A&G Online Market
Qualityကောင်းတဲ့ပစ္စည်းများကိုသာရွေးချယ်
ရောင်းပေးတာဖြစ်လို့PageကိုLike@Followလေး
လုပ်ထားပေးအုံးနော်။
03/04/2022
#ဓနိဖူးခြောက်
ဓနိဖူးသည် လူ့ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ❓
ဘယ်လိုလူတွေ သောက်သင့်တာလဲ❓
ဓနိဖူးခြောက်သည် လူ့ခန္ဓာကိုယ်အတွက် သက်စောင့်ဓာတ်
အလွန်ကြွယ်ဝတဲ့ ရတနာတပါးဖြစ်ပြီး
ဂျင်းဆင်း ရဲယို ကြက်သွန်ဖြူ ဘလူးဘယ်ရီ
တို့ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပါတယ်ရှင်✅✅
#ကိုရီးယားလူမျိုးတွေဆိုရင်
မြန်မာပြည်မှ နှစ်စဉ် ဓနိဖူးခြောက် တန်ပေါင်းများစွာ
ဝယ်ယူလျက်ရှိနေသလို ဂျပန်နိုင်ငံမှာလဲ ဓနိဖူးခြောက်ရေနွေးကြမ်းကို သောက်သုံးနေတာကြာပါပြီ ✔️✔️✔️✔️
ဓနိဖူး သောက်ခြင်းကြောင့် ရတဲ့အကျိုးကျေးဇူးတွေ
အလွန်များတဲ့အထဲမှာမှ ‼️‼️
လူအများဆုံး ထောက်ခံပြောဆိုနေကြတာကတော့
#ဆီးချိုရောဂါ
#သွေးတိုးရောဂါ သည်တွေအတွက်
အလွန်ကောင်းတယ်လို့ ဆိုတာပါပဲရှင် 💞💞💞💞💕
တခြားအထောက်ကူဖြစ်စေတဲ့ အရာတွေလည်း
အလွန်များပါတယ်
#ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း
#နှလုံးသွေးကြောကျဉ်းရောဂါအတွက် အသုံးပြုခြင်း
#စိတ်တည်ငြိမ်စေခြင်း
#ပင်လယ်စာ ဓာတ်မတည့်ခြင်း
#ဝမ်းတွင်းကလီဆာ ရောဂါများအတွက်
အင်မတန်မှ အကျိုးကျေးဇူးများပါတယ် 💚💚
ဒါကြောင့် သူများနိုင်ငံတွေက
ဓနိဖူးရဲ့အကျိုးကျေးဇူးတွေကို သိလို့
တွင်ကျယ်စွာ သုံးစွဲနေတာ ကြာပါပြီရှင်✔✔️✔️
(google မှာလဲ Nipa palm tea လို့သာ ရိုက်ရှာကြည့်ပါ)
ဒီခတ်ကြီးက လိမ်လို့မရတဲ့ ခတ်ကြီးပါနော်✔️✔️
မြန်မာပြည်သူပြည်သားတွေ
ကျန်းမာဖို့ ဓနိဖူးခြောက် ရေနွေးသောက်ပါလို့ တိုက်တွန်းပါရစေရှင် 💚
စျေးနှုန်း မတတ်နိုင်လို့ မသောက်ရ မဖြစ်ရလေအောင်
လူတိုင်း လူတိုင်း အသက်သာဆုံး သောက်သုံးနိုင်ဖို့အတွက်
ဓနိဖူးခြောက် 1️⃣0️⃣0️⃣ ဂရမ် တထုပ်ကို 5️⃣0️⃣0️⃣0️⃣ ကျပ်
နဲ့ ဝယ်ယူ သောက်သုံး န်ိုင်ပါပြီနော် 💞💞💞
ဓာတုဆေးဝါး အရောအနှောမပါ သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ ကျန်းမာရေးဓာတ်စာ သဘာဝရတနာဓနိဖူးခြောက်ရေနွေးကြမ်း 💗
သဘာဝရတနာဓနိဖူးခြောက် လက်လီ လက်ကား ဖြန့်ချီသည်။
လက်ကား/ကိုယ်စားလှယ် ယူလိုသူများ 1️⃣0️⃣ ထုတ်စျေးရှိပါတယ်။
Crd
#သဘာဝရတနာဓနိဖူးခြောက်
☎️ - 09767096151 or cb
02/04/2022
ဩဇာသီး ကပေးတဲ့ အသားအရေ ကျန်းမာရေး
အပေါ်ခွံမှာ အဖုအထစ်လေးတွေရှိပြီး အတွင်းမှာ ဖြူဖြူ
ချိုချို အသားလေးနဲ့ အစေ့အနက်ရောင်လေးတွေနဲ့ ဩဇာသီး က စားရတာ လက်ဝင်ပေမယ့် အရသာ အတော်လေး ကောင်းပါတယ်။ ငယ်ငယ်က အတော်လေး သဘောကျရတဲ့ အသီးတစ်မျိုးပါ။ ဒီအသီးလေးက ကျန်းမာရေးအတွက်လည်း အတော်လေး အထောက်အကူပြုပါတယ်။
အခုတစ်ခေါက်တော့ စားလို့ ကောင်းပြီး အရသာရှိတဲ့ ဩဇာသီးလေးက အသားအရေအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။
ဩဇာသီး ကပေးတဲ့ အသားအရေ ကျန်းမာရေး
စားလို့ကောင်းတဲ့ ဩဇာသီးလေးက အသားအရေအတွက် အခုလို ထောက်ပံ့ပေးပါတယ်။
👉 အနာကျက်စေတယ် 👈
