Aung Lay
ကျန်းမာပျော်ရွှင်
ခြင်ကင်းစင်
08/11/2023
Eye floaters ကို (မျက်လုံးတွင်းရေမြှုပ်များ) လို့ မြန်မာလို ခေါ်ကြပါတယ်
တစ်ခါတစ်ရံ ပေါ်လာတတ်သလို ပြန်ပျောက်တာမျိုးလည်းဖြစ်ပေါ်ပါတယ် အနည်းငယ်ဖြစ်ချိန်
စက္ကူစ သို့ အပြင်ဘက်မြင်ကွင်း ကောင်းကင် လို
အရာတွေကို ကြည့်တဲ့အခါ ပိုမိုပြတ်သားစွာ မြင်ရပါတယ်။
စိတ်အနှောက်အယှက် ဖြစ်ပေမဲ့ အမြင်အာရုံကို မထိခိုက်တတ်ပါဘူး။ ရေမြှုပ်များနေရင်၊ ကြီးနေရင်တော့ အမြင်အာရုံပေါ် အရိပ်ကျသလိုဖြစ်ပေါ်စေတယ်။ လျစ်လျူရှုပြီး ကျင့်သားရအောင်လည်း လုပ်လို့ရပါတယ်။ ကုသနည်းကတော့ အတော်လေးကို ရှားပါးပါတယ်။
အဖြစ်များတာကတော့
ရေမြှုပ်များနှင့် အစက်အပြောက်များမှာ အလွန်အဖြစ်များပြီး စိတ်ရှုပ်ရုံလောက်သာ ဖြစ်နိုင်တယ်။
မျက်လုံးလှုပ်သည့်အခါရွေ့လျားသွားသည့် အခါအစက်လေးများမြင်ရမည်။
သူတို့ကိုကြည့်ဖို့ ကြိုးစားလိုက်တိုင်း မြင်ကွင်းမှ မြန်မြန်ပျောက်သွားတတ်ပါတယ်။ တောက်ပတဲ့အခံ၊ အပြာ၊အဖြူရောင် တို့ပေါ်တွင် ပိုမို ထင်ရှားစွာ မြင်ရတယ်။ နာကျင်မှုမရှိသော မျက်ကြည်လွှာပြဲခြင်း ကြောင့် ဖြစ်ပေါ်လာတယ်ဆိုရင်တော့ အမြင်အာရုံမှာ
အန္တရာယ် ရှိလာနိုင်ပါတယ်။
အကြောင်းရင်း
၁။ အသက်ရွယ် ကြီးရင့်ခြင်း
၂။ မျက်စိနောက်ခြမ်း ရောင်ရမ်းခြင်း
၃။ မျက်လုံးတွင်း သွေးယိုခြင်း
၄။ မျက်ကြည်လွှာ ပြဲခြင်း
၁။ အသက်အရွယ်ကြီးရင့်ခြင်း ကြောင့် မျက်စိအတွင်းရှိ Vitreous gel များပြောင်းလဲမှုနဲ့ သက်ဆိုင်နေပါတယ်။ အသက်ကြီးလာတဲ့အခါ တစ်စိတ်တစ်ပိုင်း အရည်ပျော်လာခြင်း၊ Viterous များ မညီမညာဖြစ်လာခြင်း၊ အခဲအစုပ်များဖြစ်လာခြင်း၊ ကြိုးတန်းလို ပုံစံများဖြစ်လာခြင်း၊မျက်လုံးကိုဖြတ်လာသော အလင်းတန်းများကို ကာလိုက်သလို ဖြစ်ခြင်းကြောင့် အမြင်အပေါ်မှာ အရိပ်ကျလာပါတယ်။
၂။ မျက်စိနောက်ခြမ်း ရောင်ရမ်းခြင်း(Posterior uveitis) ဟာ မျက်စိရဲ့ နောက်ဖက်ခြမ်းမှာ ရှိတဲ့ Uvea အလွှာရောင်ခြင်းကို ဆိုလိုပါတယ်။ ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း ရောဂါများကို ဖြစ်စေပြီး ရေမြှုပ်များ ဖြစ်ပေါ်လာပါတယ်။
၃။ မျက်လုံးတွင်း သွေးယိုခြင်းမှာ Viterous ထဲသို့ သွေးယိုနိုင်သည့် အကြောင်းရင်းများစွာ ရှိပါတယ်။
မျက်စိထိခိုက်မိခြင်း၊ သွေးကြောဆိုင်ရာများ ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာပါတယ်။
၄။ မျက်ကြည်လွှာ ပြဲခြင်းမှာ မျက်ကြည်လွှာ ပုံစံပြောင်းလဲသွားတဲ့အခါ Viterous များ ဖိခြင်းကြောင့် ဖြစ်လာပါသည်။ မျက်ကြည်လွှာ ပြုတ်ခြင်း၊ ကွာကျခြင်းဖြစ်လာပါတယ်။ မျက်ကြည်လွှာ နောက်ဖက်ခြမ်းတွင် အရည်များ စုပုံလာပြီး မျက်ကြည်လွှာ နဲ့ မျက်စိနောက်ဘက် ကွာဟသွားခြင်းများဖြစ်ပေါ်လာပါလိမ့်မယ် မကုသမိရင်တော့ မျက်ကြည်လွှာကွာကျပြီး အမြင်ကွယ်သွားပါလိမ့်မယ်။
ဖြစ်နိုင်ချေများသူများ
အသက် ၅၀အထက်၊ အဝေးမှုန်၊ မျက်စိထိခိုက်ခြင်း၊ အတွင်းတိမ်ခွဲရာမှ ဖြစ်ပေါ်ခြင်း၊ လေဆာကြောင့်ဖြစ်ခြင်း၊ ဆီးချို သွေးချို မှမျက်ကြည်လွှာထိခြင်း၊ မျက်စိရောင်ခြင်း ရှိသူများ ပိုဖြစ်ပါတယ်။
ကုသနည်း
အနည်းငယ်လောက်ဟာ ဘာမှမဖြစ်ပေမဲ့ သင့်ကို စိတ်အနှောက်အယှက်ဖြစ်စေရင်တော့ မြင်ကွင်းမှပျောက်သွားအောင် ပြုလုပ်ကြည့်လို့ရပါတယ်။
နာရီလက်တံလို မျက်စိလေ့ကျင့်ခန်း လုပ်ခြင်းက ပိုမိုသက်သာစေပါတယ်။ အမြင်အာရုံကို ပိတ်နေလောက်အောင် များပြားလွန်းပါက ဆရာဝန်နဲ့ တိုင်ပင်ပါ ဆရာဝန်မှ Vitrectomy လုပ်ရန် ပြောပြနိုင်ပါတယ်။
Vitreous gel များကြောင့် မျက်ကြည်လွှာကွာခြင်း၊
