B&p Brand by Wai
Healthy&Beauty
01/01/2025
နှစ်သစ်ကစပြီး
ကံကောင်းခြင်းတွေ ယူလာပေးပါလို့ ဆုမတောင်းဖြစ်တာကြာပြီ...။
ရှင်သန်ခွင့်ရတဲ့ နေ့ရက်တိုင်းကိုပဲ ကောင်းမွန်အောင် နေထိုင်ဖြစ်ခဲ့တယ်...။
ကိုယ်စိတ်ချမ်းသာဖို့ နေတတ်ခဲ့သလို ကိုယ်နဲ့ပတ်သက်သူတိုင်းကိုလဲ စိတ်ချမ်းသာစေချင်ခဲ့တယ်...။
မသေချာတဲ့ အနာဂတ်တွေအထိ မျှော်ငေးမနေချင်တော့ဘူး...။
နေပျော်အောင် နေထိုင်ရင်း ဘဝကို ရှေ့ဆက်ဖြစ်ခဲ့တယ်...။
တစ်နှစ်ပြီးရင် နောက်တစ်နှစ်ထပ်ရောက်လာမယ်...။
နှစ်ဟောင်းကို စွန့်ခွာပြီး နှစ်သစ်ကို အမြဲတမ်း စတင်ကြရမယ်...။
အဲဒီတော့ စိတ်ရှင်းလူရှင်း အတွေးရှင်းရှင်း နေလိုက်မယ်...။
ကြိုဆိုစရာမလိုဘဲ ရောက်လာတတ်တဲ့ နှစ်သစ်ကစပြီး စိတ်ကိုပို အေးချမ်းအောင်ထားဖို့လဲ ကြိုးစားရအုံးမယ်...။
#ပွင့်ပန်းဝေလှိုင်
02/12/2024
မိဘအုပ်ထိန်းမှုပုံစံ ၊ ကြီးပြင်းလာတဲ့ပတ်ဝန်းကျင် နဲ့
လူနေမှုစရိုက် ၊ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံ ၊
နောက်ခံအင်အား
ဒါတွေဟာ လူတစ်ယောက်ရဲ့ Base ပဲ ။
အဲ့လို Base မတူကြတဲ့အတွက်
Brain Level မှာလည်း ကွာဟမှုလေးတွေ ရှိကြတယ် ။
ကိုယ်တွေးသလို လူတိုင်းတွေးကြမှာ မဟုတ်တာကြောင့်
အရာရာကို ညီမျှခြင်းချနေလို့ မရဘူး ။
အဲ့အတွက်ဆို Negotiable Communication ကို
တည်ဆောက်လို့ ရတယ် ။
Negotiable Communication ရဲ့ အဓိကအချက်တွေကတော့
နားထောင်တတ်ခြင်း၊ နားလည်အောင်ကြိုးစားခြင်း၊
ပွင့်လင်းမှုရှိခြင်းနဲ့ အပြန်အလှန်လေးစားမှု
စတာတွေပဲ ဖြစ်ပါတယ်။
အပေါင်းအသင်းဟာ Brain Level အတွက်
အရမ်းအရေးပါပါတယ်။
ဘာကြောင့်လဲဆိုတော့
မတူညီတဲ့ အတွေးအခေါ်တွေ၊ အမြင်တွေကနေ
ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်မှုကို ပိုပြီးကျယ်ပြန့်စေလို့ပါ။
ဒါပေမယ့် Base မတူတဲ့အခါ
တချို့ဆက်ဆံရေးတွေမှာတော့ စိန်ခေါ်မှုတွေ ရှိတတ်တယ်။
အထူးသဖြင့် အိမ်ထောင်ရေး၊ စီးပွားရေးမိတ်ဖက်၊
မိတ်ဆွေဆက်ဆံရေးတွေမှာ Base ကွာဟမှုက
သဘောထားကွဲလွဲမှုတွေ ဖြစ်စေနိုင်လိမ့်မယ် ။
ကိုယ်တိုးတက်ဖို့အတွက်ဆိုရင်
Base ထက် အပေါင်းအသင်းက ပိုအရေးကြီးပါတယ်။