ဩဇာသီး၊ ဩဇာရွက်တို့မှာ အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ ဩဇာရွက်ကို ခြေပြီး အနာပေါ်ကို အုံတာ ဒါမှမဟုတ် ဩဇာသီးအနှစ်ကို အနာပေါ်ကို အုံပေးတာက ပိုးတွေကို သေစေနိုင်ပြီး အနာကျက်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားကို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေ ဝင်ရောက်ကူးစက်ခံရမှုကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။
👉 ဝက်ခြံ သက်သာစေနိုင်တယ် 👈
အဆီပြန်တာ၊ ဝက်ခြံထွက်တာတွေက အမျိုးသမီး အများစု ရင်ဆိုင်ရတဲ့ ကြီးမားတဲ့ အရေပြား ပြဿနာတွေထဲက တစ်ခုပါ။ ဩဇာသီးလေးက ဒီအခြေအနေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။
ဩဇာသီး စားပေးတာက ဝက်ခြံတွေကို သက်သာစေနိုင်သလို ဩဇာပင်ရဲ့ အမြစ်ကတည်း ဝက်ခြံတွေ ထပ်မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဩဇာသီးမှာ ပါဝင်တဲ့ ဗီတာမင်တွေက ဝက်ခြံတွေမှာ ပြည်ဖုတွေ မဖြစ်စေဖို့ ကာကွယ်ပေးပြီး ဝက်ခြံတွေကို ပျောက်ကင်းသက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။
ဩဇာသီး အနှစ်ကို ကြိတ်ခြေပြီး ဝက်ခြံပေါ်မှာ လိမ်းပေးတာကလည်း ဝက်ခြံသက်သာစေဖို့ နည်းလမ်းကောင်း တစ်ရပ်ပါ။ ဩဇာသီးက အဆီမပြန်အောင်လည်း ထိန်းညှိပေးပါတယ်။
👉 အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ် 👈
ဩဇာသီးရဲ့ နောက်ထပ် အာနိသင်တစ်မျိုးက အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတာပါ။ အသားအရေကို အရွယ်တင် နုပျိုစေပြီး ကျန်းမာလှပစေပါတယ်။ အကြောင်းကတော့ ဩဇာသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့်ပါ။
ကော်လာဂျင် ပါဝင်နေတာကြောင့် အသားအရေကို အိုမင်းမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို အရွယ်မတိုင်ခင် အိုမင်းခြင်းက ကင်းချင်တယ်ဆိုရင် တစ်ပတ်ကို ဩဇာသီး ၃ လုံး ကနေ ၄ လုံးလောက် စားပေးပါ။
👉 အရေပြား ပိုးမဝင်စေဖို့ ကာကွယ်ပေးပါတယ် 👈
ဩဇာသီးနဲ့ ဩဇာရွက်တို့မှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားကို ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင်တွေ ပါဝင်နေတာကြောင့် အရေပြားကို ကျန်းမာစေပြီး အနာကျက်စေနိုင်ပါတယ်။ ဗီတာမင် C ပါဝင်မှုက အရေပြားကို ပိုးမဝင်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ကဲ …… စားလို့ကောင်းတဲ့ ဩဇာသီးလေးက အသားအရေကိုလည်း အခုလို ထောက်ကူပေးပါသေးတယ်။
Crd_to_Owner
12/03/2022
ရေသောက်နည်းခြင်းက ကျန်းမာရေးပြဿနာ အတော်များများရဲ့ ရင်းမြစ်ဆိုတာ သင်သိပါသလား.?
ဒီရင်းမြစ်ကို ရှာဖွေဖြေရှင်းတတ်မှ
နှလုံးသွေးကြောကျဉ်းခြင်းမှ စတဲ့ ပိုမိုဆိုးဝါးတဲ့ ဝေဒနာ
တွေကို တွန်းလှန်နိုင်မှာပါ ...
ကိုဗစ်အလွန် ပိုမိုဆိုးဝါးတာတွေ မခံစားရဖို့
ရေအစားထိုးသောက်နိုင်မယ့်
သဘာဝရတနာ - ဓနိဖူးခြောက်လေး ရှိနေပါပြီ ...
ရေနွေးကြမ်းသောက်သလို ရေငတ်ပြေလေး သောက်ပေးရုံဖြင့် ကျန်းမာရေးအတွက်ပါ အကျိုးထူးပေးမယ့် ...
သဘာဝရတနာ
Antioxident ကြွယ်ဝစွာ ပါဝင်တဲ့ ... သဘာဝကရတဲ့ ဆေးဖက်ဝင် ရတနာ ဓနိဖူးကို သေချာပေါင်းခံ ခြောက်သွေ့အောင် ထုတ်လုပ်ထားလို့ ... ရေသောက်နဲသူတွေ မှီဝဲသုံးဆောင်လို့ ရပါပြီ ...
ဘာကောင်းမလဲဆို ...?
