Khin in Winter
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin in Winter, Makeup artist, Hmawbi.
30/06/2026
Makeup လိမ်းပြီး အချိန်ကြာရင် မျက်နှာကြီးမဲသွားတာ ဘာကြောင့်လဲ 🤔💭
“အိမ်မှာပြင်ထားတော့ မိတ်ကပ်က လှလှလေးပဲ အပြင်ရောက်လို့ နာရီဝက်၊တစ်နာရီလောက်နေရင် မျက်နှာကြီးက ညိုပြီး မဲသွားတယ်” ဆောင်းတို့တွေ တော်တော်များများအဲ့လိုဖြစ်ဖူးကြတယ်မှတ်လား။ဆောင်းကိုယ်တိုင်ကလည်း အရင်တုန်းက ခဏခဏ အဲ့လိုဖြစ်ဖူးပါတယ်။
အဲ့တာက ဘာကြောင့်လဲဆိုရင် Oxidation ဖြစ်သွားလို့ပါ။Oxidize/ Oxidation ဖြစ်တယ်ဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်တာလဲဆိုရင် Foundation မှာပါတဲ့ Natural Oils/ သဘာဝအဆီတွေရယ်၊ ကိုယ့်မျက်နှာက ထွက်တဲ့ Skin Oils တွေရယ်နဲ့ Oxygen နဲ့ ဓာတ်ပြုပြီးတော့ ညိုသွား၊မဲသွားတာကိုခေါ်တာပါ။ဒါက ပန်းသီးတစ်လုံး ခြမ်းထားပြီး ထားထားတာ ကြာသွားရင် မဲသွားတာနဲ့ တူပါတယ်။ဒါက သဘာဝဖြစ်စဉ်တစ်ခုပဲမို့ စိတ်ပူစရာမလိုပါဘူး။
ဒါဆို Oxidation မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ ?
တကယ်ကတော့ လုံးဝကြီး oxidize မဖြစ်အောင်တော့ တားလို့မရပါဘူး။ ဒါက သဘာဝဖြစ်စဉ်တစ်ခုဖြစ်နေလို့ပါ။ ဒါပေမယ့် အတတ်နိုင်ဆုံး oxidize ဖြစ်တာ နည်းအောင် ဖြစ်လည်း ကိုယ့်အသားထက်မဲမသွားအောင် လုပ်လို့ရတဲ့ နည်းတွေတော့ ရှိပါတယ်။
🫧 Primer ခံသုံးခြင်း
Primer လေးတွေ ခံသုံးပြီး မျက်နှာနဲ့ Foundation ကြားမှာ အလွှာလေးတစ်လွှာခြားပေးလိုက်တာပါ။ အဆီပြန်တဲ့သူဆို Mattifying primer, ချွေးပေါက်ကျယ်တဲ့သူဆို Pore minimizing primer တွေ သုံးပေးလို့ရပါတယ်။
အဆီပြန်တဲ့ နှုန်းကို ထိန်းချုပ်လိုက်ရင် Oxidize ဖြစ်တာ နည်းသွားပါတယ်။
⚠️ သတိထားရမှာက Primer သုံးရင် Cleansing ကို သေချာလေးလုပ်ပေးရပါမယ်။ primer တွေက ချွေးပေါက်ကို ဖုံးအုပ်လိုက်ပြီး skin ကို smooth ဖြစ်သွားအောင် လုပ်ပေးပုံစံနဲ့ အလုပ်လုပ် လုပ်တာကြောင့် Cleansing သေချာမလုပ်ရင် အဆီဖုတွေ ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ Daily သုံးဖို့တော့ အကြံမပေးချင်ပါဘူး။ ပွဲတက် တစ်ခါတစ်လေ သုံးတာက ပိုအဆင်ပြေပါတယ်။ ⚠️
