Your Choice

Your Choice

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Your Choice, Thukha Street, Hpa-an.

Photos from Your Choice's post 17/10/2025

အခုတလေ Telegram Group မှာဖြစ်ဖြစ်

ကိုယ့်သူငယ်ချင်း အကောင့်နဲ့ပို့တာဖြစ်ဖြစ်

Link နှိပ်မိလိုက်ရင် Code မရိုက်ထည့်ဖို့ သတိပေးတာပါ

Telegram က ပို့တဲ့ code လိုက်ထည့်ရိုက်ရင်

ကိုယ့်အကောက် သူတို့စီရောက်သွားပါတယ်

အားလုံးသတိထားကျပါ

10/10/2025

ပြင်ဦးလွင်ခရီးစဉ်

မဟာကံထူးဘုရာကြီး နဲ့ ပွဲကောက်ရေတံခွန် သွားလည်ခဲ့ပါတယ်

အကြုံပြုချက်အနေနဲ့

ရက်ကြီးခါကြီးဆို ခရီးသွားကြတာများတော့ လမ်းပိတ်တာတွေ အချိန်ကြန့်ကြာတယ်

ခရီးလည်းမပေါက်ဘူး

မကြိုက်တာက

ပွဲကောက်ရေတံခွန်မှာ တနေရာသွားချင်ရင် ဝင်ကြေးလက်မှတ်တစ်ခါ ပြန်ဝယ်ရတာ အဆင်မပြေဘူး

မန္တလေးကနေ ပြင်ဦးလွင်ကို

မနက်၆နာရီ စတင်ထွက်ခွာတယ်

ပြန်ရောက်တာ ည၇နာရီလောက်

ရောက်သွားတဲ့နေရာကတော့ - မဟာကံထူး ဘုရားကြီး၊
ပွဲကောက်ရေတံခွန်၊ တရုတ်ဘုန်ကျောင်း၊ ဂျပန်ရွာ ရောက်ခဲ့ပါတယ်ရှင့်

Photos from Your Choice's post 15/08/2025

ဖြည်းဖြည်းချင်းတော့ စရတာပေါ့

ကိုယ်တွေက သဘာဝစိုက်ပျိုးရေးကို ဦးစားပေးလုပ်ချင်ပေမယ်
အရင်နှီးမရှိတော့

ရှိတဲ့ အရင်းအမြစ်နဲ့စရတာပေါ့

အရင်ဆုံး မိတ်ဆက်ချင်တာက တီကျစ်မြေဩဇာပါ

တီကျစ်မြေဩဇာက တီကောင်ချေးဖြစ်ပါတယ်

တီကျစ်မြေဩဇာက ကြက်ချေးဝက်ချေးလိုများများထည့်ရင် အပင်လောင်စေတာမျိုးမရှိပဲ

တီကျစ်များများထည့်လေ အပင်အတွက် အကျိုးပြုလေပါ
တီကျစ်ရည်လည်း အကျိုးအများကြီးရှိပါတယ်

06/08/2025

အမှိုက်မှ ရတနာသို့

နေပြည်တော်မှာ ၁၄ ရက်နေ့အထိ ဝယ်ယူအားပေးနိုင်ပါသည်။🤍🤍🤍🤍❤️❤️❤️❤️

#ပြည်ထောင်စုနေ့ #နေပြည်တော် #ငှက်ပျောချည် #ဈေးရောင်းပွဲ

03/07/2025

FYI

ကြက်သွန်မျိုးရင်းဝင် အပင်တွေဟာ ဟင်းသီးဟင်းရွက် အပင်တွေအပါအဝင် ဆေးဖက်ဝင်အပင်အများစုနဲ့ တွဲဖက်စိုက်ပျိုးဖို့ သင့်တော်တဲ့အပင်တွေဖြစ်ပေမဲ့ ကညွတ်ပင်တွေနဲ့ တွဲဖက်စိုက်ပျိုးတာကိုတော့ ရှောင်ရှားသင့်ပါတယ်။
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