🧩ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောဆိုင်ရာ ဝေဒနာများကို လျော့ကျ သက်သာစေမယ်
🧩အာရုံကြောဝေဒနာကို သက်သာစေလို့ Stress တွေ လျော့ကာ အိပ်ပျော် စားဝင်စေမယ်
🧩မျက်စိဝေဒနာတွေ ကြိုတင် ကာကွယ်ထားနိုင်မယ်
🧩အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲ/အဆစ်ရောင် ရောဂါ
စတာတွေပါ ကာကွယ် ကုသပေးနိုင်ပါတယ်
ကိုယ်ခံ စွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး
ကိုယ်တွင်း အနွေးဓာတ်ကိုပါ ရစေတာကြောင့် ....
အချိန်တိုင်းမှာ အိမ်တိုင်း ဆောင်ထား သောက်သုံးသင့်တဲ့ ဆေးဘက်ဝင် ဓနိဖူးခြောက်လေးပါ
🌻 သောက်ဖူးသူတိုင်း ရနံ့သင်းလေးမို့
နှစ်သက်နေကြတဲ့ "သဘာဝရတနာ"
လွယ်ကူအဆင်ပြေ သယ်ယူနိုင်ဖို့ ..
သေသပ်လှပစွာ ထုတ်လုပ်ပေးထားတာမို့ ..
လွယ်ကူစွာ သောက်မလား ..?
မိတ်ဆွေတွေပဲ လက်ဆောင်ပေးမလား..?
မျက်နှာပန်းလှနေမယ့် ဓနိဖူးခြောက်လေးပါနော် 🌻
👉 ကလေး လူကြီး အရွယ်သုံးပါးမရွေး သောက်သုံးလို့
ရပါတယ်ရှင့် 👈
Crd
💢 100g 1ထုပ် 5000ကျပ် ၊ လက်လီ/လက်ကား ဝယ်
ယူလို့ ရပါတယ်။ 10ထုပ် ကစပြီး လက်ကား စျေးလဲ ရှိပါ
တယ်ရှင်။ 💢
#သဘာဝရတနာဓနိဖူးခြောက်
☎️ - 09767096151 or cb
08/03/2022
ဓနိဖူးရဲ့ ကောင်းသတင်းလေးတွေ ကြားနေရတာ ကိုယ့်အတွက် မင်္ဂလာပဲ.ဆီးချို မတက်တော့ဘူး ..တဲ့
ကျောက်ကပ်ယောင်နေတာ သက်သာသွားပြီတဲ့..ဆေးလိပ်
အမြဲသောက်လို့ အရင်က အမောမခံနိုင်တာ ဓနိဖူးသောက်ပြီးတော့မှ အမောခံနိုင်လာတယ်တဲ့..တုပ်ကွေး တစ်အိမ်လုံးဖျားကြတာ ဓနိဖူးအမြဲသောက်တဲ့ ကျမတစ်ယောက်ပဲ မဖျားဘူးတဲ့..သွေးအမြဲတိုးနေတာ ဓနိဖူးသောက်ပြီးကတည်းက သွေးမတိုးတော့ဘူးတဲ့.အဆုတ်ကင်ဆာဖြစ်ပြီး အစားမဝင် မောပန်းနေတာ ဓနိဖူးသောက်ပြီးမှ စားကောင်း အိပ်ကောင်းနဲ့ မောတာလည်း သက်သာလာတယ်တဲ့..နှလုံးသွေးကြောကျဉ်းတာ ကျောတွေအောင့်ပြီး ညဘက်အိပ်မရ အသက်ရှုကျပ်နေတာ ဓနိဖူးကို ၃ရက်လောက် သေချာသောက်လိုက်တာ လုံးဝသက်သာသွားရောတဲ့........တွေ့လား
ဓနိဖူးခြောက်ရေနွေးကြမ်းကို မှန်မှန်သာ သောက်ပေးပါ ကျန်းမာရေး သက်လုံ ကောင်းလာဖို့ကို Nature's Jewel Nipa Palm Tea က တာဝန်ယူပါတယ်လို့ 😍😘
100g 1ထုပ်ကို 5000ကျပ် ၊ လက်လီ/လက်ကား ဝယ်ယူလို့
ရပါတယ်။ 10ထုပ်ကစပြီး လက်ကားစျေးလဲ ရှိပါတယ်ရှင်။
’sJewelNipaPalmTea
#သဘာဝရတနာဓနိဖူးခြောက်
☎️ - 09767096151 or cb
06/03/2022
#အန္တရာယ်ရှိသော_ကြက်သွန်နီခြမ်း
🍀🍀🍀🍀🍀🍀🍀🍀🍀
🌹(နေ့တိုင်းဟင်းချက်ရင်အသုံးပြုတာမို့
ဖတ်ကြည့်စေချင်တယ်နော်)
🌹*ထက်ခြမ်းခွဲထားသော ကြက်သွန်နီကို ချက်ချင်းအသုံးမပြုနိုင်ပဲ ရက်ကျော်လွန်သွားလျှင် ပြန်၍အသုံးမပြုသင့်ပါ။