🫧 Loose Powder နဲ့ သေချာ setလုပ်ပေးပါ
ဆောင်းတို့ မြန်မာနိုင်ငံရာသီဥတုက နွေ၊မိုး၊ဆောင်း သုံးဥတုစလုံး ပူပါတယ်။ ပူရင် ချွေးထွက်၊အဆီပြန်တာကတော့ဖြစ်တာပဲပေါ့နော်။ ဒီတော့ Foundation လိမ်းပြီးသွားရင် Loose powder သေချာပေါက် သုံးပေးဖို့လိုပါတယ်။ ဒါမှသာ အဆီပြန်တာကို လျှော့ချပေးပြီး oxidize နှုန်းကို နည်းစေမှာပဲဖြစ်ပါတယ်။
🫧 Foundation ရွေးခြင်း
Foundation ရွေးတဲ့ အခါမှ ပုံမှန် ကိုယ့်skin tone နဲ့ တစ်ထပ်တည်းကျတဲ့ အရောင်ကို ရွေးတာထက် Skin tone ထက် တစ်ဆင့် (one shade) လင်းတဲ့ အရောင်မျိုးကို ရွေးတာပါ။
ဆောင်းရဲ့ Tipလေးတစ်ခုရှိပါတယ်💡
ကောင်တာမှာ foundation ရွေးရင် လည်ပင်းနဲ့ မျက်နှာစပ်နေတဲ့ နားလေးကို နှစ်ရောင်သုံးရောင်လောက် လိမ်းကြည့်ပြီး ချက်ချင်းမဝယ်ဘဲ မိနစ်၃၀/၁နာရီလောက် shopping ပတ်ရင်း ဒါမှ မဟုတ် မုန့်စားရင်း စောင့်ပြီးမှ ကိုယ်နဲ့ အကိုက်ဆုံး အရောင်ကို ရွေးဝယ်ပါ။ ဒါဆိုရင် oxidize ဖြစ်သွားလည်း ကိုယ်နဲ့ အလှဆုံးဖြစ်မယ့် အရောင်ကိုရပြီပဲဖြစ်ပါတယ်။
ဒီအချက်လေးတွေ လိုက်လုပ်မယ်ဆိုရင် oxidation ဖြစ်နှုန်းကို လျှော့ချနိုင်ပြီး လိမ်းပြီးသွားလည်း မမဲသွားတဲ့ မိတ်ကပ်ကို ရမှာပဲဖြစ်ပါတယ်။
မိတ်ကပ်လိမ်းပြီးတိုင်း ညိုပြီး မဲသွားလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေရှိရင် ဖတ်ရအောင် Share ပေးဖို့ မမေ့နဲ့ဦးနော်။ နောက်ခါမှ ပြန်ဖတ်ပြီး လိုက်လုပ်ကြည့်ဖို့လည်း Save ထားလိုက်တော့နော် ✨
24/06/2026
𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫𝐬 တွေမှာ ရှိထားသင့်တဲ့ 𝐁𝐫𝐮𝐬𝐡 (𝟏𝟎)ချောင်း ✨
Makeup လိမ်းခြယ်ရာမှာ သုံးတဲ့ productsတွေကလည်း အရေးကြီးတယ်ဆိုပေမယ့် Brush ကို
သူ့နေရာနဲ့သူ မှန်မှန်ကန်ကန် အသုံးပြုတတ်ဖို့ကလည်း တကယ် အရေးကြီးပါတယ်💡
Brushes တွေကို မှန်မှန်ကန်ကန်သုံးပြီး လိမ်းထားတဲ့ Makeup Look နဲ့ မသုံးဘဲ ဖြစ်သလို လိမ်းထားတဲ့ Look ကလည်း တကယ်ပဲကွာခြားချက်ရှိပါတယ်။