Base က အတိတ်က ပုံသွင်းပြီးသား အရာတွေဖြစ်ပေမယ့်
အပေါင်းအသင်းကောင်းတွေနဲ့ ပတ်သက်ဆက်ဆံခြင်းက
လက်ရှိနဲ့ အနာဂါတ်အတွက် ပိုကောင်းတဲ့ပြောင်းလဲမှုတွေ
ဖြစ်စေနိုင်လို့ပါ ။
အမြဲတမ်း လေ့လာသင်ယူနေတဲ့သူတွေ၊
ရည်မှန်းချက်ကြီးမားတဲ့သူတွေနဲ့ ပတ်သက်ဆက်ဆံခြင်းဟာ
ကိုယ့်ရဲ့ အတွေးအခေါ်၊ အမြင်၊ အယူအဆတွေကို
မြှင့်တင်ပေးနိုင်ပြီး
ကိုယ့်ဖွံ့ဖြိုးတိုးတက်မှုအတွက်
အကျိုးရှိတဲ့ တွန်းအားတစ်ခု ဖြစ်စေပါတယ်။
Base က ကိုယ့်ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပေမယ့်
အပေါင်းအသင်းကောင်းတွေက
ဘဝကို ပိုမိုမြင့်မားတဲ့နေရာထိ ရောက်အောင်
တည်ဆောက်နိုင်စွမ်း ရှိပါတယ်။
ဒါ့ကြောင့်
Base မတူလည်း Power ချင်း ပေါင်းပြီး
ကိုယ့်ဘဝ တိုးတက်ဖို့ဆိုရင်
အပေါင်းအသင်း မမက်ဘဲ
အပေါင်းအသင်းမှန်ဖို့ သိပ်အရေးကြီးပါတယ် ။
-
Credit: အယ်လ်ဇ
29/11/2024
ဘယ်သူ့အတွက်မှ ကိုယ့်ရဲ့ ဖြစ်တည်မှုကို မပြောင်းလဲပါနဲ့မိန်းကလေး...။
ကိုယ်ရလာတဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုက
ပြောင်းလဲစရာမလိုအောင် ပြီးပြည့်စုံနေပြီးသားပါပဲ..။
ဒါပေမဲ့
ကြည့်တဲ့ မျက်လုံးနဲ့ စိတ်နေစိတ်ထား အပေါ်မှုတည်ပြီး ကိုယ်ဟာ ဘယ်လိုလူပါဆိုတာကို မှတ်ချက်ချတဲ့အပေါ် လိုက်ပါမျောမသွားဖို့ လိုပါတယ်..။
ကော်ဖီက ခါးတယ်။
ဒါပေမဲ့ အဲ့ဒီ ခါးဆိမ့်နေတဲ့ အရသာက
ကော်ဖီရဲ့ တန်ဖိုးပါပဲ..။
ကိုယ့်ရဲ့ ဖြစ်တည်မှုက
အကောင်းဆုံးဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်...
ဒါပေမဲ့
ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်
ကိုယ့်ရဲ့ ပုံစံ၊ ကိုယ့်စိတ်နေစိတ်ထားနဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုက ကိုယ့်တန်ဖိုးပါပဲ..။
#
27/11/2024
" #အကောင်းမြင်စိတ်နဲ့ရှင်သန်ပါ "
ဘဝဆိုတာ စာနာခြင်းတရားတွေနဲ့
စီးဆင်းရတယ်။
လိုအပ်သူတွေက ပြုံးတဲ့အခါ
မလိုအပ်သူတွေက မုန်းကြမယ်။
ထိုအခါ ကိုယ်ဟာ အပြုံးမပျက်စေနဲ့။
မုန်းတဲ့သူကလည်း သူ့အကြောင်းနဲ့ သူ
ပြုံးတဲ့ သူကလည်း သူ့အကြောင်းနဲ့ သူမို့
သူတို့ရဲ့အကြောင်းတွေထက်
