Natcha White Serum
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Natcha White Serum, Health/Beauty, Hpa-an.
21/10/2020
ကောင်းမွန်လှပတဲ့ အသားအရေတစ်ခုကို ဖန်တီးနိုင်ဖို့
Skin Care က အသားအရေအတွက်
အကောင်းဆုံး အခြေခံပါပဲ။
Natcha soupလေးသုံးပြီး မျက်နှာလေးကို သေချာသန့်စင်ပါ။
ပြီးရင် ချွေးပေါက်လေးတွေကို သမမျှတအောင် Toner လေးလိမ်းပေးလိုက်ပါ။
ရေဓာတ်ကို ဖြည့်ပေးပြီး အသားအရေကို ကြည်လင်တောက်ပမှုပေးနိုင်တဲ့ Natcha Serum လေးကို ထပ်လိမ်းပေးပါ။
မိတ်ကပ်မလိမ်းခင် မျက်နှာပေါ်က အသားအရောင်ကို ညီညာစေပြီး မိတ်ကပ်လိမ်းလိုက်တာနဲ့ မျက်နှာလေးနဲ့ တစ်သားတည်း ဖြစ်နေစေတဲ့ နေလောင်ကာခရင် Natcha sunscreenလေး ထပ်လိမ်းပေးနိုင်ပါတယ်။
ညအိပ်ရာမ၀င်ခင်တော့ မျက်နှာလေးကို Natcha soupနဲ့သေချာသန့်စင်ပြီး Serumလေးလည်း ထပ်လိမ်းဖို့ လိုပါလိမ့်မယ်။
အဲဒီလို စနစ်တကျလိမ်းစက စပြီး ထူးခြားလာတဲ့ ပြောင်းလဲမှုကို သင်ခံစားလာရပါလိမ့်မည်
Crd
21/10/2020
💁🏻♀️ တင်းတိပ်နဲ့ မှဲ့ခြောက်နဲ့ အမဲစက်တွေပျောက်အောင် ဘယ်လိုလုပ်ရမလဲ 💁🏻♀️
တော်တော်များများ မေးလေ့ရှိတဲ့မေးခွန်းပါ ..
မျက်နှာမှာ အမဲစက်လေးတွေ ထွက်လာတာ ပျောက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး မေးကြတယ်.. အထူးသဖြင့် မျက်လုံးထောင့်လိုနေရာမှာပေါ့နော် .. တချို့ကျ အစက်လေးတွေပဲ တချို့ကျ အကွက်လိုဖြစ်နေတာတွေပေါ့ ..
အမဲစက်လို့ပြောတဲ့အခါမှာ တင်းတိပ်လား မှဲ့ခြောက်လား? နေလောင်အမဲစက်တွေလား ? ဆိုပြီး အမျိုးမျိုး ရှိပါတယ် .. တင်းတိပ်က အညိုရောင် သို့ ခပ်ရင့်ရင့် အကွက်လေး ဖြစ်ပြီး မှဲ့ခြောက်ကတော့ အညိရောင်သို့ အမဲရောင်အစက်လေးတွေပါ.. ဒါပေမဲ့ ခြုံပြောရရင် အကုန်လုံးက အရေပြားရောင်ခြယ်ဆဲလ်တွေများလို့ ဒါမှမဟုတ် ရောင်ခြယ်ဆဲလ်တွေက Melanin လို့ခေါ်တဲ့ ဓါတ်တမျိုးကို ပိုထုတ်လို့ ဖြစ်ရတာပါ..
❓ အမဲစက်တွေ ဘာကြောင့် ဖြစ်တာလဲ
▪️ အဓိက ဖြစ်ရတဲ့အကြောင်းရင်းက နေရောင်ခြည်နဲ့ ကြာရှည် ခဏခဏ ထိတွေ့တာကြောင့်ပါ ..