“Makeup Tutorials တွေကြည့်တယ် သူတို့လိမ်းသလိုမျိုး မထွက်တာလဲ” ဆိုတာကလည်း Brushes အသုံးပြုပုံ မှန်/မမှန်နဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါသေးတယ်။ ဒီတော့ အခုကစပြီး Tutoတွေကြည့်ရင် Brushes လေးတွေကို သတိထားပြီးကြည့်ကြည့်ဖို့ ပြောချင်ပါတယ်နော်။
Brush တွေမှာ Synthetic Brushes လို့ခေါ်တဲ့ Nylon, Polyester တို့က လုပ်ထားတဲ့ Brush နဲ့
တိရိစ္ဆာန်(ဆိတ်၊ ရှဉ့် စသဖြင့်…) တွေဆီကရတဲ့ အမွှေးတွေနဲ့ လုပ်ထားတဲ့ Natural Brushes ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။
Synthetic Brushes တွေကိုတော့ Cream/ Liquid Base တွေအတွက်သုံးပြီးတော့ Natural Brushes တွေကိုတော့ Powder Baseတွေ အတွက်သုံးပါတယ်။ ဒါလေးကတော့ Brush နဲ့ ပတ်သက်ပြီး သိထားသင့်တာလေးပေါ့နော်။
ဒါဆိုရင် ဒီနေ့မှာ ဆောင်းက Beginners တွေ သိထားသင့်/ရှိထားသင့်တဲ့ Brushes 10မျိုးကို ပုံလေးတွေနဲ့ နားလည်ရ လွယ်ကူအောင် ရှင်းပြပေးထားပါတယ်။
အဲ့ဒီ (10)မျိုးကတော့
▪️𝐏𝐨𝐰𝐝𝐞𝐫 𝐁𝐫𝐮𝐬𝐡 ( 𝐋𝐨𝐨𝐬𝐞 𝐏𝐨𝐰𝐝𝐞𝐫 သုံးရန်)
▪️𝐄𝐲𝐞𝐬 𝐁𝐥𝐞𝐧𝐝𝐢𝐧𝐠 𝐁𝐫𝐮𝐬𝐡 (𝐄𝐲𝐞𝐬𝐡𝐚𝐝𝐨𝐰 ▪️𝐁𝐥𝐞𝐧𝐝ရန်)
▪️𝐒𝐡𝐢𝐦𝐦𝐞𝐫 𝐁𝐫𝐮𝐬𝐡 ( 𝐒𝐡𝐢𝐦𝐦𝐞𝐫 ထည့်ရန်)
▪️𝐄𝐲𝐞𝐛𝐫𝐨𝐰𝐬 𝐁𝐫𝐮𝐬𝐡 ( မျက်ခုံးဆွဲရန်)
▪️𝐂𝐨𝐧𝐭𝐨𝐮𝐫 𝐁𝐫𝐮𝐬𝐡 ( 𝐂𝐨𝐧𝐭𝐨𝐮𝐫 ချရန်)
▪️𝐍𝐨𝐬𝐞 𝐂𝐨𝐧𝐭𝐨𝐮𝐫 𝐁𝐫𝐮𝐬𝐡 (နှာတံဖော်ရန်)
▪️𝐁𝐥𝐮𝐬𝐡 𝐁𝐫𝐮𝐬𝐡 ( ပါးနီခြယ်ရန်)
▪️𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭𝐞𝐫 𝐁𝐫𝐮𝐬𝐡 ( 𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭𝐞𝐫 ထည့်ရန်)
▪️𝐅𝐥𝐚𝐭 𝐁𝐫𝐮𝐬𝐡 (𝐜𝐨𝐧𝐜𝐞𝐚𝐥𝐞𝐫 နဲ့ 𝐋𝐢𝐧𝐞𝐫 အတွက်)
▪️𝐒𝐩𝐨𝐧𝐠𝐞 & 𝐌𝐚𝐤𝐞𝐮𝐩 𝐏𝐮𝐟𝐟 (𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 & 𝐏𝐨𝐰𝐝𝐞𝐫 အတွက် )
တချို့တွေက Brush Set ဝယ်ထားပြီးတော့ အဲ့ထဲက တစ်ချောင်းနှစ်ချောင်းကိုပဲ အဆင်ပြေသလို လှည့်ပတ်သုံးနေကြတာမျိုးရှိတယ်။
လာပါ မမတို့ ညီမလေးတို့ အဲ့လိုမလုပ်ပါနဲ့ ။အထာကျကျလေး Makeup ပြင်ကြမယ်လေ 🙂↔️
အခုမှစဝယ်မယ့်သူတွေကတော့ ဒီ Listလေးနဲ့တိုက်ပြီး ဝယ်လို့ရသလို၊ Brush Setရှိပြီးသားသူလေးတွေကလည်း တူတာလေး တိုက်ကြည့်ပြီး အသုံးပြုလို့ရပါတယ်။ပြီးတော့ တချို့ Brush လေးတွေက Optional ပါ။ ဥပမာ- power blush မသုံးဘူး၊ cream/liquid blush ပဲသုံးတယ်ဆို Blush Brush ကို မဝယ်ဘဲ skip လိုက် လည်းရပါတယ်။
