာတဲ့အခါ ကျေးဇူး ပြုပြီး လူနာ ကြည့် ၊ လူနာအားပေး မလာပါနဲ့တော့ ……

( ၁ ) စကားပြော ဖို့ကိုပင် မနည်းအားယူနေရမယ့် အချိန်မှာ နေကောင်းလား၊ သက်သာလား ဆိုတဲ့ သင့်မေးခွန်းတွေ မဖြေချင်တော့ပါ … ။

( ၂ ) ရေမွှေး ဆွတ်ပြီး ငါ့အနား လာမရပ်ပါနဲ့ ! ( အမွှေးနံ့၊ ချွေးနံ့၊ ဟင်းနံ့တွေ ကိုတောင် မခံနိူင်တော့တာကို သတိပြု မိပါစေ )

( ၃ ) ဝတ္တရား အရ လူနာ မေးလာရင်း ဆယ်လ်ဖီ လာမဆွဲပါနှင့် ! ( ထွက်ခွာ ရတော့မယ့် ငါ့ကိုဘေးနားထားပြီး သင်ပျော်ပြ မနေပါနှင့် ၊ ငါ့ကို ချစ်ရင် အားနာပါ ၊ သံဝေဂ လိုလို ဘာလိုလိုနှင့် ငါ ချစ်တဲ့သူတွေကို ငါ့ ရုပ်သွင်အား မပြပါနှင့် )

( ၄ ) လူနာ မေးလာတဲ့ အခါ ငါ လေလည်ချင် တာတွေ ကျင်ငယ် စွန့်ချင် တာတွေ ကျင်ကြီး စွန့်ချင်တာတွေကို အောင့်ထား ရတဲ့ အခါ ငါ့ အတွက် တကယ် ပင်ပမ်းလွန်း လို့ပါ … ။

( ၅ ) ငါ မတတ် နိုင်လို့ ဆေးဖိုး ဝါးခတွေ ပေးတဲ့ အခါ ငါမသိအောင် ပေးပေးပါ ။ နောက်ဆုံးထွက်သက် မှာ ကျေးဇူးတရား တွေက ငါ့ကို အင်အားထက် ဖိအားတွေ ဖြစ်ချင် ဖြစ်သွား စေနိုင် လို့ပါ … ။

( ၆ ) ကျေးဇူးပြုပြီး သူများ အကြောင်းတွေ ငါ့ကို လာမပြောပါနဲ့ နောက်ပိုင်း သံယောဇဉ် တွေ ဖြတ်ဖို့ကြိုးစား နေရသူ အတွက် စိတ် အနှောက်အယှက် ကြီးစွာ ဖြစ်ရ ပါတယ် သိလည်း မသိချင် တော့ပါလေ … ။

( ၇ ) ကလေးတွေ ခေါ်မလာ ပါနှင့် ကလေး ငိုသံ ၊ ကလေးဆူသံ ၊ ပြေးလွှား ဆော့ကစားသံ တွေက ငါ့အာရုံကို အနှောက် အယှက် ကြီးစွာ ဖြစ်ရ ပါတယ် … ။

( ၈ ) ခြေစမ်းလိုက် ၊ လက်စမ်းလိုက် ၊ ကြွက်သား စမ်းလိုက် ၊ အင်္ဂါ ကြည့်လိုက် ၊ ဝမ်းကြည့် လိုက်တွေ လာမလုပ် ကြပါနှင့် တော့ ဝေဒနာ ခွာနေ တဲ့ ငါ့ အတွက် ဒေါသကို ဖြစ်သွား စေနိုင် ပါ တယ် … ။

( ၉ ) တစ်ယောက် တစ်မျိုး ဆေးနည်းတွေ လာမပေး ကြပါနှင့် အကြံတွေ လာမပေ းကြပါနှင့် ၊ မျှော်လင့်ချက် တွေ လာမပေး ပါနဲ့တော့ သက်တောင့် သက်သာ သွားနိူင်ရင်ပဲ ကျေနပ် လှပါပြီ … ။

( ၁၀ ) ကိုယ့်နှလုံး ခုန်သံ ၊ နာရီ ချက်ချက် မြည်သံ တွေကပဲ ကျယ်လောက် စွာ ကြားနေ ရတာမို့ စကားတွေ အကျယ်ကြီး လာမပြော ကြပါနှင့် ၊ တရားတွေ အကျယ်ကြီး ဖွင့်မပေး ကြပါနဲ့ … ။ ( ဆေးမကူဘဲ အိပ်ပျော်ဖို့ တေါင် မနည်းကြိုးစား နေရတဲ့အခါ၊ နှုတ်က လိုက်ရွတ် နေမိတဲ့အခါ ပိုပင်ပမ်း ရပါတယ် )