▪️တချို့ကျ မျိုးရိုးလိုက်တာ နောက်ပြီး လူမျိုးနဲ့လည်း ဆိုင်ပါတယ် .. ဥပမာ လက်တင်နိုင်ငံက သူတွေနဲ့ အရှေ့အလယ်ပိုင်းက သူတွေဆို ပိုပြီး ထွက်လွယ်ပါတယ် .. မြန်မာပြည်မှာဆို တိုင်းရင်သားတွေထဲမှာ ရှမ်း နဲ့ ကချင် ကရင် စတဲ့ လူမျိုးတွေက ပိုထွက်တာတွေ့ရမှာပါ..
▪️ ဒါပေမဲ့ အဓိကကတော့ နေရောင်ခြည်ကြောင့် ထွက်တာမို့ ကိုယ့်မှာ မျိုးရိုးရှိတယ်ဆိုရင် အမဲစက် ပိုထွက်နိုင်တဲ့ risk ရှိပါတယ်..
▪️ နောက်တခုက ဟော်မုန်းအပြောင်းအလဲကြောင့် ထွက်တာပါ.. အထူးသဖြင့် အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်ဆို ဟော်မုန်းအပြောင်းအလဲတွေကြောင့် တင်းတိပ်တွေ ထွက်တတ်ပါတယ်..
⛔️ ဒါဆို ဘယ်လို ကာကွယ်ရမလဲ ?
🌞 Sunscreen လိမ်းခြင်းဖြင့် ကာကွယ်ပါ 🌞
နေရောင်နဲ့ထိလေ အမဲစက်တွေက ပိုထွက်လေ ပိုပွားလေမို့ မဖြစ်မနေ Sunscreen သုံးရပါမယ်.. မြန်မာနိုင်ငံလို နွေမိုးဆောင်း ပူနေတဲ့ နိုင်ငံမှာ sunscreen က လိမ်းကိုလိမ်းရမှာပါ.. Genetic (မျိုးရိုး) အရရော လူမျိုးအရရော တင်းတိပ်မှဲ့ခြောက်ထွက်လွယ်တဲ့သူတွေဆို sunscreen မလိမ်းပဲနဲ့ အပြင်တောင် မထွက်တာ အကောင်းဆုံးပါပဲ..
Sunscreen က အမဲစက်ကို ပျောက်စေတာမဟုတ်ပေမဲ့ ထပ်မထွက်လာအောင် ကာကွယ်ပေးတာပါ.. ထွက်နေတဲ့အမဲစက်ကို ပါးအောင် လုပ်ရတာ ပိုခက်ပါတယ်.. Prevention is better than cure ဆိုတဲ့အတိုင်း ကြိုတင်ကာကွယ်ပါ.. တင်းတိပ်မှဲ့ခြောက် ထွက်နေပြီဆိုရင်လည်း ပိုမပွားအောင် ခုချိန်ကစပြီး ကာကွယ်ပါ...
😊 အမဲစက်တွေပါးအောင် ဘာတွေလိမ်းရမလဲ 😊
💁🏻♀️ Topical Cream
- Fading cream (or) Bleaching cream လို့ခေါ်တဲ့ Hydroquinone 2 % ပါတဲ့ cream တွေ လိမ်းလို့ရပါတယ် .. Side effects - အသားခြောက်တာ , လောင်တာ နဲ့ အသားရောင် မညီတာတွေ ဖြစ်တတ်ပါတယ်.. ( Dermatologist နဲ့ တိုင်ပင်ပြီးမှသာ ညွှန်းတဲ့အတိုင်း လိမ်းသင့်ပါတယ်.. )
- နောက်ပြီး အသားအရည်ကို Brightening & lightening ဖြစ်စေတဲ့ Vitamin C serum ဖြစ်ဖြစ် လိမ်းနိုင်ပါတယ်.. Vit C ရဲ့ effect ကို boost လုပ်ပေးဖို့ နေရောင်ခြည်က Infrared heat ကိုကာကွယ်ပေးနိုင်တဲ့ Niaciamide နဲ့လည်း တွဲလိမ်းနိုင်ပါတယ်..