အဖော်ပင်စိုက်ပျိုးခြင်းဟာ အဖျက်ပိုးမွှားများကို သဘာဝအတိုင်း ထိန်းချုပ်ဖို့နဲ့ သီးနှံပင်တွေကြီးထွားမှုကို မြှင့်တင်ဖို့ရာ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သို့ပေမဲ့ အဖော်ပင်စိုက်ပျိုးခြင်း အလေ့အကျင့်ဟာ အကျိုးရှိပြီး အသုံးဝင်သလိုပဲ တစ်ဖက်မှာလည်း အတူတကွမစိုက်ပျိုးသင့်တဲ့ အပင်အချို့လည်း ရှိပါတယ်။ သင့်တော်မှုမရှိတဲ့ အဖော်ပင်တွေကို တွဲဖက်စိုက်ပျိုးခြင်းဟာ အနီးနားမှာရှိတဲ့ အပင်တွေရဲ့ ကြီးထွားမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး အလင်းရောင်နဲ့ အာဟာရအတွက် အချင်းချင်းယှဉ်ပြိုင်ကာ အဖျက်ပိုးမွှားများကိုပင် ဆွဲဆောင်နိုင်တာဖြစ်ပါတယ်။

ဒါ့ကြောင့် ယခုဆောင်းပါးမှာ တွဲဖက်စိုက်ပျိုးခြင်းကို ရှောင်ရှားရမယ့် အဖော်ပင်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ စမုန်နက်နှင့် ဟင်းသီးဟင်းရွက်အပင်များ (Fennel and vegetables)

အဖော်ပင်စိုက်ပျိုးခြင်းနဲ့ ပတ်သက်လာပါက စမုန်နက်ဟာ အပင်အများစုနဲ့ ကောင်းစွာ အတူယှဥ်တွဲမပေါက်ရောက်နိုင်တာကြောင့် တွဲဖက်စိုက်ပျိုးဖို့ရာ အခက်ခဲဆုံး အပင်များထဲမှ တစ်ခုဖြစ်ပါတယ်။ စမုန်နက်ဟာ ကြီးထွားလာတာနဲ့အမျှ အနီးဝန်းကျင်မှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အပင်တွေရဲ့ ကြီးထွားမှုကို ဟန့်တားနိုင်တဲ့ ဒြပ်ပေါင်းတွေကို မြေဆီလွှာထဲ ထုတ်လွှတ်တာဖြစ်ပါတယ်။ ထို့အပြင် စမုန်နက်ဟာ စမုန်စပါးကဲ့သို့ မျိုးရင်းတူတဲ့အပင်တွေနဲ့ တွဲဖက်စိုက်ပျိုးမယ်ဆိုရင် ပင်ခြား၀တ်မှုန်ကူးခြင်း (cross pollination) ဖြစ်နိုင်ပြီး အစေ့တွေရဲ့ အရသာနဲ့ အရည်အသွေးကို လျော့ကျသွားစေနိုင်တာ ဖြစ်ပါတယ်။

စမုန်နက်ဟာ အနီးဝန်းကျင်မှာရှိတဲ့ အပင်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေမဲ့ အိုးနဲ့စိုက်ပျိုးမယ်ဆိုရင်တော့ လှပစွာကြီးထွားလာမှာ ဖြစ်ပါတယ်။ စမုန်နက်ကို အိုးနဲ့စိုက်ပျိုးခြင်းဖြင့် အခြားသောအပင်တွေရဲ့ ကြီးထွားမှုကို မထိခိုက်စေဘဲ ၎င်းရဲ့ပန်းပွင့်တွေဟာ ဝတ်မှုန်ကူးအင်းဆက်တွေနဲ့ အခြားအကျိုးပြု အင်းဆက်တွေကို စိုက်ခင်းအတွင်း လာရောက်အောင် ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

၂။ ဂေါ်ဖီမျိုးရင်းဝင်အပင်များနှင့် စတော်ဘယ်ရီပင် (Brassicas with Strawberries)

Brassicas မျိုးရင်းဝင်အပင်တွေဖြစ်ကြတဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ဂေါ်ဖီထုပ်အသေး (Brussel sprout) တို့မှာဆိုရင် ဂေါ်ဖီပိုးစိမ်းကောင် (cabbage looper) ကဲ့သို့ အဖျက်ပိုးတွေ ကျရောက်တတ်ပြီး အရွက်တွေမှာ အပေါက်တွေနဲ့ ဖုံးအုပ်သွားနိုင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဆိုပါအဖျက်ပိုးတွေဟာ သီးနှံတစ်မျိုးတည်းမှာသာ ကျရောက်တာမဟုတ်ဘဲ အခြားသောအသီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်ပင်တွေမှာလည်း ကျရောက်ဖျက်ဆီးနိုင်တာ ဖြစ်ပါတယ်။