မျက်ကြည်လွှာပြဲခြင်း၊ အတွင်းတိမ် ဖြစ်နိုင်ချေနည်းပေမဲ့လို့ ဖြစ်ပေါ်လာပါက အချိန်မှီမကုသလှင် မျက်စိကွယ်နိုင်ပါတယ်။
ကုထုံး ၂နည်း
၁။ ဆားရည်ကြည်ကုထုံး
၂။ အိမ်တွင်း ကုထုံး
၁။ ဆားရည်ကြည်ကုထုံး ဆိုတာက အလွန်သေးငယ်သော အပ်ဖြင့် မျက်စိရဲ့ အတွင်းထဲ vitreous အထိ ဆားရည်ကြည်ဖြင့် Vitreous များကို ဖယ်ထုတ်ပြီးအစားထိုးသော ကုထုံးဖြစ်ပါသည်။
၂။ အိမ်တွင်း ကုထုံးကတော့ များပါတယ် ထိုကုထုံးကိုလုပ်ဆောင်ခြင်းကြောင့် ရေမြှုပ်များကို ကုသတဲ့နေရာတွင် လိုက်လျောညီထွေမှုဖြစ်အောင် အကူအညီပေးပါလိမ့်မယ်။
အိမ်တွင်းကုထုံးများ
၁။ အပန်းဖြေခြင်း
၂။ နှိပ်နယ်ပေးခြင်း
၃။ မျက်လုံးလေ့ကျင့်ခန်းလုပ်ခြင်း
၄။ Blue ray ရောင်ခြည် အသုံးပြုခြင်း
၅။ ရေများများသောက်ခြင်း
၆။ ဓာတ်တိုးဆန့်ကျင့်သည့် အစားအစာများကိုစားခြင်း
၇။ Taurine
၈။ ယောဂလုပ်ခြင်း
၉။ နေကာမျက်မှန်တပ်ခြင်း
၁၀။ အိပ်စက်ခြင်း
၁။ အပန်းဖြေခြင်းဆိုတာ အားစိုက်ပြီး မျက်စိကိုအသုံးပြုရတဲ့အခါ ရေမြှုပ်တွေကိုဖြစ်စေပါတယ် အပြည့်အဝ အနားယူလိုက်ခြင်းက အကောင်းဆုံးဖြစ်စေမှာပါ။
၂။ နှိပ်နယ်ပေးခြင်းဆိုတာ ရေနွေးခပ်နွေးနွေးဖြင့်စိမ်ထားသော အဝတ်စဖြင့် မျက်စိအပေါ်အုပ်ပေးပြီး ၁၀မိနစ်ခန့် ဖွဖွလေးဖိပြီး နားထင်များကိုပါ နှိပ်နယ်ပေးပါ၊ လက်၂ဖက်ပွတ်ပြီး ပူလာတဲ့အခါလည်း မျက်စိအပေါ်ကို အုပ်ပေးလို့ရပါတယ်။
၃။ မျက်လုံးလေ့ကျင့်ခန်းလုပ်ခြင်း မျက်စိကို နာရီလက်တံလို တစ်ပတ်ပြည့်အောင်လှည့်ခြင်းကို ဆိုလိုပါတယ် ဒါမှမဟုတ် မျက်စိ၂လုံးလုံးက ဘယ်ကိုစုံကြည့်၊ ညာကိုစုံကြည့်၊ အပေါ်ကိုစုံကြည့်၊ အောက်ကိုစုံကြည့်လို့လည်းရပါတယ်။ လက် (သို့) အရာ၀တ္ထုတစ်ခုခုကို မျက်စိရှေ့ ခပ်ကွာကွာထားပြီး တစ်ဖြေးဖြေး အနီးကပ်ထိတိုးလာသလိုမျိုးအာရုံစိုက်ကြည့်ပြီး အလွယ်လုပ်လို့ရပါတယ်။ အနီးထိတိုးလိုက် ပြန်ဝေးဝေးကွာလိုက် ကပ်လိုက် လုပ်လို့ရပါတယ်။
၄။ Blue ray ရောင်ခြည် အသုံးပြုခြင်းဆိုတာက TV၊ Phone၊ Screen ကြည့်ခြင်းကို ဆိုလိုတာပါ။ အချိန်လျော့ပြီး အသုံးပြုပါ ကြည့်ရင်လည်း မျက်စိနဲ့တစ်တန်းထဲ ကြည့်ပါ စောင်းကြည့်တာ အိပ်ကြည့်တာမျိုးဆို Cylinder ပိုတိုးလာနိုင်ပါတယ်။ အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ စာဖတ်ခြင်း၊ ဖုန်းသုံးခြင်းပြုလုပ်ပါ ပါဝါတိုးလာခြင်းမှ ရှောင်ရှားနိုင်ပါလိမ့်မယ်။ အမှောင်ထိ ဖုန်းသုံးရင်တော့ ပါဝါကျဖို့ အလားအလာမရှိပါဘူးဗျ။
၅။ ရေများများသောက်ခြင်းမှာ ရေသည် ခန္ဓာကိုယ်ရှိ အဆိပ်များကိုဖြေစေပါတယ်။
၆။ ဓာတ်တိုးဆန့်ကျင့်သည့် အစားအစာများကိုစားခြင်းက Free radical များကြောင့် မျက်လုံးပျက်စီးရခြင်းကို ကာကွယ်နိုင်ပါသည်။ ဘလူးဘယ်ရီသီး၊ ကိုက်လန်၊ သလဲသီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီးတို့ ပါဝင်ပါတယ်။
၇။ Taurine ပြည့်ဝသော အစာများကို စားပေးပါ။ အမြင်အာရုံအတွက် အထောက်အကူဖြစ်စေပါတယ် အသားနှင့် ပင်လယ်စာတွေများတွင် Taurine အပြည့်အဝပါဝင်ပါတယ်။
၈။ ယောဂလုပ်ခြင်း ဒါကတော့ တစ်ချို့လူတွေပဲလုပ်ကြပါတယ် အနည်းငယ်ပေါ့
စိတ်ဖိစီးမှုကို ကျဖို့ပါ တစ်ချို့က သီချင်းနားထောင်တာ၊ သီချင်းဆိုတာ အမျိုးမျိုးပေါ့ အဆင်ပြေတာကိုလုပ်ပါ စိတ်ဖိစီးမှုကျဖို့သာ အရေးကြီးပါတယ်။ မျက်စိပိတ်ပြီး လှုပ်ရှားမှုလေ့ကျင့်ခန်းများပါဘို့ ယောဂလို့ပြောတာပါ အဆင်ပြေသလိုလုပ်ပါ။
၉။ နေကာမျက်မှန်တပ်တာက နေရောင်ခြည်ကနေလာတဲ့ UV ရောင်ခြည်ကို ကာကွယ်ဖို့ပါ