💁🏻♀️ Aesthectic Procedures
အမဲစက်တွေက skincare နဲ့က ပါးတယ်ဆိုရုံပဲ ရပါတယ်.. အရှင်းလုံးဝပျောက်သွားတာ ရှားပါတယ်.. ဒါကြောင့် တချို့ အရမ်းများနေတဲ့သူတွေဆိုအလှအပနဲ့ အရေပြားဆေးခန်းတွေမှာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး Aesthetic procedure တွေ လုပ်နိုင်ပါတယ်.. Procedure တခုချင်းကိုတော့ အသေးစိတ်မရှင်းပြတော့ဘူးနော်.. အရမ်းရှည်နေမှာစိုးတာရယ် .. ပုံမှန် လုပ်လို့ရတဲ့ skincare လေးတွေကိုပဲ အဓိက ရေးချင်တာမို့ ဗဟုသုတ ကြားဖူးတယ်ဆိုရုံပဲ ရေးလိုက်ပါတယ်..
1. Chemical Peeling
Chemical Peeling ကတော့ ခုနောက်ပိုင်း တော်တော်များများကြားဖူးပြီးသားနေမှာပါ.. Glycolic acid စတဲ့ acid အပျော့စားနဲ့ အပေါ်ယံအရေပြားကို exfoliate လုပ်လိုက်တဲ့သဘောပါ.. chemical peeling လုပ်ပြီးရင်တော့ ၃ ရက် နေပူထဲမထွက်ရဘူး .. မဖြစ်မနေထွက်မယ်ဆိုရင် နေရောင်ကာဖို့ Sunscreen ကို ထူထူလိမ်း, ဦးထုပ်ဆောင်း ထီးဆောင်း မျက်နှာကို mask တပ်ထားတာ အကောင်းဆုံးပါ... အပေါ်ယံအရေပြားလွှာမရှိတဲ့အတွက် နေရောင်ထိရင် sunburn ဆိုးပါတယ်.. side effect ကတော့ နည်းပါတယ်.. နီတာ ရောင်တာ ယားတာ စပ်တာတွေ ရှိတတ်ပါတယ်..
2. Laser treatment
Intensed pulse light therapy လို့ ခေါ်တဲ့ IPL ပစ်တာတွေ လုပ်လို့ရပါတယ်..
3. Cryosurgery
Cryosurgery ကတော့ ပုံမှန်မဟုတ်တဲ့ skin cells တွေကို liquid nitrogen နဲ့ ခဲပြီး ဖျက်လိုက်တာပါ.. ထုံဆေးမလိုသလို recovery time လည်း မြန်ပါတယ်..
💁🏻♀️ Natural Home Remedies
ဒါကတော့ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ နည်းလေးတွေပါ..
1. Acid ခပ်ပျော့ပျော့တွေပါတဲ့ Apple cider vinegar , ဒိန်ချဉ် , Buttermilk စတာတွေနဲ့ ပေါင်းတင်လို့ရပါတယ် ..
2. Baking soda နဲ့ ကြက်ဆူဆီနဲ့ ပေါင်းတင်တာ
3. Vitamin C ပါတဲ့ သံပုရာသီး , ကီဝီသီးစတာတွေကလည်း အမဲစက်သက်သာစေပါတယ်..
4. Vit A , C , E စတဲ့ antioxidants တွေပါတဲ့ rosehip oil ကလည်း အမဲစက်တွေကို သက်သာစေတဲ့အပြင်
5. ရှားစောင်းလက်ပက်ကလဲ နေလောက်တာကို သက်သာစေလို့ အမဲစက်အတွက် သုံးနိုင်ပါတယ်..
ကဲ ခုလောက်ဆို တင်းတိပ် မှဲ့ခြောက်စတဲ့ အမဲစက်တွေထွက်တာအတွက် ဘာတွေလုပ်လို့ရလဲ သိပြီဆိုရင် ဘယ် skincare brand တွေထဲကရော Spot corrector လေးတွေရှိလဲဆိုတာ Product နမူနာလေးတွေကို ပုံနဲ့ ပြောပြပေးမယ်နော် ..