မစားသင့်ပါ။ အန္တရာယ်ကို ဖြစ်စေပါသည်။ ခွဲခြမ်းထားပြီး အပြင်မှာ အနည်းဆုံး ၆ နာရီနှင့်အထက် ကြာသွားသည့် ၄င်းကြက်သွန်နီခြမ်းဟာ အပုတ်နံ့များ၊ အနဲ့ဆိုးများကို စုပ်ထားနိုင်ပြီး ဘတ်တီးရီးယားပိုးမွှားများနှင့် အခြားအန္တရာယ်ကို ဖြစ်စေတတ်သည့် ပိုးမွှားများလည်း ပါရှိလာသည့်အတွက် ၀မ်းပျက်၊ ၀မ်းလျှော၊ ဗိုက်အောင့်၊ ဗိုက်နာ ဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ နိုင်ငံတကာ ကျန်းမာရေး စာမျက်နှာများမှာ ဖော်ပြထားကြပါတယ်။
🌹*အခွံခွါထားသည့် ကြက်သွန်နီနှင့် ထက်ခြမ်းခွဲထားသည့် ကြက်သွန်နီခြမ်းကို ပြန်လည်အသုံးပြုလိုပါက အဖုံးလုံအောင် ပိတ်ထားသော ဗူး၊ခွက်တို့ဖြင့်လုံခြုံစွာထည့်ထားသင့်ပါတယ်။
🌹*သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထည့်သွင်း သိမ်းဆည်းထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။ မသိမ်းဆည်းလိုက်ရပဲ အပြင်မှာ အချိန်ကြာအောင် ပစ်ထားမိသည့် ကြက်သွန်နီခြမ်းကို မဖြစ်မနေ အသုံးပြုရတော့မည်ဆိုလျှင်လည်း ပုံထဲမှာ မြင်ရသည့်အတိုင်း အလယ်တည့်တည့်မှ အဆံ၊ အဖူးကလေးကို ဖယ်ထုတ်ပစ်သင့်ပါတယ်။
🌹*အကြောင်းကတော့ အပုတ်နံ့များနှင့် အနံ့ဆိုးများကို ၄င်းနေရာမှ အဓိက စုပ်ယူထားပြီး ပိုမွှားများလည်း ၄င်းနေရာမှာ ပါ၀င်မှု အများဆုံးလို့ သိရပါတယ်။ အသက်ကို ဥာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။
💖.မေတ္တာဖြင့်…
Credit
05/03/2022
>> မြန်မာနိုင်ငံ၏ အဓိက ရင်းမြစ်ဖြစ်သော ဓနိပင်သည် မြန်မာနိုင်ငံ ကမ်းရိုးတန်းရွှံနွံဒေသ အမြောက်အမြားမှာ ပေါက်ရောက်ပါတယ်။
>> ဓနိပင်သည် မြန်မာနိုင်ငံ၏ သန့်ရှင်းပြီး သတ္တုဓါတ်ကြွယ်ဝသော ရွှံ့နွံ့များတွင် ပေါက်ရောက်ပြီး Antioxidant နှင့် Phytochemicals များ ပါဝင်မှု ကြွယ်ဝသော ကျန်းမာရေးအထောက်အကူပြု ဓာတ်စာတစ်မျိုး ဖြစ်လာပါတယ်။
>> ယခုအခါ မြန်မာနိုင်ငံ၏ အဓိကရင်းမြစ် ဓနိဖူးခြောက်ကို ကိုရီးယား၊ တရုတ် နှင့် ဂျပန်နိုင်ငံများသို့ ကုန်ကြမ်းများ အများအပြားတင်ပို့နေရပြီး ၄င်းနိုင်ငံများတွင် Antioxidant ကြွယ်ဝသော ကျန်းမာရေး ဓာတ်စာအဖြစ် အသုံးပြုနေကြပြီး ဖြစ်ပါတယ်။
>> ဓနိဖူးခြောက်ကို ဓာတ်ခွဲထုတ်လိုက်သောအခါ Antioxidant များ ကြွယ်ဝစွာပါဝင်သော်လည်း ကယ်လိုရီ အနည်းဆုံး ဓါတ်စာဖြစ်ပြီး ကင်ဆာ, ဆီးချိုနှင့် သွေးတိုး ရောဂါများအတွက် အထူးကောင်းမွန်သည်ကို တွေ့ရှိရပါတယ်။
>> ကင်ဆာ, ဆီးချိုရောဂါ ရှိသူများ နှင့် သွေးတိုးရောဂါ
ရှိသူများ အနေဖြင့် ရေနွေးကြမ်းအဖြစ် နေ့စဉ်မှီဝဲနိုင်ပြီး ကင်ဆာ, ဆီးချိုနှင့် သွေးတိုးရောဂါများကို သက်သာပျောက်ကင်း ဆေးလွတ်သွားသူများလဲ ရှိနေပါပြီ...