ကိုယ့်ရဲ့အကြောင်းလေး ကောင်းဖို့သာ
ပြင်ဆင်လိုက်ပါ။
အကြောင်းကောင်းမှ
အကျိုးဆက်ဟာ အဖိုးထက်မှာမို့
မတိုးတတ်စေမယ့် အတွေးဆိုးတွေနဲ့
ဘဝကို ဘေးမထိုးမိပါစေနဲ့။
အပြောတွေ ချိုသာပါ။ ယဉ်ကျေးပါ။
စကားတွေမှာ စိတ်ရင်းတွေ ပါတတ်သည်မို့
စကားကြမ်းကြမ်းတွေနဲ့ မဆက်ဆံမိပါစေနဲ့။
စကားကိုလည်း အလွယ်မယုံမိပါစေနဲ့။
အလွယ်လည်း မပြောမိပါစေနဲ့။
သူတစ်ပါးရဲ့စကားကြောင့်
ကိုယ့်ဘဝ ဒုက္ခရောက်နိုင်သလို
ကိုယ့်ရဲ့ဖြစ်စလွယ် စကားကြောင့်လည်း
တစ်ပါးသူတွေ ဒုက္ခရောက်နိုင်ပါတယ်။
မှန်ကန်သော အပြောဖြင့်
သတိထား ဆုံးဖြတ်နိုင်ပါစေ။
မှားသောသူ တွေ့တိုင်းလည်း
မပုတ်ခတ်မိပါစေနဲ့။
မှန်သောသူ တွေ့တိုင်းလည်း
ချီးမွမ်းဖို့ ဝန်မလေးပါစေနဲ့။
ကိုယ်မှားရင် တောင်းပန်ပါ။
ကိုယ်မှန်ရင်လည်း အနေမှန်ပါ။
ဘဝတွေကို
ဘဝင်မြင့်သော စိတ်တွေနဲ့
မပေါင်းထည့်လိုက်ပါနဲ့။
မုန်းနေပါစေ...ကိုယ့်မှာရှိသော
စိတ်ရင်း၊ စေတနာအရင်းတို့ဖြင့်သာ
လူတွေကို ဆက်ဆံပါ၊ ပေါင်းသင်းပါ။
ကိုယ့်ကို လာမုန်းသူကို ပြန်မုန်းနေရင်
ကိုယ်ဟာ အရှုံးသမားဖြစ်သွားမှာ။
သစ္စာတရားဖြင့် စကားပြော၍
မေတ္တာတရားဖြင့် လူတိုင်းကို အပြုံးပေးပါ။
ဘဝဟာ မေတ္တာတရားတွေနဲ့
အထာကျသွားရင်
နေလို့လည်းကောင်းမယ်။
အေးလည်း အေးချမ်း မယ်။
လူတိုင်းကိုလည် အကောင်းမြင်လာမယ်။
ကိုယ့်ဘက်ကသာ
အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်နေမယ်ဆိုရင်
လူတိုင်းဟာ ချစ်စရာ အကောင်းဆုံးတွေဖြစ်လာမှာပါ။
Crd
25/11/2024
အရာရာ ဆိုးနေတဲ့ ဘဝထက်
အရာရာကို အဆိုးမြင်နေတဲ့စိတ်က
လူကို ပို ဒုက္ခဖြစ်စေတယ်
အကောင်းမြင်စိတ်နဲ့
မေတ္တာတရားသာ မရှိရင်
ကမ္ဘာဟာ ပျော်စရာမကောင်းတာ အမှန်ပဲ
ဗိုင်းရပ် ပိုးတွေထက်
အတိတ်နဲ့ အတွေးဆိုးတွေက
လူကို မြန်မြန်သေအောင် သ-တ်ပါတယ်
ဒဏ်ရာကို ပြပြီး
ကိုယ့်ကိုယ်ကိုယ် သနားနေသရွေ့တော့
ဘယ်တော့မှ မင်း သန်မာသူ ဖြစ်မလာဘူး
အမြဲတမ်း လင်းနေပြန်ရင်လဲ
ကြာရင် မျက်လုံးကို ထိခိုက်တတ်တယ်
ဒီ တော့
တစ်ခါတလေ မှောင်နေတာကိုလဲ
ဘဝလို့ နားလည်ယူလိုက်
တစ်ခါတစ်လေတော့လဲ ပြိုလဲမိမှာပေါ့
တစ်ခါတလေတော့လဲ ဝမ်းနည်းငိုကြွေးမိမှာပေါ့