အထူးသဖြင့် brassica မျိုးရင်းဝင် အပင်တွေရဲ့အနီးမှာ စိုက်ပျိုးထားတဲ့ စတော်ဘယ်ရီပင်တွေဆိုရင် ဂေါ်ဖီပိုးစိမ်းကောင် ကျရောက်ဖျက်ဆီးခြင်းကို ပိုမိုခံရနိုင်ချေများပါတယ်။ ဒါကြောင့် စတော်ဘယ်ရီပင်တွေကို စိုက်ပျိုးဖို့ နေရာရှာနေတဲ့အခါ brassica ဟင်းသီးဟင်းရွက်တွေရဲ့ အနီးမှာစိုက်ပျိုးခြင်းကို ရှောင်ရှားသင့်ပါတယ်။

၃။ ကလျာဏီနဲ့ သခွားပင် (Sage with Cucumber)

စမုန်စပါးနဲ့ တောရှုံးပင်ကဲ့သို့ မွှေးကြိုင်တဲ့ရနံ့ရှိတဲ့ ဆေးဖက်ဝင် ဟင်းခတ်အပင်များစွာဟာ သခွားပင်နွယ်ပင်တွေအတွက် အဖျက်ပိုးမွှား ကာကွယ်မှုများစွာကို ပေးစွမ်းနိုင်ပေမဲ့လည်း ဆေးဖက်ဝင်အပင်အားလုံးကတော့ သခွားပင်တွေအတွက် အဖော်ကောင်းမဖြစ်နိုင်ပါဘူး။ ဥပမာအားဖြင့် ကလျာဏီပင်တွေဟာဆိုရင် အနီးနားမှာရှိတဲ့ သခွားနွယ်ပင်တွေရဲ့ ကြီးထွားမှုကို ဟန့်တားနိုင်ပြီး သခွားသီးထွက်ရှိမှုကိုလည်း လျော့ကျစေနိုင်တာဖြစ်ပါတယ်။ ထို့အပြင် သခွားပင်နဲ့ ကလျာဏီပင်တွေဟာ ရေလိုအပ်ချက် မတူညီတာကြောင့် ၎င်းတို့ကို အတူယှဥ်တွဲ စိုက်ပျိုးထားမယ်ဆိုရင် မကြာခဏဆိုသလို ရေလောင်းများခြင်း/ နည်းခြင်း ပြဿနာတွေကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

၄။ ကြက်သွန်မျိုးရင်းဝင်အပင်များနှင့် ကညွတ် (Alliums with Asparagus)

ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အခြားသော Allium မျိုးရင်းဝင် အပင်တွေဟာဆိုရင် ပြင်းထန်တဲ့ရနံ့ရှိပြီး အဖျက်ပိုးမွှားများစွာကို သဘာဝအတိုင်း တွန်းလှန်ပေးနိုင်တာ ဖြစ်ပါတယ်။ Allium ပင်တွေဟာ ကညွတ်ရဲ့ကြီးထွားမှုကို ဟန့်တားနိုင်ပြီး ၎င်းတို့ရဲ့ကြီးမားတဲ့ ဥ (bulb) တွေဟာ ကညွတ်ပင်ရဲ့ အမြစ်အုံ (Crown) ကို အနှောင့်အယှက် ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ ပိုဆိုးတာက Alliums တွေကို တူးယူရိတ်သိမ်းတဲ့အခါ နှစ်ရှည်ပင် ကညွတ်တွေအတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တာ ဖြစ်ပါတယ်။

၅။ ပဲမျိုးရင်းဝင်အပင်များနှင့် ကြက်သွန်မျိုးရင်းဝင်အပင်များ (Legumes and Alliums)