>> ဒါကြောင့်မို့ မိတ်ဆွေ သို့မဟုတ် မိဘများအနေဖြင့် ကင်ဆာ, ဆီးချို, သွေးတိုးသမားများ ဖြစ်ခဲ့ပါက ဓနိဖူးခြောက်ကို စမ်းပြီးသောက်သုံးရန် အကြံပြုပါတယ်။
>> သဘာဝရင်းမြစ်ကို သဘာဝအတိုင်း သန့်ရှင်းစွာအခြောက်ခံပြီး ကိုရီးယားနည်းပညာဖြင့် ပြန်ပေါင်းပြီး လှော်ထားသော ဓနိဖူးခြောက်ဖြစ်တာကြောင့် ဘေးထွက် ဆိုးကျိုး လုံးဝ မရှိပါ။
Crd
👉သဘာဝရတနာ ဓနိဖူးခြောက်ကို ဓါတ်ခွဲ စစ်ဆေးထားပြီးမှတ်ပုံတင်အမှတ် ရရှိထားတာမို့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။👈
💥💥💥100g 1ထုပ်ကို 5000ကျပ် ၊ လက်လီ/လက်ကား ၀ယ်ယူလို့ ရပါတယ်ရှင်။ 10 ထုပ် ကစပြီး လက်ကားစျေးလဲ ရှိပါတယ်ရှင်။
#သဘာဝရတနာဓနိဖူးခြောက်
☎️ - 09767096151 or cb
10/01/2022
တိုနာဆိုပြီး လိမ်းလိမ်းနေကြတာပေ့ါနော်
တိုနာဆိုတာ ဘာလဲကော သေချာသိကြရဲ့လား????🧐🧐
မင်မင် တိုနာနဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ရှင်းပြပေးသွားပါ့မယ်
တိုနာဆိုတာ ရေအခြေခံ ပစ္စည်းတစ်မျိုးပါ
အဲ့တော့ တိုနာနဲ့ ပတ်သက်ပြီး ချွေးပေါက်ပိတ်မှာတော့ မပူရပါဘူး
သူတို့ကို မျက်နှာသစ်ပြီးလို့ ကျန်ရှိခဲ့တဲ့ အဆီပိုတွေကို ဖယ်ရှားတဲ့နေရာမှာ သုံးကြပါတယ်
တိုနာအများစုက အယ်ကိုဟောပါတဲ့အတွက်ကြောင့် အသားတော့ခြောက်စေပါတယ်
နောက်ပိုင်း နည်းပညာတွေ တိုးတက်လာတဲ့ အခါမှာတော့ တိုနာတွေကို အယ်ကိုဟောတွေဖြုတ်ပြီး သူရဲ့ အသားခြောက်စေတဲ့ ဆိုးကျိုးကို ပြင်ဆင်ဖို့ ရေဓာတ်ဖြည့်ဒြပ်ပေါင်းတွေနဲ့ အရေပြားအတွက် အကျိုးရှိမယ့် အခြားဒြပ်ပေါင်းတွေ ထည့်လာကြပါတယ်
အရင်ခေတ်တုန်းက တိုနာတွေဟာ မျက်နှာအဆီပိုတွေ ဖယ်ရှားပေးတာ တစ်ခုတည်းသာ ပေးစွမ်းနိုင်ပေမယ့် နောက်ပိုင်းခေတ်သစ် တိုနာတွေကတော့ မျက်နှာကို အာဟာရဓာတ်ပါဖြည့်ပေးနိုင်ပြီး Ph ထိန်းညှိပေးကာ နောက်ထပ်လိမ်းမယ့် Skin Care ပစ္စည်းတွေအဆင်ပြေအောင် အရေပြားကို ပြင်ဆင်ပေးပါတယ်
အဆီပိုတွေ ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိကလည်း မပျောက်သွားပါဘူး
အဲ့တော့ နောက်ပိုင်းတိုနာတွေဟာ အသားရေထိန်းသိမ်းသူတို့ရဲ့ မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်လာပါတယ်
တိုနာသုံးရင် ဘာအကျိုးကျေးဇူးတွေ ရရှိမှာလဲ????🧐🧐
အများစု သိထားတာကတော့ မျက်နှာသစ်ပြီးနောက်ဖြစ်ပေါ်လာတဲ့ Ph ဓာတ် မညီမျှမှုတွေကို ဖြေရှင်းနိုင်ဖို့ တိုနာကို သုံးတာလို့ပါ
ဒါပေမယ့်လို့ တိုနာပေးစွမ်းနိုင်တာ အဲ့ဒါတစ်ခုတည်းထက် ပိုပါတယ်
၁ - ချွေး၊အညစ်အကြေးနဲ့ အဆီပိုတွေဖယ်ရှားပေးခြင်း
မျက်နှာဘယ်လောက်သစ်သစ် အဆီတွေ၊ အညစ်အကြေးတွေ၊ မိတ်ကပ်တွေ ကျန်နေသေးတာပါပဲ
တိုနာက သူတို့ကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေပွင့်စေနိုင်တဲ့အပြင် အထဲက ဘက်တီးရီးယားတွေကို လျော့နည်းစေပါတယ်
မျက်နှာသစ်ပြီး တိုနာသုံးမှသာ တကယ့်မျက်နှာသန့်စင်မှုကို ရနိုင်မှာပါ
၂ - မျက်နှာအရေပြားကို ကာကွယ်ပေးခြင်း
အရေပြားမှာ ရှိတဲ့အပေါက်မှန်သမျှကို လိုက်ပိတ်ပေးတာကြောင့် အညစ်အကြေးတွေဝင်ဖို့ လမ်းမရှိစေတော့ပါဘူး