နောက်လည်း ဘယ်လို skincare အကြောင်းအရာလေးတွေ ရေးဦးမလဲဆိုတာ စောင့်ပြီး ဖတ်ပေးပါဦးနော်... ☺️☺️☺️
21/10/2020
Benefits of drinking water for healthy skin💆
ဒီနေ့ နေ့စဉ်နေထိုင်မှုဘဝမှာမရှိမဖြစ်လိုအပ်တဲ့ရေသောက်ခြင်းရဲ့ကောင်းကျိုးတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်
ရေသောက်ပျင်းကြတယ့်လူတွေရှိတယ်
တချို့လူတွေကြတော့အလုပ်မအားတော့ရေသောက်ဖို့သတိမရကြဘူး
ရေဆာမှရေသောက်တဲ့လူတွေလည်းရှိတယ်(တစ်နေ့လုံးရေတစ်ခါဆာရင်တစ်ခွက်ပဲသောက်ကြတယ်)
နိုင်ငံခြားမှာဆိုရင် drinking water 30days challenge တွေလုပ်ပြီး before and after ယှဉ်ပြတာတွေရှိပါတယ် before and afterပုံလေးတွေလည်းအောက်မှာphotoတင်ပေးထားတယ်နော်
Drinking water challengeတွေကလည်းတကယ်သိသာပါတယ် အသားအရည်ကြည်လင်စိုပြေသွားတယ်
skinလို့ပြောလိုက်ရင်body skin & face skinနှစ်ခုလုံးပါတယ် skinမှာ water and cells တွေနဲ့ဖွဲ့စည်းထားတယ် ဒီcellsတွေပုံမှန်အလုပ်လုပ်မှ healthy skinကိုရမှာ cellsတွေပုံမှန်အလုပ်လုပ်ဖို့ရေကိုလုံလောက်အောင်သောက်ပေးဖို့လိုတယ်
အသားအရည်လှချင်ပြီးရေမသောက်ချင်လို့မရဘူးနော်🙅
1️⃣နေ့စဉ်ရေကိုလုံလောက်အောင်သောက်ပေးခြင်းဖြင့်skin toneကိုတိုးတတ်စေတယ် ရေဓာတ်လုံလောက်စွာရတဲ့အခါ သွေးလည်ပတ်မှုကောင်းပြီးအဆိပ်အတောက်တွေကင်းဝေးစေတယ်
2️⃣ရေဓာတ်ကိုကြာရှည်ထိန်းထားနိုင်တဲ့အခါ အသားအရည်မှာheight elasticity ရတယ်e့lasticityတိုးတတ်တော့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတယ် အသားအရည်လျော့ကျတာတွေ အရေးအကြောင်းပေါ်တာတွေကိုတားဆီးပေးလို့ရေများများသောက်ပေးသင့်တယ်
3️⃣ရေ များများသောက်လို့ လုံးဝ ဝိတ်မတတ်ဘူး weight lossဖြစ်တယ် ရေသောက်တဲ့အခါခန္ဓာကိုယ်ကိုdetoxလုပ်ပေးသလိုဖြစ်တော့အဆီပိုတွေကိုလျော့ကျစေတယ်
4️⃣အသားအရည်ကိုတင်းရင်းစေတယ်