ကညွှတ်အပြင် ပဲပင်တွေဟာလည်း ကြက်သွန်မျိုးရင်းဝင် အပင်တွေနဲ့ တွဲဖက်မစိုက်ပျိုးသင့်တဲ့ အပင်တွေဖြစ်ကြပါတယ်။ ၎င်းတို့ကို ပေါင်းစပ်စိုက်ပျိုးတဲ့အခါ ပဲပင်တွေရဲ့ ကြီးထွားမှုကို ဟန့်တားနိုင်ပြီး အထွက်နှုန်းကို လျော့ကျစေနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် ကြက်သွန်နီနဲ့ အခြားသော Allium အပင်တွေဟာဆိုရင် ပဲပင်တွေရဲ့ အမြစ်ပေါ်မှာရှိတဲ့ နိုက်ထရိုဂျင်ဖမ်းယူပေးသော ဘက်တီးရီးယားတွေကို ဟန့်တားနိုင်တဲ့ ဂုဏ်သတ္တိတွေရှိနေတာလည်း ဖြစ်ပါတယ်။

၆။ ခရမ်းချဥ်နှင့် ပြောင်းပင် (Tomatoes and Corn)

ပြောင်းနဲ့ ခရမ်းချဉ်ဟာလည်း စိုက်ခင်းအတွင်းမှာ တွဲဖက်စိုက်ပျိုးနိုင်တဲ့ အဖော်ပင်ကောင်းတွေ မဟုတ်ပါဘူး။ ခရမ်းချဉ်နဲ့ ပြောင်းပင်ဟာဆိုရင် ပြောင်းဖူးနှံဖျက်ပိုး (corn earworm) (ခရမ်းချဉ်သီးလုံးဖောက်ပိုး ဟုလည်းခေါ်သည်) ကို ခုခံနိုင်စွမ်းမရှိတာကြောင့် အဆိုပါအပင်တွေကို အတူတကွ တွဲဖက်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်ပျိုးရာသီတစ်လျှောက် အဖျက်ပိုးမွှားများကို ပျံ့နှံ့စေမှာ ဖြစ်ပါတယ်။ ထို့အပြင် ပြောင်းဖူးနဲ့ ခရမ်းချဉ် နှစ်မျိုးစလုံးဟာ အစာအာဟာရ စားသုံးမှုများတဲ့ အပင်တွေဖြစ်တာကြောင့် အချင်းချင်း ယှဉ်ပြိုင်နိုင်ပြီး ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တာ ဖြစ်ပါတယ်။

၇။ စမုန်စပါးနှင့် မုန်လာဥနီ (Dill and Carrots)

စမုန်စပါးနဲ့ မုန်လာဥနီတို့ဟာ Umbellifer မျိုးရင်းဝင်အပင်တွေဖြစ်ကြပြီး ကြီးထွားဖွံ့ဖြိုးဖို့အတွက် တူညီတဲ့လိုအပ်ချက်တွေ ရှိကြတာဖြစ်ပါတယ်။ သို့ပေမဲ့ အဆိုပါအပင်တွေဟာ ပင်ခြား၀တ်မှုန်ကူးနိုင်တာကြောင့် နီးနီးကပ်ကပ် စိုက်ပျိုးထားမယ်ဆိုရင် အရည်အသွေးညံ့တဲ့ စပ်မျိုး မျိုးစေ့တွေ ရှိနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် စမုန်စပါးဟာ မုန်လာဥနီမှာ ကျရောက်ဖျက်ဆီးတတ်တဲ့ carrot flies တွေကို ဆွဲဆောင်နိုင်ပြီး အမြစ် (ဥ) တွေကို ထိခိုက်ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်။

၈။ ဂေါ်ဖီထုပ်နှင့် စပျစ် (Cabbage with Grapes)

စပျစ်နွယ်ပင်တွေဟာ ၎င်းတို့ကြီးထွားတဲ့ နေရာအတွက် ဆွဲဆောင်မှုရှိစေပြီး ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ ကောင်းစွာအလုပ်မလုပ်နိုင်တဲ့ အပင်တွေအတွက် အရိပ်ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။ သို့ပေမဲ့ စပျစ်နွယ်ပင်တွေနဲ့ နီးကပ်စွာ မစိုက်ပျိုးသင့်တဲ့ အပင်တစ်မျိုးကတော့ ဂေါ်ဖီထုပ်ဖြစ်ပါတယ်။