အဲ့ဒါကြောင့် မျက်နှာသစ်ပြီးမှသာ တိုနာ သုံးရတာပါ
မသစ်ဘဲ သွားသုံးလို့ကတော့ အညစ်အကြေးတွေအထဲမှာ ပိတ်ထားလိုက်သလိုပါပဲ
တိုနာကို စွဲစွဲမြဲမြဲသုံးရင် ချွေးပေါက်တွေ ကျဉ်းလာစေနိုင်ပါတယ်
၃ - နောက်ထပ်လိမ်းမယ့် Skin Care တွေရဲ့အာနိသင်ကို မြှင့်တင်ပေးခြင်း
တိုနာက အပေါ်ယံ ဆဲလ်အသေလွှာကို ဖယ်ရှားပြီး Ph ဓာတ်ကို ထိန်းညှိပေးတာကြောင့် နောက်ထပ်လိမ်းမယ့် Skin Care တွေဟာ အရေပြားကို အလွယ်တကူဖောက်နိုင်ပြီး Ph မညီမျှမှုကြောင့် ဓာတ်ပြယ်တာမျိုးတွေ မရှိတော့ပါဘူး
တိုနာဟာ မရှိမဖြစ်လား???? မသုံးဘဲချန်ထားခဲ့လို့ရလား???? 🧐🧐🧐
အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ သူတွေဆိုရင်တော့ ချန်ထားလို့မရပါဘူး
အထူးသဖြင့် မနက်မှာ တစ်ညလုံး အဆီတွေပြန်ပြီး ချွေးပေါက်တွေ ပိတ်နေမှာဖြစ်တာကြောင့် မနက်ဘက်မှာ တိုနာ လုံးဝသုံးပေးသင့်ပါတယ်
ဗီတာမင်တွေ ပါဝင်နေတဲ့ တိုနာဆိုရင် ပိုကောင်းပါတယ်
တိုနာကို ဘယ်လိုသုံးကြမလဲ?????🧐🧐🧐
ဂွမ်းဖတ်ကို ရွှဲနေအောင်စွတ်ပြီး မျက်နှာကို ဖိပေးပါ
နည်းနည်းလောက်ပဲပွတ်ပါ
အရမ်းကြီးမပွတ်ပါနဲ့
တိုနာဖြန်းဆေးတွေလည်း ရှိပါတယ်
သူတို့ဆိုရင် တိုနာတွေ ဂွမ်းဖတ်ထဲမှာ အလေအလွင့်မရှိတော့ဘူးပေါ့
ဒါပေမယ့်လည်း ဂွမ်းဖတ်ကိုယ်တိုင်က အဆီစုတ်နိုင်တာကြောင့် သူမပါရင် သန့်စင်တဲ့ဂုဏ်သတ္တိနည်းသွားမှာပါ
Serum တွေ မသုံးခင်မှာ တိုနာသုံးပေးရင်လည်း Serum တွေ အလေအလွင့်မရှိ အရေပြားကို အပြည့်အ၀ ဝင်ရောက်သွားနိုင်ပါတယ်
တိုနာက Skin Type အားလုံးအတွက် သင့်တော်လား?????
အခုနောက်ပိုင်းမှာ တိုနာတွေကို ဖော်မျူလာအမျိုးမျိုးနဲ့ ထုတ်လာနိုင်တာကြောင့် သုံးလိုမရတဲ့သူဆိုတာ မရှိသလောက်ပါပဲ
Normal Skin, Oily Skin, Combination Skin တို့ဆိုရင် ကြိုက်တဲ့တိုနာ သုံးလို့ရပါတယ်
Oily တို့ Combination တို့က Anti-bacterial ပါတာသုံးနိုင်ရင် ပိုကောင်းပါတယ်
Dry Skin ဆိုရင် ရေဓာတ်ဖြည့်တာများများပါပြီး အယ်ကိုဟောမပါတဲ့ တိုနာတွေရှိပြီး Sensitive တွေဆိုရင် အရောင်၊အနံ့ ဖယ်ထားတဲ့ Sensitive Skin Toner တွေ ရှိပါတယ်
အယ်ကိုဟောနဲ့ ပတ်သက်ပြီးပြောရရင် အယ်ကိုဟောပါတဲ့တိုနာကို ရှောင်နိုင်ရင် အကောင်းဆုံးပေါ့နော်
ဒါပေမယ့်လည်း စိတ်မပူပါနဲ့ အခုခေတ် ရှားပါးလာတာက အယ်ကိုဟောပါတဲ့ တိုနာတွေဖြစ်ပြီး အများစုက အယ်ကိုဟောကိုဖြုတ်လာကာ အပင်ထွက်ပစ္စည်းတွေနဲ့ အစားထိုးလာကြပါတယ်
တိုနာနဲ့ပတ်သက်ပြီးတော့ ဒီလောက်ပါပဲနော်
လှပပြီး ဂလိုးနိုင်ကြပါစေဟယ် 🤭🤭🤭
09/01/2022
အသားရေက ရေဓာတ်တွေခြောက်ခန်းလာပြီဆို ဘယ်လိုလက္ခဏာတွေ ကြုံတွေ့ရမလဲ????
👉မျက်နှာကယားယံလာမယ်။ တခါတလေ အဖုအထစ်လေးတွေပါ စမ်းမိရတတ်တယ်
👉အသားရေ ကြမ်းလာမယ်။ မိတ်ကပ်လိမ်းရ ခက်လာမယ် ၊ မိတ်ကပ်သားကွက်လွယ်မယ် ၊ မိတ်ကပ်သား အလိပ်လိပ်ဖြစ်တာတွေလည်း ရှိနိုင်ပါတယ်
👉အသားရေတင်းလာမယ်။ မျက်နှာသစ်နောက်ပိုင်း ပိုတင်းတယ်လို့ခံစားရပါမယ်။
💁♀️ကဲ ဒါဆို ကိုယ့်အသားရေလေးကို စမ်းသပ်ကြည့်ကြရအောင်
08/01/2022
🥚🥚ကြက်ဥအကာရဲ့ အစွမ်း...