ဝိတ်ချနေတဲ့လူတွေဆိုရေများများသောက်ပေးသင့်တယ် ဝိတ်ကျသွားတဲ့အခါပေါင်/ခါး/လက်မောင်း/မေးရိုး အဲ့လိုနေရာတွေမှာ အသားအရည်လျော့ပြီးကျန်ခဲ့တတ်တယ့်အတွက် ပြန်လည်တင်းရင်းစေဖို့ရေသောက်ပေးရင်သိသာပါတယ်
5️⃣နေပူထဲထွက်လို့နေလောင်ထားတဲ့အသားအရည်တွေ ရေလုံလောက်အောင်သောက်ပေးရင်အမြန်ဆုံးသက်သာပျောက်ကင်းစေတယ်
6️⃣မျက်နှာအသားအရည်ယားတာတွေမဖြစ်စေဘူး အသားခြောက်တဲ့အခါ ယားယံတာတွေဖြစ်နိုင်ချေများတယ်ရေဓာတ်လုံလောက်ပြီးစိုပြေနေတဲ့အသားအရည်ဆိုရင်ယားနိုင်ချေနည်းတယ်
7️⃣skin hydrationဖြစ်တဲ့အခါအသားအရည်ဖောတာတွေရောင်ရမ်းတာတွေသက်သာစေတယ်
8️⃣ဝက်ခြံထွက်တာကိုကာကွယ်ပေးတယ် ချွေးပေါက်တွေကိုထိန်းညှိပေးတယ် အသားအရည်ရေဓာတ်အပြည့်အဝရတဲ့အခါမလိုအပ်တဲ့ oil &sebum ထုတ်လုပ်မှုတွေကိုတားဆီးပေးတဲ့အတွက် ဝက်ခြံထွက်တာလျော့နည်းစေတယ် ချွေးပေါက်မကျယ်အောင်လည်းထိန်းပေးတယ်
9️⃣PH balanceကိုထိန်းညှိပေးတယ်
ရေကိုလုံလောက်အောင်သောက်ပေးရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့PH balanceကိုညှိပေးတဲ့အတွက်sensitive သမားတွေဝက်ခြံထွက်တဲ့လူတွေအတွက်အရမ်းအဆင်ပြေတယ် PH balanceညီရင်အပြစ်အနာအဆာကင်းတဲ့အသားအရည် glow skinကိုရစေတယ်
🔟အသားအရည်ပူတတ်တယ့်လူတွေကရေကိုလုံလောက်အောင်သောက်ပေးရင် ပုံမှန်အသားအရည်တိုင်းပြန်ဖြစ်စေတယ်ခန္ဓာကိုယ်အပူငြိမ်းစေတယ်
1️⃣1️⃣အသားအရည်ကိုကြည်လင်စေတယ်
ရေများများသောက်ပေးခြင်းကအူလမ်းကြောင်းကိုကျန်းမာဖို့ကူညီပေးတယ် အူလမ်းကြောင်းတွေကျန်းမာတဲ့အခါခန္ဓာကိုယ်မှာရှိတဲ့အဆိပ်အတောက်တွေကို(urine&faeces)အဖြစ်ပြင်ပသို့ပြန်လည်ထုတ်ပေးတဲ့အတွက် အဆိပ်အတောက်ကင်းပြီးအသားအရည်ကိုကြည်လင်စေတယ်
-အသားအရည်ပြသနာတွေအပြင် ဦးနှောက်ထဲကဟော်မုန်းတွေပုံမှန်ထုတ်လုပ်ပေးဖို့အတွက်လည်းရေသောက်ပေးဖို့လိုအပ်ပါတယ်
-ရေသောက်ခြင်းကဆံပင်တွေကိုသန်မာစေပြီးဆံပင်ကျွတ်ခြင်းကိုကင်းဝင်းစေပါတယ် -လက်သည်းခြေသည်းတွေသန်မာဖို့လည်းရေသောက်ပေးဖို့လိုတယ်နော်
ရေကိုတစ်နေ့ပမာဏဘယ်လောက်သောက်သင့်လဲ??