တစ်ခါတလေတော့လဲ ခက်ခဲပင်ပန်းရမှာပေါ့
တစ်ခါတလေတော့လဲ အထီးကျန်နာကျင်ရမှာပေါ့
တစ်ခါတလေတော့လဲ လက်လျှော့လိုက်ချင်တာပေါ့
ဒါ ပေ မယ့်
ဒါ ဘ ဝ ပဲ လေ
ဘဝဆိုတာ
အကောင်းတွေချည်း မရှိသလို
အဆိုးတွေချည်းလဲ အမြဲကြုံမနေရပါဘူး
အပူ အအေး
အနိမ့် အမြင့်တွေကြားမှာ
ကိုယ့်စိတ်လေးကို မျှတအောင်ထားပြီး
နေတတ်အောင် လေ့ကျင့်ယူရမှာ
အောင်မြင်မှုတွေရမှာ
ငွေကြေးတွေ ချမ်းသာမှ
အရာရာ ပြည့်စုံတဲ့တစ်နေ့ကျမှ
ငါ ဘဝအရသာကို ခံစားမယ်
ငါ ပျော်အောင်နေမယ်ဆိုတာက မသေချာပါဘူး
တကယ် မသေချာဘူး
အရာရာ ပြောင်းလဲနေတဲ့လောကမှာ
မနက်ဖြန်ဆိုတဲ့ အနာဂတ်က
ဒီနေ့ဆိုတဲ့ ပစ္စုပ္ပန်လောက်
ဘယ်လိုလုပ်ပြီး သေချာပါ့မလဲ
ဒါကြောင့်
ဘဝကို ဒီနေ့က စပြီး
စိတ်တိုင်းကျ နေထိုင်ပါ
တစ်ခုခု အဆင်မပြေတာနဲ့
တစ်သက်လုံး မပျော်တော့မယ့်ပုံစံမျိုး မလုပ်နဲ့
တစ်ခုခု ဆုံးရှုံးသွားတာနဲ့
ငါဘဝကြီးတော့ သွားပါပြီးကွာဆိုတာမျိုး မတွေးနဲ့
အနားက တစ်ယောက်ယောက် ထွက်သွားတာနဲ့
သူမရှိရင် ငါတော့ မဖြစ်ဘူးဆိုတဲ့
ပျော့ညံ့တဲ့ စိတ်တွေ မထားနဲ့
တစ်ယောက်ယောက်
ကိုယ့်ကို နားလည်မပေးနိုင်တာနဲ့
လိုက်ရှင်းပြနေရတာတွေ လုပ်မနေနဲ့
တစ်ချို့နေရာတွေမှာ
သူက သူ
ကိုယ်က ကိုယ်ဘဲလေဆိုတဲ့ စိတ်မျိုးထားနိုင်တဲ့
သိပ့် ကို ကောင်း တယ်
အမြဲ ပျော်နေရမယ်လို့ မပြောဘူး
ဒါပေမယ့် အမြဲညည်းငြူးနေရင်တော့
စိတ်ထိခိုက်ပင်ပန်းရတာက လွဲပြီး
ကိုယ့်ဘဝအနာဂတ်က ဘာမှဖြစ်လာမှာမဟုတ်ဘူး
တကယ်တော့
လူ့ဘဝဆိုတာကတော့
ပူတယ် အပူတွေများတယ်
ဟုတ်တယ် ဒါ လက်ခံတယ်
ဒါပေမယ့်
အဲ့အပူတွေကြားမှာ အေးအောင်နေနိုင်တာ
နေတတ်တာကိုက ကိုယ့်အရည်အချင်းပဲ
အဲ့ဒါကို နောက်တစ်နည်း ဘဝပညာလို့ခေါ်တယ်
ကိုယ့်မှာ ဒီလို နေတတ်တဲ့ပညာမျိုး ရှိရမယ်
နောက်ဆုံးတစ်ခုပြောချင်တာက
ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ဖို့
နေတတ်ဖို့ ဖြေတတ်ဖို့ ပျော်တတ်ဖို့ဆိုရင်
ကိုယ့်မှာ ဘာတွေ မရှိဘူးဆိုပြီး
အမြဲစိတ်ပျက်အားငယ် မနေဘဲနဲ့
သြော်
ငါ့မှာတော့ ဘာတွေရှိသေးတာပဲလေဆိုပြီး
ကိုယ့်မှာရှိတဲ့ တန်ဖိုးကို
မြင်အောင်ကြည့်တတ်ဖို့လဲ လိုသေးတယ် ။
14/11/2024