🐥🐣🐣🐣🐣🐣
😍အလှအပအတွက် ကြက်ဥအကာရဲ့ အစွမ်းတွေကို Sharingလေး လုပ်ပေးမယ်နော်❣️
🥚ကြက်ဥအကာဟာဆိုရင် ပရိုတင်းဓာတ်တွေ အများကြီးပါဝင်ပြီးတော့... ကိုလက်စရော ပါဝင်မှုမရှိပဲနဲ့ အဆီအနည်းငယ်ပါဝင်ပါတယ်။
🥚ကြက်ဥအကာက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။
🥚ကြွက်သားဖွင့်ဖြိုးခြင်းနဲ့ ထိန်းသိမ်းပေးတဲ့နေရာတွေမှာဆို အရမ်းကို ထိရောက်စေပါတယ်။ ဒါတင်မကဘူးနော် တို့တွေ အသည်းစွဲ အလှအပဖြစ်တဲ့ ဆံကေသာနဲ့အသားအရေအတွက် အရမ်းကို အသုံးဝင်တဲ့ အရာလဲဖြစ်ပါတယ်။
1/ အရေအကြောင်းတွေကို ဖယ်ရှားမယ်...
ကြက်ဥအကာက မျက်နှာ အသားအရေကို တင်းရင်းပြီးတော့ လှပစေတဲ့ နေရာမှာ ဆရာ တစ်ပါးပါပဲ။
ပြုလုပ်ပုံလေးကလဲ လွယ်ပါတယ်။ ကြက်ဥကို အနှစ်ဖယ်ပြီးတော့ အကာကို အမြုပ်ထအောင်လုပ်ပြီး... မျက်နှာပေါ်မှာ လိမ်းထား... ခြောက်ပြီးတော့ တင်းတင်းလေးဖြစ်လာပြီးဆိုရင် ရေနွေးနွေးလေးနဲ့ မျက်နှာလေးကို ဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ခါလောက်ပဲ လုပ်ပေါ့နော်။
2/ ချွေးပေါက်တွေ ကျယ်နေရင်...
ချွေးပေါက်တွေ ကျယ်တဲ့အခါမှာ အလှအပကို ပျက်စေပြီးတယ် အဲတော့ ချွေးပေါက်တွေကို သက်သာအောင်လို့... ကြက်ဥအကာကို အမြုပ်ထအောင်လုပ်ပြီး ချွေးပေါက်ကျယ်တဲ့ နေရာလေးတွေမှာပဲ လိမ်းပေးပါ။
ခြောက်ပြီးဆိုမှ ရေနွေးနွေးလေးနဲ့ အရင်သစ်ပေးပြီး ရေအေးလေးနဲ့ ပြန်သစ်ပေးပါ။
ပြီးတဲ့ အခါမှာ.တဘတ်နဲ့မသုတ်ပစ်ပဲ... သူကို ဒီတိုင်းလေး အခြောက်ခံထားလိုက်ပါ။
3/ အဆီတွေ အရမ်းပြန်နေရင်...
အဆီတွေ အရမ်းပြန်တတ်တယ်ဆိုရင် ကိုယ်ရဲ့ အလှကို ဖျက်စီးတာကတော့ အမှန်ပါပဲ။
ဒီမျက်နှာပေါ်က အဆီတွေကို လွယ်လွယ်ကူကူဖြေရှင်းလို့ ရပါတယ်။
အမြုပ်ထအောင် လုပ်ထားတဲ့ ကြက်ဥအကာထဲကို အုတ်ဂျူံနဲ့ရောပြီးတော့ မျက်နှာပေါ်မှာ mask လိုမျိုးလေး လိမ်းပြီးတော့ မိနစ်အနဲငယ်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။
4/ မျက်အိပ်တွေ ရောင်နေခဲ့ရင်...
တချို့တွေက မျက်အိပ်ရောင်နေလို့ ဆိုပြီး ပစ္စည်းတွေကို စျေးတွေ အများကြီး ပေးပြီး ဝယ်သုံးကြတာကို တွေ့ရပါတယ်။
တကယ်တော့ အိမ်မှာ လွယ်လွယ်ကူကူရတာကို သူတို့ သတိမထားမိလို့ပါ။
ငွေလဲ မကုန်ဘူး၊ လုပ်ရတာလဲ လွယ်တယ်.... စတဲ့ အားသာချက်တွေ ရှိပါတယ်။
ကြက်ဥအကာကို မျက်အိပ်ပေါ်မှာ လိမ်းပြီး ခြောက်အောင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ တစ်ရက်ခြား တစ်ခါလောက် လုပ်ပေးပေါ့။
5/ ဝက်ခြံတွေကို သက်သာစေမယ်...
ကြက်ဥအကာမှာပါတဲ့ ပရိုတင်းဟာ ရောင်းရမ်းတာတွေကို လျော့နည်းစေပါတယ်။
အနာကိုလဲ အကျက်မြန်စေပါတယ်။ ညမအိပ်ခင်မှာ ကြက်ဥအကာကို ဝက်ခြံဖုလေးတွေပေါ်မှာ တို့လိမ်းပြီး မနက်မိုးလင်း အိပ်ရာကနိုးရင် မျက်နှာသစ်လိုက်ပေါ့။ ဝက်ခြံတွေကြောင့် ရောင်းရမ်းတာတွေကို လျော့ပေးတဲ့အပြင် အမည်းစက်တွေနဲ့ အမာရွတ်တွေကိုပါ ဖယ်ရှားပေးနိုင်တယ်။
6/ ဆဲလ်သေတွေကို ဖယ်ရှားမယ်...