🛒 𝐁𝐮𝐝𝐠𝐞𝐭 𝐒𝐚𝐯𝐞 ဖြစ်ပြီး 𝐐𝐮𝐚𝐥𝐢𝐭𝐲 လည်းကောင်း 𝐁𝐫𝐚𝐧𝐝 အကြံပြုချက် -
Market ထဲမှာ အလွယ်တကူရနိုင်ပြီး Beginners တွေအတွက် အဆင်ပြေဆုံး Brand တွေဆိုရင် Maange, Imagic, Sheglam တို့ထဲက ရှာကြည့်နိုင်ပါတယ်။
ပုံလေးတွေထဲမှာ အသုံးပြုနည်းလေးတွေပါ အသေးစိပ်လေးရှင်းပြထားတာမို့ နောက်ခါ Makeup လိမ်းရင် Level up သွားဖို့ မျှော်လင့်ပါတယ်ရှင်။ကိုယ့်ဆီမှာ ရှိနေပြီး ဘယ်လိုသုံးရမလဲမသိဘူးဆိုတဲ့ Brush လေးတွေရှိရင်လည်း Cmt မှာ ပုံလေးပြပြီးမေးခဲ့နိုင်ပါတယ်🙆🏻♀️💓
15/06/2026
𝐌𝐚𝐤𝐞𝐮𝐩 𝐏𝐨𝐰𝐝𝐞𝐫 တွေ အကုန်လုံးက တူတူပဲလား ?🤔
ဒီနေ့မှာတော့ တော်တော်များများ သိသလိုလိုနဲ့ အမှတ်မှားနေကြတဲ့ powder အမျိုးအစားလေးတွေအကြောင်း ဆောင်းက ပြောပြချင်ပါတယ်
ဒီတော့ Powder အမျိုးအစား ဘယ်နှစ်ခုရှိလဲ?
အကြမ်းဖျင်းအားဖြင့် Loose Powder/Pressed Powder/Skin Finishing Powder ဆိုပြီး (3)မျိုးရှိပါတယ်
1.𝙇𝙤𝙤𝙨𝙚 𝙋𝙤𝙬𝙙𝙚𝙧/ 𝙎𝙚𝙩𝙩𝙞𝙣𝙜 𝙋𝙤𝙬𝙙𝙚𝙧
Loose powder ကတော့ ဘူးထဲမှာ powderလေးတွေကို ထည့်ထားတဲ့ပုံစံလေးနဲ့လာပါတယ်။ကိုယ်သုံးမှ နည်းနည်းခေါက်ချပြီး powder puff or brush နဲ့ သုံးရတာပါ။သူက အဓိက ဘာလုပ်လဲဆိုတော့ အဆီထိန်းပေးတယ်၊ အောက်က လိမ်းထားတဲ့ မိတ်ကပ်တွေ cream base တွေကို ရွေ့မသွားအောင် setလုပ်ပေးပါတယ်။
သူ့ကို MUA တွေကတော့ ပိုပြီး အသုံးများကြပါတယ်။တချို့တွေကအထင်မှားတတ်တယ် loose powder သုံးရင် အရမ်း cakey ဖြစ်ပြီး ထူထူသိပ်သိပ်ကြီးဖြစ်သွားတယ်ဆိုပြီးလေ။ တကယ်က သုံးနည်းလေး နည်းနည်းလွဲနေသေးတာပါ။ သူ့ကို puff or brush နဲ့ယူရင် မျက်နှာပေါ်တန်းတင်တာမျိုးမဟုတ်ဘဲ ဘူးအဖုံးလေးမှာဖြစ်ဖြစ် လက်ပေါ်မှာ ဖြစ်ဖြစ်ပြန့်သွားအောင် ဖြန့်ပြီးမှ မျက်နှာပေါ်လိမ်းပေးပါ။ဒါဆိုရင် သဘာဝဆန်တဲ့ look လေးကိုရစေပါတယ်။
Loose powderမှာ မိတ်ကပ်ရောင်ပါတဲ့ဟာနဲ့ မပါတဲ့ Translucent Powder ဆိုပြီး အများကြီးခွဲလာသေးတယ်။တချို့ Brand တွေမှာဆို color correct လုပ်ဖို့ အစိမ်းလေးတွေ ပန်းရောင်လေးတွေစသဖြင့် အရောင်လေးတွေနဲ့ ပါလာသေးတယ်။ Translucent Powderကတော့ makeup ကို ထူတာမကြိုက်ဘူး အဆီပဲထိန်းချင်တယ်ဆိုတဲ့ သူတွေနဲ့ ယောက်ျားလေးတွေဆို ပိုပြီး အဆင်ပြေလိမ့်မယ်။