အမျိုးသမီးအချင်းချင်းကြားမှာ Sisterhood လို့ခေါ်တဲ့ ညီမအရင်းလို စိတ်ဓာတ်မျိုး ရှိထားသင့်တယ်။
ကိုယ့်နဲ့ ဘာမှန်းမသိခင်ကတည်းက ယုံယုံကြည်ကြည် ဖွင့်ပြော၊ အကြံဉာဏ်ပေးနိုင်တဲ့ ဘော်ဒါမျိုး ရှိကိုရှိသင့်တယ်။
ကိုယ့်ကောင်းကျိုး သူ့ကောင်းကျိုးကိုမှ အပြန်အလှန် မြင်တတ်တဲ့ မိန်းကလေးမျိုး ရှိသင့်တယ်။
ကိုယ့်စိတ်ရဲ့ အတက်အကျအခြေအနေကို စောင့်ကြည့်ပြီး နှစ်ဦးနှစ်ဖက်ရဲ့ ပျော်ရွှင်မှုကိုပဲ အလေးပေး လိုလားအပ်တဲ့ ဘော်ဒါမျိုး ရှိသင့်တယ်။
ငိုမှ မျက်ရည်သုတ်ပေးတာမျိုးထက် မငိုအောင် စည်းစောင့်တတ်မယ့် ဘော်ဒါမျိုး ရှိကိုရှိသင့်တယ်။
Sisterhood စိတ်ဓာတ်မျိုး ရှိတဲ့သူငယ်ချင်းက တစ်ခုခုဆို ကိုယ့်အတွက် စဉ်းစားပေး၊ စိတ်ပူ ပေးတတ်တယ်။ ကိုယ်လှတာထက် ကိုယ်.. ဘယ်လိုနေနေ လှတာကိုပဲ စဉ်းစားပေး၊ နဂို ရှိရင်းစွဲအလှကို မပိုမလိုဘဲ မြင်တတ်တယ်။
ကိုယ့်နဲ့ နည်းနည်းလေးတောင်မှ ဆွေမျိုးမတော်ဘဲ အစ်မရင်း ညီမရင်းတစ်ယောက်လို နွေးထွေးမှုပေးတယ်။ သူ့နဲ့နေရင်ကိုပဲ လုံခြုံမှုရှိနေတာမျိုး ဖြစ်တတ်တယ်။
သင့်အနေနဲ့ တစ်စုံတစ်ယောက်သော အမျိုးသားဆီမှာ အချစ်ခံရတာ ကံကောင်းပါတယ်။ အဲ့ဒီထက် မိန်းကလေးချင်း အချစ်ခံရတာ ပိုပြီး ကံကောင်းစေတယ်။
ကိုယ်လျှောက်မယ့် လမ်းကို ပိတ်တာမျိုး မရှိဘူး၊ ကိုယ့်ကို ပြိုင်ဖက်ရန်သူဆိုပြီး သတ်မှတ်ထားတာမျိုး သူတို့မှာ မရှိသလို နှလုံးသားကိစ္စနဲ့ ယှဉ်လိုက်တဲ့အခါမှာလည်း စနိုင့်ကြော်တာတွေ.. မလုပ်ဘူး။
တစ်ခုတော့ ရှိတယ်။
နောက်ကျောကို ဓ.ားနဲ့ ကောက်ထိုးပြီး အောက်ဖဲလှန်တဲ့ တချို့ကိုတော့ ဘယ်တော့မှ Sisterhood လို့ မခေါ်ဆိုနဲ့ပေါ့။
13/11/2024
ရိုးသားခြင်း...
ရှေ့တင်ရော ကွယ်ရာပါ
ရိုးသားခြင်းလောက်
မြတ်နိုးစရာကောင်းတဲ့အရာ
လောကမှာ မရှိပါဘူး။
နောက်ပြီး...
သူတစ်ပါးကို ပေးသမျှတွေထဲမှာလည်း
ရိုးသားခြင်းကို ပေးတာဟာ
အကောင်းဆုံးပါပဲ။
ဒါ့ကြောင့် လူတိုင်းအပေါ်ကို
အတတ်နိုင်ဆုံး ရိုးသားပါ။
ကိုယ့်ရဲ့ ရိုးသားမှုဟာ
လူအများရဲ့အသုံးချစရာ
ဖြစ်ခဲ့မယ် ဆိုရင်တောင်
ဆက်လက်၍ ရိုးသားပါ။
ကိုယ့်ရဲ့ ရိုးသားမှုတွေကို
ဘယ်သူမှ အသိအမှတ်
မပြုဘူးဆိုရင်တောင်မှ..