မျက်နှာပေါ်မှာ ဆဲလ်သေတွေက နေရာယူနေမယ်ဆိုရင် မျက်နှာက ညိုနေတာတို့ ခြောက်နေတာတို့နဲ့ မလှပဲ ဖြစ်နေပါလိမ့်မယ်။
ဒီလို ဆဲလ်သေတွေကို ဖယ်လိုက်တဲ့အခါ မျက်နှာလေးက ကြည်ပြီးတော့ ဝင်းလာပါလိမ့်မယ်။ ကြက်ဥအကာထဲကို အုတ်ဂျုံနဲ့ ပျားရည်ကို လက်ဖက်စားဇွန်း ၁ ဇွန်း ရောမွှေပါ။
လက်ချောင်းထိပ်လေးတွေနဲ့ ယူပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံလေးတွေနဲ့ ညင်သာစွာလိမ်းပေးပေါ့နော်။
မိနစ်နဲနဲကြာလာရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။
တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ လုပ်ပေးပါ။
7/ ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားမယ်
ဦးရေပြားက အဆီတွေ အရမ်းထွက်ပြီးတော့ ဆံပင်ကြီးက အဆီတွေကြောင့် ပြားကပ်ကပ်ကြီး ဖြစ်နေပြီး ရုပ်ဆိုးနေပါလိမ့်မယ်။
အဆီတွေကို ထိန်းသိမ်နိုင်အောင်လို့ ကြက်ဥအကာကို ဦးရေပြားပေါ်တင်ပြီး မိနစ်အနဲငယ်ထားပြီး ရေဆေးချလိုက်ပါ။
ပြီးရင် လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ သိသာပါတယ်။
8/ Conditioner အနေနဲ့ရော...
ဆံကေသာကို ပျော့ပျောင်းနူးညံ့သွားအောင်လဲ ကြက်ဥအကာက စွမ်းသေးတယ်နော်။
ကြက်ဥအကာကိုယူပြီးတော့ ဒိန်ချဉ်နဲ့ သံလွင်ဆီ လက်ဖက်စားဇွန်း ၁ ဇွန်းဆီ သမအောင် မွှေပြီး ဦးရေပြားပေါ်လိမ်းထားလိုက်ပါ။
ဆံပင် အတို အရှည်ပေါ် မူတည်ပြီး ၃လုံး ၄ လုံးလောက် အသုံးပြုပေးပါ။
ပြီးရင်တော့ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပြီး ရောထားတဲ့ အရေကို သန့်စင်အောင် ဆေးချပါ။
တကယ်ကို ထိရောက်ပါတယ်။
ဒါလေးတွေကတော့ ကြက်ဥကရတဲ့ အလှအပအတွက် နည်းလမ်းလေးတွေပါ။ တကယ်ကို လွယ်ပြီးတော့ အဆင်ပြေပါတယ်။
&GOnlineMarket
07/01/2022
Innisfree Intensive Triple-Shield Sunscreen SPF50+ PA+++++
လိမ်းလိုက်ရင် စေးကပ်ခြင်းမရှိဘဲ နေရောင်ခြည်
ဒဏ်ကို အပြည့်အ၀ကာကွယ်ပေးနိုင်တဲ့ water resistant sunscreen လေးပါ။
🌞 UV protection အပြင် whitening နဲ့ အရေးအကြောင်းတွေကိုပါ လျော့ကျစေတဲ့ 3 in 1 sun cream လေးပဲ ဖြစ်ပါတယ်။
🌞 ချွေးနဲ့အဆီပြန်တာတွေကို တစ်နေ့လုံးထိန်းပေးနိုင်တဲ့ ကြာရှည်ခံ waterproof sunscreen ဖြစ်ပါတယ်။ အပြင်အသွားများတဲ့ သူတွေအတွက် သင့်တော်ပါတယ်။
🌞 Sunscreen ကိုမှ မိတ်ကပ်သားပါတာကြိုက်တဲ့သူတွေလည်း ဒါလေးသုံးပြီး pactလေး ပုတ်လိုက်ရုံနဲ့ အဆင်ပြေပြီနော်။
စမ်းသုံးကြည့်ချင်သူများအတွက် 10ml ဘူးလေးတွေ ရပါပြီနော်။
Crd
Direct from Korea 🇰🇷
Price - 3800ks (10ml)
☎️ - 09767096151 or cb
03/01/2022
ဝက်ခြံပေါက်တဲ့ နေရာပေါ်မူတည်ပြီး အကြောင်းရင်းကို အကြမ်းအားဖြင့် ဒီပုံထဲကလို ခွဲခြားလို့ရပါတယ်။ ဒါပေမယ့် ဒါကအကြမ်းမျဉ်းပြောတာဖြစ်ပြီး သုံးတဲ့ဆေးတွေကြောင့်၊ မျိုးရိုးဗီဇကြောင့်၊ အလှကုန်တွေကြောင့်နဲ့ တခြားသော ဝက်ခြံပေါက်စေတဲ့ အကြောင်းရင်းတွေ များစွာရှိနိုင်ပါသေးတယ် ...
အားလုံးပဲ အန္တရာယ်ကင်းသော လှပခြင်းတွေ ရကြပါစေ ...
03/01/2022
၀ယ်ယူအားပေးတဲ့ သူငယ်ချင်းလေး ကျေးဇူးပါရှင်
😘😍
Click here to claim your Sponsored Listing.
Category
Website
Address
Hmawbi