၎င်းတို့ကို အတူတကွ စိုက်ပျိုးတဲ့အခါ အပင်အချင်းချင်း ကြီးထွားမှုကို နှောင့်နှေးစေနိုင်ပြီး ရေကို ကြိုက်နှစ်သက်တဲ့ အပင်တွေဖြစ်တာနဲ့အညီ မြေဆီလွှာအစိုဓာတ်အတွက် ယှဥ်ပြိုင်နေကြရမှာ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်ကဲ့သို့ brassica မျိုးရင်းဝင်အပင်တွေဟာလည်း စပျစ်နွယ်ပင်တွေ အနီးမှာ မစိုက်ပျိုးသင့်တဲ့ အပင်တွေဖြစ်ကြပါတယ်။

၉။ အာလူးနှင့် ခရမ်းချဥ် (Potatoes with Tomatoes)

အာလူးနဲ့ ခရမ်းချဉ် နှစ်မျိုးစလုံးဟာ nightshade မျိုးရင်းဝင်အပင်တွေ ဖြစ်ကြပြီး ခရမ်းချဉ်ဘောက်ဖက် (hornworm) နဲ့ ကော်လိုရာဒို အာလူးကျိုင်း (Colorado potato beetles) ကဲ့သို့ တူညီတဲ့ အဖျက်ပိုးမွှားများစွာကို ခံနိုင်ရည်မရှိကြတာ ဖြစ်ပါတယ်။ ၎င်းအပင်တွေကို အတူတကွ စိုက်ပျိုးခြင်းဖြင့် အဖျက်ပိုးမွှားများ တစ်ပင်မှတစ်ပင်သို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့စေပြီး သီးနှံများကို ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်။ အဆိုပါပိုးမွှားတွေဟာ မြေဆီလွှာထဲမှာ ခိုအောင်းနိုင်တာကြောင့် ၃ - ၅ နှစ်စက်ဝန်းတိုင်းမှာ nightshade မျိုးရင်းဝင်အပင်တွေကို သီးလှည့်စိုက်ပျိုးဖို့ လိုအပ်ပါတယ်။

ရေးသားသူ - #ဇင်ထူးနိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#အဖော်ပင်
#အဖျက်ပိုးမွှားများ
#သဘာဝအတိုင်းထိန်းချုပ်ခြင်း

#အစိမ်းရောင်လမ်း

Photos from Green Way - အစိမ်းရောင်လမ်း's post 08/06/2025

မြေဧက ဘယ်လောက်လဲရှိလဲဆိုတာ app နည်းနဲ့ တိုင်းလို့ရပြီး...

08/06/2025

ရန်ကုန်ရောက်​တုန်းလေး 8.6.2025 (Sunday) နေ့မှာ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ TM farm ကို သွားလည်ကြမယ်.....

Photos from Htwet Toe - ထြက္တိုး's post 06/06/2025

ကိုင်းဆက်နည်း

05/06/2025

World Environment Day

ဒီနေ့ ဇွန်လ ၅ ရက်နေ့ကတော့ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဖြစ်ပြီး ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “ပလတ်စတစ်ညစ်ညမ်းမှုကို အဆုံးသတ်ကြပါစို့”ပဲ ဖြစ်ပါတယ်။

ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ သမုဒ္ဒရာ၊ မြစ်ချောင်းတွေနဲ့ ကျွန်ုပ်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနေပါတယ်။ ဒါကို တားဆီးဖို့ အတူတကွ လက်တွဲလုပ်ဆောင်ကြဖို့လိုအပ်တယ်။

ကျွန်ုပ်တို့အနေနဲ့ ဘာတွေလုပ်ဆောင်နိုင်မလဲ?
✅ တစ်ခါသုံးပလတ်စတစ်သုံးတာကို လျှော့ချပါ။
✅ ပြန်သုံးနိုင်တဲ့ အိတ်တွေ၊ ပုလင်းတွေ အသုံးပြုပါ။
✅ သန့်ရှင်းရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပါ။
✅ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း အသိပညာပေးပါ။

ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုတွေက အရေးကြီးပါတယ်။ ဒီနေ့ပဲ စတင်ပြီး ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးကို ကာကွယ်လိုက်ကြပါစို့။