ကံတရားကတော့
ကိုယ့်ရဲ့ ရိုးသားမှုတွေကို
အသိအမှတ်ပြုပါလိမ့်မယ်။
12/11/2024
မပြည့်စုံပေမယ့် မငြီးပဲ နေတတ်တာဟာ
ရောင့်ရဲမှု ရှိလို့ပါပဲ ။
မချမ်းသာပေမယ့် ပေးကမ်းတတ်တာဟာ
ယုံကြည်မှု(သဒ်ဒါတရား) ရှိလို့ပါပဲ ။
မသိကျွမ်းပေမယ့် ကူညီတတ်တာဟာ
စိတ်ထားကောင်း ရှိလို့ပါပဲ ။
အပြစ်တွေ့ပေမယ့် ခွင့်လွတ်နားလည်တတ်တာဟာ
သည်းခံမှု အားကောင်းလို့ပါပဲ ။
အလိုမကျတာမြင်ပေမယ့် ဒေါသ မထွက်တာဟာ
ပညာရှိလို့ပါပဲ ။
အဆင်မပြေပေမယ့် ကုသိုလ် ဖြစ်အောင်
နေတာဟာ သတိရှိလို့ပါပဲ ။
11/11/2024
လူဆိုတာ အမြဲတမ်း ပျိုမြစ်နေမှာမဟုတ်ဖူး
ဒါကြောင့်
ဘယ်တော့မှ မသေတော့မဲ့
မျက်နာထားတွေနဲ့ အသက်မရှင်ကြနဲ့။
လျှော့ကြ မာန်မာနတွေ။ ပြောကြ မေတ္တာစကားတွေ။ မထောင်လွှားနဲ့။ မမောက်မာနဲ့။
ဘဝင်မြင့် အောက်ခြေမလွတ်နဲ့။
လူကို လူလိုမြင်ပြီးဆက်ဆံ။
နှိမ့်ချတာသခင်မြင်တယ်။
နိမ့်ကြနေရင် အပါယ်ခံဖြစ်မယ်။ စိတ်ဓာတ်။
မမြဲခြင်းသဘောတရားကို သတိလေးကပ် ဆင်ခြင်။
ဇရာထောင်း ၊ အခါညောင်းတဲ့ တနေ့ နောင်တမရဖို့
ဖြေးဖြေးတွေး ရေးရေးမြင်။
ကြီးသူကို ရိုသေ။ ရွယ်တူကို လေးစား။
ငယ်သူကို သနား။
အားငယ်နေသူကို ဖေးမ။ လိုအပ်နေသူကို ပေးကမ်း။ကြီးပွားသူကို မုဒိတာပွား။ မလိုဝန်တို မရှိနဲ့။
ဘဝတကွေ့မှာ တွေ့ဆုံ၊ ကြုံခဲ့ရသမျှ
တနေ့ သခင့်ရှေ့မှာ ပေါ်လာမှာ အမှန်။
လူအချင်းချင်း ကိုယ်ချင်းစာ မေတ္တာပွားနိုင်ကြပါစေ။
.
03/11/2024
ဘဝမှာရည်မှန်းချက်တွေရှိတယ်..။
ပေးသောလက်ဖြစ်ချင်ခဲ့တာရယ်
မနက်ဖြန်အတွက်မပူပင်ချင်တာရယ်..။
ဒါလောက်ကလေးပါပဲ...။
နောက်ကြောင်းအေးအေးထားချင်တဲ့အခါ
အကုန်လွှတ်ချထားခဲ့မယ်။
အများနဲ့ကိုယ်ယှဉ်လာရင်တော့
ကိုယ့်ကိုယ်ကိုယ်ပဲဦးစားပေးလိုက်မယ်..။
အေးအေးလူလူ
စာလေးတွေဖတ်မယ်..။
ဇာတ်ကားလေးတွေကြည့်မယ်..။
အိမ်မှုကိစ္စလေးတွေလုပ်မယ်..။
နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မယ်...။
တစ်ဦးဦးက..လိုအပ်သူတွေအတွက်
ဖြည့်ဆည်းပေးတာလေးတွေကိုမြင်မိတိုင်း
ကြည်နူးစိတ်နဲ့..အားကျတယ်..