၁၀။ အိပ်စက်ခြင်းဆိုတာကတော့ လူတွေရဲ့ အိပ်စက်ခြင်းကတော့ အမျိုးမျိုးပါ မနက် 12နာရီကနေ 2နာရီ အတွင်းမှာ မဖြစ်မနေ အိပ်စက်ဖို့လိုပါတယ်။ ထို့အချိန်သည် လူတစ်ယောက်ရဲ့ ဆဲလ်တွေ ပြောင်းလဲတဲ့အချိန်အပိုင်းအခြားတစ်ခုပါ (လက်သည်းရှည်တာ၊ ဆံပင်ရှည်တာ)မျိုးပါ။ အိပ်ရေးမဝရင် မျက်ကို ဒဏ်ဖြစ်စေပါတယ်။
အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစိမ်းရောင်အရွက်အမျိုးမျိုး၊ အသီးအမျိုးမျိုး၊ မုန်လာဥနီ၊ ရဲယို၊ လိမ္မော်သီး၊ နာနတ်သီး တို့ စားသုံးပေးပါ
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung Lay ( Eye Health )
ထပ်ဆင့်မျှဝေပါသည်
01/10/2023
(ပြန်လည်ကူးယူ ဝေမျှခြင်း ဖြစ်သည်)
အစာအိမ် အက်ဆစ်ပြန်တက်ခြင်း ( GERD )
အပိုင်း - ၂
အစာအိမ် အက်ဆစ်ပြန်တက်ခြင်း ( GERD ) ကြောင့် ခံစားရတဲ့ ရောဂါလက္ခဏာတွေကို အနှစ်ချုပ်မည်ဆိုလျှင် အောက်ပါအချက်တွေကို တွေ့ရမည်။
GERD ကြောင့်
* ရင်ပူခြင်း
* ပါးစပ် ခါးခြင်း သို့မဟုတ် ပါးစပ် ချဉ်ခြင်း
* ညလည်မှာ ချောင်းဆိုးပြီးနိုးလာခြင်း
* ပါးစပ်ခြောက်ခြင်း
* သွားဖုံး နာခြင်း၊ နီရဲခြင်း ၊ သွေးထွက်ခြင်း
* ခံတွင်းနံနံခြင်း
* အက်ဆစ်ပါသော အစာများ ပြန်တက်ခြင်း
* အစာစားပြီး လေတက်ခြင်း
* သွေးအန်ခြင်း
* ဝမ်းအမည်းသွားခြင်း
* ကြို့ထိုးခြင်း
* မျိုချရခက်ခြင်း
* ကိုယ်အလေးချိန်ကျခြင်း
* အသံပြောင်းသွားခြင်း
* နာတာရှည် လည်ချောင်းယားခြင်း၊ ရောင်ခြင်း၊ ခြောက်ခြင်း
GERD ကို သေချာမကုလျှင် အစာရေမျိုကျဉ်းသွားပြီး Barrett’s esophagus လို နောက်ဆက်တွဲ အခြေအနေတွေဖြစ်နိုင်တယ်။ အစာရေမျိုကင်ဆာ နှင့် နာတာရှည်ချောင်းဆိုးခြင်းတွေဖြစ်လည်းနိုင်တယ်။
GERD ကို အစားအသောက် နှင့် စားသောက်ပုံပြောင်းလဲပြီးကုသလို့ရတယ်လို့ဆိုပါတယ်။ GERD ရှိနေသူအတွက်
* အရက်အမျိုးမျိုး
* အချိုရည်အမျိုးမျိုး
* လူလုပ် အချိုအမျိုးမျိုး
* ဆီကြော်စာများ
* ဟင်းရွက်ဆီများ
* အစပ်များသော အစားအစာများ
* ရယ်ဒီမိတ်စာများကို ရှောင်ရမည်။
သကြားအများကြီးစားခြင်းလည်းရှောင်သင့်တယ်။ GMO အစားအစာတွေရှောင်ရမည်။ တတ်နိုင်လျှင် ဂျုံကဲ့သို့ grain တွေ ရှောင်ပါ။
မပြုပြင်ထားတဲ့ အော်ဂဲနစ် အစားအစာတွေပိုစားရမည်။ အရွက်တွေကို တတ်နိုင်သမျှစားပေးပါ။ ပရိုဘိုင်တိုအစ်ကြွယ်ဝတဲ့ အစားအစာတွေစားရမည်။
ဖြည့်စွက်စာတွေအနေနဲ့ အောက်ပါတွေသောက်နိုင်တယ်။
( ၁ ) Digestive enzymes - အစာမစားခင် အရည်အသွေးကောင်းတဲ့ Digestive enzymes ကို တစ်လုံး သို့ နှစ်လုံးအထိသောက်နိုင်တယ်။ Digestive enzymes က အစာကိုကောင်းစွာကြေညက်စေပြီး အစာစုပ်ယူမှုကို ပြည့်စုံစေတယ်။
( ၂ ) Probiotics — ကို 25–50 billion လောက်ထိ နေ့စဉ်သောက်သင့်တယ်။ Probiotics က အစာကြေစေပြီး အစာလမ်းကြောင်းအကျိုးပြုလို့ အစာလမ်းကြောင်းပြသနာအတွက် ကောင်းတယ်။
( ၃ ) HCL with Pepsin — အစာစာဲပီး HCL with Pepsin 650 milligram လောက်သောက်ပေးလို့ရတယ်။
မက်ဂနီဆီယမ် ဖြည့်စွက်စာကို တစ်နေ့နှစ်ကြိမ်သောက်ပေးပါ။ မက်ဂနီဆီယမ်က အစာအိမ်အက်ဆစ်ကို ကြေပျက်စေတဲ့ အာနိသင်ရှိတယ်။
Apple cider vinegar — အတွေ့အကြုံတွေ အရတော့ ပန်းသီးရှာလကာရည်က GERD ကို ကုသနိုင်တယ်ပြောတယ်။
GERD က နာတာရှည်ရောဂါဖြစ်တာကြောင့် လုံးဝပျောက်ကင်းဖို့ လူနာကိုယ်တိုင် ပါဝင်ဖို့လိုမည်။
#ထပ်ဆင့်မျှဝေပါသည်
30/09/2023
Myanmar 🇲🇲
🇲🇲 l Miss Grand Myanmar, Ni Ni Lin Eain
29/09/2023
Good luck myanmar😘
🇲🇲 l Miss Grand Myanmar, Ni Ni Lin Eain
18/09/2023