04/06/2025

ကိုယ်ဒေသမှာ အလကားရတဲ့အရွက်

ပိုက်ဆံမကုန်သော သဘာဝမှိုသတ်ဆေးပြုလုပ်ကြရအောင်

ယနေ့ခေတ်မှာ စိုက်ပျိုးရေးကုန်ကျစရိတ်များပြားနေသော တောင်သူကြီးများအတွက် ငွေကုန်သက်သာစေသော ဘဘာဝမှိုသတ်ဆေး ပြုလုပ်ကြည့်ကြဖို့အတွက် ဗီဆက်ရွက်ဆေးရည် ပြုလုပ်နည်း မျှဝေပေးချင်ပါတယ်

ဗီဆက်ရွက်ဆေးရည်ကို ပိုးသတ်ဆေးအဖြစ်သော်လည်းကောင်း၊ မှိုသတ်ဆေးအဖြစ်သော်လည်းကောင်း အသုံပြုနိုင်ပါသည်။ ပျ၊ လိပ်ပြာဖလံဖြစ်မည့်ပိုးလောက်ကောင်၊ ကျိုင်းကောင် စသောဖျက်ပိုးများနှင့် Fusarium (ဖျူစေရီယမ်)၊ Aspergillus (အက်စပါးဂျီးလတ်) နှင့် Rhizoctonia (ရိုက်ဇိုတိုးနီးယား) စသော မှိုရောဂါများ ကိုလည်း ကာကွယ်နှိမ်နင်းနိုင်ပါသည်။
ဗီဆက်ရွက်ဆေးရည် ပြုလုပ်နည်း
(၁) ဗီဆက်အပင်၏ အရွက်များကိုခူး၍ ရေဖြင့် ၃ ကြိမ်ခန့် ဆေးကြောသန့်စင်ထားပါ။
(၂) ရေဆေးထားသော ဗီဆက်ရွက်များကို ကြိတ်စက် သို့မဟုတ် ကြိတ်ဆုံနှင့် ကြိတ်ချေထားပါ။
(၃) ကြိတ်ချေ၍ရရှိလာသော ဗီဆက်ရွက်အရည်များကို ပိတ်စဖြင့်စစ်ပြီးသတ္တုရည်ကိုယူပါ။
(၄) ဗီဆက်ရွက်သတ္တုရည် ၁ ဆနှင့် အရက်ပြန် (Ethanol) ၁ဆ ကိုရော၍ ရေသန့်ဘူးထဲထည့်ထားပါ။
တစ်ရက် (၂၄ နာရီ ) ကြာအောင်ထားပြီးလျှင် ဗီဆက်ရွက် မှိုသတ်ဆေးရည်အဖြစ်အသုံးပြုနိုင်ပါသည်။ ရေ ၂၀ လီတာကို ဗီဆက်ရွက်ဆေးရည် ၁ လီတာရောဆက်၍ သီးနှံပင်များတွင် သဘာဝမှိုသတ်ဆေးအဖြစ် အသုံးပြု နိုင်ပါသည်။
-------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

03/06/2025

တောင်သူတွေအတွင် Htwet Toe application ကို အသုံးပြုဖို့ အကြံပြုချင်ပါတယ်

မြေဆီလွှာကျန်းမာမှ အပင်ကျန်းမာမည်၊ အပင်ကျန်းမာမှ သီးနှံများအထွက်ကောင်းပေမည်။

ကျွန်ုပ်တို့ဟာ မြေဆီလွှာကိုအသုံးပြုပြီး သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်လာကြတာ နှစ်ပေါင်း များစွာရှိနေကြပါပြီ။ တချို့သောနေရာဒေသများမှာဆိုရင် သီးနှံတွေကို အဆက်မပြတ် စိုက်ပျိုး ထုတ်လုပ်ကြလို့ မြေဆီလွှာဟာ အာဟာရဓာတ်တွေကုန်ခမ်းပြီး ကျန်းမာရေးချို့ယွင်းနေကြပြီလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့လူသားတွေရဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုမှာများစွာ အကူအညီ အထောက်အပံ့ပေးတဲ့ မြေဆီလွှာကို ပြန်လည်ကျန်းမာအောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ‌မြေဆီလွှာကို ကျန်းမာအောင်ပြုပြင်ထိန်းသိမ်းရာမှာ စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း နည်းစနစ်တကျနဲ့ သေချာ လုပ်ဆောင်နိုင်မယ် ဆိုရင်တော့ အကျိုးကျေးဇူးတွေ များစွာရရှိမှာ ဖြစ်ပါတယ်။