တစ်နေ့ကိုပျမ်းမျှ (for men-3-4liter &for women 2-3liter)သောက်ပေးသင့်ပါတယ်
ရာသီဥတုပူတဲ့နေ့တွေ အားကစားလေ့ကျင့်ခန်းလုပ်တယ့်လူတွေဆိုရင် အပေါ်ကပြထားတဲ့ပမာဏထက်ပိုပြီးသောက်ပေးသင့်ပါတယ်
Body weightပေါ်မူတည်ပြီးလိုအပ်သလိုသောက်ပေးလို့လည်းရပါတယ်
ရေသောက်ဖို့ခဏခဏမေ့တတ်တယ်ရေသောက်ပျင်းတယ်ဆိုရင် internetမှာ water drinking remainder appတွေdownloadလုပ်ထားလို့ရတယ် ရေသောက်ရမယ့်အချိန်ကို သတိပေးတယ် ရေသောက်ရမယ့်ပမာဏတွေကိုလည်းဖော်ပြပေးလို့အရမ်းအဆင်ပြေတယ် Rinaလည်းရေသောက်မေ့တတ်လို့water remainder appအကူအညီယူပါတယ်
ရေသောက်ခြင်းကြောင့်အကျိုးကျေးဇူးတွေအများကြီးရပါတယ် Rinaကအသားအရည်အတွက်ပဲgoogleကအချက်အလက်တွေရှာပြီးလိုရင်းတိုရှင်း လေ့လာပြီးရေးပေးထားပါတယ်ရှင်❤
ှလေ့လာပြီးရေးသားပါသည်
21/10/2020
မျက်နှာအသားအရည် ထိန်းသိမ်းတာ
#မိန်းကလေးတွေ မှမဟုတ်ဘူးနော်
#ယောကျာ်းလေးတွေကော သုံးလို့ရပါတယ်
Skin Care အဆင့်ဆင့်မသုံးချင်တဲ့သူတွေတွက်
💙 Natcha White Serum တမျိုးထဲသုံးရုံနဲ့
လုံလောက်ပါတယ်နော်
#အရွယ်စုံသုံးလို့ရပါတယ်
21/10/2020
💦 နေရောင်ခြည် ကြောင့် တင်းတိတ် အမဲစက် တွေမဖြစ်အောင် Natcha Sunblock. လိမ်းပေးနော်
💦လိမ်းပေးရမှာ ကိုယ့်တာဝန် ပျောက်အောင်ကုပေးဖို့က Natcha. တာဝန်ထားနော်
တစ်ဘူး-14500ks
21/10/2020
❤Natcha Serum ရဲ့ကောင်းကျိုးများ ❤
💁 ချက်ချင်းသုံး ချက်ချင်းမသိသာဘူး Chemical မပါတဲ့အတွက် အချိန်ပေးရမယ်
✅ ဒါမယ့် တစ်ဘူးကုန်တာနဲ့. မထူးခြားဘူးဆိုတာမရှိဘူးနော် နဲနဲဖြစ်တဲ့သူက အရှင်းပျောက် မယ် များများဖြစ်တဲ့သူက မှေးမိန်လာမယ်
📌အတုအပသတိပြုပါ မူရင်းစျေးက 15000ks
မြန်မာပြည်အနှံ့ တရားဝင် ကိုယ်စားလှယ် လက်ခံသည်
Crd
20/10/2020
❗Skin Care တခု ကိုယ်နဲ့တည့် မတည့် စမ်းသပ်နည်း
Beauty vlogger တယောက်ပြောတဲ့
Skin care တခုကိုယ်နဲ့တည့်မတည့် စမ်းသပ်တဲ့နည်းလမ်းလေးကို
shareပေးမယ်နော် 😚
ကိုယ်စမ်းချင်တဲ့ skin careတခုခုပေါ့နော်
အာ့ကို လက်ကောက်ဝတ်နေရာလေးမှာလိမ်းပေးပြီး Hansaplast
လေးကို ကပ်ပြီး 24နာရီ ကြာ ထားပေးရုံပါပဲနော်
တအားလွယ်တယ်ဟုတ်😉
ကိုယ်နဲ့မတည့်ရင် ခွာလိုက်တဲ့ခါ
ရဲပြီးရောင်နေလိမ့်မယ်
ကဲ ဘာမှမခက်ပဲ မကုန်ကျပဲနဲ့
ကိုယ့်skinနဲ့တည့်မတည့် စမ်းကြည့်ကြမယ်လေ 😘
#သိချင်နေတဲ့သူလေးတွေသိရအောင်အပန်းမကြီးရင်shareပေးနော်🙆
Crd:
photo crd
20/10/2020
💙💙💙
⚠ ပစ္စည်းအတုနဲ့ အစစ်ဘယ်လိုကွာလဲဆိုတာ ကြည့်ပေးကြပါနော်....