“ #နှာစေး_နှာမွှန်_နှာရည်ယို_နှာခေါင်းပိတ်_တာမှန်သမျှ”
======================
ဒီဝေဒနာဟာ အများအားဖြင့် ဦးခေါင်းကနေရေလောင်းချိုးတာ
ခေါင်းလျှော်တာမှာအခန့်မသင့်ရင်
ဖြစ်တတ်တာမျိုးပါ။
ဘာ့ကြောင့်ဒီလိုဖြစ်တာလည်းဆိုရင်
အပူတွေအောက်ကိုမဆင်းပဲ
အပေါ်ကိုပဲတက်နေလို့ပါ။
ဒါနဲ့ပါတ်သက်ပြီးဆေးနည်းတွေ
မေးကြပါတယ်
ဆေးနည်းတွေထက်ပိုမြန်တဲ့လက်တွေ့
ကုထုံးတစ်ရပ်ကိုကျွန်တော်စမ်းသပ်တွေ့
ရှိခဲ့ပါတယ်
ဆေးနည်းမေးနေတုန်းမှာပဲမိမိကိုယ်တိုင်
နှာခေါင်းပိတ်နေခဲ့တာပါ။
ခေါင်းမှာအပူခဲနေလို့ဖြစ်တာ
အပူထုတ်ရင်ဧကံပျောက်မှာကိုစဉ်းစား
မိလိုက်ပါတယ်
ဂွမ်းမရတော့အလွယ်တကူတွေ့တဲ့
တစ်ရှူးစာရွက်ကိုရေစွတ်ပြီး”
နှာတံအပေါ်”ကပ်ထားလိုက်ပါတယ် ။
ရေခြောက်သွားတဲ့အခါမှာစက္ကူကို
ဖယ်ရှားလိုက်ပါတယ်အပူတွေ
ထွက်သွားပြီးနှာပိတ်တာပြန်ပွင့်ခဲ့ပါတယ်
နှာစေးနှာမွှန်နှာရည်ယ်ိုတာလည်း
ဒီနည်းနဲ့လက်တွေ့ပျောက်ကင်း
စေပါတယ်
နှာခေါင်းအနံ့မရတာ
ထိပ်ခပ်နာဝေဒနာရှင်တွေလည်း
ယခုနည်းကိုအသုံးပြုကြည့်စေလ်ိုပါတယ် ။
စက္ကူခြောက်အောင်စောင့်စရာမလိုပါl
ရေခြောက်လျှင်ရပါပြီ
မိနစ်အနည်းငယ်သာကြာတဲ့
ငွေမကုန်ကြေးမကျနည်းလေးကို
ဒါနပြုလိုက်ပါတယ်။
“ကျန်းမာချမ်းသာကြပါစေ ရှင် ”
Credit : Original Uploader
Via, မေသတင်းရပ်ကွက်လေး
#ထပ်ဆင့်မျှဝေပါသည်
10/09/2023
🌷ဖြည့်စွက်စာ တွေ ဝယ်မသောက်နိုင်လျှင်လည်း အားမငယ်ကြ ပါနဲ့
Credit. ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက (To A Better Health) သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်နော် 🌷
👍၁. VitaminD အတွက် နေ ပူ ထဲ မှာ နာရီဝက် လောက် နေ ပါ။
အိမ် အပြင် ထွက် ရ မှာ ဖြစ် ပါတယ်။ အိမ် ထဲ မှာ နေ ပြီး လှမ်း မရ ပါ။
နာရီ ဝက် လောက် နေ ပူ လှမ်း လိုက် ရင် သဘာဝ အား ဖြင့် 20 000IU လောက် ရ နိုင် ပါ တယ်။
သဘာဝ VitaminD ဟာ သိပ် များ သွား ရင် လဲ ဥပါဒ် လုံးဝ မရှိ ပါ။
အိမ်ပြင် မှာ ultra violet B ray ရ နိုင် လို့ ဖြစ် ပါ တယ်။ Vitamin D လုပ် ဖို့ B ray လို ပါ တယ်။
အိမ်ထဲ မှာ ပြူတင်းပေါက် က နေ တဆင့် ရ သော နေ ပူ ရောင် မှာ A ray သာ ဖြစ် ပါ တယ်။ B ray က ပြူတင်း ပေါက် ကို မ ဖောက် နိုင် ပါ။
A ray က VitaminD မလုပ် နိုင် ပါ။
👍၂။ အပြင် ထွက် ရင်း နဲ့ တလက်စာ တည်း မြေ ကြီး ဓာတ် ကို ပါ ယူ လိုက် ပါ။ မြေကြီး မှာ electron ဓာတ် တွေ အများ ကြီး ရှိ တာ က တစ် ကြောင်း၊ သူ တို့ တွေ က ဝါယောဓာတ် တွေ ဖြစ် တာ မို့ ရွေ့ လျုား နိုင် တယ် လေ။
များ တဲ့ နေ ရာ က နည်း တဲ့ နေ ရာ ကို ရွေ့ လျား တတ် တာ ကြောင့် မြေကြီး က နေ ခန္ဓာ ကိုယ် ထဲ ကို ဝင် နိုင် ပါ တယ်။
စို နေ တဲ့ မြက်ခင်း ဆို ရင် အင်မတန် သင့် တော် ပါ ပေ တယ်။ အစိုဓာတ် ရှိ ရင် စီး ဝင် ခြင်း ဟာ ပို ပြီး ထိ ရောက် ပါ တယ်။
ဖိနပ် မစီး ရ ပါ။
ဒီ electron ဓာတ် ဟာ ခန္ဓာကိုယ် ယောင် ကိုင်း ခြင်း ကို သက် သာ စေ နိုင် ပါ တယ်။
သဘာဝ antioxidants တွေ ဖြစ် ပါ တယ်။
သူ က သွေး ကို လဲ ကြဲ စေ တတ် တာ ကြောင့် လေဖြတ် ထား သူ များ။ နှလုံးသွေးကြော ပိတ် သူ များ အတွက် အလွန် သင့် တော် ပါ တယ်။
👍 ၃။ D3 နဲ့ အတူ သောက် ခိုင်း တဲ့ Vitamin K2 ကို သဘာဝ နည်း နဲ့ အရ ယူ ကြ ရ အောင်။
ရှမ်း တို့ ဖူး ( Natto ) ( plant based MK7)
ကလီစာဟင်း ( animal based MK4 )
ကြက်ဥ အ နှစ် ( animal based MK4 )
👍 ၄။ Probiotics အလှမ်း မမှီ နိုင် ရင် ချဉ် ဖတ် စား ပါ။
ဒိန် ချဉ် စား ပါ။
မြန်မာ အချဉ် ရော၊ ရှမ်း ချဉ် ရော အလွန် ကောင်း ပါ တယ်။