2.𝙋𝙧𝙚𝙨𝙨𝙚𝙙 𝙋𝙤𝙬𝙙𝙚𝙧
သူက ကောင်မလေးတွေ အိတ်ထဲမှာ တစ်ဘူးလောက်တော့ပါတတ်တဲ့ ဆရာကြီးပေါ့နော်။
သူကကြတော့ ခုနက Loose powder ကို ဘူးထဲမှာ pressed လုပ်ပြီး ထည့်ထားတာမျိုးပါ။
Loose Powderနဲ့ ဘာကွာလဲဆို သူက မိတ်ကပ်သားပိုပါပြီး coverage ပိုကောင်းပါတယ်။Foundation မလိမ်းချင်ဘူးဆို သူ့ကိုပဲ ပေါ့ပေါ့ပါးပါး ဘုတ်ဘုတ်ဘုတ် လုပ်ပြီးလိမ်းလိုက်လည်းရပါတယ်။
သူ့မှာလည်း ပထမကလိုပဲ Translucent powder နဲ့ color လေးတွေလည်းလာသေးတယ်။Two-Way Cakeတွေလည်းရှိပါသေးတယ်။2wayတွေကတော့ foundation နဲ့ powderကို ရောပြီးခဲထားတဲ့ပုံစံမျိုးပါ။ပုံမှန် pressed powderတွေထက်ပိုထူပြီး coverage ကောင်းပါတယ်။
သူ့ကိုလိမ်းဖို့ tip ပေးရမယ်ဆိုရင် မကြီးတို့၊ ညီမလေးတို့ ဆွဲပြီးမလိမ်းကြပါနဲ့နော် 🥹 ပုတ်ပုတ်ပြီးပဲ လိမ်းပေးပါနော်။
Pressed Powderက အိတ်ဆောင်အနေနဲ့ ပိုပြီးသင့်တော်ပြီးတော့ လွယ်လွယ်ကူကူ touch up လုပ်ဖို့ အဆင်ပြေပါတယ်။သူရဲ့ ဘူးပုံစံလေးတွေက လှလှလေးတွေလာတာများတော့ လူကြားထဲမှာ Loose Powder ဘူးကြီးဖွင့်ရိုက်တာထက်ဆိုင်ရင်တော့ ပိုပြီး Stylish ဖြစ်တာပေါ့နော်။အဲ့တော့ oily skin သမားတွေဆိုရင်တော့ အိမ်မှာလိမ်းရင် loose powder သုံးပြီး အပြင်ရောက်မှ pressed powder လေးနဲ့ touch upလုပ်ပေးတာ အဆင်ပြေပါလိမ့်မယ်။
3.𝙎𝙠𝙞𝙣 𝙁𝙞𝙣𝙞𝙨𝙝𝙞𝙣𝙜 𝙋𝙤𝙬𝙙𝙚𝙧 ✨
ဒီအမျိုးအစားကတော့ အခုနောက်ပိုင်းမှာ အရမ်း trend ဖြစ်ပြီး ခေတ်စားလာတယ်။
ဒါပေမယ့် တော်တော်များများက pressed powder ဒါမှမဟုတ် highlighter တွေနဲ့ အမှတ်မှားတုန်းပဲ။
Skin Finishing Powder တွေကို အခု ဘယ်step မှာသုံးနေကြလဲဟင်။တကယ်တော့ သူက Makeup Look တစ်ခုလုံးပြီးသွားတဲ့ အချိန် နောက်ဆုံး stepမှာ သုံးပေးရတာ။လိမ်းထားတဲ့ Makeup Look တစ်ခုလုံးကို ပြီးပြည့်စုံသွားအောင်လုပ်ပေးတဲ့ခံစားချက်မျိုးပေးတယ်။ သူကို လိမ်းလိုက်ရင် မျက်နှာပေါ်မှာ Filterကြီးကပ်သွားသလိုမျိုးဖြစ်သွားတယ် ပြောရမယ်။