သီးနှံတွေ စိုက်ပျိုးထုတ်လုပ်တဲ့အခါ မြေဆီလွှာထဲမှာရှိနေတဲ့ အာဟာရဓာတ်တွေပေါ်မူတည်ပြီး သီးနှံပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ အထွက်နှုန်းတွေက ကွာခြားသွားပါတယ်။ ကျန်းမာ သန်စွမ်းတဲ့မြေဆီလွှာမှာဆိုရင် သတ္တုဓာတ်၊ ရေ၊ လေ၊ အော်ဂဲနစ်ဒြပ်စင်များနဲ့ သေးငယ်တဲ့ အဏုဇီဝ သက်ရှိလေးတွေ ပါဝင်ကြပါတယ်။ အထက်ဖော်ပြပါ အစိတ်အပိုင်းတွေဟာ မြေဆီလွှာထဲမှာ မျှတတဲ့ ပမာဏနဲ့ အချိုးကျပါဝင်နေခြင်းက မြေဆီလွှာကျန်းမာဖွံ့ဖြိုးဖို့အတွက် အဓိက သော့ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာဆိုရင်တော့ မြေဆီလွှာရဲ့ ကျန်းမာရေးအတွက် သိထားသင့်တဲ့ အခြေခံ အချက်အလက်တွေအပြင် မြေဆီလွှာနဲ့ပတ်သက်တဲ့ အခြေခံ အချက်အလက်လေးတွေကို မျှဝေ ပေးသွားမှာ ဖြစ်ပါတယ်။

မြေဆီလွှာ ကျန်းမာရေးကောင်းမွန်လာအောင် ပြုလုပ်ပေးရမည့် အရာများမှာ

၁။ မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ခြင်း

မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ခြင်းဟာ စိုက်ပျိုးရေးလုပ်နေတဲ့တောင်သူတိုင်း ပြုလုပ်သင့်တဲ့ အရာတစ်ခုပါ။ မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် မြေကြီးရဲ့ မြေချဉ်/ငန်ကိန်းပမာဏ၊ အာဟာရဓာတ်များချို့တဲ့မှုနဲ့ ပိုလျှံနေမှု၊ အော်ဂဲနစ်ပစ္စည်များပါဝင်နေမှု စသည်တို့ကို သိရှိနိုင်ပြီး လိုအပ် သလို ပြုပြင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဓာတ်ခွဲခန်းတွေမှာမှမဟုတ်ဘဲ တောင်သူ ကိုယ်တိုင် အလွယ်တကူစမ်းသပ်ပြုလုပ်နိုင်တဲ့ မြေဆီလွှာဓာတ်ခွဲစစ်ဆေးနိုင်တဲ့ ကိရိယာ (Soil Test Kit) တွေကို အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

၂။ အော်ဂဲနစ် ပစ္စည်းများ

ကျွန်ုပ်တို့သက်ရှိတွေလိုပဲ မြေဆီလွှာဟာလည်း အစာစားဖို့လိုအပ်ပါတယ်။ သီးနှံတွေကို စိုက်ပျိုး ထုတ်လုပ်ပြီးတဲ့အခါတိုင်း မြေဆီလွှာထဲကို အာဟာရဓာတ်တွေ ပြန်မထည့်ပေးတဲ့အခါမှာ မြေဆီလွှာ ဟာ အာဟာရဓာတ်တွေချို့တဲ့လာပီး နောက်ဆုံးမှာ သီးနှံပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ ရှင်သန်မှုကိုပါ ထိခိုက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သီးနှံတစ်ရာသီစိုက်ပျိုးပြီးတိုင်းမှာ သဘာဝအော်ဂဲနစ် ပစ္စည်းတွေကို စိုက်ခင်းထဲ ပြန်လည်ထည့်ပေးဖို့ လိုအပ်ပါတယ်။ အော်ဂဲနစ်ပစ္စည်းဆိုလို့ ခက်ခက်ခဲခဲရှာဖွေ နေစရာမလိုပါဘူး။ ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်တဲ့ မြေဆွေး၊ သစ်ရွက်၊ တိရိစ္ဆာန်ချေး၊ ရိတ်ထားတဲ့မြက်တွေ စတာတွေကို စိုက်ခင်းထဲ ပုံမှန် ပြန်လည်ထည့်ပေးတဲ့ အလေ့အထကို ပြုလုပ်ထားသင့်ပါတယ်။ ဒီလိုထည့်ပေးခြင်းအားဖြင့် မြေကြပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ အဏုဇီဝသက်ရှိများ