👍 ၅. ဆနွင်း ကို အိမ် မှ ရှ ိတဲ့ ဆီ နဲ့ ဖျော် သောက် ပါ။
👍 ၆. အရွက် များ များ စား ပါ။
👍ရ. အရိုး ပြုပ်ရည် သောက် ပါ။
👍 ၈ . တစောင်း လက် ပတ် စား ပါ။ အူလမ်းကြောင်း ပြု ပြင် ရေး အတွက် ကောင်း ပါ တယ်။
👍၉ . အုန်းရေ သောက် ပါ။ သတ္တုဓာတ် မျိုးစုံ ရ မှာ ဖြစ် ပါ တယ်။
👍၁၀. နွယ်ချို က အူ ကျန်းမာ ရေး အတွက် ကောင်း ပါ တယ်။
👍၁၁။ ဆားခါး ရေ စိမ် ပါ။ Magnesium အလှမ်း မမှီ သူ များ အ တွက်။
👍 ၁၁. သစ်ကြားသီး စား ပါ plant based omega3
👍၁၂. တတ် နိုင် ရင် တစ်ခါ တရံ အဆီ များ သော ငါး စား ပါ။
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
Credit.... original writer
03/09/2023
သက်ရှည်ကျန်းမာဖို့အတွက်အရေးအကြီးဆုံးအချက်
============================
၁။ ညအိပ်ယာဝင်ခါနီးတိုင်းသွားတိုက်ပါ။သွားတိုက်ပြီးသည်နှင့် ဘာမျှမစားသင့်တော့ပါ။
ခံတွင်းသန့်လျှင်ရောဂါ အမျိုး အစား ၇၀ကိုအလိုလိုကာကွယ်ပြီးသားဖြစ်သည်၊ ခံတွင်းမသန့်ရှင်းသည်နှင့်ရောဂါအမျိုးအစား ၇၀ကိုဖိတ်ခေါ်ပြီးသားဖြစ်သည်။
၂။ အသက်ကြီးသည်အထိသွားခိုင်မှ သက်ရှည်ကျန်းမာနိုင်သည် ငယ်စဉ်ကတည်းက သွားကျန်းမာကြံ့ ခိုင်အောင် အမာစာများတအား မစားပါနှင့်၊ အချိုလျော့ စားပါ၊ ခံတွင်းသန့်ရှင်းဖို့ အမြဲ ဂရုစိုက်ပါ။
၃။ မိမိစိတ်တွင် မေတ္တာတရားကိုသာလက်ခံပါ၊ စိတ်ချမ်းသာ စရာ ကိုသာတွေးပါ။
၄။ သူတပါးကိုပေးဖို့ရာသာတွေးပါ၊ ရယူဖို့ရာဘယ်တော့မှ မတွေးပါနှင့်။
၅။အစာစားတိုင်းကြေညက်အောင်ဝါးစားပါ။
၆။ ကန်စွမ်းရွက်ကိုနေ့စဉ်စားပါ၊ကြော်၊ပြုပ်၊ချဉ်ရည်ဟင်းချက်၊တစ်ခါတစ်ရံအရိုးကိုထန်းလျက်
နှင့်ပြုပ်သောက်ပါ၊ ကန်စွမ်းရွက်သည်ဝမ်းဗိုက်ထဲရောက်နေသောရောဂါဖြစ်မည့် အဆိပ်မျိုးစုံကို
ပယ်ဖျောက်ပေးသည်။အသားအရည်ကိုချောမွေ့လှပ
စေသည်၊သွေးကိုသန့်ရှင်းစေသည်
အမျိုးသမီးများဓမ္မတာကိစ္စ၊သွေးဆုံး၊မီးယပ်ရောဂါမှန်သမျှ ကိုကောင်းအောင်ကုသပေးသည့်သဘာဝသမားတော်ဖြစ်သည်၊ကန်စွမ်းရိုးသည်အသက်ကြီးလျှင်
အလိုလိုကုန်ခန်းလာသည့်အရိုးတွင်းမှ ကယ်လ်ဆီယံဓါတ်ကို ပြန်ဖြည့်ပေးသည်။
၆။ မနက်အိပ်ယာထရေနွေးဆူအောင်တည်၍ ခေတ္တအအေးခံကာခပ်နွေးနွေးကိုတစ်ဝကြီးသောက်ပါ၊ သောက်ပြီး၄၅မိနစ်ကြာမှအစာစားပါ၊ ကင်ဆာ၊
သွေးတိုး ဆီးချိုစသောနာတာရှည် ရောဂါများကို ပျောက်ကင်း စေ သကဲ့သို့ မလိုအပ်သောအဆီများကို
ချပေးသည်၊ သတိပြုရမည်မှာညကတည်းကတည်ထားသောဓါတ်ဘူးထဲထည့်ထားသောရေနွေးမဖြစ်ဖို့လိုသည်။ညသိပ်ရေနွေးသည် အဆိပ်ဖြစ်သော
ကြောင့်မသောက်သင့်ပါ။
၇။ တစ်ရက်တစ်ကြိမ်ကြက်သွန်ဖြူ၄တက်လောက်ကို
ထမင်းနှင့်မြှုပ်စားပါ။စားနည်းမှာ ကြက်သွန်ဖြူ ၄ တက်ကိုအခွံခွါကာ ပြားသွားအောင်ထုပါ။
အနည်းဆုံး ၁၅မိနစ်ကြာအောင်စောင့်ပြီးမှထမင်းနှင့်မြှုပ်စားပါ။နှလုံးရောဂါသမားများ နှစ် လ ကျော်အတွင်းသက်သာ ပျောက်ကင်းနိုင်သည်၊ များလွန်းလျှင်
မကောင်းပါ၊ သုံးလေးတက်ထက်ပိုမစားသင့်ပါ၊ ကြက်သွန်ဖြူကိုပြားလိုက်လျင်ထွက်လာသော
အစေးနှင့်ပြင်ပအောက်ဆီဂျင်လေထိသွားသောအခါကျမှ ဆေးဖြစ်ပြီး၊သွေးသန့်အောင် သွေးကျဲအောင်လုပ်ပေးနိုင်သော ဓါတ်ကိုဖြစ်စေသောကြောင့် အနည်းဆုံး
၁၅မိနစ် စောင့်ပြီးမှစားရခြင်းဖြစ် သည်။
ထိုကြက်သွန်ဖြူသည်နှလုံးသမားများစားနေသော သွေးကြဲဆေးထက် လေးဆ ပိုပြီးအာနိသင်ရှိ ကြောင်း၊ ပြင်သစ်ဆရာဝန်တယောက်ပြောဖူးပါသည်။
ကြိုတင်စားထားလျင်လေအားသွေးအားကို ကောင်းစေသည့်အပြင် သွေးကိုပါသန့်စေသောကြောင့် သွေးတိုး၊လေးဘက်နာ ရောဂါ၊လေဖြတ်ရောဂါ၊ နှလုံး ရောဂါများကို ကာကွယ်ပြီးသားဖြစ်သည်။