မျက်နှာပေါ်မှာရှိနေတဲ့ ချွေးပေါက်နဲ့ Fine Linesတွေ ကို Blur ဖြစ်စေတယ်။ ပြီးတော့။ သူ့ကိုသုံးရင် Highlighterတွေလိုမျိူး ပြောင်ပြောင်ကြီးဖြစ်နေတာမျိုးလည်းမဟုတ်၊ အဆီပြန်သလိုမျိုးလည်း မဟုတ်ဘဲ သဘာဝအတိုင်းလေး ကြည်ကြည်ပြောင်ပြောင်လေးဖြစ်နေတယ်ဆိုတဲ့ ပုံစံလေးရတယ်။ ဒါပေမယ့်လည်း Brand တစ်ခုချင်းဆီကပေးတဲ့ vibeတွေကတော့ မတူဘူးပေါ့။
သူ့ကိုလိမ်းတဲ့အခါမှာ ဘယ် brush နဲ့ သုံးနေလဲဆိုတာလည်း အရေးကြီးသေးတယ်။ Powder Brush or Fan brush ပွပွကြီးကြီးကိုသုံးပြီး အသာလေး ဝှေ့ဝှေ့ပြီး လိမ်းပေးတာက natural ဆန်တဲ့ look မျိုးကို ရစေလိမ့်မယ်။ Skin Finishing Powder တွေက ပုံမှန်အားဖြင့်တော့ စျေးကြီးတယ်။ Budget Brand တွေမှာတော့တွေ့ရခဲတယ် ဒါပေမယ့် investment လုပ်ချင်တဲ့သူတွေအတွက်တော့ နောင်တမရမယ့် investment လေးပေါ့နော်။
ဒါဆိုရင်တော့ ဆောင်းပြောပြတဲ့ Powder တွေအကြောင်းကတော့ ဒီလောက်ပါပဲရှင်။ အကုန်လုံးလည်း Powderတွေအကြောင်းကွဲကွဲပြားပြားသိသွားမယ်လို့ မျှော်လင့်ပါတယ်။တခြားသိချင်တာလေးတွေရှိရင်လည်း Comment မှာမေးခဲ့လို့ရပါတယ်ရှင်။
03/05/2026
ဒီမနက်သွားပြင်ပေးဖြစ်တဲ့
ချယ်ရီပန်းလေးတစ်ပွင့် 🌸💕
#ပွဲတက်မိတ်ကပ်
26/02/2026
🎓 ပိုမိုတောက်ပတဲ့ ဘွဲ့နှင်းသဘင်နေ့လေး ဖြစ်ဖို့ "ဆောင်း" ဆီ လာခဲ့ပါ ✨
ဘွဲ့ယူဖို့အတွက် အစအဆုံး အလှပြင်ဖို့ စိတ်ပူနေရပြီလား? ဆောင်းဆီမှာဆိုရင် Hair, Makeup & Accessories အားလုံးပါဝင်တဲ့ Full Package နဲ့ အပြီးအစီး ပြင်ဆင်ပေးနေပါပြီရှင့်။
အခုပုံထဲက သဲလေးဆိုရင်လည်း ဆောင်းရဲ့ Full Package လေးနဲ့ ပြင်ထားတာလေးပါနော်။ 😍
Customer အကြိုက်ကို ဦးစားပေးပြီး မိမိရဲ့ မျက်နှာပေါက်လေးနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် Look ကို သေချာတိုင်ပင်ပြီးမှ ပြင်ဆင်ပေးဖြစ်ပါတယ်။
ဆံပင်စတိုင်ကအစ၊ အဝတ်အစားနဲ့လိုက်ဖက်မယ့် Accessories လေးတွေကို တစ်ခုချင်း စိတ်ပူနေစရာမလိုဘဲ တစ်နေရာတည်းမှာ အကုန်ပြည့်စုံစေရမယ်နော်။💓
ယုံကြည်မှုအပြည့်နဲ့ ပွဲထွက်နိုင်ဖို့၊ ဘွဲ့နှင်းသဘင်နေ့လေးမှာ အလှဆုံးဖြစ်နေဖို့ ဆောင်းက တာဝန်ယူပေးပါရစေ ✨🤍