⚠ အတုကအစစ်နီးနီးလောက်ကို ဗူးဒီဇိုင်းကအစ တူနေပါပြီ အနံ့နဲ့ Quality ကတော့ လုံးဝမတူပါဘူးနော်...
⚠ စျေးသက်သာတဲ့ Page တွေနဲ့ဘာကွာလဲ မေးတဲ့သူတွေ အဆင်ပြေတဲ့နေရာက ဝယ်လို့ရပါတယ် Serum တဗူး ၁၅၀၀၀ ပဲရောင်းပါတယ်....
⚠ အတု ဝယ်မိလို့ သုံးရအဆင်မပြေရင် ကိုယ်ဝယ်တဲ့ Page ကိုပဲသွားပြောပါ မျက်နှာပျက်စီးရင် လုံးဝလုံးဝ
တာဝန်မယူပါဘူး ❌❌❌
✅ စျေးအမျိုမျိုးဖြစ်ရခြင်း အကြောင်းရင်းက
Quality လုံးဝမတူလို့ပါပဲနော်....✔✔✔
20/10/2020
❣️Natcha Suncream💙
Natcha ကထုတ်တာလေး😍😍
နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့
Sun block လေးတော့ ဆောင်ထားသင့်😉😉
SPF 50+++နော🤩
🥰မိတ်ကပ်အောက်ခံရောနှော
ချင်းမရှိပါဘူးနော်🥰
မျက်နှာပျက်စေသော parabens & steroidsဓါတ် မရှိပါ❌
SPF 50 PA +++ရှိသောကြောင်နေရောင်ခြည်ကိုထိထိရောက်ရောက်ကာကွယ်ပေးပါတယ်✅
💁တင်းတိပ်ဖြစ်တဲ့သူတွေအတွက် မရှိမဖြစ် အရမ်းလိုအပ်ပါတယ်
Direct from BKK✈️✈️✈️
💯💯💯Authentic
Crd....
20/10/2020
Natcha rizda ဆပ်ပြာ နဲ့ မျက်နှာသစ်ကြည့်လိုက်ပါရှင်
💙ဝက်ခြံ
💙အမဲစက်
💙တင်းတိတ်
💙မျက်နှာကိုလည် ဖြူဝင်းပြောင်ဝင်းစေပါတယ်
တခဲထဲနဲသိသာလာမယ်နော် 😱😱😱🍓
၁တုံ 4500
Crd
09/10/2020
Natcha သုံးပြီးလှနေသောချိမ။😍😍😍😍
သင်ရောမလှချင်သေးဘူးလား❓
ကိုယ့်ကိုယ်ကို conference ရှိဖို့👉 Natcha product💦 သုံးကြပါစို့။👈
သင့်မျက်နှာမှာရှိနေတဲ့ တင်းတိတ် ဝက်ခြံ အမဲစက် ဆားဝက်ခြံ အနီစက် အမာရွတ် မှဲ့ခြောက် တွေကို Natcha product နဲ့ ရှင်းထုတ်လို့ရပါပြီရှင့်။
စိတ်ရှည်ရှည် သုံးပေးရင် တစ်စက်မကျန်ပျောက်သွားတဲ့အထိ ပျောက်သွားကြတဲ့သူတွေအခိုင်အမာ ရှိထားတဲ့ product မို့ ယုံကြည်စွားသုံးလို့ရပါတယ်ရှင့်။
Serum 15000 ks(intock)
Soap 5000 ks(instock)
Sunblock 15000 ks(preorder)
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Hpa-an