၈။ တစ်ရက်လျင်ပုံမှန်ဖန်ခွက်ဖြင့် ရေ ၈ ခွက်ခန့် ဝင်အောင်သတိထားသောက်ပါ။ဆီးသွားချင် လျှင် အောင့်မထားဘဲချက်ခြင်း သွားပါ။
ကျန်းမာရေးကို ရွှေငွေပစ္စည်းဥစ္စာများနှင့်ဘယ်သောအခါမှမလဲမိအောင်ဂရုစိုက်ပါ။ အချိန်မှန်အိပ်
အချိန်မှန်စားလျှင် ရောဂါဖြစ်ဖို့ အလွန်ခဲယဉ်းပါသည်။
ကျန်းမာရေး ထိခိုက်သည်နှင့်ပြည့်စုံနေသော စီးပွါးရေး၊
အိမ်ထောင်ရေး၊ ပညာရေးများသည် ဘာမျှ သုံးစားမရတော့သည်ကိုသတိပြုပါ၊
အားလုံး သက်ရှည်ကျန်းမာကြပါစေ။
Credit ; ပြန်လည်မျှဝေသည်
02/09/2023
#ဓမ္မတာလာရင်ခေါင်းမလျော်ရ_ပြသနာလေးကိုလဲရှင်းပြပါအုံးနော်
#တကယ်ဘဲဓမ္မတာထိန်တာတို့_သွေးလန့်ပီးဂယောင်ချောက်ခြားဖြစ်တာတို့က
#တကယ်လား_ခေါင်းလျော်တာနဲ့ဆိုင်လို့လား
( #ဓမ္မတာလာခြင်း #ရာသီသွေးပေါ်ခြင်း )
အမျိုးသမီးတွေ တစ်လတစ်ခါ သွေးပေါ်တာကို #ဓမ္မတာလာခြင်း #ရာသီသွေးပေါ်ခြင်း လို့ခေါ်ကြပါတယ်။
#ရာသီသွေးပေါ်ခြင်း နဲ့ ပတ်သက်ပြီး အယူအဆတွေ အမျိုးမျိုးရှိကြပါတယ်။
အဲ့ဒီအယူအဆ တွေ
- ဟုတ်လား ⁉️
- မဟုတ်ဘူးလား ⁉️
ဆိုတာ ကို ကိုယ့်ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆင်ခြင် နိုင်စေဖို့။
#ရာသီသွေးပေါ်ခြင်း ဆိုတာကို တတ်နိုင်သလောက် နားလည်အောင် ရှင်းပြချင်ပါတယ်။
အမျိုးသမီးများဟာ လူသားမျိုးနွယ်စုကို ထိန်းသိမ်းတဲ့ တာဝန်ကိုထမ်းဆောင်ကြရပါတယ်
ခန္ဓာကိုယ်က ဒီအမျိုးသမီးဟာ အပျိုလား/အအိုလား အိမ်ထောင်ရှိလား မရှိဘူးလားကို မသိပါဘူး
အဲ့တော့ အမျိုးသမီးတွေရဲ့ သားအိမ်က ဖြစ်တည်လာနိုင်မယ့် လူသားလေးအတွက် ပြင်ဆင် ရပါတယ်။
ဖိုသုတ်ပိုး နဲ့ မမျိုးဥ ပေါင်းပြီး ဖြစ်လာမယ့် သားလောင်းလေး သက်တောင့်သက်သာ နေဖို့ သားအိမ်အတွင်းနံရံကို သွေးတွေ၊ အသားတွေနဲ့ ကူရှင်/အိပ်ယာကြီး အနေနဲ့ ဖန်တီးတည်ဆောက်ပါတယ်။
(၁၄ ရက်ဝန်းကျင်လောက်ကြာအောင်တည်ဆောက်ပါတယ်။)
O***y မျိုးဥအိမ်ကနေ သားဥကြွေပါတယ် (ovulation) ကြွေတဲ့သားဥက သူဆီလာမယ့် သုတ်ပိုး(S***m) ကို (၃) ရက်ဝန်းကျင်လောက်စောင့်ပါတယ်။
S***m ရောက်မလာတဲ့ အခါမှာ သန္ဓေအောင်ခြင်း (Fertilization) မဖြစ်တဲ့ အတွက် သန္ဓေသားအတွက် သားအိမ်ကပြင်ထားတဲ့ အသွေးတွေ၊အသားတွေနဲ့ တည်ဆောက်ထားတဲ့ ကူရှင်က မလိုတော့ပါဘူး။
မလိုတော့တဲ့ အသွေးတွေ၊အသားတွေနဲ့ တည်ဆောက်ထားတဲ့ ကူရှင်ကို ခန္ဓာကိုယ်က အပြင်ကိုစွန့်ထုတ်တာကို ဓမ္မတာလာတယ်၊ ရာသီလာတယ်၊ သွေးပေါ်တယ် (menstruation ) လို့ခေါ်ပါတယ်။
_________
ဆိုတော့ကာ
#ရာသီသွေးပေါ်တယ် ဆိုတာ
- ခန္ဓာကိုယ်ထဲက သွေးတွေ ထွက်ကျလာတာ မဟုတ်ပါဘူး။
- သားအိမ်နံရံအတွင်းဘက်မှာ သန္ဓေသားအတွက် ပြင်ထားတဲ့ (ရှိပြီးသား) ကူရှင်ကြီး ကွာကျလာတာပါ
အဲ့တော့ ရာသီသွေးပေါ်တဲ့အချိန် ရေချိုးရင် ခေါင်းလျှော်ရင်
👉 ဓမ္မတာထိန်သွားတယ်
👉 ကယောင်ခြောက်ခြားဖြစ်တယ် ဆိုတာ ဖြစ်နိုင်/မဖြစ်နိုင် စဉ်းစားကြည့်ကြပါ။
လွန်ခဲ့တဲ့ ရက် ၂၀ ကျော် တစ်လနီးပါး လောက်ပြင်ဆင်လာတဲ့သားအိမ်ထဲကဥစ္စာတွေက ကိုယ်လုံးကို ရေလောင်းလိုက်တာ နဲ့ အပြင်ထွက်မလာတော့ရင် ဘယ်ရောက်သွားကြမလဲ။
ရာသီလာပြီးရင် ခန္ဓာကိုယ်က ကူရှင်အသစ်ထပ်လုပ်ဦးမှာလေ၊ အဟောင်းတွေက ရှိသမျှအကုန်ထွက်သွားရမှာပါ။
ကယောင်ခြောက်ခြားဖြစ်တယ် ဆိုတာကတော့
Hormone အပြောင်းအလဲကြောင့် အမျိုးသမီးတိုင်းနီးပါးဟာ Period မှာ စိတ်အခြေအနေဟာ fragile ဖြစ်တယ် (ထိလွယ်ရှလွယ်ပေါက်ကွဲလွယ်တယ်) လို့ပြောရမယ်ထင်ပါတယ်
- စိတ်အလိုမကျဘူး
- စိတ်တိုတယ် စိတ်ဆတ်နေတယ်
- ဝမ်းနည်းတယ် အားငယ်တယ်
- လူတွေကြားထဲမှာနေရင်းနဲ့ကို အထီးကျန်တယ်