မြေဆီလွှာမှာ အဏုဇီဝသက်ရှိများရဲ့ အခန်းကဏ္ဍဟာ အရေးပါလှပါတယ်။ ၎င်းသက်ရှိလေးတွေဟာ မြေဆီလွှာရဲ့ဖွဲ့စည်းတည်ဆောက်မှုကို ကောင်းစေခြင်း၊ အာဟာရဓာတ်တွေကို အပင်စားသုံးနိုင်တဲ့ ပုံစံဖြစ်အောင် ဖြိုခွဲပေးခြင်း၊ အပင်ရဲ့အမြစ်များမှ ရေနဲ့ အာဟာရဓာတ်များ စုပ်ယူနိုင်အောင် ကူညီပေးခြင်း စသည်ဖြင့် ကူညီလုပ်ဆောင်ပေးပါတယ်။ မြေဆီလွှာထဲကို သဘာဝအော်ဂဲနစ် ပစ္စည်းတွေ ပုံမှန်ထည့်သွင်းပေးခြင်းဟာ အဏုဇီဝသက်ရှိလေးတွေ တိုးပွားလာစေဖို့အတွက် အထောက် အကူပြုပါတယ်။

၄။ မြေဖုံးပေးခြင်း

မြေဖုံးပေးခြင်းဟာ မြေဆီလွှာကို ရေရှည်ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ မြေဖုံးပေးခြင်းဖြင့် သီးနှံပင်တွေရဲ့ သဘာဝစနစ်အတိုင်း ပေါက်ရောက်နိုင်မှုကို လှုံ့ဆော်ပေးနိုင်သလို မြေရဲ့အစိုဓာတ်ကိုထိန်းပေးခြင်း၊ ပေါင်းပင်များပေါက်ရောက်မှုကို တားဆီး ပေးခြင်း၊ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေများအပြင် မြေဆီလွှာတိုက်စားခံရခြင်းများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထို့နောက် မြေဖုံးထားတဲ့ သဘာဝပစ္စည်းများ တဖြည်းဖြည်း ဆွေးမြည့်တဲ့ အခါမှာလည်း မြေဆီလွှာထဲကို အာဟာရဓာတ်အနေနဲ့ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

၅။ သီးလှည့်စိုက်ပျိုးခြင်း

ဒီအချက်ကတော့ မိမိနေထိုင်ရာဒေသနဲ့ သီးနှံဈေးကွက် ရှိ/ မရှိအပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒီမှာတော့ မြေဆီလွှာကိုပဲ အခြေခံပြီးပြောသွားမှာဖြစ်ပါတယ်။ သီးနှံတစ်မျိုးတည်းကိုပဲ မြေတစ်နေရာ ထဲမှာ တစ်ရာသီပြီးတစ်ရာသီ ဆက်တိုက်စိုက်ပျိုးနေခြင်းဟာ အာဟာရဓာတ်တွေ ကုန်ခမ်းစေနိုင်သလို၊ ပိုး/ရောဂါကျရောက်ဖျက်ဆီးမှုများကိုလည်း ပိုမိုဆိုးရွားနိုင်ပါတယ်။ ပုံမှန်စိုက်နေကျသီးနှံနေရာမှာ အခြားသောသီးနှံတွေနဲ့ သီးလှည့်စိုက်ပျိုးမယ်ဆိုရင်တော့ မြေဆီလွှာထဲမှ အာဟာရဓာတ် တစ်မျိုး တည်းကို အလွန်အကျွံထုတ်ယူခြင်းနဲ့ ပိုး/ ရောဂါများ ဆိုးရွားစွာကျရောက်ခြင်းတို့ကို ကာကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။

Source – The Basics of Healthy Garden Soil.
---------------
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်

Want your business to be the top-listed Beauty Salon in Hpa-an?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thukha Street
Hpa-an