( ၁၁ ) အကျင့်မရှိတဲ့ ငါ ၊ အားမကောင်းတဲ့ ငါ တခြား တရားတွေ ငါမနာနိူင်တော့၊ အာရုံမပြု နိူင်တော့တာမို့ ပရိတ် ၊ ပဠာန်းလောက်ပဲ ခပ်ဝေးဝေး ကနေ တိုးတိုးလေး သာဖွင့်ပေးထားပါ … ။

( ၁၂ ) အနား လာပြီး ယပ်တွေ မခတ်ပေးကြပါနှင့် ခေါင်း လေတိုးသံက ဆံပင်ကို ဖြတ်ပြီး မွေးညှင်းပေါက် လေးများစီ သွားနေတာက ပဲ အတော် ခံစားရလို့ပါ … ။

( ၁၃ ) အနားမှာ စုပြုံပြီး လာမတို းကြပါနှင့် အောက်ဆီဂျင်ကို မနည်း လုရှူနေရတာမို့ နောက်ဆုံးထွက်သက်မှာ အသက်ဝဝရှုသွားပါရစေ … ။

( ၁၄ ) သားတွေချွေးမတွေ စကားပြောသံ၊ဆူပူသံ၊မြေးတွေဆူညံသံတွေ၊ဇွန်းသံခွက်သံတွေ မလုပ်ကြပါနှင့်၊ တိတ်ဆိတ်စွာနေပေးခြင်းဖြင့် ငါ့အားကူညီကြပါ …။

( ၁၅ ) ဟိုဟာပေးမလား ဒီဟာပေးမလား လာမစနောက်ကြပါနှင့် ငါ့အားကိုယ်ချင်းစာပေးကြပါလော့ပစ္စည်းစွဲအောင် အစမဖော်ပေးကြပါနဲ့ …။

( ၁၆ ) သတိလည်အောင် နာမည်တရရခေါ်တာ၊နာမည်နဲ့လူတွဲပြောခိုင်းတာတွေ ရှောင်ပါ။ လူနာမည် မှတ်မိဖို့ထက် ဘုရားမမေ့သွားဖို့က ပိုအဓိကပါ …။

( ၁၇ ) ငိုသံ၊ရှိုက်သံတွေ မထွက်မိအောင် ထိန်းပေးကြပါ။ အနှောင်အတွယ်မဲ့စွာ ထွက်ချင်လို့ပါ …။

အရိပ်အကဲနားလည်တဲ့သူတစ်ယောက် ဘေးနားရှိနေပေးရင်ကိုပဲ အဆင်ပြေပါပြီ ………

( အာခေါင်ခြောက်တတ်တာမို့ နှုတ်ခမ်းလေးတော့ ရေမကြာမကြာဂွမ်းစလေးနဲ့ ဆွတ်ဆွတ်ပေး )

Credit Orginal Uploder.

Photos from English စာ သင်ကြမယ်'s post 23/11/2024
23/11/2024

🌸ဘဝဆိုတာ…🌸
🌸အဆင်-ပြေတဲ့အခါရှိတယ်🌸
🌸အဆင်မ-ပြေတဲ့အခါရှိတယ်🌸
🌸အဆင်ပြေတဲ့အခါ🌸
🌸မမော်မကြွား-ကုသိုလ်လုပ်ဖြစ်အောင်🌸
🌸 ကြိုးစားပါ🌸
🌸အဆင်မပြေတဲ့အခါ🌸
🌸 စိတ်-ဓာတ်မကျဘဲ🌸
🌸သည်း-ခံစိတ်ဖြင့်🌸
🌸ကောင်းတာလုပ်ပြီး🌸
🌸ကျော်ဖြတ်ပါ🌸
🙏ပါမောက္ခချုပ်ဆရာတော်🙏
🙏🙏🙏

Photos from DK Salon & Barber Shop's post 21/11/2024

နေ့စဥ်ညှပ်ဖြစ်တာလေး low fade cut

10/11/2024

စိတ်* နဲ့ဆိုင်သော ဝေါဟာရများ 🍀

Want your business to be the top-listed Beauty Salon in Hlegu?
Click here to claim your Sponsored Listing.

Category

Website

Address


Hlegu