Dysmenorrhoea လို့ခေါ်တဲ့ ကိုက်ခဲနာကျင်နေရင် ပိုတောင်ဆိုးပါတယ်။
{အဲ့ဒါကို နားလည် အားပေးရမှာပါ ၊ အဲ့ဒီအချိန် စိတ်မမှန်ဘူးဆိုပြီး ရှောင်မနေကြပါနဲ့ အော်လည်း အအော်ခံလိုက်ပါ ချလည်း အချခံလိုက်ပါ}
(😬 အိမ်ကမိန်းမ မဖတ်မိပါစေနဲ့ 😬)
👉 ရေချိုးတာ/ခေါင်းလျှော်တာ နဲ့ မဆိုင်ပါဘူး။
________
#ရာသီသွေးနည်းတယ်/ထိန်တယ်ဆိုတာက
- အာဟာရပြည့်ဝစွာမစားဘူး
- အလွန်အကျွံ Diet လုပ်နေတယ်
- စိတ်ဖိစီးမှုတရားလွန်များတယ်
- ဝမ်းနည်းကြေကွဲစရာအကြီးကြီးကြုံတယ်
- တရားလွန်လေ့ကျင့်ခန်းအပြင်းအထန်လုပ်တယ်
- အကြီးအကျယ်ဖျားနာတယ်
- Hormone နဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်တယ်
- သွေးအားနည်းရောဂါရှိတယ်
အစရှိတာတွေကြောင့်ဖြစ်ရတာပါ။
_________
ဒါပေမယ့်
ရာသီသွေးပေါ်တဲ့အချိန်မှာ ခန္ဓာကိုယ်က အလွန်အမင်းပင်ပန်းနွမ်းနယ် နေတတ်တဲ့အတွက်
- ရေကို အကြာကြီး ချိုးမယ်
- ဆံပင်အရှည်နဲ့ကို စိမ်ပြေနပြေ ခေါင်းလျှော်မယ် ဆိုရင်တော့ #အအေးမိဖျားနာ ဖို့ လွယ်ကူပါတယ်
နဂိုထဲက ညောင်းပြီးကိုက်ခဲနေတတ်တာကို ရေအေးနဲ့ထိရင် ပိုပြီးဆိုးတတ်ပါတယ်။
အဲ့ဒါတွေကြောင့် ရှေးလူကြီးတွေက ရေအကြာကြီးမချိုးဖို့ ခေါင်းကို အကြာကြီးစိမ်ပြေနပြေ မလျှော် ဖို့ ဆုံးမ ခဲ့ပုံရပါတယ်။
အရာရာကို ချဲ့ကားတတ်တဲ့ အကျင့်၊ ရှင်းပြလို့ရတာကို ရှင်းမပြပဲ ခြိမ်းခြောက်တတ်တဲ့ အကျင့်တွေကြောင့် ပေါက်ကရတွေ အခုထိရှိနေပုံရတာပါ။
(ကျွန်တော်တို့ ငယ်ငယ်ကလိုပေါ့ အမှောင်ထဲသွားရင် မြွေတွေ၊ကင်းတွေ၊အကောင်တွေ ကိုက်လိမ့်မယ် အန္တရာယ်ရှိတယ် လို့ သေသေချာချာ မပြောပြပဲ "အမှောင်ထဲသွားရင် #ဒေဝေါကြီးကိုက်လိမ့်မယ်" လို့ခြောက်ထားတော့ ဘာမှန်းမသိတဲ့ #ဒေဝေါကြီး ကို တော်တော်ကြီးတဲ့အထိ ကြောက်တုန်းပါ 😅)
_______
ပြန်ခြုံရရင်
- ရာသီသွေးပေါ်တယ်ဆိုတာ ဘာလဲ
- ရေချိုး ခေါင်းလျှော်တာ နဲ့ ရာသီသွေးပေါ်တာ ဆိုင်/မဆိုင်
- စိတ်ထိလွယ်ရှလွယ်ဖြစ်ရင် ဂရုစိုက်ရမယ်ဆိုတာ
သိကြပြီထင်ပါတယ်
______
တကိုယ်ရည်သန့်ရှင်းရေးဟာ အရေးကြီးပါတယ်။
အခုလို ရောဂါပိုးတွေ ကူးစက်လွယ်နေတဲ့ အချိန်ဆိုရင် ပိုအရေးကြီးပါတယ်။
ဒါပေမယ့် ကျွန်တော်ပြောနေကျ အတိုင်းပေါ့
"မိမိ ခန္ဓာ မိမိ သဘောပါ"
(Photo Credit; Healthshots )
(Original Post;👉 https://www.facebook.com/100058278781320/posts/642642271021727/?mibextid=WiMSqg )
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )
#ထပ်ဆင့်မျှဝေပါသည်
#မူရင်းရေးသားသူဆရာအားလေးစားစွာဖြင်
01/09/2023
#ကျွန်မလေနှာပိတ်သလိုလိုအသက်ရူမဝသလိုခံစားရပါတယ်
#ဘာဖြစ်တာပါလဲသိပါရစေရှင့်
အသက်ရှူမဝဘူး ဆိုတာဖြစ်စေတဲ့ အကြောင်းအရာတွေက အားလုံးသိကြသလို
- နှလုံးရောဂါရှိရင်
- အဆုတ်ရောဂါရှိရင်
- ကျောက်ကပ်အားနည်းရောဂါရှိရင်
- သွေးအားနည်းရောဂါရှိရင် Breathlessness ဆိုတာကို ခံစားရတတ်ပါတယ်
အဲ့လိုပါပဲ
- စိတ်ဖိအား/စိတ်ဖိစီးမှု (Stress/Anxiety) ခံစားနေရရင်လည်း အသက်ရှူမဝ ဖြစ်တတ်ပါတယ်
#ဘယ်လိုခွဲကြမလဲ❓
ရောဂါတွေကို လက္ခဏာတစ်ခုပဲကြည့်ပြီး ဒါဟာဘာရောဂါပါလို့ တန်းပြောနိုင်တာ စပ်ဆေးရောင်းတဲ့သူတွေပဲ တတ်ကြတဲ့ ပညာပါ။
အကြမ်းအားဖြင့် ရောဂါတစ်ခုလို့သတ်မှတ်ဖို့
1. သက်ဆိုင်ရာလက္ခဏာတွေရှိပါတယ်
2. နောက်တစ်ချက်က Risk factors (ဒီရောဂါဖြစ်နိုင်ဖို့ ဘယ်လောက်နီးစပ်သလဲ) ဆိုတာတွေ ဖြစ်ပါတယ်
_________
အသက်ရှူမဝဘူး 👉 နှလုံးရောဂါဖြစ်ဖို့ဆိုရင်
လှုပ်ရှားရင်ပိုမောပြီး နားလိုက်ရင်သက်သာပါလိမ့်မယ်