ကိုယ်လည်းသူ့လိုဖြစ်ချင်တယ်။
ဒါပေမဲ့လည်းအခုချိန်မှာ
လူတိုင်းအတွက်ပေးနိုင်တာဆိုလို့
ဆုတောင်းမေတ္တာလေးပဲရှိတယ်...။
ရိုးရိုးသားသားနဲ့အများကြီးကြိုးစားရဦးမယ်...။
သံသာရှင်းထက်
01/11/2024
ကျွန်မကတော့ အမှီခိုကင်းတဲ့
အမျိုးသမီးပဲ ဖြစ်ချင်တယ်"
ဇိမ်ဘယ်လောက်ရှိရှိ သူတစ်ပါးကို
အမှီပြုပြီး ဘဝကို မရှင်သန်ချင်ဘူး။
မပြည်စုံတဲ့ ဘဝဆိုရင်တောင်
ကျွန်မ မပျော့ညံ့ ချင်ဘူး"
သူများကို အားကိုးပြီးတော့
ဘယ်မျော်လင့်ချက် ကိုမှလည်း
ကျွန်မ အသက်မသွင်းချင် ဘူး"
ဘဝမှာ ထမ်းပိုးထားရတဲ့
တာဝန်တွေ အများကြီးရှိတယ်"
ဒါကြောင့် ~
ကိုယ့်ကိုယ်ကိုယ် သန်မာနေဖို့ ကြိုးစားတယ်။
ပြိုလဲလို့မဖြစ်တဲ့ ဘဝမို့ ဘယ်လောက်ပဲ
ကျွန်မ ပင်ပန်းနေပါစေ ရပ်တည်နေ ပါတယ်"
ကျွန်မကို သိမ်ငယ်စေတဲ့ လူတွေ
ပတ်သက်မှုတွေ ဆိုရင် ရဲရဲဝဲ့ဝဲ့ ဘဲ
စွန့်လွတ်လိုက်မယ်ဆိုတဲ့ သတ္တိ မွေးတယ်"
တကယ်တော့ ဘဝမှာ မပျော်မရွှင်
ကြီးပြင်းလာခဲ့ရတဲ့ လူတွေ အများစုဟာ"
ဘဝနေနည်းတွေ မျိုးစုံတတ်ကြပါတယ်။
ဒါကြောင့်
ကျွန်မကိုယ် ကျွန်မ ဂရုစိုက်ပြီး
ရှေ့ဆက်ရဦးမယ် ဒီသံသရာဘဝခရီး ဟာ
ကြမ်းတမ်းနေလည်း ကျွန်မ လျှောက်ရဲတယ်"
အရောင်စုံတဲ့ ဒီလောကကြီးထဲမှာ
နာကျင်ခြင်း ကျရှုံးခြင်းတွေ ရှိနေရင်တောင်
ကျွန်မ တစ်ယောက်တည်းပဲ ရှင်သန်မယ်"
ဒီလိုပါပဲ
နည်းနည်းလောက် ပျော်ဖို့အတွက်
အများကြီး ကြိုးစား ရုန်းကန်
နေရတာကိုပဲ ဘဝလို့ ခေါ်ရမယ်ထင်တယ်။
လိုအပ်ရင် ဘယ်သူ့ကိုမှ မျော်ကိုးမနေပဲ
ကျွန်မကိုယ် ကျွန်မ အားပေး နှစ်သိမ့်တယ်"
ရှင်သန်ခြင်းဟာ ဘယ်လောက်ပဲ
ခက်ခဲနေပါစေ ရအောင်ကျော်ဖြတ်မယ်"
ဘဝမှာ တောက်ပတဲ့ အပြုံးတစ်ပွင့်
လင်းလပ်တဲ့ အရောင်ထွက်ဖို့ဆိုရင်
ကျွန်မကိုယ်ကျွန်မပဲ အရောင်တင်မယ်"
အမှီအခို ကင်းတဲ့ ရှင်သန်ခြင်းနဲ့ပဲ
ကျွန်မက ရှင်သန် နေထိုင်ချင်ပါတယ်။
ဒါကြောင့်
အခုနောက်ပိုင်းမှာ ဒဏ်ရာတစ်ခုရတိုင်း
ပြိုလဲဖို့ထက် သန်သန်မာမာ ရှင်သန်ပြဖို့ပဲ
ကျွန်မ ပိုအာရုံစိုက်ပြီး တွေးဖြစ် ပါ တယ်။
ဒီရှင်သန်ခြင်းမှာ ဒဏ်ရာတွေ များတယ်
ဒါပေမယ့် ပြိုလဲလို့မဖြစ်ဘူး။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Hpa-an