📍 မှော်ဘီ၊ ထောက်ကြန့် အနီးတစ်ဝိုက်က အချစ်လေးတွေ အလှပြင်ဖို့ Makeup Artist ရှာနေတယ်ဆိုရင် အမြန်ဆုံး Book လုပ်လိုက်တော့နော်။
အသေးစိပ်ကိုတော့ cb မှာ စုံစမ်းနိုင်ပါတယ်ရှင့် 🫶🏻 #ဘွဲ့မိတ်ကပ်
25/02/2026
ဂျပန်က ဆောင်းရဲ့ Self Makeup သင်တန်းသူလေးပါ 💓
Final look ကို အရမ်းတွေ စိတ်တိုင်းကျပြီး makeup တောင်ဖျက်ချင်တော့ဘူးတဲ့ 🙂↔️💓
25/02/2026
Actual Day အတွက်
ပြင်ဆင်ပေးဖြစ်တာလေးပါရှင့် ✨🤍
ကာကာ အကြိုက်ရယ် ဆောင်းအမြင်ရယ်နဲ့
ပေါင်းပြီး အလှဆုံးလေးပြင်ပေးဖြစ်တာလေးပါ 💞
24/02/2026
သမီးလေး ဘွဲ့ Rehearsal အပြန် Studio မှာ ဓာတ်ပုံသွားရိုက်ဖို့ အန်တီ့ကို ပြင်ဆင်ပေးခဲ့တာလေးပါရှင့်✨🤍
အန်တီက မိတ်ကပ်နဲ့မနေတတ်ဘူး၊ အထူကြီးမလိမ်းချင်ဘူးဆိုတာနဲ့ အန်တီ့စိတ်ကြိုက် ပါးပါးကြည်ကြည်လေးနဲ့ ကျက်သရေရှိရှိလေး လှနေအောင် ပြင်ဆင်ပေးဖြစ်ပါတယ်💓
ဆောင်းကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုပေးပြီး တကယ်ကို စိတ်ထားဖြူစင်ပြီး ချစ်ဖို့အရမ်းကောင်းတဲ့ အန်တီပါ🙆🏻♀️💞
#ပွဲတက်မိတ်ကပ်
23/02/2026
ဒီနေ့ WYU Graduation Rehearsal day လေးအတွက် Hair, Makeup နဲ့ Accessories အစအဆုံး ပြင်ဆင်ပေးဖြစ်ခဲ့ပါတယ်။ ❤️
ဆောင်းကို ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးတဲ့အတွက် အကောင်းဆုံးနဲ့ အလှပဆုံးဖြစ်အောင် ကြိုးစားပေးထားပါတယ်ရှင့်။✨
📍မှော်ဘီ၊ ထောက်ကြန့် အနီးတစ်ဝိုက်က ပျိုမေတို့အနေနဲ့ ပွဲတက်၊ သတို့သမီး နဲ့ ဘွဲ့မိတ်ကပ် ပြင်ချင်တယ်ဆိုရင် Messenger (CB) ကနေ အသေးစိပ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။
#ဘွဲ့မိတ်ကပ်
21/02/2026
Client Feedback is our Priority! ✨
ဆောင်းရဲ့လက်ရာကို ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ပွဲနေ့တိုင်းမှာ အလှပဆုံးနဲ့ အတောက်ပြောင်ဆုံး ဖြစ်နေစေဖို့ ဆောင်းက အမြဲအသင့်ရှိနေမှာပါနော်။ 💄👑
Makeup Booking တင်လိုပါက CB သို့မဟုတ် 09-777454957 သို့ ဆက်သွယ်နိုင်ပါတယ် 💞
#ပွဲတက်မိတ်ကပ်
Click here to claim your Sponsored Listing.
Category
Address
Hmawbi