မောတာအပြင် ရင်ပတ်အောင့်တာ၊ ရင်တုန်တာ၊ (ဖောတာ) တွေ နဲ့ တွဲတတ်ပါတယ်
Risk Factors အနေနဲ့က
- အသက်ကြီးရင်ဖြစ်ဖို့များပါတယ်
- ဆီးချိုရောဂါရှိရင်
- ဆေးလိပ်သောက်ရင်
- စိတ်ဖိစီးမှုအရမ်းများတဲ့အလုပ်လုပ်နေရရင် ပေါ့
____
အသက်ရှူမဝဘူး 👉 အဆုတ်ပြဿနာဖြစ်ဖို့ဆိုရင်
ချောင်ဆိုးတာ ၊ အသက်ရှူရင် တရွှီရွှီမြည်တာ၊ သလိပ်ထွက်တာ ၊ ရင်ပတ်အောင့်တာ တွေနဲ့ တွဲတတ်ပါတယ်
Risk factors အနေနဲ့က
- ဆေးလိပ်သောက်တာ
- ကျောက်မီးသွေးတွင်းမှာအလုပ်လုပ်တာ
- ကျောင်းဆရာ/ အမှုန်အမွှားရှူတာ စတာတွေပေါ့
____
အသက်ရှူမဝဘူး 👉 ကျောက်ကပ်ရောဂါအမည်တပ်ချင်ရင်
ဖောရောင်တာ ၊ ဆီးနည်းသွားတာ၊ ဆီးအရောင်ပြောင်းတာတွေရှိရပါမယ်
___
အသက်ရှူမဝဘူး 👉 သွေးအားနည်းရောဂါလို့ကြောင့်ပြောချင်ရင်
- မူးတာ
- ရင်တုန်တာ
- ဖြူဖတ်ဖြူရောဖြစ်နေတာ
- တချိန်လုံးနုံးနေတာတွေရှိသင့်ပါတယ်
Risk factors တွေက မျိုးရိုးထဲသွေးရောဂါရှိတာမျိုး
ရာသီလာရင်တရားလွန်များတတ်တာ၊ လိပ်ခေါင်းရောဂါရှိပြီး ဝမ်းသွားရင်သွေးခဏခဏ ပါနေတတ်တာမျိုးရှိရပါတယ်
***အရေးကြီးတာက တကယ့်ရောဂါတွေက ဖြစ်ချင်ရင် ထဖြစ်ပြီး သူ့အလိုလို ပျောက်သွားတယ် ဆိုတာမျိုးမရှိပါဘူး***
_______
လူအများစု အထူးသဖြင့် လူငယ်/လူလတ်ပိုင်းတွေပေါ့
- အသက်ရှူမဝဘူး
- လည်ပင်းကတစ်ဆို့ဆို့ နင်တင်တင် နဲ့
- နှာခေါင်းကအသက်ရှူရတာမဝဘူး
- ရင်တွေလည်းတုန်တယ်
- တခါတလေ စိတ်အားငယ်သလိုပဲ
- ဒုန်းဒိုင်း အသံတွေကြားရရင်လန့်တယ်
အမြဲတော့မဖြစ်ဘူး တစ်ယောက်တည်းရှိနေတဲ့အချိန် အဖြစ်များတယ် (အစာအိမ်နာတာတော့ ရှိတယ်ပေါ့)
* အလုပ်လုပ်နေရင်
* သူငယ်ချင်းတွေနဲ့ရှိနေရင်
* ဖောင်ကျွံနေရရင်
* Gym ဆော့နေရင်
* သောက်စားပျော်ပါးနေရင် ဘာမှ မခံစားရဘူး ဆိုရင် အဲ့ဒါ ဖိစီးမှု Stress/ စိတ်ဖိစီးမှု Anxiety ပါ
#နည်းနည်းတော့ကွဲပြီထင်ပါတယ်
အဲ့တော့ စိတ်ဖိစီးမှုကြောင့် ထင်ရင် ပျော်အောင်နေပါ ဖိစီးမှု (Pressure) ကို တိုးတက်မှုအတွက်ပဲ သုံးပါ ပိုလာတဲ့ distress တွေကို မေ့ပျောက်ပစ်ပါ
ရောဂါလို့ထင်လား အလကားစိတ်ထိုင်ပူမနေပါနဲ့ ဆရာဝန်ပြလိုက်ပါ
(Photo Credit;InterventionalPulmonalogy)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
08:20 pm/30.08.2023
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )
#မူရင်းရေးသားသူဆရာအားလေးစားစွာဖြင်
#ထပ်ဆင့်မျှဝေပါသည်
30/08/2023
ဒီနေ့ညရယ် မနက်ဖြန်ညရယ် လရောင်ခံယူဖို့အကောင်းဆုံးအချိန်ပါ
ကိုယ့်ရဲ့လက်ဝတ်ရတနာတွေကိုရေလေးထဲထည့် လရောင်အောက်လေးမှာ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားသင့်ပါတယ်
ကိုယ့်ရဲ့ပိုက်ဆံအိတ်လေးတွေရော ပိုက်ဆံလေးအနည်းပါ လရောင်ပြပေးပါ။
မိမိကိုယ်ကိုယ်ကို မေတ္တာပို့ပါ။
ကိုယ့်ရဲ့စိတ်ကိုလုံးဝလွှတ်ချလိုက်သလိုမျိုး စိတ်ထဲကမကောင်းတဲ့အရာတွေကိုရှင်းထုတ်ပစ်လိုက်ပါ။
ပြီးရင်စိတ်လေးကိုအေးချမ်းအောင် ခဏလောက်ငြိမ်နေပါ။
ကိုယ့်စီမှာရှိတဲ့ spell jar လေးတွေ / ဖယောင်းတိုင်ရှိသေးတယ်ဆိုရင်လရောင်ပြပေးပါ။
ဆားလေးအနည်းငယ်လရောင်ပြပြီးသိမ်းထားပါ မိမိစိတ်ထဲမသန့်တဲ့အချိန်တွေမှာ အိမ်ရှေ့ကိုပက်ပေးပါ။
ကိုယ့်ရဲ့ခန္တာကိုယ်ထဲကိုကောင်းတဲ့ Energy တွေစီးမျောပါစေ 🍀
ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်လာပြီလို့စိတ်ကတွေးပါ ကောင်းသော Energy တွေကိုစုစည်းပြီးစိတ်လေးကိုခဏတည်ငြိမ်အောင်လုပ်ပါနော်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Bogyoke Street
Hpa-an
3
